AM View Entertainment
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AM View Entertainment, TV Channel, Yangon.
"Peace is being with yourself. 🌿 တစ်ခါတလေ လူတွေဆီက ရတဲ့ နှစ်သိမ့်မှုထက်၊ ကိုယ့်ရဲ့ တိတ်ဆိတ်မှုက ပိုပြီး စိတ်အေးချမ်းစေပါတယ်။"
#မြန်မာ #စာပေ
လူတစ်ယောက်ရဲ့ အသိအမြင်နဲ့ အတွေးအခေါ် (Mindset) မတူတဲ့အခါ မင်းဘယ်လောက်ပဲ စေတနာထားထား အဖတ်တင်မှာမဟုတ်ဘူး။ မင်းပေးတဲ့ 'အကြံဉာဏ်' ကို 'ဝေဖန်မှု' လို့ပဲ မြင်နေတဲ့သူတွေဆီကနေ ဝေးဝေးမှာနေတာဟာ မင်းရဲ့စိတ်ချမ်းသာမှုကို ကာကွယ်တာပါပဲ။ ✨
#မြန်မာ"
ဆရာညီညီ (စိတ်ပညာ) ပြောပြလိုက်တဲ့ မြန်မာစာပေထပ် အင်္ဂလိပ်စာပေကို ပိုမိုလေ့လာမှုများပြားနေရတဲ့အကြောင်းရင်း ...
#စာပေ #မြန်မာစာပေ #ညီညီ(စိတ်ပညာ) #မေလ၁၀ရက်
လောကကြီးမှာ မေမေ့မေတ္တာထက် ပိုမိုနွေးထွေးတာ ဘာများရှိဦးမလဲ...မေမေ့ရဲ့အပြုံးဟာ သားသမီးတွေအတွက် အကြီးမားဆုံး ခွန်အားပါ။
စကားလုံးတွေနဲ့ ဖော်ပြလို့မရနိုင်တဲ့ မေမေ့ရဲ့မေတ္တာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ် မေမေ။ ချစ်ရတဲ့မေမေနဲ့အတူ ပျော်ရွှင်စရာ Mother's Day ဖြစ်ပါစေလို့ AMview media မှ တောင်းဆုပြုလိုက်ပါတယ်။
#မေမေ့မေတ္တာ
ည ၂ နာရီ…
“ကယ်ကြပါ…” ဆိုတဲ့ အသံကြားပြီးနောက်
ဖြိုးရဲ့ ဘဝက လုံးဝ ပြောင်းလဲသွားခဲ့တယ်…
မီးဖိုခန်းထဲမှာ သူမြင်လိုက်ရတာက
လူမဟုတ်တဲ့ အရာတစ်ခု…
“အိမ်နံပါတ် (၇)”
ဒီအိမ်မှာ မဝင်သင့်တဲ့နေရာတစ်ခု ရှိတယ်…
ဝင်ကြည့်မိရင်တော့… ပြန်ထွက်နိုင်မယ် မထင်နဲ့။ 👁️🔥
#အိမ်နံပါတ်7
ပရလောကနှင့် ကံအနိမ့်အမြင့် အပိုင်း(၂)/
ပရလောကနဲ့ ပတ်သက်ပြီး ကြုံတွေ့ရဖူးတဲ့ထိတ်လန့်စရာများအကြောင်းကို ဂမ္ဘီရဆရာ နန်းအောင်လှိုင်နဲ့ မေးမြန်းထားတာပဲဖြစ်ပါတယ်။
ဒီအစီအစဉ်ကောင်းကို တနင်္ဂနွေနေ့တိုင်း အပတ်စဉ် တင်ဆက်ပေးမှာဖြစ်လို့ like and follow လုပ်ထားကြပါဦးနော်။
စာရေးဆရာ ကြည်ရွှန်း ပြောပြတဲ့ AI နဲ့ လူငယ် ....
✅ AI ကိုမှန်ကန်စွာအသုံးချတက်စေရန်
✅ လူငယ်နှင့် AIခေတ်ကြားမှာ ကောင်းမွန်စွာ အသုံးချတက်စေရန်
✅ အသိပညာ အတတ်ပညာ ရရှိစေရန်
✅ ခေတ်မှီတိုးတက်သောမြန်မာစာပေတိုးတက်ပြန့်ပွားစေရန်ရည်ရွယ်ချက်
#စာရေးဆရာကြည်ရွှန်း #စာပေ ုံးချတက်စေရန် #2026
#ခေတ်လူငယ်များအတွက် #မြန်မာစာပေ #မြန်မာစကားလုံး
🌑 ဘဝက အခက်ခဲဆုံးလို့ ခံစားနေရတဲ့ အချိန်တွေမှာတောင်...
တကယ်တော့ သင်ဟာ အဆင့်သစ်တစ်ခုဆီ နီးကပ်လာနေတာ ဖြစ်နိုင်ပါတယ်။
အခက်အခဲတိုင်းက သင့်ကို ပိုသန်မာလာစေဖို့ ရောက်လာတာပါ။
ဒါကြောင့် စိတ်မလျော့ပါနဲ့။
အောင်မြင်မှုကြီးတွေက အမြဲ စမ်းသပ်မှုတွေနောက်ကနေ ရောက်လာတတ်ပါတယ်။ ✨
ရေးမယ်စာပေရဲ့ Founder ဆရာမ ဆောင်းနှင်းဖြူပြောပြတဲ့ AI အကြောင်း နှင့် မြန်မာစာပေ ...
#ရေးမယ်၈နှစ်ပြည့်အခမ်းအနား #ဆောင်းနှင်းဖြူ #ရေးမယ်
05/05/2026
ယနေ့ ရုပ်ရှင်ကန်တော့ပေးပွဲ ပြုလုပ်ပြီး မကြာမီစတင်ရိုက်ကူးမည့်
"ကံဆက်သူ" ရုပ်ရှင်ဇာတ်ကားကြီး 🎬
အောင်ဇမ္ဗူ၊ရတနာဗိုလ်၊မျိုးသန္တာထွန်း၊ဆောင်းသီရိစံ၊ရဲလွင်ဦး၊စန်းရွှေစင် နှင့် အနုပညာရှင်များစွာ
Lavender ရုပ်ရှင်ထုတ်လုပ်ရေး မှ စီစဥ်ပြီး
ဇာတ်လမ်း - ခက်ဇော်
ဇာတ်ညွှန်း - ရာဇဝင်ကို
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး) ရိုက်ကူးမည့်
#ကံဆက်သူ
05/05/2026
မေလ (၁၂) ရက်နေ့မှာ Digital Platform တွေပေါ်ကို ထွက်ရှိလာတော့မယ့် Faces of Death ဟာ ထိတ်လန့်မှုနဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေကို အပြည့်အဝခံစားရစေမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ အွန်လိုင်းပေါ်က စိတ်အနှောင့်အယှက်ဖြစ်စရာ Video တွေကို စစ်ဆေးတည်းဖြတ်ရတဲ့ Content Moderator တစ်ယောက်ရဲ့ ဘဝကို အခြေခံပြီး ရိုက်ကူးထားပါတယ်။
သူမဟာ တကယ့်လူသတ်မှုတွေကို ပြန်လည်ဖန်တီးထားတာလား၊ ဒါမှမဟုတ် တကယ်တမ်းဖြစ်ပျက်နေတဲ့ အရာတွေကို ကြည့်နေရတာလားဆိုတာ ခွဲခြားမရအောင် ထိတ်လန့်စရာ Video တွေကို တဖြည်းဖြည်း တွေ့ရှိလာရာကနေ ဇာတ်လမ်းက ပိုမိုရှုပ်ထွေးလာပါတယ်။
Digital လောကထဲမှာ မြင်ရတဲ့အရာတိုင်းကို ယုံကြည်လို့မရနိုင်တဲ့ အခြေအနေကို ထင်ရှားစေပြီး Viral Content တွေနဲ့ လက်တွေ့ဘဝကြားက မျဉ်းကြောင်းကို ပိုမိုဝေဝါးစေမယ့် ဇာတ်လမ်းမျိုးပါ။
ဒီဇာတ်ကားကို Daniel Goldhaber က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Barbie Ferreira၊ Dacre Montgomery၊ Josie Totah၊ Charli XCX နဲ့ Jermaine Fowler တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။
Click here to claim your Sponsored Listing.