Real Event Planner
We are always ready to create your innovative event. We are Real Event Planner :)
02/09/2019
ဂန္ဒီ ၏ ကမ္ဘာကျော် ဆိုရိုးစကားအချို့ 
__________________________
၁။ မနက်ဖန်သေရမယ်လို့ မှတ်ယူပြီး အသက်ရှင်ပါ။ တစ်သက်လုံး အသက်ရှင်ရမယ်လို့ မှတ်ယူပြီး လေ့လာသင်ကြားပါ။
၂။ ရန်ကိုရန်ချင်း တုံ့ပြန်နေရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးသွားပါလိမ့်မယ်။..
၃။ လူဆိုတာ သူတွေးသလို ဖြစ်လာခြင်း ဖြစ်ပါတယ်။
၎။ နိုင်ငံတစ်နိုင်ငံ ဘယ်လောက်ထိ ကြီးကျယ်မြင့်မြတ်တယ်ဆိုတာ သူတို့ တိရစ္ဆာန် တွေကို ဘယ်လိုကျွေးမွေးတယ်ဆိုတာကို ကြည့်ပြီး ဆုံးဖြတ် နိုင်ပါ တယ်။
၅။ ပထမဆုံး သင့်ကို လစ်လျူရှုမယ်။ ပြီးတော့ သင့်ကို ရယ်မော လောင်ပြောင်မယ်။ ပြီးတော့ သင့်ကို တိုက်ခိုက်မယ်။ ဒီနေရာမှာ အနိုင်ရနေရသူဟာ သင်ပဲ ဖြစ်ပါတယ်။
1. Live as if you were to die tomorrow. Learn as if you were to live forever.
2. An eye for an eye only ends up making the whole world blind.
3. A man is but the product of his thoughts what he thinks, he becomes.
4. The greatness of a nation can be judged by the way its animals are treated.
5. First they ignore you, then they laugh at you, then they fight you, then you win.
Credit
29/08/2019
မှတ်သားဖွယ်အဆိုအမိန့်များ
28/08/2019
ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ မှတ်သားဖွယ် အဆိုအမိန့်များ
25/08/2019
#အကောင်းဆုံးအရောင်းသမား
(The Best of Salesmanship)
အရောင်းသမားကောင်းတစ်ဦးဖြစ်ဖို့လိုအပ်ချက်များ
1. Know your Job
2. Know your Organization
3. Know your Product
4. Know your Customer
5. Know your Competitors
6. Know your Market
1. Know your Job
အရောင်းသမားကောင်းတစ်ယောက်က မိမိအလုပ် မိမိတာဝန်များကိုသိဖို့လိုပါတယ်။ အဲဒီလိုသိဖို့ဆိုတာက အလုပ်စဝင်တဲ့အချိန်မှာ သေချာ သင်ကြားပြသဖို့လိုအပ်ပါတယ်။ အရောင်းဘောက်ချာရေးတာ ၊ FOC လက်ဆောင် ပေးရင် ၊ Discount ဈေးလျှော့ရောင်းရင် ၊ ဘယ်လိုလုပ်ရမယ် စသည်ဖြစ်ပါ။ နောက် မိမိက ဘယ်သူ့ကို နေ့စဉ် ၊အပတ်စဉ် ၊ လစဉ် report လုပ်ရမယ် စတဲ့ မိမိလုပ်ဆောင်ရမဲ့ အလုပ်တွေကိုသိအောင်လုပ်ရပါမယ်။
2. Know your Organization
မိမိ အဖွဲ့အစည်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေသိထားဖို့လို့ပါတယ်။ မိမိအဖွဲ့အစည်းရဲ့ Policy မူဝါဒတွေ၊ Process လုပ်နည်းလုပ်ဟန်တွေ ၊ Rule & Regulation စည်းမျဉ်းစည်းကမ်းကမ်းတွေ ၊ အဖွဲ့အစည်းရဲ့ Vision Mission တွေသိထားသင့်ပါတယ်။
3. Know your Product
အရောင်းသမားကောင်း တစ်ဦးက မိမိရောင်းချတဲ့ကုန်ပစ္စည်းအကြောင်းကို သေသေချာချာသိနေဖို့လိုပါတယ် ။ ကုန်ပစ္စည်း အသုံးဝင်ပုံ ၊အားသာချက်၊ အားနည်းချက် ဈေးနှုန်း စတာတွေသိဖို့လိုအပ်ပါတယ်။
4. Know your Customer
အရောင်းသမားကောင်းတစ်ဦးအနေနဲ့ မိမိကုန်ပစ္စည်း သုံးစွဲမည့် သူကိုသိဖို့လိုပါတယ်။
ဥပမာ - ကိုယ့်ရောင်းချတဲ့ ပစ္စည်းက ဆပ်ပြာမှုန့်ဆိုပါစို့။ ဒါဆို မိမိရောင်းရမဲ့ မိမိကုန်ပစ္စည်းဝယ်သူသည် အမျိုးသမီး (အိမ်ရှင်မ) များဖြစ်ပါတယ်။
ဝယ်သူဖောက်သည် ရဲ့ လိုချင်တာ ၊ လိုအပ်တာကိုသိဖို့လိုပါတယ်။
5. Know your Competitors
မိမိကုန်ပစ္စည်း နှင့် တိုက်ရိုက်ပြိုင်ဘက်များ ၊ သွယ်ဝိုက်ပြိုင်ဘက်များရဲ့ အားသာချက် ၊ အားနည်းချက်များ ၊ ဈေးနှုန်း ၊ ဖြန့်ချီရေးစနစ် ၊ Promotion ၊ ကြေငြာ ၊ ဈေးကွက်ဝေစု စတာတွေကို သိထားဖို့လိုအပ်ပါတယ်။
6. Know your Market
မိမိကုန်ပစ္စည်းရဲ့ ဈေးကွက်အခြေအနေ ၊ အလားအလာ ၊ မိမိကုန်ပစ္စည်းရဲ့ ဈေးကွက်ဝေစု ရရှိမှု့အခြေအနေ ၊ပြိုင်ဘက်များ ဈေးကွက်ရရှိမှု့အခြေအနေ ဝယ်သူ ၊ တဆင့်ပြန်ရောင်းချသူများရဲ့ အပြုအမှုများ ၊ ဈေးကွက်နှင့်ဆက်စပ်နေသော အကြောင်းအရာများသိထားသင့်ပါတယ်။
လူတိုင်းသည် အရောင်းသမားများဖြစ်ကြပါတယ်။
Product (ကုန်ပစ္စည်း) သို့ Service (ဝန်ဆောင်မှု့) များကို တစ်နည်းမဟုတ်တစ်နည်းရောင်းချနေကြတာပါ။
Click here to claim your Sponsored Listing.
Website
Address
Yangon
+95