eYangon

eYangon

Share

A Gateway to Yangon Government's Services.

04/04/2018

ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် ပြင်ဆင်ခြင်း အတွက် လိုအပ်သော အချက်များ

ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် ပြင်ဆင်ခြင်းများ နှင့် ပတ်သက်၍ အောက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက် ပေးလျက် ရှိပါသည်။

(က) ဒါရိုက်တာ အဖွဲ့ဝင် အမည်စာရင်း ပြင်ဆင်ခြင်း

( ခ) ကုမ္ပဏီ ရုံးလိပ်စာ ပြင်ဆင်ခြင်း

( ဂ) ကုမ္ပဏီ အမည် ပြင်ဆင်ခြင်း

(ဃ) လုပ်ငန်း ရည်ရွယ်ချက် ပြင်ဆင်ခြင်း

ပြင်ဆင်ခြင်းများ အတွက် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန မှ ခွင့်ပြု ထုတ်ပေးသော CRD ပါရှိရပါမည် ။ ပြင်ဆင်ချက် တစ်မျိုးလျှင် ပြင်ဆင်ကြေး (၁၀၀၀ ကျပ်) နှင့် ရည်ရွယ်ချက် ပြောင်းခြင်း အတွက် ပြင်ဆင်သည့် အချက် တစ်ချက်လျှင် (၁၀၀၀ ကျပ်) ပေးသွင်းရပါသည် ။

ပြင်ဆင်ချက် လျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတမ်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(က) ကုမ္ပဏီမှ လျှောက်ထားသော Letter Head လျှောက်လွှာ

(ခ) ကုမ္ပဏီ မှတ်ပုံတင်ရုံးမှ ထုတ်ပေးသော အကြောင်းကြားစာ (မိတ္တူ / မူရင်း)

(ဂ) ကုမ္ပဏီ မှတ်ပုံတင် လက်မှတ် ( မိတ္တူ / မူရင်း)

(ဃ) ပြောင်းလဲခြင်း ၊ ပြင်ဆင်ခြင်းများအတွက် ကုမ္ပဏီ မှတ်ပုံတင်ရုံးမှ ထုတ်ပေးသည့် အထောက် အထားလက်မှတ်(CRD)

(င) ဒါရိုက်တာ အဖွဲ့ဝင် အမည်စာရင်း (Form 26) ( မိတ္တူ / မူရင်း )

(စ) ဒါရိုက်တာ အဖွဲ့ဝင်များ၏ အစုရှယ်ယာ စာရင်း ( Form 6 ( မိတ္တူ / မူရင်း)

ဝန်ဆောင်မှု ပေးသည့် ရုံး တည်နေရာ

ကုန်သွယ်ရေး ဦးစီး ဌာန

ပို့ကုန် သွင်းကုန်ရုံး(ရန်ကုန်)

၂၂၈ / ၂၄၀၊ ကမ်းနားလမ်း နှင့် ရွှေဘုံသာလမ်းထောင့် ၊ ပန်းဘဲတန်း မြို့နယ် ၊ ရန်ကုန်တိုင်း ဒေသကြီး။

ဖုန်း ၀၁-၂၄၅၀၈၄ ( ပို့ကုန် ) ၊ ၀၁-၂၅၄၅၃၆ ( သွင်းကုန်) ။

ဝန်ဆောင်မှု ပေးသည့် ရုံး ဖွင့်ချိန်

တနင်္လာမှ သောကြာ (နံနက် ၀၉း ၃၀ မှ ညနေ ၀၄း ၃၀)။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address

EYangon Project Office Room 219, Yangon Regional Government Office Hluttaw Building
Yangon