SMARTcoreCoaching& Consulting Studio
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SMARTcoreCoaching& Consulting Studio, Business Center, Yangon.
"Mind Empowerment Odyssey (MEO) Batch-3 သင်တန်းကြီးရဲ့သင်တန်းသူ/သား တို့ရဲ့ပုံရိပ်တွေကိုမျှဝေတင်ပေးလိုက်ခြင်းဖြစ်ပါတယ်...။"
MEO သင်တန်းကြီးကိုအရင် Batch တွေတုန်းကမတက်ရောက်ဖြစ်တဲ့သူတွေ ဒါမှမဟုတ် အခုမှတက်ရောက်ချင်တဲ့သူတွေအတွက် သင်တန်းကြီးအပ်နှံမှုကိုစတင်လက်ခံပေးနေပြီဖြစ်ကြောင်းကိုသတင်းကောင်းပေးလိုက်ပါတယ်...။
📌 MEO သင်တန်းကြီးကို သြဂုတ်လအတွင်း ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်သွားဖို့ရှိပါတယ်။
📍 Yangon,Zem-Campus 5th Floor..
📅 ရက်စွဲ - သြဂုတ်လ ၁၅ ၊၁၆။ (စနေ၊ တနင်္ဂနွေ၊ )
⏰ သင်တန်းချိန် - မနက် (၉:၀၀) နာရီ မှ ညနေ (၆:၀၀) နာရီအထိ။
မူရင်းသင်တန်းကြေး - ၄၈,၈၅၀၀ ကျပ်ကိုမှ
🔥 ပထမဆုံးအပ်နှံသူ အယောက် (၃၀) အတွက် ၃,၀၀၀၀၀ ကျပ်🔥 နဲ့ စီစဉ်ပေးထားပါတယ်။
MEO သင်တန်းကြီးကို အပ်နှံလိုပါက Page Messenger Chat Box မှာ"MEO"ဆိုပြီးပို့ခဲ့လို့ရသလို အောက်ပါပေးထားသောဖုန်းနံပါတ်များကိုဆက်သွယ်ပြီးအပ်နှံလို့ရပါတယ်။
📞09-751855551
📞09-751855552
"ကြုံနေရတဲ့ပြဿနာတွေကို မြင်တဲ့
အမြင်တွေကိုသာပြောင်းလဲလိုက်မယ်ဆိုရင်..."👊
26/05/2026
စနစ်မရှိတဲ့ လုပ်ငန်းဟာ... စီးပွားရေး မဟုတ်ဘူး၊ ပိုင်ရှင်ကိုယ်တိုင် ကျွန်ခံနေရတဲ့ ထောင်ချောက်ပဲ
ရောင်းအား (Sales) တက်လာတာနဲ့အမျှ ကိုယ်တိုင်လည်း အသက်ရှူကျပ်လာပြီး...ခဏလေးတောင် လွှတ်ထားလို့မရဘဲ ပတ်ချာလည်နေပြီဆိုရင်...
မိတ်ဆွေရဲ့ လုပ်ငန်းဟာ "စနစ် (System) အရေးပေါ်လိုအပ်နေပါပြီ
လုပ်ငန်းတစ်ခု စနစ်တကျနဲ့ အလိုအလျောက် လည်ပတ်ဖို့အတွက် မဖြစ်မနေ စလုပ်ရမယ့် အချက် (၃) ချက်ကို ပြောပြပါရစေ
၁။ အဖွဲ့အစည်း Chart နဲ့ လုပ်ပိုင်ခွင့် မျဉ်းကြောင်း (Organization Structure & Authority)
"လူရှိလို့ အလုပ်ခန့်တာ" မျိုးကို အခုချက်ချင်း ရပ်လိုက်ပါ
လုပ်ငန်းမှာ ဘယ်ဌာနက ဘာတာဝန်ယူရမလဲဆိုတဲ့ ဖွဲ့စည်းပုံကို အရင်ရှင်းအောင် ဆွဲရပါမယ်
ပြီးရင် ဝန်ထမ်းတစ်ယောက်ချင်းစီကို အလုပ်ပဲ လွှဲပေးတာမျိုး မဟုတ်ဘဲ ဘယ်အဆင့်အထိ "ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် (Authority)" ရှိလဲဆိုတဲ့ ဘောင်ကို ပြတ်ပြတ်သားသား သတ်မှတ်ပေးရပါမယ်
ဒါမှ ပိုင်ရှင်ရဲ့ စားပွဲပေါ်မှာ အလုပ်တွေ လာမပုံမှာပါ
၂။ အမှားကင်းတဲ့ လုပ်ငန်းစဉ် (Work Process SOP)
ဝန်ထမ်းတွေက အလုပ်ကို မိမိစိတ်ကူးထဲရှိသလို လုပ်နေကြရင် အမှားခဏခဏ ဖြစ်မှာပဲ
အော်ဒါလက်ခံတာ၊ စာရင်းပိတ်တာ၊ ကုန်ပစ္စည်းစစ်တာကအစ... ဘယ်သူပဲလုပ်လုပ် တန်းတူရလဒ်ထွက်မယ့် SOP (Standard Operating Procedure) လမ်းကြောင်းကို တိတိကျကျ ချမှတ်ထားရပါမယ်
စနစ်ရှိရင် လူသစ်ဝင်လာလည်း အလုပ်သင်ပေးရတာ ခေါင်းမခဲတော့ပါဘူး
၃။ မျက်နှာမလိုက်တဲ့ ဒေတာတိုင်းတာမှု (KPI System)
"ဒီလူကတော့ ငါ့အကြိုက် လုပ်တတ်လို့ လူတော်၊ ဟိုလူကတော့ ပျင်းတယ်" ဆိုပြီး လုပ်ငန်းရှင်ရဲ့ အမြင်တစ်ခုတည်းနဲ့ အကဲဖြတ်နေတာမျိုးကို ဖျက်ပစ်ပါ
ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အလုပ်ရလဒ်ကို မျက်နှာမလိုက်ဘဲ တိတိကျကျ တိုင်းတာနိုင်မယ့် KPI (Key Performance Indicator) စနစ် ရှိနေမှသာ... ဝန်ထမ်းတွေက မိမိတာဝန်ကို မိမိကိုယ်တိုင် တာဝန်ခံပြီး အလုပ်လုပ်လာမှာ ဖြစ်ပါတယ်
မိတ်ဆွေ...
ဒီအချက် (၃) ချက်ကို မလုပ်ဘဲနဲ့ လုပ်ငန်းကို တိုးချဲ့ဖို့ (Scale up) ကြိုးစားနေတာဟာ... သဲပေါ်မှာ အိမ်ဆောက်နေတာနဲ့ အတူတူပါပဲ
လှပတဲ့ စိတ်ကူးယဉ်စကားလုံးတွေနောက်မှာ အချိန်ဖြုန်းမနေပါနဲ့တော့
လူအပေါ်မှာ မမှီခိုဘဲ စနစ်အပေါ်မှာ တည်ငြိမ်စွာ လည်ပတ်မယ့် "Profit System" ကို တည်ဆောက်ပြီး တကယ့် "သူဌေးအစစ်" အဖြစ် လွတ်လပ်ချင်တယ်ဆိုရင်...
ကျွန်မတို့ Smart Core Hub ကနေ မိတ်ဆွေတို့ လုပ်ငန်းရဲ့ အတွင်းပိုင်းစနစ်တွေကို "ခွဲစိတ်ဆရာဝန်တစ်ယောက်လို" ဒေတာကျကျ ဝင်ရောက် ပုံသွင်းပေးဖို့ အဆင်သင့်ရှိနေပါတယ်ရှင်
ကျွန်မကတော့... The Profit Architect - Coach Wint War ပါ
#မြန်မာလုပ်ငန်းရှင်
#လုပ်ငန်းစနစ်ချခြင်း
#စနစ်နဲ့အမြတ်
"ရန်ကုန်မြို့တွင်းသာမက အနယ်နယ်အရပ်ရပ်ကနေ
မှာယူအားပေးကြတဲ့ Customer တွေအတွက်🤩
"ငွေရှာစက်"စာအုပ်ကြီးရဲ့ထုတ်ပိုးမှုနောက်ကွယ်"
#ငွေရှာစက်
"ချန်ပီယံလောင်းအာဆင်နယ်အသင်းက🏆
🥇ဘာကြောင့် EPL ဖလားကိုဆွတ်ခူးသွားတာလဲ?"⁉
26/05/2026
"၁၀၀ ရာခိုင်နှုန်း ယုံကြည်မှု (Trust) မရှိဘဲနဲ့... ဘယ်စီးပွားရေးမှ အမြတ် (Profit) မထွက်နိုင်ပါဘူး"
ဒါက ကျွန်မ အမြဲတမ်း လက်ကိုင်ထားတဲ့၊ လက်တွေ့လည်း သက်သေပြခဲ့တဲ့ "Trust To Profit (TTP)" ရဲ့ အနှစ်သာရပဲ ဖြစ်ပါတယ်
လုပ်ငန်းရှင်အများစုက "ငါ့လုပ်ငန်းမှာ အရောင်းတွေ ကျနေတယ်၊ အမြတ်မကျန်ဘူး" လို့ ညည်းတွားပြီး ရောင်းအားတက်ဖို့ပဲ လုပ်ကြတယ်
Marketing တွေ အလုအယက် လုပ်ကြတယ်
ဒါပေမဲ့ အတွင်းပိုင်းကို သေချာ ခွဲစိတ်ကြည့်လိုက်ရင်...
ပြဿနာက အရောင်းမှာ ရှိတာမဟုတ်ဘူး။ "ယုံကြည်မှု (Trust) လျော့နည်းနေတာ" မှာ ရှိတာပါ
ဒါကြောင့် ကျွန်မတို့ရဲ့ "Trust To Profit (TTP)" Training မှာ ကျွန်မကိုယ်တိုင် စနစ်တကျ Framework ချ၊ ပုံသွင်းသင်ကြားပေးမှာ ဖြစ်ပါတယ်
ကျွန်မတို့ကသင်တန်းမှာ...
👉 ကိုယ့်ကို အမှန်တကယ် ပိုက်ဆံပေးမယ့် "Who" (ဝယ်သူအစစ်) ကို တိတိကျကျ ရှာမယ်
👉 အဲ့ဒီ Who ဆီကို ဘယ်လိုပုံစံနဲ့ ချဉ်းကပ်မလဲဆိုတဲ့ "How" (ဗျူဟာလမ်းကြောင်း) နဲ့ ချိတ်ဆက်မယ်
👉 ဝယ်သူ အသည်းစွဲဖြစ်သွားစေမယ့် "What" (တန်ဖိုး) ကို ထည့်ပေါင်းပြီး "Trust" (ယုံကြည်မှု) ကို ခိုင်ခိုင်မာမာ တည်ဆောက်မယ်
ဒီလိုနဲ့ မိတ်ဆွေရဲ့ Brand ကို ဈေးကွက်ထဲမှာ ပေါက်ထွက်သွားစေပြီး "Profit" (အမြတ်အစွန်း) တွေ (ဆ) နဲ့ချီ တိုးတက်လာအောင် လက်တွေ့ ပုံဖော်ပေးမှာ ဖြစ်ပါတယ်
မိတ်ဆွေရဲ့ လုပ်ငန်းကို "ယုံကြည်မှုကနေ အမြတ်ထုတ်မယ့် စနစ်ကောင်း" အဖြစ် အသွင်ပြောင်းဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်... အခုပဲ Page Messenger မှာ "TTP" လို့ စာပို့ပြီး အသေးစိတ် မေးမြန်းနိုင်ပါပြီရှင်
Quality အတွက် လူဦးရေ အကန့်အသတ်နဲ့ပဲ လက်ခံပါမယ်
ကျွန်မကတော့... The Profit Architect - Coach Wint War ပါ
#လုပ်ငန်းရှင်
#စနစ်နဲ့အမြတ်
25/05/2026
ဒီနေ့ ကျွန်မရဲ့ Personal History ထဲက ဘယ်သူ့ကိုမှ သိပ်မပြောဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကိုမျှဝေပေးပါရစေ
ကျွန်မ ဘဝမှာ လုံးဝ (လုံးဝ) ဝါသနာမပါခဲ့တဲ့ ကွန်ပျူတာတက္ကသိုလ်ကို တက်ခဲ့ရဖူးပါတယ်
နေ့တိုင်း အဲ့ဒီစာသင်ခန်းထဲကို သွားရတာ ကျွန်မအတွက်တော့ ငရဲကျနေသလိုပါပဲ
စိတ်မပါတဲ့အလုပ်ကို လုပ်ရတာ ဘယ်လောက် နှိပ်စက်ခြင်းခံရလဲဆိုတာ ခံစားဖူးသူတိုင်း သိမှာပါ
ဒါပေမဲ့ ကျွန်မ အရှုံးမပေးခဲ့ဘူး
ဝါသနာမပါဘူးဆိုပြီး ပစ်ချထားလိုက်ရင် ကျွန်မဘဝဟာ အဲ့ဒီနေရာမှာတင် တန့်သွားလိမ့်မယ်ဆိုတာ သိလို့...
စိတ်မပါတဲ့ စာတွေကို တစ်နှစ်မှမကျအောင် ရုန်းကန်ပြီး အောင်မြင်အောင် ကြိုးစားခဲ့ပါတယ်
ဘာလို့လဲသိလား?
ဒီတက္ကသိုလ်ကနေ အမြန်ဆုံး ဘွဲ့ရပြီး ထွက်ခွာနိုင်မှသာ...
ကျွန်မ အသက်ထက်မက ‘အရူးအသွပ်ဆုံး’ မြတ်နိုးတဲ့ စီးပွားရေးနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်ကို မရမက တက်လှမ်းနိုင်မယ်ဆိုတာ ကျွန်မ တွက်ချက်ထားလို့ပါ
အဲ့ဒီ စိတ်မပါတဲ့ လမ်းကြောင်းကို အောင်မြင်အောင် ဖြတ်ကျော်နိုင်ခဲ့လို့လည်း... ဒီနေ့မှာ ကော်ပိုရိတ်လောကရဲ့ လက်တွေ့မြေပြင်မှာ လုပ်ငန်းတွေကို စနစ်ချပေးနေတဲ့ The Profit Architect - Coach Wint War ဆိုပြီး လုပ်ငန်းရှင်တွေ ယုံကြည်ရတဲ့ ပညာရှင်တစ်ယောက်အဖြစ် ကျွန်မ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်
မိတ်ဆွေ...
အခုအချိန်မှာ မိတ်ဆွေရော ကိုယ်မချစ်တဲ့၊ ဝါသနာမပါတဲ့ နေရာတစ်ခုမှာ ပိတ်မိနေသလို ခံစားနေရပြီလား???
ပတ်ဝန်းကျင်ကို အပြစ်တင်ပြီး စိတ်ပျက်မနေပါနဲ့
အဲ့ဒီနေရာကနေ အမြန်ဆုံး ရုန်းထွက်နိုင်ဖို့ လက်ရှိအလုပ်ကို အကောင်းဆုံးဖြစ်အောင် အရင်လုပ်ပစ်လိုက်ပါ
ကိုယ်တကယ် ရူးသွပ်တဲ့ လမ်းကြောင်းပေါ် ရောက်အောင်သွားဖို့ဆိုရင်... လက်ရှိပိတ်မိနေတဲ့ အခက်အခဲကို ‘လှေကားထစ်’ အဖြစ် ပြောင်းလဲပစ်နိုင်ရပါမယ်
ကျွန်မကတော့... The Profit Architect - Coach Wint War ပါ
#လုပ်ငန်းရှင်
#လက်တွေ့သမား
"တီချယ်ဝင့်ဝါရဲ့ Standard Coaching Program(SCP) မှ Behind The Scences"💪
"ကိုယ့်ကိုပိုက်ဆံလာပေးမယ့်သူတွေ
ကိုယ့်အရည်အချင်းတွေကိုမြင်အောင်
ဘယ်လိုချပြရမှာလဲ...?"🤔
"လုပ်ငန်းတစ်ခုကိုဦးဆောင်သူအနေနဲ့
ကိုယ့်Businessကိုဒီထက်ကြီးပွားအောင်
ဘယ်လိုလုပ်ဆောင်မလဲ...?"
Click here to claim your Sponsored Listing.