Dream Link
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dream Link, Yangon.
13/06/2019
အားလုံးပဲ မင်္ဂလာပါ ။
အခုအချိန်ကတော့ Dream Link
ကနေ လူငယ်တွေအတွက်
အခွင့်အရေး တစ်ခု ယူဆောင်လာပြန်ပါပြီ။
👉Dream Link ရဲ့ member recruitment 👈
Dream Link ဆိုတာကတော့......
လူငယ်တွေရဲ့ အိမ်မက်တွေကို
အကောင်အထည်ဖော်ရာမှာ
မှန်ကန်တဲ့ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့အတွက်
ပညာရေးဆိုင်ရာတွေ career နဲ့ပတ်သက်တာတွေကို အကြံပေး ဆွေးနွေးပေးခြင်း၊ တက္ကသိုလ်များရွေးချယ်လျှောက်ရာတွင် လိုအပ်သည့်informationများကို ပေးခြင်း၊ သင့်တော်သောသင်တန်းကျောင်းများ ရှာဖွေပေးခြင်း စသည့်ဝန်ဆောင်မှုများကို ပေးနေသော လူငယ်တွေစုပေါင်းတည်ထောင်ထားတဲ့ social enterprise တစ်ခုဖြစ်ပါတယ်။
👉Dream Link member အနေနဲ့ ဘာတွေလုပ်ရမှာလဲ 👈
Member ဝင်တွေက တစ်လကို 1000နှုန်းနဲ့....3လစာ 4လစာမျိုး စုပြီး Agency ကိုထည့်ဝင်ရမှာပါပဲ....ထည့်ဝင်ကြေးတွေအတွက် 50%ကိုပညာရေးကဏ္ဍ အထူးသဖြင့် Seminars,Workshops တွေမှာ အသုံးပြုသွားမှာဖြစ်ပြီး၊ ကျန်50%ကိုတော့ Agency ရဲ့ လုပ်ငန်းစဉ် ကျယ်ပြန့်လာရေးအတွက် သုံးသွားမှာဖြစ်ပါတယ် နောက်တစ်ခုကတော့ workshops seminars ပွဲတွေမှာ volunteer အနေနဲ့လည်း ကူညီပေးနိုင်ပါတယ်...
👉Dream Link member တစ်ယောက်အနေနဲ့
ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ👈
လူငယ်တွေ အတွက်
ပညာရေးဆိုင်ရာ သတင်းအချက်အလက်တွေ၊
Scholarship programs တွေအကြောင်း၊
Fresh graduate တွေအတွက်
Internship opportunities တွေ၊
Job opportunities များစွာကို
Information sharing လုပ်ပေးသွားမှာဖြစ်တဲ့အပြင်
Dream Link က work shopတွေမှာလဲ
ပါဝင်စီစဉ်နိုင်မှာ ဖြစ်ပါတယ်။
👉member ဝင်ဖို့ ဘာတွေလိုအပ်တာလဲ 👈
Member Formဖြည့်ပြီးပြီဆိုတာနဲ့ Agency ရဲ့ page ကိုSee first လုပ်ထားပြီး Posts တွေကို like & share အမြဲလုပ်ပေးရုံပါပဲ + Member ဝင်မယ်ဆိုရင်တော့ အောက်က Link လေးမှာ Form ဖြည့်လိုက်ရုံပါပဲ...
https://docs.google.com/forms/d/e/1FAIpQLSeAJukYr8nj4B0sxvusZ8HLMtorj1xBkGhBde8Q5IWAjut6qQ/viewform
မှတ်ချက်။ ။Member တွေအနေနဲ့ ထည့်ဝင်ကြေး 1000ကျပ်ထည့်တာဟာ Agencyရဲ့ အကျိုးအမြတ်တစ်စုံတရာကြောင့်မဟုတ်ဘဲ Agency ရဲ့လုပ်ဆောင်ချက် အထူးသဖြင့် ပညာရေးပိုင်းလုပ်ဆောင်ချက်တွေမှာ အသုံးချသွားမှာဖြစ်ပါတယ်...ဒါကြောင့် မိမိထည့်ဝင်ကြေးဟာ မြန်မာ့ပညာရေးတိုးတက်ရေးအတွက် လူငယ်တွေ တိုးတက်လာရေးအတွက် တစ်ဖက်တစ်လမ်းကနေ ပံပိုးပေးနေသလိုဖြစ်နေမှာပါ....
အားလုံး ကောင်းသောနေ့လေး ပိုင်ဆိုင်ပါစေ ။
22/01/2019
Dream Link Education Agency ရဲ့ ပထမဆုံး Workshop(Youth empowerment) ကို
အောင်မြင်စွာကျင်းပ ပြီးဆုံးသွားပါပြီ😇😇📌
လာရောက်ပေးကြတဲ့👨👦👦 ကျောင်းသူ/သား များအားလုံးကို အထူးကျေးဇူးတင်ပါတယ်😍😍😍
Speakers များနဲ့ Organizers များကိုလည်း ကျေးဇူး အထူးတင်ပါတယ်
live as we dream #
Member ဝင်ချင်သူများ ဆက်သွယ်နိုင်ပါသည်
Ph...📞.09692784570...... ☎.09696630316
16/01/2019
ကျနော်တို့ Dream Link Education Agency ရဲ့ ပထမဆုံး Activity ဖြစ်တဲ့ Youth Empowerment ဆိုတဲ့ခေါင်း စဉ်ဖြင့် YUEco campus တွင် Work Shop တစ်ခု ပြုလုပ်သွားမည်ဖြစ်ပါသည်။ အဓိက ပြောသွားမယ့် ခေါင်း စဉ်များ
1...How to master your English(Day 1)
2...Essential skills for the youths(Day 2)
3...How to apply for scholarships(Day 3)
4....Who am I (How to make a presentation)
(Day 3 extra minutes )
နေရာ။ ။Art Club Room(ကျောင်းသားသမဂ္ဂ ရုံး နှင့် ဘေးချင်းကပ် အခန်း)
ရက်စွဲ။ ။2019,January 18,21,22
အချိန်။ ။၉း၃၀ -၁၂း၀၀
28/12/2018
အားလုံးပဲမင်္ဂလာပါ။☺️
မကြာခင်အချိန် ၂၀၁၉ မှာ Dream Link Agency ကအသက်ဝင်လာတော့မှာဖြစ်ပါတယ်။
📌DREAM LINK ဆိုတာဘာလဲ ??
DREAM LINK ဆိုတာကတော့ “We live as we dream” ဆိုတဲ့ဆောင်ပုဒ်အတိုင်း သင်တို့အိပ်မက်မက်ရာအတိုင်း ရှင်သန်ဖို့အတွက်ကူညီပေးသွားမှာဖြစ်ပါတယ်။
📌ဘာတွေကူညီပေးမှာလဲ ?
သင်တို့စိတ်ဝင်စားရာ အသက်မွေးဝမ်းကြောင်းသင်တန်းများ နဲ့ တက္ကသိုလ်များကိုလမ်းညွှန်ဆွေးနွေးရှင်းပြပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် တက္ကသိုလ်တက်ရောက်ရာတွင် တက္ကသိုလ်များအလိုက်လိုအပ်ရာ စာရွက်စာတမ်းများ၊လုပ်ဆောင်ရမည့် ပြင်ဆင်ရမည့်အချက်အလက်များကိုလမ်းညွှန်ပေးသွားမှာပဲဖြစ်ပါတယ်။
📌ဘယ်သူတွေအတွက်လဲ ?
ဆယ်ကျော်သက်လူငယ်များ၊တက္ကသိုလ်ကျောင်းသား/သူများ နှင့်
အနယ်နယ်အရပ်ရပ်မှ ဆယ်တန်းအောင်မြင်ပြီးသော ညီငယ်၊ညီမလေး များ
နယ်ရပ်ဝေးများမှ ရန်ကုန်သို့ပညာလာရောက်သင်ကြားသူများအတွက် အဓိကဖြစ်ပါတယ်။
📍ရည်ရွယ်ချက်📍
မြန်မာ့ပညာရေးအဆင့်အတန်းတိုးတက်လာစေရန် နှင့် မြန်မာနိုင်ငံအရပ်ရပ်မှ အတွေ့အကြုံ၊ဗဟုသုတ မပြည့်သေးသောလူငယ်လူရွယ်လေးများ မိမိတို့ဖြစ်ချင်ရာအိပ်မက်များကိုလျှောက်လမ်းနိုင်စေရန်နှင့် ပညာရေးလမ်းကြောင်းမလွဲစေရန် ဖြစ်ပါတယ်။
Dream Link မှနောက်ထပ် လူငယ်တွေအတွက် အကျိုးရှိစေမယ့်အစီအစဉ်ကောင်းတွေ အများကြီးထပ်ရှိဦးမှာမို့ စောင့်မျှော်ပေးကြပါနော်😍
Click here to claim your Sponsored Listing.