Maize’s Learning Space
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Maize’s Learning Space, Education, Yangon.
07/02/2025
Vocabulary and Speaking အတန်းအတွက် တက်ရောက်ခွင့်ရရှိတဲ့ သူများကို Email ကနေတစ်ဆင့်ဆက်သွယ်ပေးထားပါတယ်ရှင့်။ မိမိရဲ့ Email လေးတွေကို တစ်ချက်လောက်စစ်ပေးပါအုံးရှင့်။
မတွေ့ဘူးဆိုရင် Spam folder ထဲမှာလည်းစစ်ဖို့မမေ့ပါနဲ့အုံးနော်။
See you in the class.💕
Intermediate Class လေးလည်းရှိပါသေးတယ်နော်။
https://www.facebook.com/share/p/19DusL7gBU/?
20/01/2025
မင်္ဂလာပါရှင်။
Maize’s Learning Space ရဲ့ ပထမဦးဆုံး အခမဲ့သင်တန်းဖြစ်လာမယ့် “Speaking & Vocabulary “ အတန်းလေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။
ဘယ်သူတွေအတွက်အဓိကထားလဲ❓
🔖ဒီအတန်းမှာ Basic Level ရှိတဲ့ အင်္ဂလိပ်စာလေ့လာသူတွေအတွက် အဓိက ထားမှာဖြစ်ပါတယ်။
ဘယ်လောက်ကြာမလဲ❓
တစ်ပတ်ကို သုံးရက်နဲ့ စုစုပေါင်း 15 ပတ် ကြာချိန်ရှိပါတယ်။ တစ်ပတ်ချင်းစီမှာ tasks, activities နဲ့ practice တွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဘယ်လို လေ့လာသင်ယူရမလဲ❓
🔖Video+ Zoom အတန်းဖြစ်ပါတယ်။ Tr တင်ပေးမယ့် video ကြည့်ပြီး Vocabulary တွေကို အိမ်စာတွေလုပ်ရမှာဖြစ်ပြီး ရှေ့၂ရက်မှာ လေ့လာထားတာတွေကို တစ်ပတ်ကို Monday (7:00-8:30) တစ်ရက် Zoom live မှာ Tr နဲ့ အတန်းဖော်တွေနဲ့ အတူ speaking practice လုပ်ရမှာပါ။
ဘယ်လိုတက်ရောက်နိုင်မလဲ❓
(20.1.2025) ကနေ (30.1.2025)အတွင်း အောက်မှာပေးထားတဲ့ Google Form လေးကို ဖြည့်ပေးထားရမှာဖြစ်ပါတယ်။ (7.2.2025)မှာတော့ တက်ရောက်နိုင်မယ့် (၁၅)ယောက်ကို ရွေးချယ်ပြီး mail ပို့ပေးမှာဖြစ်ပါတယ်။
https://docs.google.com/forms/d/1G3ZyiGmDdFTgZzOadv1iquMYGrpISn-yTEnuuWk9RDA/edit
လူနည်းနည်းနဲ့ ထိရောက်အောင်သေချာလေး အချိန်ယူပြင်ဆင်ထားတာမို့ အရွေးမှားမှာမဟုတ်တာကြောင့် register လုပ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
“Education is the movement from darkness to light”
15/01/2025
မင်္ဂလာပါရှင်။
Maize’s Learning Space ကနေပြီးတော့ အခမဲ့ သင်တန်းတစ်ခုကို ယူဆောင်လာဖို့ရှိပါတယ်။
ဘာခေါင်းစဉ်လေးနဲ့ဖြစ်မလဲ။ ဘယ်လိုပါဝင်တက်ရောက်နိုင်မလဲဆိုတာကိုတော့ လာမယ့် ဇန်နဝါရီလ (၂၀) ရက်နေ့မှ အသေးစိတ်ကြေညာပေးမှာမို့လို့ စောင့်မျှော်နေပေးကြပါဦးနော်။
02/01/2025
မင်္ဂလာပါ။
Maize’s Learning Space မှ ကြိုဆိုလိုက်ပါတယ်။
Maize’s Learning Space မှ
Basic & elementary level ရှိEnglish class များကို သင်တန်းကြေး သက်သာစွာဖြင့် ဖွင့်လှစ်သင်ကြားပေးနိုင်ရန် ရည်ရွယ်ထားပါသည်။
လက်ရှိတွင် “Elementary writing” နဲ့
“Basic vocabulary and speaking” အတန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးနိုင်ရန် စီစဉ်ထားရှိပါသည်။
အကြံပေးလိုသည်များ (သို့မဟုတ်) သိရှိလိုသည်များရှိပါက page messenger မှလည်းကောင်း၊ email မှလည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
Click here to claim your Sponsored Listing.