Darin's Days
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Darin's Days, Arts and entertainment, Yangon.
04/04/2025
FYIIIIIII
ငလျင်ဒဏ်သင့် မြန်မာကျောင်းသားတွေအတွက် တောင်ကိုရီးယား ဟန်ဆောင်တက္ကသိုလ်က ပညာသင်ဆုတွေ ပေးမယ်
ဆိုးလ်၊ ဧပြီ-၄-၂၀၂၅
မျိုးဆက် (VOM)
အင်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့တဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေအပါအဝင် သဘာ၀ဘေးအန္တရာယ်သင့် ဒေသတွေက ကျောင်းသားတွေကို ပညာတော်သင် ခေါ်ယူမယ်လို့ တောင်ကိုရီးယား ဟန်ဆောင်တက္ကသိုလ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် မြန်မာကျောင်းသားတွေနဲ့ ကိုရီးယားအရှေ့တောင်ပိုင်းပြည်နယ်တွေမှာ လတ်တလော တောမီးလောင်ကျွမ်းမှုတွေကြောင့် ထိခိုက်ခဲ့တဲ့ ကျောင်းသားတွေကို သဘာ၀ဘေး အထူးပညာတော်သင်ဆုတွေ ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။
အရည်အချင်းပြည့်မှီတဲ့ ကျောင်းသားတွေအနေနဲ့ ဧပြီ ၁၀ ကနေ မေ ၉ ရက်အတွင်း ပညာသင်ဆုတွေ လျှောက်ထားနိုင်မှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို တက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာပေးထားမှာ ဖြစ်ပါတယ်။
လျှောက်ထားသူတွေအနေနဲ့ သဘာ၀ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ အထောက်အထားတွေကို တင်ပြရမှာဖြစ်ပြီး တက္ကသိုလ်က အကဲဖြတ်ပြီးနောက်မှာ သတ်မှတ်ထားတဲ့ ပညာသင်ဆု ပမာဏကို ရရှိမှာဖြစ်ပါတယ်။
“မမျော်လင့်တဲ့ ဘေးအန္တရယ်တွေနဲ့ အရေးပေါ်အခြေအနေတွေကြောင့် ရုန်းကန်နေရတဲ့ ကျောင်းသား ကျောင်းသူတွေကို စိတ်ပိုင်းဆိုင်ရာအရလည်း ပံ့ပိုးကူညီသွားမယ် ” ဟန်ဆောင်တက္ကသိုလ် ကျောင်းသားရေးရာဌာန အကြီးအကဲ Lee Sang-hyeok က ပြောပါတယ်။
ကိုရီးယားမှာတော့ တောမီးဒဏ်သင့်ပြီး သဘာဘေးအရေးပေါ်အခြေအနေ ကြေညာခဲ့ရတဲ့ ဒေသတွေက ကျောင်းသားတွေ အကြုံးဝင်ပါတယ်။ မတ် ၂၂ ရက်လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် လူ ၃၀ သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ငလျင်ကြောင့် လူ ၃၀၀၀ ကျော်ထိ သေဆုံးခဲ့ပြီဖြစ်ပါတယ်။
Ref: Korea Joongang Daily
Photo:Hansung University
#မြန်မာငလျင် #ပညာသင်ဆု #ဟန်ဆောင်တက္ကသိုလ် #တောင်ကိုရီးယား
24/02/2025
🔔 အားလုံးပဲ သိပြီးကြပြီ ဖြစ်ပေမဲ့ ဒီနှစ် 2025ခုနှစ် GKS လျှောက်မဲ့ မြန်မာကျောငိးသူ/သားတွေအနေနဲ့ 1st round မှာ embassy sealမပါလည်း လျှောက်လို့ရကြောင်း NIIEDက ကြေညာထားပါတယ်။
🔔 အကြောင်းရင်းကတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း အခြေအနေနဲ့ မြန်မာရှိ တောင်ကိုရီးယားနိုင်ငံ သံရုံးရဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အရလို့ ဖော်ပြထားပါတယ်။
📌 GKSအတွက် အစစ အရာရာ တိုင်ပင်ချင်ရင်တော့ ဒီ linkလေးထဲမှာ ဝင်ဖတ်လို့ရပါတယ်ဗျ 👇
https://www.facebook.com/share/p/1F8DxpeNF5/?mibextid=wwXIfr
Click here to claim your Sponsored Listing.