MIDO Optics And Lab
Optical laboratory
သင်ဟာ မျက်မှန်တပ်တဲ့သူတစ်ယောက်လား ?
မျက်မှန်တပ်ရပြီဆိုရင်တော့ မျက်လုံးကျန်းမာရေးကို
အနည်းနှင့်အများ ချို့ယွန်းချက်ရှိနေလို့ပါပဲ
ဒါပေမယ့် ဂုဏ်ယူစရာတစ်ခုအဖြင့်ကြည့်မယ်ဆို ••
သင်ဟာ လူသန်း 4000 ကျော်ထဲက တစ်ဦးဖြစ်သွားပါပြီ။ 👏🏻
ဟုတ်ပါတယ်....
Overnight Glasses website ရဲ့ အဆိုအရ ကမ္ဘာတဝှန်း လူဦးရေ သန်း 8000 ကျော်ရှိတဲ့အနက် မျက်မှန်တပ်သူဦးရေဟာ သန်း 4000 ကျော်အထိ ရှိလို့နေပါပြီ။
တစ်နည်းအားဖြင့်ဆိုရင်တော့ လူနှစ်ယောက် မှာ တစ်ယောက် မျက်မှန်တပ်နေရတဲ့ အခြေအနေတစ်ခုကို မြင်တွေ့ရမှာပါ။
🌎 မျိုးရိုး၊ လူနေမှုပုံစံ၊ အမြင်အာရုံကို ဂရုစိုက်မှုပုံစံတွေအပေါ်မူတည်ပြီး စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါမှာ အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တရုတ်နှင့် ကိုရီးယားလူမျိုးတွေက မျက်မှန်တပ်သူဦးရေ အများဆုံး လူဦးရေအချိုးအစားတွေကို ပိုင်ဆိုင်ထားတာကိုလည်း လေ့လာနိုင်ပါတယ်။
🇯🇵🇨🇳🇰🇷 ဒီနိုင်ငံတွေရဲ့ မျက်မှန်တပ်ရတဲ့သူများနေတဲ့ အကြောင်းအရင်းတွေကိုကြည့်ကြည့်တဲ့ အခါမှာ
🕶️ ပညာရေးအရ အပြိုင်အဆိုင်များခြင်း၊
🕶️ Digital Devices တွေ ငယ်စဉ်ကတည်းက အလွန်အကျွံထိတွေ့မှုရှိခြင်း နှင့်
🕶️ အလုပ်ကြောင့်ဖြစ်စေ ပညာရေးကြောင့်ဖြစ်စေ ကောင်းမွန်စွာ အိပ်စက်ခွင့်မရရှိခြင်း စတဲ့ မျက်မှန်ကို ပုံမှန်ထက်စောစီးစွာ တပ်ရစေတဲ့ လူနေမှုပုံစံ တွေကို တွေ့မြင်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် သင်ဟာမျက်မှန်တပ်နေရပြီဆိုရင်လဲ အစကပြောခဲ့သလို ဂုဏ်ယူစွာနဲ့ပဲနေ့စဉ်ဝတ်ဆင်လိုက်ပါ။ ဘာလို့လဲဆိုရင်တော့ မျက်မှန်တွေအနေနဲ့ ကွန်ပြူတာ/ဖုန်းတွေက ထွက်လာတဲ့ Rays တွေကို ကာကွယ်ပေးထားတာဖြစ်တာကြောင့် မျက်မှန်ပါဝါမြန်ဆန်စွာတက်လာခြင်း နဲ့ အခြားပိုမိုဆိုးရွားတဲ့ မျက်စိကျန်းမာရေး ပြသာနာများဖြစ်ပေါ်လာခြင်း များကို ရှောင်ရှားပြီးသား ဖြစ်စေပါတယ်။
🥰 ကဲ… အခုကတော့ မီဒိုကနေ မျက်မှန်တပ်ရတဲ့လူဦးရေအကြောင်း သိကောင်းစရာဗဟုသုတလေး တွေကို မျှဝေပေးသွားတာဖြစ်ပါတယ်နော်. . .
ဒီလို မျက်မှန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတရဖွယ်ရာ အကြောင်းအရာလေးတွေကို မကြာမကြာ တင်ပြပေးသွားမှာဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ ပိုစ့်လေးကိုနှစ်သက်တယ်ဆိုရင် Like & Share လေးလုပ်ပေးသွားကြပါဦးနော်. . .
👓𝐌𝐢𝐝𝐨 𝐕𝐢𝐬𝐢𝐨𝐧 𝐚𝐧𝐝 𝐎𝐩𝐭𝐢𝐜𝐬
📪အမှတ် ၂၅၂၊ ရွှေဘုံသာအလယ်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့
☎️ Message Box (or) Phone - 09 455 167 884 သို့ ဆက်သွယ်၍လည်း စုံစမ်းမေးမြန်းမှာယူနိုင်ပါပြီ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No 252 Shwebontha Street (Middle Block) Pabaedan Township
Yangon
1010