2015 POEM
" ခဗျားအပြုံးမှာ ကျရှုံးပြီးနောက်
အမုန်းမှာ ပြိုလဲရပြန်ပြီ......"
11/05/2025
တစ်ခါလွဲခဲ့ပြီးပြီ
မျက်၀န်းနက်နက်နဲ့ဆုံဖို့ ဘယ်အချိန်ထိ
နေ့ရက်တွေ ရေတွက်နေရဦးမလဲ။
မှိုင်းပြပြမနက်ခင်းတွေနဲ့ အေးစက်စက်နေ့တွေ
အရင်လို လက်ရှည်မထူမပါးလေးကို
ဆောင်ထားဖို့ မနေနဲ့နော် မေ....
မနက်၅နာရီဆို ပုံမှန်နိုးတက်ပေမယ့်
ကျွန်တော့်ရဲ့ နှိုးစက်လေးက ၆နာရီလေ
မျက်၀န်းနက်နက်နဲ့ ကောင်မလေးအိပ်ယာထချိန်ပေါ့....
သူအရင်လိုမအားတော့ဘူး ထင်ပါရဲ့
"လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ မအားသေးပါ" တဲ့
📧EYANA
04/05/2025
မနေချင်တော့တယ့် ရပ်၀န်းကနေ
ကျွန်တော် မကြိုဆိုချင်တာ့ပါဘူး မနှင်းဆီ....
ဒီရပ်၀န်းက လေနှင်ရာလွင့်ရဦးမှာလေ
ဘယ်အရပ်မှာ ဘယ်လိုတည်ရှိမလဲဆိုတာ အာမမခံရဲဘူး
မနှင်းဆီရေ
ဖြစ်နိုင်ရင် ဆုတောင်းခဲ့တယ့်ဘုရားတွေကို ပြန်မေးချင်မိပါရဲ့
"ကျုပ်တို့များ ဆုတောင်းမှားခဲ့သလား" လို့လေ.....
📨EVIL
Rhythem -2015
03/05/2025
"သတိရပါ"
နေမကောင်းတယ့် အခါ
တယောက်ယောက်နဲ့ အဆင်မပြေတယ့်အခါ
စိတ်တွေ မွန်းကျပ်လေးလံနေတယ့် အခါ
သတိရပါ.......
ပြီးတော့
တယောက်ယောက်နဲ့ အဆင်မပြေတယ့်အခါ
သတိရပါ.......
2015 - Rhythem
03/05/2025
"အတူရှိခဲ့ချိန်မှာလဲ ပျော်ခဲ့ရတယ်
ဝေးခဲ့ကြပြန်တော့လဲ သတိရတယ်
စာရရင် ရှေ့ဆုံးက အော်ဆိုပြီး
စာမရရင် စာအုပ်နဲ့ ကွယ်ထားတက်ကြတယ့် ငါ့သူငယ်ချင်းတွေ
စာမေးတိုင်း ဖိနပ်ကို ပြောင်းပြန်လှန်ခဲ့ကျတယ့် ရင်ခုန်ရဆုံးအချိန်တွေ....
ကျောင်းအိမ်စာ ဆိုတာ ဆရာမ စစ်မှ စာအုပ်ထဲမှာ ရေးကြတာ
မဟုတ်ရင်တော့ ချန်ထားတယ့် စာမျက်နှာတွေဆိုတာ များပါ့ကွာ...
သင်မယ့်ဆရာတယောက်ယောက် မလာတယ့်ရက်ဟာ ရက်ရာဇာဖြစ်ပြီး ရက်ရာဇာမဟုတ်တယ့်ရက်ဟာ တစ်တန်းလုံးခုံပေါ်တက်မတ်တပ်ရပ် ဆိုတယ့် ရက်ပဲ.....ဆရာမဘယ်လောက်ဆူဆူ မျက်နှာပိုးမသေနိုင်တယ့်ငါနဲ့ငါ့သူငယ်ချင်းတွေ ......
အခုတော့လဲ အဲ့ဆူသံလေးတွေ ပြန်ကြားချင်ပါသေးရဲ့ကွာ....
ကျောင်းမုန့်ဈေးတန်းက ကော်ဖီအေးတခွက်နဲ့ ငါတို့တွေ...
စာသင်ခုံရဲ့အစွန်းနှစ်ဖက်ဟာ ငါတို့နေ့တိုင်းလုနေရတာတွေ...
စာသင်ချိန်အပြင်ထွက်ရရင် ပေါ်မလာတက်တော့တဲ့ ငါ့ကောင်တွေ....
နိုင်ငံတော်သီချင်းကို တူတူအော်ဆိုချင်သေးတယ်
ဇာတိမာန်သီချင်းကို တူတူဝါးချပြီး ရယ်နေချင်မိသေးတယ်
သူငယ်ချင်းတို့ရေ...အဖြူအစိမ်းတွေလဲ နွမ်းခဲ့ရသလို အမှတ်တရတွေလဲ လွမ်းခဲ့ရပြီ။
ကျောင်းတံခါးကြီးကို တူတူဖွင့်ပြီး အမှတ်တရလေးတွေ ပြန်ရှာချင်ပါသေးရဲ့ကွာ....
2015 - Rhythem
03/05/2025
အနေဝေးခဲ့ကြပေမယ့် မေ့မရခဲ့ဘူး ကဗျာ
အခုလိုအချိန် မင်းဆံနွယ်လေးတွေ မိုးစက်လေးတွေလာစင်နေမှာ ကိုယ်စိတ်ပူတယ်;
ရေစက်လေးတွေကို လက်လေးနဲ့ဆော့တက်တယ့်ကောင်မလေးကြောင့် ကိုယ်ဟာမိုးရွာတိုင်းမင်းဆီပြေးလာချင်မိတယ်;
မင်းဆံနွယ်လေးတွေကို ကိုယ့်လက်နဲ့ေခြာက်ေသွ့ေစချင်မိတယ်
မတွေ့ရတော့ဘူးလို့ စိတ်မှာတွေးမိတိုင်း ကြွေနေတယ့်ရွက်ငယ်လိုပဲ
အေးစက်စက်ငြိမ်သက်ဆဲပါ ကဗျာ......
တစ်ခါကပုံရိပ်တွေ ယခုထိတိုင်ဆေးမပျယ်သေးတာ ကဗျာသတိရပေးပါ...
2015-Rhythem
01/05/2025
"နွေဟာ သိပ်ပူတာပဲ
သစ်ရွက်တွေဟာလဲ ကြွေမြဲပဲ
ဒီအတိုင်းဆို ဉဩတွန်သံတွေနဲ့ ဒီလမ်းတွေဟာ လွမ်းသတတနဲ့....."
2015 - RHYTHEM
Click here to claim your Sponsored Listing.