Pathlab Diagnostic Centre
Health Care, Medical and Laboratory Testing Excellence Healthcare since 1952. Helping to serve our community and reliable service for all
24/06/2026
ဗီတာမင်စီ (Vitamin C) အားဆေးတွေကို နေ့တိုင်းသောက်ရင် ကျောက်ကပ်ပျက်စီးနိုင်လား? 💊⚠️
ကျန်းမာရေးအတွက် ဗီတာမင်စီ သောက်တာ ကောင်းတယ်ဆိုပေမယ့် တန်ဆေး၊ လွန်ဘေး ဆိုတာကိုတော့ သတိပြုဖို့ လိုအပ်ပါတယ်။ အခုတလော ခေတ်စားနေတဲ့ ဗီတာမင်စီ အားဆေးတွေနဲ့ ပတ်သက်ပြီး ကျောက်ကပ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ အတူတူ လေ့လာကြည့်ရအောင်နော်။
ဗီတာမင်စီ (Vitamin C) နဲ့ ကျောက်ကပ်ကျောက်တည်ခြင်း
💊ဗီတာမင်စီကို လိုအပ်တာထက် ပိုမိုစားသုံးမယ်ဆိုရင် ခန္ဓာကိုယ်ကနေ Oxalate အဖြစ် စွန့်ထုတ်တဲ့အတွက် ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ဦးအတွက် တစ်နေ့ကို ၆၅ မီလီဂရမ် မှ ၉၀ မီလီဂရမ်ဆိုရင် လုံလောက်ပါတယ်။အမြင့်ဆုံးအနေနဲ့ တစ်နေ့ကို ၂၀၀၀ မီလီဂရမ်ထက် ပိုမစားသုံးသင့်ပါဘူး။
🎯ကျောက်ကပ်ပျက်စီးရခြင်း (Kidney Failure) ရဲ့ အဓိက တရားခံများ
ကျောက်ကပ်ကို တဖြည်းဖြည်းချင်း ပျက်စီးစေတဲ့ အဓိက အကြောင်းရင်း (၂) ချက်ကတော့ ဆီးချို နဲ့ သွေးတိုး ရောဂါကို ကောင်းစွာမထိန်းချုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
🧩ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေနိုင်တဲ့ အခြားအချက်များ
ဆရာဝန်ညွှန်ကြားချက်မပါဘဲ အကိုက်အခဲပျောက်ဆေးများ (ဥပမာ - NSAIDs အုပ်စုဝင်ဆေးများ) ကို ရေရှည်စွဲသောက်ခြင်း၊ ဆား (အငန်) အလွန်အကျွံစားခြင်း၊ အသင့်စားအစားအစာများစားခြင်း၊ရေလုံလောက်အောင် မသောက်ခြင်း၊ ဆေးလိပ်နှင့် အရက် အလွန်အကျွံသောက်ခြင်း၊ မျိုးရိုးလိုက်ကျောက်ကပ်အရည်အိတ်တည်ခြင်း၊ ဆီးကျိတ်ကြီးခြင်းနှင့် ဆီးလမ်းကြောင်းပိတ်ဆို့မှုများကြောင့် ကျောက်ကပ်ကို ဖိအားဖြစ်စေပြီး ပျက်စီးစေနိုင်ပါတယ်။
ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ရဲ့ အညစ်အကြေးစွန့်ထုတ်ရာ အဓိက အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင်စီပဲဖြစ်ဖြစ်၊ အခြားအားဆေးတွေပဲဖြစ်ဖြစ် သောက်သုံးတဲ့အခါ သတ်မှတ်ပမာဏအတိုင်းသာ သောက်သုံးဖို့ လိုအပ်သလို၊ မိမိမှာ ဆီးချို၊ သွေးတိုးကဲ့သို့ ရောဂါအခံရှိပါက ပိုမိုဂရုစိုက်သင့်ပါတယ်။
အကောင်းဆုံးကတော့ မိမိရဲ့ ကျောက်ကပ်လုပ်ဆောင်ချက် ကောင်းမွန်ခြင်း ရှိ၊ မရှိကို 🩺ပုံမှန် ကျန်းမာရေးစစ်ဆေးပေးခြင်းအားဖြင့် ကျောက်ကပ်ပျက်စီးခြင်းမှ ကြိုတင်ကာကွယ်နိုင်ပါတယ်။ မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းဟာ ဖြစ်မှကုသခြင်းထက် အဆပေါင်းများစွာ ပိုမိုထိရောက်ပါတယ် လို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်ရှင်။
.....................................................
𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.
ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟓𝟎 / 𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟔𝟎
တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
𝟎𝟗 𝟒𝟐𝟎 𝟎𝟏𝟎 𝟕𝟖𝟗 / 𝟎𝟗 𝟒𝟐𝟎 𝟏𝟎𝟎 𝟏𝟕𝟖
#ရောဂါရှာဖွေရေးစင်တာ #ကျန်းမာရေးဗဟုသုတ
သွေးတွင်းအဆီဓာတ် (Cholesterol) မြင့်မားခြင်းဟာ သွေးကြောတွေကို ပိတ်ဆို့စေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဝေဒနာတွေကို ရုတ်တရက် ခံစားရစေနိုင်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက် နေထိုင်ရုံတင်မကဘဲ မိမိရဲ့ သွေးတွင်းအဆီဓာတ် ဘယ်လောက်ရှိနေလဲဆိုတာကို အမြဲ သိရှိဖို့ လိုအပ်ပါတယ်။
✨ မိမိခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအခြေအနေကို အချိန်မီ သိရှိနိုင်ဖို့ PATHLAB Myanmar ရောဂါရှာဖွေရေးစင်တာမှာ Lipid Profile Test ကို ပုံမှန်စစ်ဆေးလိုက်ပါရှင်။
20/06/2026
မိသားစုကို အစဉ်အမြဲ ကာကွယ်စောင့်ရှောက်ပေးတတ်တဲ့ ဖေဖေတို့အားလုံး ယနေ့တင်မကဘဲ နေ့ရက်တိုင်းမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်🙏။ ဖေဖေ့ရဲ့ကျန်းမာရေးက သားသမီးတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ခုဖြစ်တာမို့ အလုပ်တွေဘယ်လောက်ပဲ အားစိုက်နေရပါစေ ကိုယ့်ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပေးဖို့ သတိပေးလိုက်ပါရစေရှင်
ကမ္ဘာပေါ်မှာရှိတဲ့ ဖေဖေတို့အားလုံး အသက်ရှည်ကျန်းမာပြီး 👨👩👧👦ပျော်ရွှင်စရာကောင်းတဲ့ အဖေများနေ့ဖြစ်ပါစေ...
#ရောဂါရှာဖွေရေးစင်တာ #အဖေများနေ့
15/06/2026
ဒီနေ့အတွက် 💻ဖုန်းနဲ့ ကွန်ပျူတာ ကြည့်ချိန် (Screen Time) ဘယ်လောက်ရှိသွားပြီလဲ?
မျက်စိညောင်းညာတာ၊ ခေါင်းကိုက်တာတွေက Screen တွေကို အကြည့်များလို့ မျက်လုံးက ပေးတဲ့ သတိပေးချက်တစ်ခု ဖြစ်နိုင်ပါတယ်။ အလုပ်တွေ ဆက်မလုပ်ခင် 💡အောက်ပါအချက်လေးတွေကို ကြည့်ရှုပြီး မျက်လုံးလေးတွေကို ခဏလောက် အားဖြည့်ပေးလိုက်ပါနော်။
မျက်လုံးကျန်းမာမှ အလုပ်တွေလည်း ပိုပြီး တွင်ကျယ်မှာဖြစ်လို့ သင့်မျက်လုံးလေးတွေကို ခေတ္တအနားပေးဖို့ သတိရလိုက်ပါဦးနော်🥰။
....................................................
𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.
ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟓𝟎 / 𝟎𝟗 𝟖𝟖𝟐 𝟖𝟖𝟏 𝟕𝟔𝟎
တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
𝟎𝟗 𝟒𝟐𝟎 𝟎𝟏𝟎 𝟕𝟖𝟗 / 𝟎𝟗 𝟒𝟐𝟎 𝟏𝟎𝟎 𝟏𝟕𝟖
12/06/2026
ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေ မျှဝေပေးတဲ့ 💡Friday Quiz အစီအစဥ်လေးရောက်ရှိလို့လာပါပြီရှင်
ဒီနေ့မှာ 🩸Bloody (ဘလပ်ဒီ) မေးထားတဲ့ မေးခွန်းလေးက “သွေးထဲမှာ ဒီဓာတ်တွေ အရမ်းများနေရင် ကျောက်ကပ်က အညစ်အကြေးတွေကို ကောင်းကောင်း မစစ်ထုတ်နိုင်တော့ဘူးလို့ အဓိပ္ပာယ်ရပါတယ်။ အဖြေမှန်တစ်ခုကို ရွေးပေးပါခင်ဗျာ” လို့မေးထားပါတယ်။
A. Creatinine
B. Calcium
C. Potassium
အဖြေမှန်လို့ထင်တဲ့တစ်ခုကို Comment Box မှာ ရေးခဲ့လိုက်တော့နော်... Bloody (ဘလပ်ဒီ)က အဖြေမှန်မမှန်ကိုစစ်ပေးပြီး reply ပြန်ပေးမှာပါ...
ကဲ...ဒါဆို ကျန်းမာရေးနဲ့ပတ်သက်တဲ့ မေးခွန်းလေးတွေဖြေဆိုပြီး ဗဟုသုတလေးတွေ မျှဝေလိုက်ကြရအောင်နော်...
PATHLAB Myanmar page သည် 🧩ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ (Promotion Packages, Health Knowledges) တွေကို စဥ်ဆက်မပြတ် မျှဝေပေးနေတာဖြစ်လို့ Like & Follow လုပ်ဖို့လည်းမမေ့ပါနဲ့နော် ။....................................................
We Care for Your Health.
ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
09 882 881 740 / 09 882 881 750 / 09 882 881 760
တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
09 420 010 788 / 09 420 010 789 / 09 420 100 178
#ရောဂါရှာဖွေရေးစင်တာ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11161
Opening Hours
| Monday | 07:00 - 19:00 |
| Tuesday | 07:00 - 19:00 |
| Wednesday | 07:00 - 19:00 |
| Thursday | 07:00 - 19:00 |
| Friday | 07:00 - 19:00 |
| Saturday | 07:00 - 19:00 |
| Sunday | 07:00 - 19:00 |