ChaKra
Love Yourself Enough to Live a Healthy Life
05/09/2020
Detox Juice ကို Plan တွေဝယ်စရာမလိုဘဲ ကိုယ်အဆင်ပြေတဲ့အချိန်၊ သောက်ချင်တဲ့အချိန်မှ မှာသောက်မယ် 😎
လူတိုင်းကျန်းမာနေဖို့ဆိုတာ ကိုယ်ခံအားကောင်းဖို့ အရေးကြီးတယ်လေ။ စားချင်တာတွေ စားချင်သလိုစားလို့ရနေတဲ့ ဒီခေတ်အနေအထားမှာ ဘယ်သူမှ တစ်ကူးတက ကျန်းမာတဲ့အစာတွေ ရွေးချယ်စားမနေကြတော့ဘူး။
ဒါဆို ကိုယ်ခံအားကောင်းအောင် ဘယ်လိုစားမလဲ?
ဗီတာမင်အပြည့်ပါတဲ့ ဖြည့်စွက်စာတွေ၊ အသီးဖျော်ရည်တွေ သောက်လို့ရပါတယ်။ အစာလည်းဆေး၊ ဆေးလည်းအစာတဲ့။ ChaKra က ထုတ်တဲ့ အသီးအနှံဖျော်ရည်တွေဟာ သဘာဝအတိုင်း အသီးတွေကို ကြိတ်ဖျော်ထားတာဖြစ်လို့ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။
ChaKra ရဲ့အသီးဖျော်ရည်တွေဟာ detox ပါဝင်လို့ ကိုယ်တွင်းအဆိပ်အတောက်တွေလည်းဖယ်ရှားပေးပါတယ်။
ChaKra မှာ ဘာတွေမှာလို့ရလဲ?
❣️မုန်လာဥ ဖျော်ရည် (Carrot Juice) - 2,500 MMK/ 400 ml
❣️သကြားမုန်လာ ဖျော်ရည် (Beet Root Juice) - 2,500 MMK/ 400 ml
❣️နာနတ်သီး ဖျော်ရည် (Pineapple Smoothie) - 2,000 MMK/ 400 ml
❣️ထောပတ်သီး ဖျော်ရည် (Avocado Smoothie) - 2,500 MMK/ 400 ml
❣️အုန်းရည် ကော်ဖီ (Coconut Water Coffee) - 2,000 MMK/ 400 ml
စတာတွေ မှာလို့ရပါတယ်။
*400 ml = မက်ခွက်အပြည့် နှစ်ခွက်စာ*
ChaKra က juice တွေကို တစ်ထုပ်ချင်းလဲ ရောင်းလို့ detox plan တွေလို အများကြီးဝယ်ထားစရာမလိုပါဘူးနော်။
ဘယ်သူတွေသောက်လို့ရလဲ?
✅အသက်အရွယ် အပိုင်းအခြားအားလုံးနီးပါးသောက်လို့ရပါတယ် (ကိုယ်ဝန်ဆောင်တွေနဲ့ မွေးကင်းစ ကလေးတွေကတော့ ဆရာဝန်ရဲ့ညွှန်ကြားချက် တောင်းခံစေချင်ပါတယ်)
✅အထူးသဖြင့် မုန်လာဥဟာ ကင်ဆာရောဂါကို ကာကွယ်တာရော တိုက်ဖြတ်နိုင်တဲ့အစွမ်းပါရှိတာမို့ ပုံမှန် (တစ်ပါတ်တစ်ကြိမ်လောက်) မှီဝဲပေးသင့်ပါတယ်။
ChaKra ကဖျော်ရည်တွေဟာ ရောင်းတဲ့သူကျွန်မနဲ့ ကျွန်မမိသားစုကိုယ်တိုင် သောက်နေတာဖြစ်တဲ့အတွက်
ဖျော်ရည်တွေမှာ လုံးဝ လုံးဝ -
🚫ဆေးသကြား/ ရိုးရိုးသကြား
🚫တာရှည်ခံဆေး
🚫အရောင်တင်ဆေး
🚫မရိုးသားတဲ့/ သဘာဝမဟုတ်တဲ့နည်းလမ်း
မသုံးထားကြောင်း အပြည့်အဝ အာမခံပါတယ်။
Juice တွေကို မှာယူပြီးသုံးရက်အတွင်းပို့ပေးပါတယ်။ ပို့မယ့်နေ့ မနက်ပိုင်းမှဖျော်ပြီး ပို့တာဖြစ်လို့ မလတ်ဆတ်မှာ စိတ်မပူရပါဘူးနော်။
ရန်ကုန်မြို့တွင်း delivery ရှိပြီး၊နယ်ကမှာသူတွေကို ကားဂိတ်ကနေ ထည့်ပေးပါတယ်။
အားပေးချင်တယ်ဆိုရင်တော့
✅ Facebook Messenger သို့မဟုတ်
✅ 09 428138651 ဖုန်းနံပါတ်ကို ဆက်ပြီး မှာယူနိုင်ပါတယ်။
01/09/2020
ဂျပန်က ယူကျူဘာ (YouTuber) တစ်ယောက်ရဲ့ ဝိတ်ချခြင်း အနုပညာ 😲
ပြီးခဲ့တဲ့နှစ် မေလတုန်းက ဂျပန်က ယူကျူဘာတစ်ဦးဖြစ်တဲ့ ရူဘိုဇူဟာ သူရဲ့ လက်ရှိကိုယ်အလေးချိန် (၁၄၀ ကီလို/ ၃၀၈ ပေါင်) ကို လျှော့ချဖို့ကြိုးစားခဲ့ပါတယ်။ သူရဲ့ အရပ်က (၁၂၀ စင်တီမီတာ/ ၅ပေ၅ လက်မ) ဘဲ ရှိတဲ့အတွက် အရပ်နဲ့ယှဉ်ရင် အလေးချိန်က အလွန်များနေတာပါ (overweight)။ ဒီလို သူ့ရဲ့ဝိတ်ချခရီးစဉ်ကို ဗီဒီယိုတောက်လျှောက်ရိုက် မှတ်တမ်းတင်ပြီး တဖြည်းဖြည်းပြောင်းလဲလာတဲ့ပုံစံကို ချပြခဲ့တာပါ။
တစ်နှစ်လောက် ကြိုးစားဝိတ်ချပြီးတဲ့ အချိန်မှာတော့ အရင်ကထက် အများကြီးပိုကြည့်ကောင်းလာ ပိုကျန်းမာလာတဲ့ သူ့ရဲ့လက်ရှိပုံစံကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီလိုပြောင်းလဲဖို့ သူဘာတွေလုပ်ခဲ့တာလဲ 🤔
1. ကြိုးခုန်တယ်
2. ထိုင်ထလုပ်တယ်
3. Plank ထောက်တယ်
4. အစားထိန်းပါတယ်
သူ့ရဲ့နည်းလမ်းက သူလုပ်နိုင်သလောက်အတိုင်းအတာအတွင်း လုပ်ဖို့နဲ့ ထိခိုက်ဒဏ်ရာ မဖြစ်ဘဲ လေ့ကျင့်ခန်းလုပ်တာ ဖြစ်ပါတယ်။
ဝိတ်ကျသွားတဲ့အခါ လူက အလိုအလျောက်ကြည့်ကောင်းလာပါတယ်။ ဘာလို့ဆိုတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒါမှမဟုတ် အစားလျှော့တဲ့အခါ တစ်ကိုယ်လုံးကအဆီတွေကျတဲ့အတွက် မျက်နှာနဲ့လည်ပင်းတစ်ဝိုက်က အဆီတွေပါကျသွားလို့ဖြစ်ပါတယ်။
ရူဘိုဇူက အခုတော့ ယူကျူ့မှာ သူရဲ့ဝိတ်ချတဲ့နည်းစနစ်တွေကို မျှဝေပေးနေပြီး မျှတတဲ့လေ့ကျင့်ခန်းယူပြီး သင့်တော်တဲ့ အစားအစာ စားဖို့ဟာ တစ်သက်လုံးလိုက်နာရမယ့် အလေ့အကျင့်ကောင်းလို့ ပြောပါတယ်။
သူ့အကြောင်း မူရင်း post ကိုဖတ်ချင်ရင်တော့ အောက်က link ထဲဝင်ဖတ်ကြည့်လိုက်နော်။
ChaKra
Youtuber Works Out Hard, Sheds Half Of His Body Weight In A Year 70kg.
31/08/2020
လူတစ်ယောက်ရဲ့ ပြင်ပရုပ်ဆင်းသွင်ပြင်မှာ အသားအရေရဲ့ ဝင်းဝါစိုပြေမှုဟာ ကိုယ်ယောင်ကိုယ်ဝါလိုဘဲ တောက်ပနေဖို့လိုပါတယ်။ ဘယ်လိုအသားအရောင်ဘဲ ဖြစ်နေပစေ အသားအရေက စိုပြေပြီး ကျန်းမာနေရင် ဘယ်သူမဆို ကြည့်ကောင်းကြတယ်လေ။
ကျန်းမာစိုပြေတဲ့ အသားအရေပိုင်ဆိုင်ဖို့ဟာ မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး။ ကြည်လင်တဲ့အသားအရေအတွက် ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ အထဲမှာ မပါမဖြစ်ထည့်သွင်းစားသုံးရမှာလေးတွေ ရှိတယ်လေ။ အဲ့ဒါတွေကတော့
၁. ပဲနို့
၂. ရေနွေကြမ်း
၃. သလဲသီး
၄. မုန်လာဥ
၅. ဝိုင်
တို့ဖြစ်တယ်လို့ We media ရဲ့ ဆောင်းပါးထဲမှာ သူတို့ကို စားသုံး၊ သောက်သုံးသင့်တဲ့ အကြောင်း ဖော်ပြထားတာ တွေ့ရမှာပါ။
credit
လှပပြီးကြည်လင်တဲ့အသားအရေမျိုးကို ရရှိချင်တယ်ဆိုရင် ဒီသောက်စရာ (၅) မျိုးကိုသောက်ပေးပါ… ကြည်လင်ပြီး လှပတဲ့အသားအရေကို ရရှိပိုင်ဆိုင်ဖို့ဆိုတာက မိန်းကလေးတိုင်းရဲ့ စိတ်ကူးတစ်ခုပါပဲ…။ မိန်းကလေ....
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
11031
Opening Hours
| Monday | 08:30 - 18:00 |
| Tuesday | 08:30 - 18:00 |
| Wednesday | 08:30 - 18:00 |
| Thursday | 08:30 - 18:00 |
| Friday | 08:30 - 18:00 |
| Saturday | 08:30 - 18:00 |
| Sunday | 08:30 - 18:00 |