Mystic Luminary

Mystic Luminary

Share

Intuitive Oracle Approved Energy Reader

Photos from Mystic Luminary 's post 12/08/2025

မင်္ဂလာ ပါ Luminaries တိုရေ..

ဒီတစ်ခေါက်တော့ pick a pile လေး လုပ်ပေးထားပါတယ်၊ pile 2 ခု ရှိမယ်၊ စိတ်လေး အေးအေးထားပြီးရွေးနော်..reading ထဲမှာ pile ရွေထားသူရဲ့ Energy ရယ် Career ရယ် Relationship အကြောင်းရယ် Universe message ရယ် ကို သေချာ လေး အချိန်ပေး ကြည့်ပေးထားပါတယ်။

Personal reading မေးချင်ရင်တော့ Cb လာခဲ့ပါရှင့်

Mystic Luminary

Photo credit Pinterest

10/08/2025

ကျွန်မဒီနေ့ ကျွန်မ စင်ကာပူက သူငယ်ချင်းတွေနဲ့ အချိန်ပေး စကားပြောဖြစ်တော့ ကိုယ်တွေ လို ၃၃နှစ်တန်း အရွယ်..
career တစ်ခု မှာ level တစ်ခု ရောက်နေကြတဲ့ အရွယ်တွေ မှာ ဘာတွေ အဖြစ်များလဲ ဆိုတော့ စောစောစီးစီး retire ယူချင်ကြတာကို တွေ့ရတယ်၊ ဒါကလဲ မမှားဘူးပဲ၊ ကျွန်မကိုယ်တိုင်လဲ Interior Designer အနေနဲ့လုပ်ခဲ့တယ်၊ အရမ််းခေါင်းစားတယ်၊ ကိုယ့်ရဲ့ Skill ရှိပေမယ့် ချပြခွင့်မရခဲ့တာတွေ ကြောင့်လဲ အဆင်မပြပြဘူး ပြောရမယ်။

အဲ့နောက် မြန်မာနိုင်ငံက ထွက်ရဖို့ အကြောင်းဖန်လာတော့ ဘန်ကောက်မှာ အလုပ်ရှာ ၊ ဝင်လုပ်ရတော့ hotel receptionist - ကျွန်မ ကို ယုံကြည်မှုရှိလာစေတဲ့ အလုပ်လို့လဲ ပြောလို့ရတယ်၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအားကို ဒီ position မှာ မြင်ရတယ်၊ Night shift လုပ်ရပေမယ့်လို့ ထိုင်းစာသင်ရင်း night shift ဆင်းခဲ့တဲ့ ညတွေဟာလဲ productive ဖြစ်ခဲ့သလို အိပ်လဲ မငိုက်ခဲ့ဘူး၊ ဒီနေ့ရာမှာ interior designer ကနေ လုံးဝ နယ်ပယ်မတူတဲ့ Receptionist အလုပ်ကို လုပ်နိုင်တာက ကျွန်မအတွက် ခက်ခဲ မနေခဲ့တာ အံ့ဩခဲ့ရတယ်၊ ဒီလိုဆိုလို့လေ Receptionist အလုပ်က အရမ်းလွယ်ကူနေတယ်ပြောချင်တာ မဟုတ်ဘူးနော်၊ နိုင်ငံခြားသားတွေ နဲ့ ပြောဆို ဆက်ဆံ ရတယ်၊ ထိုင်းလူမျိုးလာရင် လဲ သူတို့နဲ့ communicate လုပ်ဖို့ ကိုယ်က ကြိုးစားရတယ်၊ ဒီမှာ ကျွန်မ ဘာသွားမြင်ရလဲ ဆိုတော့ designer လုပ်တုန်းက ကိုယ်လုပ်နိုင်တာကို အသိမှတ် မပြုတဲ့ ဝန်းကျင်မှာ နေခဲ့ရလို့လဲ ပါမယ် ၊ designer လုပ်ခဲ့တဲ့ ၅ နှစ်နဲ့ receptionist လုပ်ခဲ့တယ် ၈ လ မှာ Achievement ရခဲ့တာက receptionist အလုပ် ၊ ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်အပြင် သူဌေးကလဲ ကိုယ့် အပေါ်ကောင်းတယ်၊ ကိုယ်ပြောတာကို နားထောင်ပေးတယ်၊ ထိုင်းမှာ တော်ရုံ လူ မရတတ်တဲ့ Work Permit ကိုလဲ တပြားမှ မယူပဲ လျှောက်ပေးခဲ့တယ်၊ ဆိုတော့ working environment ကလဲ အရမ်းအရေးကြီးတယ်၊ ဒီလို နဲ့ ကျွန်မ စင်ကာပူက အလုပ် offer ရလို့ Project Coordinator ရာထူးနဲ့ ( အရှင်းဆုံးပြောရရင် Engineer မှာ အောက်ဆုံး level ) အလုပ်ပြောင်းဖို့ ဖြစ်လာတယ်၊ ဒီမှာကကျ ကျွန်မ အနေနဲ့ အလုပ်က လုပ်နိုင်ပေမယ့်လို့ communicate လုပ်ရတဲ့ သူတွေ က အဆင်မပြေ ခဲ့ဘူးပဲပြောရမယ်၊ ကိုယ်လုပ်နိုင်တာကို ချပြခွင့်မရခဲ့ဘူးပေါ့…
ကျွန်မ ဘဝ ကလဲလေ အစက နေ ပြန်စရဖို့ ဇာတာကိုက ပါလာပြီးသား ၊ Universe Energy အရဆိုရင် Fail ဖြစ်ခဲ့တာတွေကို ပြန်ပြန်လုပ်ရတဲ့ သဘောပဲလို့ ကျွန်မ ယူဆ တယ်၊ စင်ကာပူအလုပ်အဆင်ပြေပေမယ့်လို့ လုပ်ရတာ ကျွန်မ receptionist လုပ်ခဲ့ရသလို ကျွန်မ ပျော်မနေဘူး၊ Energy မကောင်းနေဘူးခံစားရတယ်၊ ဒီလိုနဲ့ ကျွန်မ America သွားရဖို့ ဖြစ်လာတယ်၊ America ကို မိသားစုနဲ့ရောက်လာပြီး ၊ ကျွန်မ အလုပ်မဝင်ရသေးခင်မှာ Awakening ဖြစ်ပြီး ဒီလောကထဲ ၊ ဒီ Spiritual လောကထဲ ကို ဆရာမ ဒေါ်မေနီနီဦး ကျေးဇူး နဲ့ ရောက်လာခဲ့တယ်၊ ကျွန်မ အနေနဲ့ ဒီအလုပ်တွေလုပ်ဖို့ ပညာတွေဖြည့်ခဲ့ရတယ်၊ သင်ယူခဲ့တယ်၊
အခုလဲ လမ်းကြောင်းတစ်ခု ပေါ်ရောက်လာခဲ့ ပြီး၊ Intuitive Oracle Approved Reader လဲ ဖြစ်ခဲ့ပြီ ၊ ကျွန်မပျော်တဲ့ အလုပ် လို့ပြောလို့ရတယ်၊ ကဒ်ဖတ်နေရရင် ပျော်နေတာ၊ သူငယ်ချင်းနဲ့ V call ပြောနေရင်း သူ့အတွက် ကဒ်ဖတ်ပေးလိုက်တာမျိုး၊ ကျွန်မ card တွေဖတ်ပေးပြီး Client တွေရဲ့ပြဿနာကို အဖြေ ရှာပေး ၊ လိုအပ်ရင် ဆွေးနွေးပေးရတာကို ပျော်တယ်၊
သူတို့ အဆင်ပြေသွားရင် ဝမ်းသာပီတိဖြစ်တယ်၊
ဒီလို နဲ့ ကျွန်မ post တွေ မတင်ဖြစ်သည့်တိုင် Client တွေ နဲ့တော့ Keep in touch ဖြစ်နေပါတယ်နော်၊
လိုအပ်ရင် ကျွန်မ အမြဲရှိပါတယ်..
America ရောက်လာလို့ ကျွန်မ ဒီ spiritual Work ပဲလုပ်နေတာလားဆိုတော့ လဲ မဟုတ်ပါဘူး၊ ကျွန်မ မှာ ခံစားခွင့်ကောင်းတဲ့ အလုပ်မှာ Associate level နဲ့ ပြန်စရတာပါပဲ၊ ဒီအလုပ်လဲ ကျွန်မ လုပ်နိုင်ခွင့်တွေ ချပြခွင့်ရတယ်ပြောရမယ်၊ Associate level ပေမယ့် Associate တွေကိုကူညီတဲ့ problem solver ဖြစ်လာခဲ့တယ်၊ ကျွန်မ ဒီအလုပ်မှာ Struggle တွေ အများကြီးလုပ်ရတယ်၊ ဒီ organization ကဘယ်လို ဘယ်ပုံဆိုတာ မသိသေးတုန်းက ပေါ့၊ ဒီလို နဲ့ ကျွန်မကို Manager က level upgrade တွက် offer ပေးတာတောင် ကျွန်မ မလုပ်ချင်တော့ဘူး၊ ဒီလိုလေးပဲ တစ်ပတ်ကို အလုပ်မှာ နာရီ ၄၀ လုပ်တယ်၊ ပုံမှန်လစာ လေးရတယ်၊ အိမ်ပြန်ရောက်ရင် Designer ဘဝ တုန်းကလို အိမ်ကို ဘာမှ မသယ်လာရတော့ပဲ အလုပ်မှာ ကိုယ့်တာဝန်ပြီးတာနဲ့ ထားခဲ့လို့ရပြီ၊
ဒါကြောင့် ကျွန်မ ရာထူးတိုးဖို့လဲ မလုပ်ချင်တော့ ဘူး၊ ရာထူးတိုးတာနဲ့ အမျှ တာဝန်ယူမှု တာဝန်ခံ မှု တွေ များလာတဲ့ အပြင် အရင်လို Stress ပြန်ပိ လာမှာကို ကျွန်မ မလိုချင်တော့ဘူး၊ အိမ်ပြန်ရောက်ရင် ကျွန်မ လုပ်စရာရှိတာတွေ ၊ မိသားစု အချိိန်ပေးစရာရှိတာတွေပေးတယ်၊ စနေ တနင်္ဂနွေဆို ကျွန်မ ဆရာမ အတန်းတွေ ရှိရင်အချိန်ပြည့်တတ်နိုင်တယ်၊ ကျွန်မ page မှာ reading တွေ ဖတ်ပေးတယ်၊ ကျွန်မအတွက် Spiritual work ကပဲ ပျော်ရွှင်မှု ပေးနိုင်တယ်၊
ဒီမှာ ရပ်တည်ဖို့ကလဲ insurance နဲ့ benefit ကောင်းတဲ့ အလုပ်ကလဲ လက်လွှတ်လို့်မရတာမို့ ကျွန်မ အတွက် ဒီအလုပ်ကလဲ လုပ်နေရတယ်၊ ကိုယ်လုပ်ချင်တဲ့ လူတွေကို ကူညီချင်တဲ့ Problem solver ကိုလဲ လုပ်ခွင့်ရတာမို့ကျွန်မ အတွက် အခုချိန်မှာ လုံလောက်နေပြီ၊ ဒီလိုနဲ့ သူငယ်ချင်းတွေ နဲ့ ပြောခဲ့တာကို ပြန်ဆက်ရမယ်ဆိုရင်တော့ သူတို့လဲ တကယ့်ရာထူးကြီး တွေ နဲ့ လုပ်နေရတော့ သူတို့ မပျော်ရွှင်ကြဘူး၊ မတတ်သာလို့သာ လုပ်နေကြရတယ်၊ အကုန်လုံးက လဲ ၄၅ လောက်ဆို retire ယူပြီး Financial freedom နဲ့ သက်သောင့်သက်သာလေးနေချင်နေကြပြီ၊
ဒီလို ဖြစ်ဖို့လဲ ဒီ အချိန်မှာတော့ နည်းနည်း ပင်ပန်းခံ ၊ အလုပ်ရဲ့ pressure တွေ တော့ ခံရတယ်၊ လူတိုင်းကတော့ ကိုယ် စိတ်ပျော်တဲ့ အလုပ်ဆိုရင် ဘယ်လောက်ပင်ပန်း ပင်ပန်း လုပ်နိုင်ကြပေမယ့်လို့ ဝါသနာနဲ့ အလုပ်နဲ့ ထပ်တူမကျတဲ့ အခါမှာ တော့ အနည်းနဲ့ အများ စိတ်မပျော်ရွှင်တာတော့ ရှိကြတာပါပဲ၊ အားလုံးလဲ ကိုယ်ဝါသနာပါတာလေးလုပ်ရင်း Financial freedom ဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင် ကျွန်မရဲ့ Career အကြောင်းလေးပြောပြလိုက်ပါတယ်။
ကျွန်မ client တွေလဲ ကျွန်မ page သိပ် Active မဖြစ်ခဲ့ရင်တောင်မှ ကျွန်မ က အမြဲရှိနေတယ်၊ တိုင်ပင်ဆွေးနွေးချင်တာပဲ ဖြစ်ဖြစ် ၊ အကြံဉာဏ်​ပေးဖို့ လိုအပ်ရင်ပဲဖြစ်ဖြစ်၊ Realationship ပြဿနာ၊ အိမ်​ထောင်​ရေးပြဿနာ၊ career လမ်း​ကြောင်းအတွက်ပဲဖြစ်ဖြစ် လိုအပ်ရင် message ပို့လိုက်​နော်၊ ကျွန်မ စ​နေ တနင်္ဂ​နွေ ကို​တော ကိုယ့် Client တွေ အတွိက် အချိန် သီးသန် ဖယ်ထား​ပေးပါတယ်။

Mystic luminary

10/08/2025

မင်္ဂလာပါ Luminaries တို့ရေ…

ကျွန်မ ပျောက်နေတာကြာနေပြီမို့ page မှာ ပုံမှန် လာမေးနေကြ Client တွေကတော့ အဆက်သွယ်ရှိနေပေမယ့်လို့ တစ်ချို့ မသိသေးတဲ့ Client တွေ အတွက်ကျွန်မ ရှိနေပါတယ်နော်၊ ဒီရက်ပိုင်း Spiritual နဲ့ ပတ်သတ်ပြီး ကိုယ့်ကိုကိုယ် upgrade လုပ်နေတာရော၊ အလုပ်များနေတာရော၊ အိမ်ပြောင်းရွှေ့နေတာရောနဲ့ ကျွန်မ update လေးတွေ မတင်ဖြစ်ခဲ့တာစောရီးပါနော်၊ ကျွန်မ ဒီ ရက် တွေ ကျွန်မ ဆရာမ ဒေါ်မေနီနီနီဦး May NiNi OoCandle by Gorgeous MayTarot Queen Gorgeous ဆီမှာ အတန်းတွေကတော့ တောက်လျှောက်တတ်နေပြီး စာတွေ လဲ အများကြီး လုပ်ဖြစ်နေတယ်၊ နောက်ပြီး ကြေငြာစရာတစ်ခုရှိတာက ကျွန်မ officially Oracle Approved Reader တစ်ယောက်ဖြစ်ခဲ့ပါပြီ၊ ဒါနဲ့ မပြီး သေးဘူး ၊ ကျွန်မ Therapist တစ်ယောက်ဖြစ်ဖို့ အတွက်လဲ ကြိုးစားနေတာမို့ ကျွန်မ ကိုယ့် Client တွေကို Reading ဖတ်ပေးရုံတင်မဟုတ်ပဲ သူတို့ အတွက် healing လုပ်ပေးဖို့ လိုအပ်ရင် လဲ လုပ်ပေးနိုင်အောင် အဖက်ဖက်ကနေတော့ ပညာတွေ ဖြည့်နေတာ အခုဆိုရင် အတန်းတွေတောင် ၁၅ တန်းလောက်ထိ ပြီးနေပြီ ၊ ရှေ့ဆက်လဲ ဒီ့ထက်ပို ပြီး ကြိုးစားနေမှာမို့ ၊ luminaries တွေလဲ လိုအပ်ရင် ကျွန်မရှိပါတယ်နော် ၊ ကျွန်မ တတ်ခဲ့ တဲ့ ဘာသာရပ်​တွေလဲ update လုပ်​ပေးထားပါတယ်ရှင်…❤️❤️❤️

Mysitcc Luminay

12/06/2025

မင်္ဂလာပါ ❤️

ကျွန်မ client တွေ ကျွန်မကို သတိတရနဲ့ အဆင်ပြေသွားတယ် ဆိုပြီး ၊ လာပြီး ပြန်ပြောရင် ကျွန်မ အနေနဲ့ က အတိုင်းမသိဝမ်းသာပါတယ်၊ ပြီးရင် သူတို့ကို ကြိုပြင်ဆင်ထားသင့်တာလေးတွေ ပြန်ပြီး ပြောပြပေးဖြစ်တယ်၊ ဒီရက်ပိုင်းလာမေးသူတွေထဲမှာက တကယ်ကို big transformation ကြုံရမယ့် သူတွေကို ကျွန်မ client ထဲမှာဆိုရင် ၇၀% လောက်ပါ နေတာ ကို သတိထားမိတော့၊ ဒီနေရာမှာ big transformation ကို သေချာလေး ပြောပြပေးတယ်၊ တကယ်က လူတိုင်းက transformation တွေကြုံရတယ်၊ ဒါဟာ သဘာဝ ပဲနော်၊ သိပ်ပြီးတော့ အထွေထူးကြောက်နေဖို့မလိုပါဘူး၊ ကျွန်မတို့ Astrology မှာ planet transit တွေ ရှိနေတယ်၊ ရောက်နေတိုင်း တစ်ချို့ sign တွေ က သိသိသာသာ ခံစားရတယ်ဆိုတာ မှန်ပေမယ့် ဒီဟာကလဲ ကိုယ်က စိတ်ထားတတ်ရင် သိပ်ပြီးတော့ တုန်လှုပ်ဖို့မရှိပါဘူးနော်၊ Universe က သူ့အလုပ်သူလုပ်နေသလို၊ Planet တွေက လဲ သူ့အလုပ်သူလုပ်နေတာမို့၊ ကျွန်မတို့ လူသားတွေကလဲ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပဲ ဖြစ်ပါတယ်၊ ကျွန်မကတော့
ဒီ spiritual လမ်းကြောင်းကို ရောက်လာတော့ Transformation တွေကို သိပ်ပြီး မတုန်လှုပ်တော့ပဲ တစ်ခါကြုံတိုင်းတစ်ခါ level up ဖြစ်လာတယ် ခံစားရပြီး ပိုပြီးတောင် နေရတာ အဆင်ပြေလာပါတယ်၊
နောက်ပြီး ဒီလိုတွေ ကြုံရပြီဆိုရင် ကိုယ့်ကိုကိုယ် လက်ခံတတ်ဖို့ လိုပါတယ် ၊ ငါ့ကျမှ ဘာလို့ဖြစ်ရတာလဲ ဆိုပြီး တွေးတတ်ကြတယ်၊ အဲ့လို မတွေးနဲ့နော်၊ ကျွန်မလဲ ဒီ Universe ရဲ့ အလုပ်လုပ်ပုံတွေ မသိခင်တုန်းကဆိုရင် အမြဲ အဲ့ အတွေးနဲ့ ပဲ ချောင်ပိတ်ပြီး ကိုယ့်ကိုကိုယ် မကျေမနပ်တွေ ဖြစ်ခဲ့ဖူးတယ်၊ နောက်ကျတော့ ဒီ Oracle / Tarot / Astrology အပြင် healing တွေ လုပ်ပြီး မှ အော် ဒါကြောင့် ဒီလို ဖြစ်နေတာပါလား ဆိုပြီး လက်ခံ တတ်လာတယ်၊ ဒါနဲ့ပဲ ဒီပညာရပ်တွေ သင်ရမှာလားဆိုတာက ကိုယ့်ပေါ်ပဲ မူတည်ပါတယ်။
Transformation ကြုံလာရင်က အရင်ဆုံး က Acceptance လုပ်နိုင်ဖို့ပဲ လိုပါတယ်၊ ဒီကနေမှ တစ်ဆင့် ကိုယ်က ရင်ဆိုင်ဖို့ နည်းလမ်းရှာ ၊ ဘာလုပ်ရမလဲ မသိလို့ လမ်းပျောက်သွားရင် ကျွန်မ ကို အချိန်မရွေးလာမေးလို့ရပါတယ်။

မေတ္တာဖြင့်
Mystic Luminary

Mystic Luminary

07/06/2025

မင်္ဂလာပါ Luminaries တို့ ရေ….❤️❤️❤️

ကျွန်မရဲ့ page မှာ သို့မဟုတ် personal မှာ မေးတဲ့ သူငယ်ချင်းတွေလဲ ကျွန်မ မှာထားရတာတစ်ခုရှိတယ်၊ ဥပမာ- လင်မယား/ချစ်သူရည်းစား ပဲ ဆိုပါစို့…အဲ့လို အချိန်မှာ ကျွန်မ အကြပ်ရိုက်တာပေါ့၊ နှစ်ယောက်စလုံးက ကျွန်မ သူငယ်ချင်းတွေလေနော်၊ ဒါပေမယ့် ကျွန်မ အဲ့လိုချိန် မျိုးဆိုရင် ၂ ယောက်လုံးက မှာတယ်၊ သူငယ်ချင်းတို့ ငါ့အဖြေကို လက်ခံနိုင်လား၊ တစ်ယောက်နဲ့ တစ်ယောက် မေးခွန်းတွေ မဖလှယ်ပဲ၊ ငါဖြေပေးတာဟာ နင့်အတွက်ပဲ ဖြစ်ပြီး ၊ နင့်ချစ်သူမေးလို့ ငါသူ့ကိုဖြေပေးတာဟာ သူ့အတွက်ပဲ ဖြစ်တဲ့ အကြောင်းရယ်၊ privacy ကြောင့် တစ်ဦးနဲ့ တစ်ဦး ငါဖြေပေးတာတွေကို မဖလှယ်သင့်ဖူးဆိုတာကို ပြောကိုပြောပေးရတယ်၊ ဒီလို ဆိုလို့ ကျွန်မဟာ ၂ ယောက်ကြားမှာ မဖြစ်သင့်တာ မဖြစ်ရအောင် ကာကွယ်ပေးတဲ့ သဘောပဲ၊ သူတို့ဟာ သူတို့ ပြောရမှ ဖြစ်မယ်ဆိုလဲ ကျွန်မက မတားပါဘူး။

ကျွန်မတို့ ဟာ နမိတ်ဖတ်ပညာရပ်တွေ သုံးပြီး (အထူးသဖြင့် ကျွန််မအနေနဲ့ Oracle/Tarot/Astrology) လူတွေကို healing ပေးနေတဲ့ အထဲမှာ ကျွန်မတို့ဟာ တစ်ဦးတစ်ယောက်ချင်းကို healing ပေးရတာဖြစ်တယ်၊ လူတွေဟာ ကိုယ် ကျင်လည်ခဲ့ရတဲ့ အသိုင်းအဝိုင်းတွေ မတူသလို၊ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ trauma တွေလဲ မတူပါဘူး​နော်။

လူတစ်ယောက်နဲ့ တစ်ယောက်ဟာ background မတူသလို၊ မွေးဖွားလာပုံချင်းကလဲ မတူပါဘူး၊ ဒါကြောင့်မို့ ကျွန်မ အနေနဲ့ က လေ လာမေးသူတစ်ဦးဆိုရင် အဲ့တစ်ဦးပေါ်ကိုပဲ အာရုံစိုက်ဖြေပေးပြီး၊ အဖြေတွေ ရှာပေးပါတယ်၊ ငါ့ကျတော့ နင်က ဒီလိုပြောတယ်၊ သူ့ကျတော့ နင်က ဒီလိုပြောတယ်ဆိုတာကလေ၊ တစ်ယောက်နဲ့ တစ်ယောက် ကြုံတွေ့ခဲ့ရပုံချင်း trauma တွေကလဲ မတူလို့ပါနော်၊ အထင်မလွဲပါနဲ့နော်၊ အထင်မလွဲဘူးလို့လဲ ထင်ပါတယ်၊ ဒါကြောင့်မို့ ဒီ အလုပ်ဟာ လဲ အထင်လွဲမှုပေါင်းတစ်သိန်းနဲ့ သွားနေရတာပဲ ဖြစ်တယ်၊ ဒါပေမယ့်လဲ ကျွန်မတို့ အနေနဲ့ ကလေ ဒါတွေက ယဉ်ပါးနေပြီ ဖြစ်လို့၊ ကျွန်မတို့ ဆီ energy ကိုက်ပြီး ရောက်လာသူတိုင်းကို အယုတ်အလတ်အမြတ်မရွေး လက်ခံပြီး အဖြေရှာကုသပေးပါတယ်။

နောက်တစ်ခုက ကိုယ့် partner တွက် လာမေးတာမှာလဲ ကျွန်မ ဓါတ်ပုံမကြည့်ပဲနဲ့တောင် လာမေးသူရဲ့ တစ်ဖက်သူ energy ကို ဖမ်းတတ်တာမို့ ၊ ကျွန်မကတော့ လာမေးသူကို မြင်တာပြောပေးမှာဖြစ်ပါတယ်၊ အဲ့ကျရင်လဲ ကိုယ်ကလေ ကိုယ့် partner ကို အထင်မလွဲပဲ ကျွန််မတို့တွေ ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာကို အဖြေရှာကြမယ်နော်။

ကျွန်မကလေ စကားကို ဒီလူနဲ့ ပြောနေရင် energy တစ််မျိုး၊ နောက်လူနဲ့ ပြောနေရင် energy တစ်မျိုးမို့၊ ကျွန်မ လူတစ်ယောက်နဲ့တစ်ယောက်ကို ဆက်ဆံပုံချင်းဟာမတူပါဘူး၊ ဆက်ဆံ ပုံခြင်းမတူလို့ ခွဲခြားတာလားဆိုတာ မဟုတ်ပါဘူးနော်၊ ဒီဟာကလဲ ကျွန်မဆရာမ ဒေါ်​မေနီနီဦး စကားအရဆိုရင် ကျွန်မတို့ဟာ မတူညီ တဲ့ universe တွေမှာနေထိုင်ပါတယ်၊ တကယ်လဲ မတူ ညီတဲ့ universe တွေမှာနေထိုင်ပြီး၊ ဒီနေ့ ပြောတာနဲ့ နောက်နေ့ပြောတာတွေ တောင် မတူညီပါဘူး၊ မ နေ့က ဘာပြောခဲ့လဲ ဆိုတာတောင် မနည်းပြန်စဉ်းစားရပါတယ်၊ ကျွန်မဟာ ကျွန််မ အဖေနဲ့ဆိုရင် ဖန်တီးထားတဲ့ universe ရှိသလို၊ အမေနဲ့လဲ ဖန်တီးထားတဲ့ universe လေးရှိပါတယ်၊ ဒါ့အပြင် အမ နဲ့ ဖန်တီးထားက က universe လေးတစ်ခု၊ သူငယ်ချင်းတွေ နဲ့က universe လေးတစ်ခု၊ ကိုယ်ကိုတိုင်တည်ထောင်ထားတဲ့ မိသားစုနဲ့ဆိုရင် universe ကတစ်ခုမို့၊ မျက်နှာများလိုက်တာ
လို့ တောဆန်တန် တွေးချင်လဲ တွေးပါနော်၊

ကျွန်မမှာချင်တာကလေ ကျွန်မနဲ့ ဖြစ်ရပ်တူတဲ့သူတွေရှိရင်လဲလေ စိတ်ညစ်စရာမဟုတ်ပဲ၊ ကျွန်မတို့တွေဟာ နေထိုင်တဲ့ universe တွေမတူလို့ဆိုတာကို သတိရပါနော်

ချစ်ခြင်းမေတ္တာဖြင့်
Mystic Luminary

05/06/2025

မင်္ဂလာပါ Luminaries တို​ရေ…

ကျွန်မဟာ မိန်းကလေး မပီ သ စွာနဲ့ ကိုယ်မင်္ဂလာဆောင်ရင် ဘယ်လိုဆောင်ပစ်မှာဆိုပြီး ငယ်ငယ်ထဲက တွေးခဲ့ သူလဲ မဟုတ်သလို၊ မင်္ဂလာဆောင်တာဟာ ပကာသဏတွေလို့ပဲ တွေးခဲ့ သူဖြစ်တယ်၊ ဒါပေမယ့်လဲ အခြေ အနေ အမျိုးမျိုးကြောင့် ကြီးကြီးကျယ်ကျယ်တွေဆောင်ဖြစ်ခဲ့တယ် ဆိုပါတော့ လေ …..
ပိုက်ဆံ ရှိသူတွေက ထားနော် ဘာမှ မဖြစ်ဘူး၊ သူတို့ဟာသူတို့ ဘယ်လိုဆောင်ဆောင် ပါ။ ကျွန်မနဲ့လဲ မဆိုင်ပါဘူး။
မင်္ဂလာပွဲတွေ လုပ်ပြီး ကိုယ်ကရော လက်ထပ်ခွင့် ကိုယ့်ကောင်လေး ဆီက တောင်းခံခဲ့ရသလား၊ တောင်းခံ ခဲ့ရရင်တော့ အတိုင်းထက်အလွန်ပေါ့ကွယ်၊ အနောက်တိုင်း culture မှာ ရှိတယ်လေ လက်ထပ်ခွင့်တောင်းခံရတာဟာ အရမ်းကို ဂုဏ်ယူဖို့ကောင်းတယ်ဆိုတာကို၊ တကယ်ကလေ အနောက်တိုင်းမှာက မိန်းကလေး တွေဟာ လေ တွေ့ကရာ လူနဲ့ အိပ် ၊ ဖြစ်ချင်တိုင်းတွေ ဖြစ်နေတော့ ကောင်းလေးတွေက တန်ဖိုးမထားတာ မဆန်းပါဘူးလေ၊ ဒီလိုပြောလို့ living together မနေသင့်ဘူးလားဆိုတော့လဲ မဟုတ်နေဘူးနော် ၊ အခုခေတ် dating app တွေ ခေတ်စားနေတော့ မိန်းကလေး တွေ one night stand လောက်ပဲ ကိုယ့် အဆင့်ကို ထားတော့ ကောင်လေး တွေအတွက်က တော့ ကြိုက်တာပေါ့လေ၊ ဒီနေရာမှာ က မယူခင်သုံးသပ်ချင်လို့ ဆိုတာကို လက်ခံတယ်၊ ဒါပေမယ့် ကိုယ် သတ်မှတ်ထားတဲ့ boundary ကို လာမကျော်စေဖို့ မှာချင်တယ်၊ ကိုယ်က ကိုယ့် တန်ဖိုး ကိုတော့ သိကို သိရမယ်၊ တန်ဖိုးဆိုတာဟာ ကိုယ့်ကိုကိုယ် care လုပ်တာတွေပါပါလာပါပြီ၊ physically ရော mentally ရော ကို care လုပ်ဖို့ လိုအပ်ပါတယ်၊ နှစ်ခုစလုံးကျန်းမာနေမှ healthy ဖြစ်တယ််ခေါ်ပါတယ်။

ဒီနေရာမှာပြောချင်တာက boundary !

Boundary လို့ဆိုရာမှာ မင်းက လူတစ်ယောက်ကို ဘယ်အတိုင်းတာထိ ကိုယ့်ဘဝထဲ ဝင်ရောက်ခွင့်ပြုထားလဲ၊ ဘယ်အရာတွေကို တော့ ကိုယ်ဟာ လက်ခံနိုင်ပြီး ဘယ်အရာတွေကိုတော့ လက်မခံဘူလဲ ဆိုတာဟာ boundary ဖြစ်ပါတယ်၊ ဒါဟာ မင်းကိုယ်တိုင်ကို တန်ဖိုးထားတာ၊ မင်းရဲ့စိတ်ကို ချစ်တာ နဲ့ပတ်သက်ပါတယ်။

လက်ထက်တော့မယ်ဆိုရင်လဲ ကိုယ်ကတော့ ဘာတွေ မကြိုက်ဘူး၊ ဘယ်လိုမျိုးဆို လက်မခံဘူးဆိုတာကို ကြိုပြီး ညှိနှိုင်းထားဖို့ လိုအပ်ပါတယ်၊ ယူပြီးခါမှာ ဖုန်းယူကြည့်လို့ ပြဿနာတတ်ရတာမျိုး ဆိုတာဟာ boundary ကို ကျော်လို့ဖြစ်တာပါ၊ လက်တောင်ထပ်ပြီးနေမှ ဖုန်းလေးတောင်ယူကြည့်လို့ မရဘူးလားဆိုပြီး ထင်နိုင်ပါတယ်၊ ဟုတ်ပါတယ်၊ ယူမကြည့်ရပါဘူး၊ လူတစ်ယောက်ရဲ့ privacy ကို လေးစားတန်ဖိုးထားဖို့ လိုပါတယ်။

ငါတို့က ကတိကဝတ်တွေပြုပြီး လက်ထပ်ထားလို့ သူ့ privacy ကိုယ့် privacy တွေ စိတ်မဝင််စားဘူး၊ ဖုန်းယူစစ်ချင်လဲ စစ်မှာပဲ ဆိုတဲ့သူတွေဟာ၊ တကယ်က ကိုယ့်ကိုကိုယ် care လုပ်ဖို့ လိုအပ်နေလို့ပါနော်။ ကျွန်မဆိုလဲ ကျွန်မဖုန်းကို ဘယ်သူမှ ယူကိုင်တာ မကြိုက်ပါဘူး၊ မကြိုက်ဘူးဆိုလို့ messenger ရော ဘယ််မှာမဆို ဘယ်သူနဲ့မှ စကားကို ၁၀ ခွန်းထက်ပိုမပြောသူဖြစ်တယ်၊ reading ကိစ္စတွေကလွဲရင်ပေါ့၊ ဒီလိုမျိုး reading တွေ ဖတ်ပေးလုပ်ပေး နေတာမို့လဲ ကိုယ့်ဖုန်းကို ဘယ်သူမှ မကြည့်စေချင်တာဖြစ်တယ်၊ Client ရဲ့ privacy လဲ ရှိတာမို့ ကျွန်မကတော့ ကျွန်မဖုန်းကို ဘယ်သူမှ ယူကြည့်တာ မကြိုက်ပါဘူး၊ သူများဖုန်းလဲ ယောင်လို့တောင် ယူမကြည့်ပါဘူး၊

နောက်ဆုံးအနေနဲ့က Boundary ချထားတာနဲ့ မင်းနူးညံ့မှု တန်ဖိုးကျသွားမှာ မဟုတ်ဘူးနော်၊တကယ်ပဲ သူကလဲ ချစ်တယ်ဆိုရင် မင်းရဲ့ boundary ကိုလည်း လေးစားတတ်ရမှာဖြစ်တယ်၊ မင်းဟာ ချစ်ခြင်းကြောင့်ပဲ မင်းကိုယ်တိုင် ကိုယ့်ကိုကိုယ် စာနာတတ်ဖို့ လိုပါတယ်။ Boundary တည်ဆောက်တတ်တဲ့မင်းက တကယ်ပဲ ပိုခိုင် တဲ့ မိသားစု၊ ခင်မင်မှု၊ နှလုံးသားတည်ဆောက်ပေးနိုင်တာဖြစ်လို့ healthy boundaries လေးတွေ ထားပြီး ရှေ့ဆက်ဖို့ တိုက်တွန်းပါရစေရှင့်

With Love
Mystic Luminary

05/06/2025

ဒီနေ့ post က တစ်ခုထဲ မဟုတ်ပဲ ၂/၃ post လောက် တွေ့ရတာက - ရည်းစားနဲ့ ခန ပြတ်နေတဲ့ အချိန်လေး မှာ ရည်းစားက နောက်တစ်ယောက်ရသွား ပြီး ကိုယ်က ပြန်ဆွဲလို့ ပြန်ပါလာပြီးမှ ပူလောင်နေရတဲ့ အဖြစ်မျိုးတွေ မြင်ရတယ်၊ ဘာလို့ များ ပြန်ဆွဲထားရတာလဲ အမ ညီမလေးတို့ရယ်၊ ခနလေး ပြတ်နေပြီး သူက နောက်တစ်ယောက်ရသွားပါတယ်ဆိုမှ ကိုယ့်ကို မချစ်လို့ပေါ့ကွယ်၊ ဘာလို့ များ ဆွဲထားနေအုံးမှာလဲ၊ သူရှိမှ ဖြစ်မှာမိုလို့ ဆိုတာကို မတွေးပဲ ကိုယ့်ကိုကိုယ် ပိုချစ်တတ်ဖို့ ကို လဲ ကိုယ်က ဦးစားပေးရမှာ အမညီမလေးတို့ရဲ့ .. အခုခေတ် အခုကာလ မှာ လေ လူတိုင်း self love လိုအပ်နေတာပါ၊ Self love ဆိုတိုင်းကိုယ့်ကိုကိုယ်လှအောင်နေတာတစ်ခု ထဲ မဟုတ်ပါဘူနော်။

ကိုယ်အားချိန်မှာ ကိုယ်ကြိုက်တဲ့ ဝါသနာပါတာလေးတွေ လုပ်တာ၊ အားကစားလုပ်တာ၊ learning လုပ်တာ မျိုးလေးတွေ ဟာ ကိုယ့် ရဲ့ skills တွေကို တိုးတတ်လာစေပါတယ်။ ကျွန်မတို့ ဟာ နေ့စဉ်သွားလာလှုပ်ရှားနေရတော့ ဒီလို သွားလာလှုပ်ရှားမှုတွေမှာပဲ သတိကပ်နေပြီး “ကိုယ်”ဆိုတာကိုမေ့နေတတ်ကြတယ်၊ ကျွန်မဆိုလဲ အလုပ်ထဲ ရောက်ပြီ ဆိုရင် ဘာကို မှ သတိမရတတ်ပဲ နေလေ့ရှိတယ်၊ ဒါကြောင့်မို့ နားလည်တယ်၊ သို့ပေမယ့် အလုပ်ဟာအလုပ်၊ ကိုယ့်ကိုကိုယ်ဂရုစိုက်ရမှာက ကိုယ့်အလုပ်မို့၊ ဒါကို မမေ့ဖို့ မှာချင်ပါတယ်၊ တစ်ချို့ မြင်ဖူးတဲ့ အတွဲတွေမှာဆို အထူးသဖြင့် အမျိုးသမီးတွေမှာကလေ ကိုယ်က သိတယ် တတ်တယ် ထက်မြက်တယ်၊ ကိုယ်က ဒီလူ မရှိပဲ မနေနိုင်လို့သာ သူ့ရဲ့ ဝင်ငွေ ၊ လွတ်လပ်ခွင့်တွေကို ကိုယ်က အကုန် ထိန်းချုပ်ထားပြီး အနားက ထွက်မသွား ရအောင် ထိန်းချုပ်ထားမိတယ်၊ အမျိုးသားဖက်ကကျ စိတ်မပါနေပဲ မြုံစိစိနဲ့၊ ဒီ အမျိုးသမီးနဲ့ပေါင်းရလို့ ငွေကိစ္စ ခေါင်းနောက်စရာရမရှိဘူး၊ အေးဆေးနေရုံပဲ ဆိုပြီး အနားမှာ နေပေးရုံကလွဲပြီး လူတိုင်းလိုအပ်တဲ့ တစ်ဦး ပေါ်တစ်ဦး ချစ်ခင်မှု ၊ ကြင်နာမှု ၊ နွေးထွေးမှု တွေ မရှိနေတာမျိုး တွေ ဆိုရင် အမ ညီမတို့ သေချာ ပြန်စဉ်းစားပါနော်၊ ဒီလူကို ဆွဲထားမှ ငါ ပျော်ရမှာလား၊ မဟုတ်ပါဘူးနော် ဒါဟာ နှစ်ဦးနှစ်ဖက် အဆင်မပြေနိုင်တဲ့ အတ္တ မျိုးတွေ ဖြစ်ပါတယ်။

နောက်တစ်ခု marriage stage ရောက်နေတဲ့ အမ ညီမတို့ အတွ က် self care ကလဲ healthy boundaries လေးတွေ ထားဖို့၊ ကိုယ့် partner နဲ့ ကိုယ်ဟာ တစ်ချိန်လုံးရန်သတ်နေရတယ်ဆိုရင် ဒါဟာ toxic ဖြစ်နေပါပြီ၊ toxic marriage ကို စွန့်ခွါစရာ မလို သေးပဲ ကိုယ်တိုင် fixed လုပ်ကြည့်ဖို့လဲ လိုပါတယ်၊ ကိုယ့်ဘက် က နေ ဒီဟာ က toxic အရမ်းဖြစ်နေတယ် သိရင် ကိုယ့် partner နဲ့ ကိုယ် ညှိနှိုင်းပါ၊ ဆွေးနွေးပါ၊ ဒါကိုမှ သူ့ဘက်ကနေ ညှိနှိုင်းမှုတွေ မလုပ်ဆောင်သေးဘူးဆိုရင် ဒီ marriage ကို စွန့်ခွါဖို့ ဝန်မလေးဖို့ တိုက်တွန်းပါရစေ။
နောက်ပြီး Self love ဆိုတာကလေ ကိုယ့်ကို ကိုယ် သဘောကျခြင်း၊ လက်ခံခြင်း၊ ကြင်နာခြင်းနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ခြင်း ဖြစ်ပါတယ်။ ဒါဟာ အမြဲတမ်း ကိုယ့်ကိုယ်ကို perfect ဖြစ်စေဖို့ သုံးတာမဟုတ်ပါဘူး။ အမှားတွေလုပ်တာတွေ့ရင်တောင် ကိုယ့်ကိုယ်ကို ပြစ်တင်ဖိစီးမနေနဲ့ တည်ငြိမ်စွာနဲ့ နားလည်ပေးတတ်ဖို့အရေးကြီးပါတယ်။ အမညီမတို့ကလေ တန်ဖိုးရှိတဲ့ လူတွေပါ ။ တခြားလူတွေ မမြင်နိုင်တာတွေကို ကိုယ်တိုင် မြင်နိုင်ဖို့ လေ့ကျင့်သင်ယူဖို့မမေ့နဲ့နော်၊ ကိုယ့်ကိုယ်ကို ချစ်တတ်မှ သံယောဇဉ်တွေ၊ အလုပ်တွေ၊ ဘဝတွေ ပေါ်မှာ ပိုပြီး ပြေပြစ်
အောင်တည်ဆောက်နိုင်မှာဖြစ်လို့ self love ကို ဦးစားပေးပြီး လှပ တဲ့ သူတွေ ဖြစ်ကြပါစေ။

စေတနာဖြင့်
Mystic Luminary



Mystic

26/05/2025

မင်္ဂလာနံနက်ခင်းပါ Luminaries တို့​ရေ…

ကျွန်မ ဒီရက်တွေမှာ ကျွန်မရိုက်ယူခဲ့တဲ့ ပုံလေးတွေကနေ ဒီပုံလေးတွေ နဲ့ Oracle ကဒ်လေး တွေချိတ်ဆက်ပြီး ကျွန်မ ကျွန်မ မြင်တာလေးတွေ ပြောပြခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။

ဒီလိုပဲ ဒီပုံလေးဟာလဲ ကျွန်မ ခရီးသွားတုန်းက ရိုက်ခဲ့တာလေးကနေ ဒီကဒ်လေးနဲ့ ဆက်စပ်နေတာကို တွေ့ခဲ့ပြန်တယ်

ကျွန်မတို့ တွေ ဟာ ဒီ spiritual လမ်းကြောင်းပေါ်ကို မတူညီတဲ့ နေရာတွေကနေ ရောက်လာကြတယ် ၊ အဲ့လိုရောက်လာကြတဲ့ အခါမှာလဲ ကျွန်မတို့ Ancestors တွေရဲ့ အလို ကျ ၊ ဘိုးဘေးတွေ ရဲ့ အလိုကျ curse breaker တွေ ဖြစ်လာကြတယ်၊ ဘိုးဘေးစဉ်ဆက် မပြီး ပြတ်သေးတဲ့ ကံကြွေးတွေ ကိုယ့် အလှည့်မှာတင် ပြီးအောင် ထမ်းဆောင်ရမယ့် တာဝန်တွေ ပါလာကြတယ်၊ ဒါဟာ ကျွန်မ တို့ မမွေးခင် ထဲက soul contract ထဲမှာ ပါလာပြီးသား၊ ကိုယ်က မွေးဖွားလာတယ်ဆိုရင် ဒီကမ္ဘာကြီး မှာ အသက် ဝင်လာ တာတင်မကပဲ ကိုယ့်ရဲ့ soul က body ထဲ ဝင်လာတဲ့ တံခါးဝ တစ်ခု ပဲဖြစ်တယ်၊ မမြင်နိုင်တဲ့ စိတ် ဝိဉာဏ်ကမ္ဘာ နဲ့ မြင်နိုင်တဲ့ ဒီလောက ကြားမှာ ကိုယ်တွေမွေးဖွားလာတယ်ဆိုတာ ထမ်းဆောင်ရမယ့် တာဝန်တွေ ပါလာလို့လဲ ဖြစ်ပါတယ်။
ကျွန်မတို့ ဆရာမ အမြဲပြောတယ်၊ ဘာလို့ ဒီ အလုပ်တွေ လာလုပ်နေရတာလဲ ပင်ပန်းလိုက်တာ၊ ကိုယ့်ဟာကို နေလို့ရရဲ့ သားနဲ့ ဆိုပြီး ၊ တကယ်လဲ ဟုတ်တယ်၊ ဒီ spiritual work တွေ လုပ်နေရတယ်ဆိုတာ ကိုယ့် တစ်ဦးထဲ ဆန္ဒကြောင့်မဟုတ်ပဲ၊ ကိုယ်နဲ့ပတ်သတ်ပြီး ကိုယ့်ကို စောင့်ရှောက်နေတဲ့ သူတွေ ရဲ့ အလိုကျရော လုပ်ပေးနေရတာမျိုးဖြစ်တယ်၊ ဒီလို လုပ်ပေးရလို့လဲ ကျေနပ်ဝမ်းသာမိပါတယ်၊ တစ်ခါတစ်ခါ ပင်ပန်းတာကလွဲလို့ပေါ့၊

🔮 Oracle Message 🔮
ဒီကဒ် အရဆိုရင် မွေးဖွားတယ်ဆိုတာလဲ ကလေးမွေးဖွား တာမျိုးတင်မဟုတ်ပဲ ကိုယ့် စိတ်ထဲက စိတ်ကူးအကြံဉာဏ် တစ်ခု နဲ့ ကိုယ့်ကိုကိုယ် better version ဒါမဟုတ် မနေ့ကနဲ့ မတူတဲ့ ကိုယ့်ကိုကိုယ် မွေးဖွားလိုက်ခြင်းမျိုးလဲ ပြောလို့ရပါတယ်။ Luminaries တို့လဲ ကိုယ့်ကိုကိုယ် ပြောင်းလဲ ဖို့ စိတ်ကူးသစ် တစ်ခုခု ရှိနေရင် စတင်လုပ်ဆောင်တော့လို့ ပြောနေပါတယ်နော်။

ကျွန်မဆိုလဲ divine timing ရောက်နေတာဖြစ်လို့ timing ရောက်နေတုန်းကျွန်မ တတ်သလောက် ကူညီ ပေးသွားပါမယ်၊ သိချင်တာရှိရင် လာမေးပါနော်

With Love ❤️
Mystic Luminary

26/05/2025

⭐️မင်္ဂလာပါ Luminaries တို့​ရေ ⭐️

အခု တလော ကျွန်မဆီလာတဲ့ client လေးတွေကလေ ၁၇/၁၈ နှစ် တက္ကသိုလ် စတတ်ခါစကလေးတွေ ရှိလာတယ်၊ ဒီလို အချိန်မှာ ဘာကို တော်တော်တွေ့ရလဲဆိုရင် ကိုယ်တိုင် decision ချ ဖို့ မဝံ့မရဲဖြစ်နေတာ ၊

ဥပမာ - ဘာ major ယူရမလဲ မသိ​နေတာ။

နောက်ပြီး မေးတာလေးတွေက ဖြေထားတဲ့ စာမေးပွဲ အောင်မှာလား ဆိုတာ ဖြေတဲ့ သူက အသိဆုံးပါ..ဒါပေမယ့်လဲ ကျွန်မ ဆီရောက်လာတော့လဲ ကြည့်ပေးရမယ့် တာဝန်မို့ ကြည့်ပေးလိုက်ပါတယ်။

ကျွန်မ ဒီနေရာမှာ ပြောချင်တာက - ဒီ client လေးဟာ ကျောင်းတတ်နေရင်း ကိုယ်လဲ စိတ်မဝင်စားတဲ့ ဘာသာရပ်မို့ ပိုပြီး pressure များပြီး အိမ်က မိဘာတွေ အလိုကျ တတ်ပေးနေရတယ် ၊ စာမေးပွဲဖြေခါနီးရင်လဲ ကိုယ် နားမလည် ၊ မလုပ်ချင်တဲ့ ဘာသာရပ်ကို လုပ်ပြီး ကိုယ်က ဒီ ဘာသာရပ်အပေါ် စိတ်မဝင်စားနေတော့ စာမေးပွဲ အောင်မှာလား ဆရာမရေလို့ လာမေးတာတော့ မထူးဆန်းပါဘူး။
အဲ့လိုကျ ကိုယ်လဲ သက်ပျင်းချပြီး ကိုယ်လဲ card တွေက နေ တစ်ဆင့် အဖြေရှာပေးဖို့ ဖြစ်လာတယ်၊
ဒီနေရာမှာက လေ ဘာတွေပါ ပါလာလဲ ဆိုရင် coaching တွေပါ ပါလာပါပြီ၊
ဒီ client အနေအထားရ ဆိုရင် career coach နဲ့ တွေ့ကို တွေ့သင့်တဲ့ အခြေနေဖြစ်ပါတယ်၊ ဒီလို ဖြစ်ရပ်တွေဟာလေ ကျွန်မတို့ငယ်ငယ်ကလဲ ဖြစ်ခဲ့တယ်၊ ကိုယ့်နိုင်ငံမှာ ကြီးပြင်းလာတဲ့ ကလေးတွေဟာ ကိုယ့်ဆုံးဖြတ်ချက် နဲ့ ကိုယ် တတ်ချင်တဲ့ ဘာသာရွေးချယ် တတ်ဖို့ကို အခွင့်အရေးမရရှိကြပါဘူး၊ အဖေ့ကိုအမေ့ကိုတော့ ဒီဘွဲ့ရအောင် ယူပေးပါ၊ ကျန်တာ ကျောင်းပြီးရင် ကြိုက်တာလုပ်ပါ သားရယ် သမီးရယ် ဆိုတာက မှားယွင်းတဲ့ coaching ဖြစ်ပါတယ်၊
Coaching ဆိုတာက လဲ အမျိုးမျိုးရှိတဲ့ထဲမှ Career Coach တွေ ရှိနေတယ် ဆိုတာလဲ အလကားတော့ မဟုတ်ပါဘူး၊ နိုင်ငံတကာ တက္ကသိုလ်တိုင်းမှာလဲ ရှိကြတယ်၊
ကျွန်မကတော့ စဉ်းစားထားတယ် ကျွန်မသမီးအတွက်ကို ၊ astrology လဲလေ့လာနေတော့ သူဘာဖြစ်လာနိုင်တယ် ဆိုတာလဲ ကြိုသိထားပြီး သူ့ကို လုပ်ချင်တာ တတ်ချင်တာတတ်ခွင့်ပေးပြီး ကိုယ်က လမ်းမမှားအောင်ပဲ နောက်က လမ်းကြောင်းပေးမယ် စိတ်ကူးတယ်၊ Parenting ဆိုတာကလဲ ပညာသားပါတဲ့ ဘာသာလိုတောင် ဖြစ်နေတော့ တစ်ချို့ မိဘတွေ ကိုယ့်ကလေးကို coach လုပ်တဲ့နေရာမှာ အတ္တပါနေတာလေးတွေ လျှော့ပေးနိုင်ပြီး ကိုယ့်ကလေးကို သူတို့ ဘာလုပ်ချင်တာလဲ ဆိုတာလေး သေချာမေးဖို့ လိုအပ်နေတာလေး တွေ မြင်ရပါတယ်၊

⭐️ကျွန်မဆီ လာတဲ့ clientကလေး တွေကိုတော့ အတတ်နိုင်ဆုံးဘယ်လို လုပ်ရင် ရနိုင်သေးလဲ ဆိုတာကိုတော့ အကြံဉာဏ်ပေးဖြစ်ပြီး သူတို့ အဆင်ပြေသွားရင် ဝမ်းသာမိပါတယ်။

⭐️နောက်တစ်ခုက mindset ပေါ့ ၊ ကျွန်မဆိုရင် Mindset coaching & Life coaching တတ်ပြီးနောက်ပိုင်းမှာ mindset ရော energy ပါ အလုပ်ခွင်မှာရော ပတ်ဝန်းကျင်မှာပါပြောင်းသွားတယ်၊

⭐️နေ့စဉ်​လူ​နေမှုဘဝ မှာmindset ဟာ အရေးပါတယ်၊ ကျွန်မ သည် mindset မကောင်းတဲ့ သူ ဆိုချက်ချင်းသိပြီး ရှောင်တာများတယ်၊ သူတို့ ဆီက negative mindset တွေကို လက်မခံ ပါဘူး၊ ဒီဟာက ကျွန်မတို့ Spiritual အရပြောမယ်ဆိုရင် လဲ energy မကောင်းတဲ့ သူ ကိုယ့်နားလာရင် သိကို သိပြီး ၊ ခပ်ဝေးဝေး နေဖြစ်ပါတယ်၊ အရင်တုန်းက အလုပ်တွေဆိုရင် ကိုယ်က ဒီလူကို မကြိုက်ဘူးခံစားနေရရင် ဒီလူ့ energy ကြီး ကူးလာတာ ကို မသိသေးတုန်းက အဖြေရှာမရခဲ့တာကနေ ၊ coaching / healing တွေ တတ်ပြီးနောက် mindset ကိုပါ change လုပ်လာနိုင်တယ်၊ mindset change ရင် energy ပါ change တော့ ကျွန်မအတွက် အကျိုးကျေးဇူးတွေ အများကြီး ရခဲ့ တဲ့ အတန်းတွေ ဖြစ်ပါတယ်၊ နေ့စဉ်လူနေမှု ဘဝ မှာတင် အထောက်အကူပြုပါတယ်။ ကျွန်မ က အလုပ်မှာလဲ လာတဲ့ အသစ်တွေကို training ပြန်လုပ်ပေးရတော့ သူတို့ကိုလဲ coach လုပ်ပေးတဲ့နေရာမှာ လုပ်ငန်းခွင်နဲ့ ဆိုင်တဲ့ ၊ ထားသင့်တဲ့ mindset တွေကို သင်ပေးဖြစ်တယ်။

ဒီလိုနဲ့ စာလေးလဲ ရှည်သွားပြီဆိုတော့ ကျွန်မဆီ လာတဲ့ client တိုင်းကတော့ လေ မေးခွန်းကို ဖြေပေးတာတွေတွင် မကပဲ၊ သူတို့ကို coach လုပ်ပေးဖို့လိုရင် လုပ်ပေးဖြစ်ပြီး၊ healing လုပ်ဖို့ လိုအပ်နေရင် လုပ်းပေးဖြစ်နေတာမို့ ကျွန်မလဲ page မှာ package အသစ်လေးတွေ တိုးဖို့ရှိပါတယ် ၊ ဒီကြားထဲ လမ်းပျောက်နေရင် တော့ ကျွန်မရှိပါတယ်၊ ဆက်သွယ်ပါနော်

With Love ❤️
mystic luminary

05/05/2025

မင်္ဂလာပါ Luminaries တို့​ရေ 🙏

ဟိုနေ့ က deck အသစ်လေး ရလို့ ကဒ်လေး တွေ ထုတ်ကြည့်နေရင်း ဒီကဒ်လေးက ကိုယ့်ကို အရင် က သွားဖူးတဲ့ နေရာ လေးတစ်ခု ကို ခေါ်သွားတယ် လို့ ခံစားရလို့ ပုံလေးတွေ ပြန်ရှာတော့ ဒီပုံလေး ထွက်လာတယ်၊ အဲ့တုန်းကဆိုရင် ကိုယ်စုထားတဲ့ ငွေလေးနဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်ကို သွားခဲ့တာ မှတ်မှတ်ရရပဲ၊ ပိုက်ဆံ လဲ အများကြီးမရှိပဲနဲ့ ချစ်သူက ဘယ်လိုလေးသွားရင် စျေးသက်သာမလဲ အမြဲရှာဖွေနေသူဆိုတော့ ကိုယ်ကတော့ ပိုက်ဆံ နည်းနေလဲ ရှိတာနဲ့ လိုက်တာပဲ
ဒီလို နေရာလေးတွေ နဲ့ ကဒ်တွေ ဆက်စပ်တာကို ကြည့်ပြီး အော် ဒီဟာကလဲ Manifestation တစ်ခုပဲ ဖြစ်နေခဲ့ကို မြင်လာမိတယ်၊ visualize လုပ်သလို ဖြစ်လာခဲ့တယ်၊ ကျွန်မ အဲ့နေရာ ရောက်တုန်းက ဘာကိုပျော်လို့ပျော်မှန်းကို မသိဘူး ၊ ဒီနေရာလေးက White Sand Dune ပေါ့၊ White sand dune ရဲ့ အဓိပ္ပါယ်က ဒီသဲဖြူလေးတွေဟာ သဘာဝရဲ့မြင်ကွင်းတစ်ခုအဖြစ် မျက်စိအေးစေပြီး၊ အတွေးအခေါ်အေးဆေးမှု၊ စိတ်ရှင်းမှုနဲ့ တိတ်ဆိတ်သောဉာဏ်ပညာ ကို ကိုယ်စားပြုပါတယ်တဲ့❤️
အခု တော့ ဒီကဒ်လေး နဲ့ ဆက်စပ်ကြည့်တော့ ခက်ခဲ့ကြမ်းတမ်းတဲ့ ကန္တာရကိုဖြတ်ပြီးသွားရင် ရွှေရောင်နေ့ရက်တွေဟာ ထိုက်တန်စွာရောက်ရှိလာမှာပဲ ဆိုတာကို သိလိုက်ရတယ်၊ ဘယ်လမ်းပဲလျှောက်လျှောက် ဘာမှ မသိသေးချိန် ဆိုရင် ခက်ခဲမှာ ပဲ ၊ ဒီဟာကို ကိုယ််က ကျော်ဖြတ်ဖို့ ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်သွားဖို့ လိုအပ်နေတာကို သိဖို့ပဲ လိုအပ်တာဖြစ်တယ်

🔮 Today message 🔮
ကိုယ်ချမှတ်ထားတဲ့ goal တွေ ကို မှန်မှန်သာ လုပ်သွားပါနော်၊ ကိုယ့်စီကို အချိန်တန်ရင်ရောက်လာပါလိမ့်မယ် ၊ comfort zone ထဲက ထွက်ပြီး အပြောင်းအလဲ လုပ်ဖို့လဲ မမေ့ပါနဲ့၊
ကိုယ့်ဘက်ကတော့ ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ဖို့တော့ တိုက်တွန်းချင်ပါတယ်၊ ဒီနေ့ အတွက် ကိုယ့်ကိုကိုယ် ခွင့်လွှတ်ပေးပါ၊ မတိုးတတ်လာဘူးခံစားရရင်လဲ ဒါဟာလဲ ကိုယ့်အပြစ်မဟုတ်ဘူးဆိုတာလဲ လက်ခံ တတ်ဖို့ ကြိုးစားပါနော် ၊ ကိုယ့်စိတ်ရဲ့ ကန္တာရထဲက တိတ်ဆိတ်မှုနဲ့ အတွေးအမြင်လေးတွေကို မြင်အောင်ကြည့်ပေးပါနော်❤️

With Love ❤️
mystic luminary

20/04/2025

ပုဂံကို ဆိုရင် ကျွန်မ မိုးရာသီ မရောက်ခင် စပ်ကြားလေး မိုးနံ့လေး လဲ ရတဲ့ အချိန် မေလ ကုန်လောက် လည်ရတာသဘောကျတယ်၊ ပုဂံကို နေပူကြဲတဲ ထဲလဲ ဆိုင်ကယ်နဲ့ လျှောက်သွားဖူးတယ်၊ မိုးရွာတဲ့ အချိန် ဟိုတယ်ထဲ ခနနေပြီး မိုးတိတ်ရင် မြေသင်းနံ့ရချင်လို့ ထွက်လည်ခဲ့ဖူးတယ်၊ ဒီလို ကြယ်ရောင်စုံ နဲ့ ညဘက်ကို တော့ မမြင်ဖူးသေးလို့ ဒီပုံလေးကို သဘောကြလို့ ဓါတ်ပုံဆရာ ဆီကနေ ငလျင်လဲ လှုရင်း page မှာလဲ သုံးဖို့ ဝယ်လိုက်တယ်၊ ဒီပုံလေး က Universe calling တစ်ခု ကိုဖော်ပြနေ သလို ခံစားရတယ်၊

Oracle နဲ့ တွဲကြည့်ရင်တော့ ပေးချင်တဲ့ message လေး တစ်ခု ရှိတယ် ကွယ်_
“ ကျွန်မတို့ ဒီလောကကြီးမှာ ကိုယ်ရှာဖွေနေသမျှအဖြေတွေဟာ ကိုယ့်ရဲ့ အတွင်း၌ ရှိပြီးသားဖြစ်လို့ ဒီပုံလေးထဲကလို ကြယ်စင်တွေရဲ့ တိတ်ဆိတ်သံဟာ လောကကြီးရဲ့ ဆူညံသံထက် တိတ်ဆိတ်နေတာကို ခံစားမိစေတယ်၊ အသက်ကို ဝအောင်ရှူကြည့်ပြီး ကိုယ်နှလုံးသားလေးဖြင့် လက်ခံကြည့်ပါ၊ ကိုယ်မေ့နေခဲ့တဲ့ အရာလေးတွေကို ပြန်အောင်းမေ့
ပြီး ရှေ့ကို လဲ ဆက်လက်သင်ယူစရာတွေကို မမေ့ပါနဲ့၊ တိတ်ဆိတ်မှု တွေကနေ တစ်ဆင့် ကြယ်တွေရဲ့ Guidance ကိုလဲ ရယူပါ၊

“Let the old temples whisper your truth back to you “

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Sunday 10:00 - 22:00