Arrmahnthit

Arrmahnthit

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Arrmahnthit, Automotive, aircraft & boat, NO(50)SHWEMYODAW ZAYDI Street, Yangon.

04/02/2019

Page တွင်အမေးများသော မေးခွန်းများ

ကျွန်တော်တို့ ရဲ့တန်ဖိုးထားရတဲ့ Customers များအတွက် အမေးများသောမေးခွန်းများ၏အဖြေများကို ဒီ Post မှာအကုန်တင်ပြထားပါတယ်။ ဒီpostကိုဝင်ကြည့် ခြင်းဖြင့် လူကြီးမင်းတို့ သိလိုသောအချက်အလတ်များကိုလွယ်ကူစွာတွေ့ရှိနိုင်ပါတယ်။

ကိုယ်တိုင်စိတ်ဝင်စားပြီးအသေးစိတ်သိရှိလိုရင်တော့ မိမိတို့ နှင့်အနီးစပ်ဆုံး Showroom များကိုဆက်သွယ်မေးမြန်းလို့ ရပါတယ်။

FAQ(1): ဘာ model တွေရှိလည်း?
: DX3 နှင့် DX7 Prime models ၂ မျိုး ရှိပါတယ်။ DX3 ကတော့အခုချက်ချင်း နီးစပ်ရာ Showroom မှာသွားရောက်ကြည့်လို့ ရပြီးချက်ချင်းဝယ်ယူပြီးကားထုတ်လို့ ရပါသည်။ DX7 Prime ကတော့လောလောဆယ်ကားကြည့်ပြီး Preorder စနစ်ဖြင့် US$1500 ပေး၍ဝယ်ယူလို့ ရပြီး ပထမ batch က March လကုန်မှာကားအပ်မှာဖြစ်ပြီး ဒုတိယ batch ကတော့ May လကုန်မှာကားအပ်မှာဖြစ်ပါတယ်။

FAQ(2): ဈေးနှုန်းတွေကရော?
: ယခု Promotion ကာလမှာ DX3 ကို US$20,500 နှင့် DX7 ကို USD$24,000 ဖြင့်ရောင်းချပေးမှာဖြစ်ပါတယ်။ ကားတန်ဖိုးပဲဖြစ်ပြီး Income Tax (ဝင်ငွေခွန်) နှင့် ကညနလိုင်စင်ဖိုး မပါဝင်ပါ။ အခြား promotion အနေနဲ့ကတော့ သက်ဆိုင်ရာ Showroom တွေအပေါ်မှုတည်ပြီးကွဲပြားပါလိမ့မယ်။

FAQ(3): ဘယ်နိုင်ငံထုတ်တာလည်း?
: SouEast ကားများ ကိုJapan Mitsubishi Motor Corporation နှင့် တရုတ်နိုင်ငံ Fujian Motor Industry Group တို့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပြီး မြန်မာနိုင်ငံ Dagon Arr Mahn Thit Co.,Ltd မှ SKD စနစ်ဖြင့်တပ်ဆင်ပေးထားပါတယ်။

FAQ(4): Spare Part နဲ့ Warranty ကရော?
: Spare Part ကတော့ လိုတဲ့ အချိန်မှာ SOUEAST Showroom များမှာ ဝယ်ယူလို့ ရပါသည်။ Warranty အနေနဲ့ ကားကိုစတင်အသုံးပြုချိန်မှစ၍ ၃ နှစ် သို့ မဟုတ် မောင်းနှင်ပြီး ကီလိုမီတာ ၁ သိန်း အထိ ပေးထားပါသည်။

FAQ(5): ကားကြည့်ချင်တယ် , Test Drive လုပ်ချင်တယ်
: ဖွင့်လှစ်ပြီး showroom အားလုံးကို သွားရောက်လေ့လာပြီး Test Drive လုပ်လို့ ရပါသည်။

FAQ(6): မန္တလေး မှာ ကားကြည့်လို့ ရလား?
: မန္တလေး showroom က March လထဲမှာဖွင့်မှာပါ။ ဖွင့်ရင်လည်းကြေငြာပေးမှာပါ။

FAQ(7): အရစ်ကျဘယ်လောက်သွင်းရမလဲ?
: bank တစ်ခုနှင့်တစ်ခု down payment , အတိုးနူန်း များ သည်ကွဲပြားမှုရှိသောကြောင့်ဝယ်ယူရန်စုံစမ်းရာတွင် Showroom များထံကိုယ်တိုင်သွားရောက်ခြင်းသာတိကျမှုရှိမှာပါ။

FAQ(8): ရန်ကုန်လိုင်စင်ရလား?
: ရန်ကုန်လိုင်စင်ရပါတယ်၊ နယ်လိုင်စင်လည်းရပါတယ်။

FAQ(9): ဘာအရောင်တွေရှိလည်း?
: basic color အနေနဲ့ အဖြူ, အနီ, အမဲ အပြင် ကားအနီ ခေါင်မိုးအမဲ၊ ကားအဖြူခေါင်မိုး အမဲ ရှိပါတယ်။ အရောင်အလိုက်ဈေးနူန်းခြားနားမှုများရှိသဖြင့် showroom မျးကိုဆက်သွယ်မေးမြန်းပါ။ မိမိ ကိုယ်တိုင်Online သို့ မဟုတ် Website တွေမှာတွေ့ဖူးသော DX3 အရောင်တွေကိုလည်း special order လုပ်လို့ ရပါတယ်။ DX3 interior color ကတော့တစ်ရောင်တည်းပါ။

FAQ(10): Promotion ကလကဘယ်အထိလည်း။
: Promotion ကာလက February လကုန်အထိဖြစ်ပါတယ်။ ပုံမှန်ဈေးထက် US$1,000 လျော့ပေးထားပါတယ်။ Showroom တွေကလည်းသူတို့ စီမှာ promotion အစီအစဉ်တွေရှိကြပါတယ်။

FAQ(11): ဈေးက Starting from ဆိုတာဘာကြီးလဲ?
ကားတန်ဖိုး က USD$20,500 ကစတာပါ၊ ကိုယ်ရွေးချယ်တယ့်အရောင်ပေါ်မှုတည်ပြီး ဈေး က plus ဖြစ်မှာပါ။ ဝင်ငွေခွန် လည်းမပါသေးပါ၊ ကနည ကိုပေးရမည်ငွေလည်းမပါသေးပါ။ အသေးစိတ်အပြီးအစီးဘယ်လောက်ကျမလဲဆိုရင် showroom တွေကိုတိုက်ရိုက်မေးခြင်းဖြင့် သူတို့ ဘာ promotion တွေရှိလည်းပေါ်မှုတည်ပြီးမိမိကိုယ်တိုင်ဈေးနူန်းအတိအကျကိုသိရှိနိုင်မှာဖြစ်ပါတယ်။

ကျွှန်တော်တို့ SouEast Motor Myanmar Page သည်ကားရောင်းသည့် Dealer သို့ မဟုတ် Showroom Page မဟုတ်သောကြောင့် ဝယ်ယူလိုသူများ ကားကြည့်လိုသူများ နားလည်မှုလွဲခြင်းမဖြစ်စေရန် ၊ လာရောက်မေးမြန်းသူများကို Showroom များထံသို့ တဆင့်ပြန်လွှဲပေးခြင်းဖြစ်သည်။ Showroom များ၏ ဆက်ဆံရေး နှင့် နားလည်စွာရှင်းပြနိုင်စွမ်းမရှိခြင်းနှင့်သက်ဆိုင်သောအရာများကို Message Box မှာတဆင့်အကြောင်းကြားနိုင်ပါသည်။

ကျေးဇူးအထူးတင်ပါသည်။

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


NO(50)SHWEMYODAW ZAYDI Street
Yangon
11501