UNHCR
Welcome to UNHCR Myanmar. We share news about our work and stories about forcibly displaced and stateless people.
12/04/2026
[English Text Below]
💦မြန်မာနှစ်သစ်ကူးအခါသမယတွင်၊ Shelter/NFI/CCCM Cluster ၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့ ပံ့ပိုးကူညီနေသော လူမှုအသိုင်းအဝိုင်းများသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးခဲ့ကြသည့်စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီများအတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်ပါသည်။💦
မိတ်ဖက်အဖွဲ့များ၏ ခိုင်မာသည့် ပံ့ပိုးကူညီမှုများကြောင့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူဦးရေ ၁.၅ သန်းနီးပါးထံသို့ အခြေခံအိမ်သုံးပစ္စည်းများ၊ အမိုးအကာအထောက်အပံ့များနှင့် နေရပ်စွန့်ခွာခိုလှုံရာစခန်းများဆိုင်ရာ စီမံခန့်ခွဲရေးဝန်ဆောင်မှုများ (CCCM) ကို ပေးအပ်နိုင်ခဲ့ပါသည်။
💦As Myanmar welcomes the New Year, the Shelter/NFI/CCCM Cluster partners and the communities they support come together to extend their heartfelt thanks for the solidarity, collaboration, and support that made this response possible. 💦
With the strong contributions of cluster partners, the Cluster reached nearly 1.5 million people across Myanmar in 2025 through the provision of NFIs, shelter support, and CCCM services.
Wishing everyone a Happy Myanmar Thingyan New Year Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
One year after the March 2025 earthquake, communities in Myanmar are still rebuilding steadily, quietly, and with remarkable strength.
Families are repairing homes, restoring livelihoods and supporting each other with what little they have.
UNHCR remains on the ground to help recovery continue safely because rebuilding takes time, and support must be sustained.
16/03/2026
[English Text Below]
UNHCR နှင့် WFP အဖွဲ့တို့သည် ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ နေရပ်စွန့်ခွာနေရသူများနေထိုင်ရာနေရာများဆီသို့ ဥရောပသမဂ္ဂ ၏ EU Civil Protection & Humanitarian Aid အဖွဲ့ နှင့်အတူ လိုက်ပါသွားရောက်ခဲ့ပါသည်။
ဤလည်ပတ်မှုသည် နေရပ်စွန့်ခွာနေရသော မိသားစုများ နေ့စဉ်ရင်ဆိုင်နေရသည့် လက်တွေ့ဘဝအခြေအနေများကို မျက်မြင်ကိုယ်တွေ့ သိရှိခွင့်ရစေခဲ့သလို၊ ပူးပေါင်းဆောင်ရွက်နေသောအဖွဲ့များနှင့် မြေပြင်ရှိအဖွဲ့များအကြား အမြင်ချင်းဖလှယ်ရန်၊ ညှိနှိုင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်နှင့် အရေးပါသောအကူအညီများကို လိုအပ်နေသူများထံ ဆက်လက်ရောက်ရှိစေရေးအတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်ခဲ့ပါသည်။ 🤝
On the ground in Sittwe, UNHCR and WFP welcomed the EU Civil Protection & Humanitarian Aid team to displacement sites in Rakhine.
The visit offered a firsthand look at the realities displaced families face every day - and a chance for partners and frontline teams to exchange views, strengthen coordination, and ensure vital assistance continues reaching those who need it most. 🤝
13/03/2026
[English Text Below]
ရန်ကုန်မှ ပို့ဆောင်ထားသော အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများ ယခုအခါ စစ်တွေမြို့သို့ ရောက်ရှိပြီး ဖြစ်ပါသည်။ ပစ္စည်းများအားလုံး စုစည်းပြီး ဖြန့်ဝေရန် အသင့်ဖြစ်နေပါသည်။ UNHCR သည် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ အရေးပေါ် လိုအပ်ချက်များကို တုံ့ပြန်ကာ ကာကွယ်ထောက်ပံ့ရန် အမြဲ အသင့်ရှိနေပါသည်။
Emergency aid from Yangon has landed in Sittwe — stocked, ready, and on standby. UNHCR remains prepared to respond to urgent needs and protect communities in Rakhine.
10/03/2026
အခြေခံ ဝန်ဆောင်မှုတွေ ရယူဖို့ အခက်အခဲတွေရှိတဲ့အပြင် ဖြစ်ပွားနေဆဲပဋိပက္ခနဲ့ သဘာ၀ဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ တိုးပွားလာနေပါတယ်။
၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၆ ဒသမ ၃ သန်းထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ရောက်ရှိခဲ့ပေမယ့်လည်း ရန်ပုံငွေမလုံလောက်မှုနဲ့ သွားလာခွင့် ကန့်သတ်ချက်တွေကြောင့် အဓိက လိုအပ်ချက် အများအပြားကိုတော့ ဖြည့်ဆည်းနိုင်ခဲ့ခြင်း မရှိပါဘူး။
အသေးစိတ်ဖတ်ရှုရန် - https://reliefweb.int/.../myanmar-humanitarian-update...
Conflict, disasters and interrupted access to basic services continue to drive humanitarian needs in .
In 2025, humanitarian aid reached 6.3 million people, but funding shortfalls and access restrictions are leaving many essential needs unmet.
Learn more: https://reliefweb.int/.../myanmar-humanitarian-update...
အခြေခံ ဝန်ဆောင်မှုတွေ ရယူဖို့ အခက်အခဲတွေရှိတဲ့အပြင် ဖြစ်ပွားနေဆဲပဋိပက္ခနဲ့ သဘာ၀ဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ တိုးပွားလာနေပါတယ်။
၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၆ ဒသမ ၃ သန်းထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ရောက်ရှိခဲ့ပေမယ့်လည်း ရန်ပုံငွေမလုံလောက်မှုနဲ့ သွားလာခွင့် ကန့်သတ်ချက်တွေကြောင့် အဓိက လိုအပ်ချက် အများအပြားကိုတော့ ဖြည့်ဆည်းနိုင်ခဲ့ခြင်း မရှိပါဘူး။
အသေးစိတ်ဖတ်ရှုရန် - https://reliefweb.int/report/myanmar/myanmar-humanitarian-update-no51-9-march-2026
Conflict, disasters and interrupted access to basic services continue to drive humanitarian needs in .
In 2025, humanitarian aid reached 6.3 million people, but funding shortfalls and access restrictions are leaving many essential needs unmet.
Learn more: https://reliefweb.int/report/myanmar/myanmar-humanitarian-update-no51-9-march-2026
07/03/2026
[English Text Below]
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ပဋိပက္ခများ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများနှင့် အကျပ်အတည်းများကြားမှ အမျိုးသမီးများသည် မိသားစုများနှင့် လူ့အဖွဲ့အစည်းများကို ထိန်းသိမ်းစောင့်ရှောက်ပေးနေကြပါသည်။
ပဋိပက္ခများကြားတွင် ရှင်သန်နေရချိန်၌ ခက်ခဲသော ဆုံးဖြတ်ချက်များကို မကြာခဏဆိုသလို အမျိုးသမီးများကသာ ချမှတ်ရပါသည်။ ချစ်ခင်ရသူများကို ပြုစုစောင့်ရှောက်ရခြင်း၊ ကျန်ရှိနေသော စားနပ်ရိက္ခာနှင့် အရင်းအမြစ် အနည်းငယ်ကို မျှဝေသုံးစွဲရခြင်း၊ အရာရာပြိုကွဲနေချိန်တွင် မိသားစုများ ဘေးကင်းလုံခြုံစေရန် ကြိုးပမ်းထိန်းသိမ်းရခြင်းတို့ ဖြစ်ပါသည်။
သူတို့၏ ခံနိုင်ရည်နှင့် စွမ်းအားသည် ထူးကဲလှပါသည်။ သို့သော် ခံနိုင်ရည်ရှိခြင်းသည် သူတို့၏ အခွင့်အရေးများကို ဘယ်သောအခါမျှ အစားထိုးခွင့်မရှိပါ။
ယခု အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တွင် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာတွင် အမျိုးသမီးများနှင့် မိန်းကလေးများ ကာကွယ်စောင့်ရှောက်မှု၊ တာဝန်ခံမှုနှင့် အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်ခွင့်များ ရရှိစေရန် ကျွန်ုပ်တို့ တောင်းဆိုအပ်ပါသည်။
အကြောင်းမှာ အခွင့်အရေးများ၊ တရားမျှတမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများ အပါအဝင် အမျိုးသမီးနှင့် မိန်းကလေးတိုင်းထံ မဖြစ်မနေ ရောက်ရှိရမည် ဖြစ်သည်။
Across Myanmar, women are holding families and communities together through conflict, displacement and crisis.
As conflict disrupts daily life, women are often the ones making impossible choices — caring for loved ones, stretching what little food and resources remain, and keeping their families safe when everything else falls apart.
Their resilience is extraordinary — but resilience should never have to replace their rights.
This , we call for protection, accountability, and the meaningful inclusion of women and girls in shaping Myanmar’s future. Because rights, justice and action must reach every woman and girl — including those forced to flee.
27/02/2026
[English Text Below]
“အိမ်လည်း ခုထိပြန်မပြင်နိုင်သေးဘူး။ မိသားစုစားဝတ်နေရေးအတွက် နေ့စားလုပ်ပြီး ဝင်ငွေရှာနေရတာ,” ဟု မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်မှ ဒေါ်စန်းမြင့် က မျှဝေပြောကြားခဲ့သည်။ “ဒီဝက်ခြံလေးက ကျွန်မအတွက် စုဘူးလေးပဲ။ သမီးကျောင်းပြန်ဖွင့်တဲ့အချိန်လောက်ဆိုရင်
တော်တော်လေးစုမိလောက်ပြီ။”
ငလျင်ဒဏ်ခံခဲ့ရတဲ့ မိသားစုတွေဟာ အိုးအိမ်ပျက်စီးမှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်လည်ထူထောင်ရေးအတွက် ဆက်လက်ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ UNHCR က ပံ့ပိုးကူညီတဲ့ ဝက်မွေးမြူရေး လုပ်ငန်း အကူအညီတွေဟာ အမျိုးသမီးတွေ ဦးဆောင်တဲ့ မိသားစုတွေအတွက် လမ်းကြောင်းသစ်တစ်ခု ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။ ဒီအကူအညီကနေတစ်ဆင့် တည်ငြိမ်တဲ့ ဝင်ငွေရရှိဖို့၊ သားသမီးတွေရဲ့ အနာဂတ်အတွက် ငွေစုနိုင်ဖို့နဲ့ ဘဝကို တဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းတွေ ရရှိလာကြတာ ဖြစ်ပါတယ်။
UNHCR ဟာ ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အရေးပေါ် လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးရုံသာမက ရေရှည်အတွက် ရပ်ရွာလူထုရဲ့ ခံနိုင်စွမ်းရည်ကို မြှင့်တင်ပေးဖို့ကိုပါ ဆက်လက်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါမှသာ မိသားစုတွေဟာ ဘဝတည်ငြိမ်မှု ပြန်ရရှိပြီး အနာဂတ်အတွက် စီစဉ်နိုင်ကာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
“I cannot yet afford to repair my damaged home, and I’ve been working as a daily laborer to support my family,” shared Daw San Myint from Kyauk Se District, Mandalay. “This pig farm is my savings bank. I believe I will have enough money to support my daughter’s education by the time school reopens.”
Families affected by the earthquake are still recovering from damage to their homes and livelihoods. Through piglets and a shared pig shed, this small-scale pig farming project provides women-headed households with a way to earn steady income, save for their children, and gradually rebuild their lives.
UNHCR Myanmar, through its local partners, continues to support not only immediate needs but also long-term community resilience, helping families regain stability, plan for the future, and strengthen their livelihoods.
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Opening Hours
| Monday | 08:30 - 17:00 |
| Tuesday | 08:30 - 17:00 |
| Wednesday | 08:30 - 17:00 |
| Thursday | 08:30 - 17:00 |
| Friday | 08:30 - 17:00 |