We R Lawyers
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We R Lawyers, Education Website, Yangon.
07/07/2026
ဥပဒေပညာဘွဲ့က သိပ္ပံဘွဲ့လား? ဝိဇ္ဇာဘွဲ့လား??
အမေးများနေလို့ ဒီမေးခွန်းလေးဖြေပေးပါ့မယ်။ အမြဲဂယက်ထနေကြမေးခွန်းကတော့ ဥပဒေဘွဲ့က သိပ္ပံလား/ဝိဇ္ဇာလားဆိုတာပါဘဲ။ ဥပဒေယူဖို့ ဦးစားပေးစဉ်းစားနေကြတဲ့ ညီလေး/ညီမလေးတို့ သိချင်နေတဲ့အဖြေကို ဒီမှာတစ်ခါတည်းဖြေပေးပါ့မယ်။ အကိုတို့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေမှာ ပုံမှန်အားဖြင့် B.A(ဝိဇ္ဇာဘွဲ့)/ B.Sc(သိပ္ပံဘွဲ့)ဆိုပြီးရှိကြပါတယ်။ ဒီ့အပြင် LL.B ဆိုပြီး Professional ဥပဒေဘွဲ့လည်းရှိပါသေးတယ်။ အကိုတို့ ဥပဒေမှာ G-12 Total အမှတ်+ English စာအမှတ် အနည်းအများပေါ်မူတည်ပြီး LL.B (LAW) နဲ့ B.A (LAW)ဆိုပြီး ၂မျိုးကွဲပြားသွားပါတယ်။ နှစ်တစ်နှစ်ရဲ့ အောင်ချက် ရာခိုင်နှုန်း အနည်းအများနဲ့ လျောက်ထားသူအရေအတွက်ပေါ်မူတည်ပြီး တစ်နှစ်နဲ့တစ်နှစ် အမှတ်ဖြတ်ပုံခြင်း မတူညီကြပါဘူး။ တစ်နှစ်နဲ့ တစ်နှစ် အမှတ်ဖြတ်တာခြင်းမတူညီလို့ နစ်နာသလိုဖြစ်ခဲ့ကြတဲ့ ညီလေး/ညီမလေးတို့ရဲ့ Senior တွေလည်းအများကြီးရှိကြပါတယ်။ LL.B ကတော့ သိပ္ပံဝိဇ္ဇာနဲ့ ကင်းလွတ်တဲ့ Professional ဥပဒေဘွဲ့ပါ။ ပြောရမယ်ဆိုရင်တော့ Professional အသက်မွေးဝမ်းကျောင်းဘွဲ့ပါ။ နိုင်ငံတော်က ဘွဲ့ရရင် မဖြစ်မနေအလုပ်ပေးရတဲ့ ဘွဲ့တွေထဲကတစ်ခုပေါ့။ (ဥပမာ- ဆေးကျောင်း၊ ဥပဒေ၊ ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်၊ etc.....)။ B.A(Law)ကတော့ ဝိဇ္ဇာဥပဒေဘွဲ့ပါ။ ညီလေး/ညီမလေးတို့ နားလည်လွယ်အောင်ပြောရရင် ရန်ကုန်စီပွားရေးတက္ကသိုလ် က B.Com ( Professional စီးပွားရေးဘွဲ့) နဲ့ အကိုတို့ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေက B.A (Eco) ဝိဇ္ဇာစီးပွားေရးဘွဲ့ ကွာသလိုမျိုးပါ။ ဘွဲ့တွေကွာသလို ဘွဲ့နဲ့ပတ်သက်ပြီး အကျိူးခံစားခွင့်တွေ လုပ်ပိုင်ခွင့်ေတွလည်းကွာခြားချက်တွေရှိပါတယ်။
ထို့အတူ ဘွဲ့ဝတ်စုံကွာခြားချက်လည်းရှိပါတယ်။
LL.B - အဖြူကို ပန်းရောင်ကွပ်။
B.Sc - အစိမ်းရောင်ပြောင်။
B.A - ပန်းရောင်ပြောင်။
LL.B နဲ့ B.A (Law) ဘာကွာလဲ??
- ယေဘူယျအားဖြင့် University Level မှာ ဘာမှမကွာပါဘူး။ ကွာခြားချက်တွေကတော့ LL.B က 5နှစ်တက်ရတယ်။ B.A(Law)က 4နှစ်တက်ရတယ်။ ပထမနှစ်၊ ဒုတိယနှစ်မှာ စာတွေအကုန်အတူတူဘဲ။ တတိယနှစ်အထိလည်း စာအချို့တူပါသေးတယ်။ ဒါပေမဲ့ စတုတ္ထနှစ်မှာ B.A(Law)က 4နှစ်ဘဲဖြစ်တဲ့အတွက် Final (4th year)မှာ စာ 2 paper ဘဲသင်ကြရပြီး Project တွေ စာတမ်းတွေလုပ်ကြရပါတယ်။ LL.B 5နှစ်တက်ရတာဖြစ်တဲ့အတွက် စတုတ္ထနှစ်မှာ LAWကြီးဘဲ ၆ဘာသာသင်ရတဲ့အတွက် အနည်းငယ်ပိုပင်ပမ်းကြပါတယ်။ LL.B တွေ Final (5th year)မှာ major 2ဘာသာနဲ့ project တွေ စာတမ်းတွေလုပ်ကြရပါတယ်။ ကွားခြားချက်က ဒါပါဘဲ။
အဲ့တာဆို B.A(LAW)က LL.B မရတော့ဘူးလား??
- B.A(Law)က LL.B ရနိုင်ပါတယ်။ LL.B ရဖို့အတွက်လည်း Chance တွေအများကြီးရှိပါတယ်။ B.A(Law) 4th year (final)မှာ ⭐ ပါရင် LL.B ဆက်တက်ခွင့်ရကြမှာပါ။ star ပါဖို့ကလည်း လွယ်ကူမှာပါ။ တက္ကသိုလ်ကျောင်းသားခံစားခွင့်တွေကလည်းအကုန်တန်းတူပါဘဲ။ LL.B ရတာခြင်းအတူတူတောင် ကိုယ့်အမည်ရဲ့ နောက်မှာ LL.B, B.A(LAW)ဆိုပြီး ဘွဲ့နှစ်ဘွဲ့နဲ့ ဂုဏ်ယူကြရဦးမှာပါ။
ဥပဒေရဲ့အကျိုးခံစားခွင့်တွေကို အကိုကိုယ်တိုင်ရေးထားတဲ့ အောက်ပါ Link review က ေနတစ်ဆင့်ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/share/p/1DF5zQB19q/
Original owner- Aye Bo Bo Hein
ရှေ့နေတွေ၊ တရားသူကြီးတွေ၊ ဥပဒေကျောင်းသားတွေ မဖြစ်နိုင်တော့ရင် ရှေ့နေတွေ၊ တရားသူကြီးတွေ၊ ဥပဒေကျောင်းသားတွေနဲ့ဖြစ်အောင်လုပ်ကြ။😾
27/06/2026
Congratulations 🎉 🎉
2026 ခုနှစ်တွင် G-12 အောင်မြင်သော ညီငယ်/ ညီမငယ်များအတွက် အထူးပင်ဂုဏ်ယူ၊ ဂုဏ်ပြုအပ်ပါတယ်။
တကယ်လို့အမှတ်စာရင်းေတွထွက်လာလို့ ကိုယ့်အမှတ်က 350 above ဆိုရင် အကိုတို့ Dagon University ရဲ့ တစ်ခုတည်းသော Professional ဘွဲ့ဖြစ်တဲ့ ဥပဒေပညာဌာကို လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။
ဥပဒေကျောင်းတော်သား/သူများအဖြစ် ဂုဏ်ယူကြပါစို့
27/04/2026
ဥပဒေကျောင်းတော်သားတွေလို့တော့ ပြောကြတာဘဲ😌
📍ကိုယ်တွေ့ သတင်းမှန်/ဖြစ်ရပ်မှန်
1st year တွေတအားပလေးတယ်။ 😌
Lawyer be like: နောက်မှဖတ်မယ်ဆိုပြီး only me နဲ့ share ထားတဲ့ ဥပဒေအကြောင်းရာ post တွေမှအများကြီးဘဲ။ တစ်ခါမှတော့ မဖတ်ဖြစ်ဘူး😌
12/04/2026
When I became lawyer:
“ရှေ့နေငှါးမှ ထောင်လုံးလုံးကျ😕
မှတ်သားရန်- အမှတ်စဉ် (၁၂)ဥပဒေရေးရာဝန်ကြီးဌာန ⚖️
ပြည်ထောင်စုဝန်ကြီးဌာနန (၃၁) ခု စာရင်း
၁။ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး
၂။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
၃။ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန
၄။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
၅။ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
၆။ ကာကွယ်ရေးဝန်ကြီးဌာန
၇။ ပြည်ထဲရေးဝန်ကြီးဌာန
၈။ နိုင်ငံခြားရေးဝန်ကြီးဌာန
၉။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
၁၀။ နယ်စပ်ရေးရာဝန်ကြီးဌာန
၁၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
၁၂။ ဥပဒေရေးရာဝန်ကြီးဌာန
၁၃။ ပညာရေးဝန်ကြီးဌာန
၁၄။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၁၅။ ကျန်းမာရေးဝန်ကြီးဌာန
၁၆။ အမျိုးသမီးရေးရာဝန်ကြီးဌာန
၁၇။ ပြန်ကြားရေးဝန်ကြီးဌာန
၁၈။ သာသနာရေးဝန်ကြီးဌာန
၁၉။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၂၀။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
၂၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
၂၂။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
၂၃။ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန
၂၄။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၂၅။ အလုပ်သမားဝန်ကြီးဌာန
၂၆။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၂၇။ အားကစားရေးရာဝန်ကြီးဌာန
၂၈။ လူငယ်ရေးရာဝန်ကြီးဌာန
၂၉။ ဆောက်လုပ်ရေးဝန်ကြီးဌာန
၃၀။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၃၁။ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ဥပဒေပညာပြဌာန်းသင်ရိုးကို ၈ဘာသာအထိတိုးမြှင့်လိုက်သည်ဟု သတင်းသိရှိရပါသည်။
အေပရယ်ဖူးး
ဒီအချိန်မှာ ဘာနောင်တရလဲလို့မေးရင်
-“လျှာရှည်ပြီး LL.B ယူခဲ့မိတာကို နောင်တရတယ်” လို့ဘဲဖြေချင်တော့တယ်။ ရိုးရိုးတန်းတန်း ဝိဇ္ဇာ/သိပ္ပံဘွဲ့ဘဲယူခဲ့မိရင်ကောင်းသား။ လိုချင်ဦးဟ LL.B😌
တက်လိုက်စမ်း၅နှစ်၊ 4th year မှာလည်း B.A/ B.Sc သူငယ်ချင်းတွေက ၂ဘာသာ၊ ဥပဒေက မေဂျာကြီးဘဲ ၆ဘာသာ😌
Click here to claim your Sponsored Listing.