Submersible Pump Cable

Submersible Pump Cable

Share

AC/DC Submersible round Cable

Photos from Submersible Pump Cable's post 22/12/2022

3 Core Submersible Pump Cable
Full Grade
1.5 mm2
2 mm2
4 mm2

Ph:: 09967124057

Photos from Submersible Pump Cable's post 22/12/2022

မင်္ဂလာပါဗျာ….။

ယုံကြည်စိတ်ချစွာ မှာယူအားပေးသော customer များကို အထူးကျေးဇူးတင်ရှိပါတယ်ခဗျာ။

ထိုင်နိုင်ငံထုတ် ရေမြုပ်ပန့်သုံး 3 core round cable

3 Core -1.5 mm2 /2.5 mm2 /4 mm2/ 6 mm2/

မှာယူလိုပါက -
Ph :: 09967124057

24/08/2020

စီးပွားရေး သမားတိုင်း ဖတ်သင့်တယ်

#ကြက်နဲ့နွား

တခါက ရွာလေးတရွာမှာ ကပ်စေးနဲတဲ့ အဖိုးကြီး အဖွားကြီး ၂ယောက် ရှိကြသတဲ့။

သားသမီးလည်းမရှိပဲ၂ယောက်တည်း နေကြရတယ်။

တနေ့တော့ အဖိုးကြီးက အသည်းအသန်ဖြစ်ပြီး သေခါနီး ကယောင်ကတမ်းနဲ့ အဖွားကြီးကို မှာသတဲ့။

" ငါ အရင်ကဘာကုသိုလ်ကောင်းမှုမှလည်း မလုပ်ခဲ့ဘူး မိန်းမရေ။ ငါသေရင် ဘဝကူးကောင်းအောင် အိမ်ကနွားလေးကို ရောင်းပြီး တဝက်ကို ငါ့အတွက် ရည်စူးပြီးလှူ။ တဝက်ကို နင်လုပ်ကိုင်စားသောက်ဖို့ ယူ" တဲ့ ။

အဖွားကြီးကလည်းမျက်ရည်စက်လက်နဲ့ ကတိပေးလိုက်မိတယ်။

အဖိုးကြီးသေပြီး၂ရက်လောက်နေတော့ အဖွားကြီး ကပ်စေးနဲစိတ်ပြန်ဝင်လာတယ်။

"ဒီနွားလေးပဲငှားစားနေရတာ၊ရောင်းပြီး တဝက်လှူလိုက်ရင် ငါ့နှယ်ဒုက္ခ။" ဆိုပြီး အကြံထုတ်နေရှာတယ်။ ကတိကိုလည်း မဖျက်ချင်ဘူး။ ဒါနဲ့ နောက်နေ့ အိမ်ရှေ့မှာ ကြက်နဲ့ နွား ပူးချည်ထားပြီး ဆိုင်းဘုတ်ရေးတယ်။

" နွားရောင်းမည်။ ၂၀၀၀ ကျပ်
ကြက်ရောင်းမည်။ ၂သိန်းကျပ်
မှတ်ချက်။ ။ ခွဲမရောင်းပါ" တဲ့
(စျေးပြောင်းပြန်ကြီးမို့)

လူတွေကလည်းအထူးအဆန်းဆိုပြီး လာကြည့်ကြတယ်။ အဲ့ဒီထဲကကြိုက်တဲ့သူတယောက် ဝယ်သွားတယ်လေ။ ရက်လည်ကျတော့ နွားရောင်းလို့ရငွေ ၂၀၀၀ ထဲက တဝက်ခွဲ ၁၀၀၀ ကိုဆန်ပြုတ်ချက်ပြီး ဘုန်းကြီးလှူလိုက်တယ်။ ကြက်ရောင်းတဲ့ ပိုက်ဆံ၂သိန်းနဲ့ နွားပေါက်တကောင်ပြန်ဝယ်လိုက်တယ်။
ကတိမပျက်ဘူး!!!!

ငယ်ငယ်ကတော့ ကာတွန်းထဲ ဖတ်မိလို့ ရယ်စရာအဖြစ်သာ ပေါ့ပေါ့ပါးပါး မှတ်ယူထားမိလိုက်ပါတယ်။ စီးပွားရေးလုပ်လာတော့ ဒါက တကယ့်ကို မဟာဗျူဟာကျတဲ့ အခင်းအကျင်းကြီးတစ်ခုလို့ ကွက်ကွက်ကွင်းကွင်း မြင်လာမိပါပြီ။

လူတွေကို စျေးရောင်းတဲ့အခါ လူ့စိတ် လူ့မနောကို အခြေခံကျကျ သိထားမှ အရောင်းသွက်တာ။

အဘွားကြီးလုပ်ပုံကိုကြည့်
၁။ ကတိမပ်က္ဘူး
၂။ အများစိတ်ဝင်စားတယ်
၃။ ဝယ်သူလည်း မနစ်နာ ဒီ၃ချက် ကိုက်ညီတယ်။

နွားတကောင် ၂သိန်းဆိုလည်း ပေါက်စျေးနဲ့ တန်တယ်ထင်ရင် ဝယ်မှာပါပဲ။ ဒါပေမယ့် ၁သိန်းပြန်လှူရမယ့်ကတိ မဖျက်ချင်။ ဒီတော့ ကြက်ကို ဂျမ်းတုံးခုလိုက်တာ။

ဆိုပါတော့

လမ်းဘေးမှာ ခေါက်ဆွဲကြော်တပွဲ ၁၅၀၀ဆို အတော်လက်ရာကောင်းကောင်းရယ်။
အဲကွန်းခန်းတွေ သပ်သပ်ရပ်ရပ် စားပွဲထိုးတွေ အခန်းအပြင်အဆင် ကြီးကြီးကျယ်ကျယ်တွေ ၃၅၀၀ဖိုး ထပ်ပေါင်းပြီး ၅၀၀၀ကျပ်နဲ့ ရောင်းတော့လည်း လမ်းဘေးဆိုင်ထက်တောင် ပိုစည်သေး။
ခေါက်ဆွဲကြော် ၄၀၀၀ Service Chg ၁၀၀၀ ခွဲမရောင်းပါ ဆိုတဲ့သဘော။ ဒါပေမယ့် တန်ဖိုးသတ်မှတ်ချက် ပြောင်းပြန်ဆိုတာ မသိရှာကြ။ ကောင်းကောင်းစားရတာ တန်ပါတယ်လေ။

ဆိုပါတော့

ဖုန်းတစ်လုံး ၁သိန်းခွဲ
ဂိုထောင်ထဲက ရောင်းမကုန်တဲ့ Power Bank, Stand, ကာဗာ, မှန်မကွဲ, နားကြပ်, ဆောင်းဘောက် ၁၅၀၀၀ဖိုးလောက် ထပ်ပေါင်းထည့်။ ၁၆၅၀၀၀နဲ့ရောင်း။
ဒါလည်း အဘွားကြီးနည်းပဲ။
ထပ်ကွန့်လိုက်သေး။ ယခင်စျေး ၂သိန်း။ ယခု ...% အထူးပရိုမိုးရှင်း ဒစ်စကောင့် ၁၆၅၀၀၀။ ပိုကြိုက်ပေါ့။

ဆိုပါတော့

ပစ္စည်းလေး ၁၀မျိုး ၁၅မျိုးလောက်ပဲရောင်းတဲ့ အွန်လိုင်းစတိုးက ၁သောင်းတန်ကို ၁၅၀၀၀ရောင်းတယ်။ ဘယ်ကမှာမှာ ပို့ခ Free ငွေကြိုလွှဲစရာမလို ဆိုတော့ကာ ပုံသေတွက်မရတဲ့ ပို့ခကို ပျမ်းမျှ ၅၀၀၀တွက်ပြီး ပိုပေါင်းထားတာ။ ပို့ခအများဆုံးကျမယ့် ကော့သောင်းက မှာမယ်။ စာတိုက်စနစ်နဲ့ပို့ရင် ပို့ခ ၃၅၀၀။ မရွေးလို့ ပြန်လာရင် Return Fee ၂ထောင်ကျော်။ ၅၀၀ရှုံးသေးတာ။ ဒါပေမယ့် နီးနီးနားနား ပို့ရရင် ကိုက်တယ်။ ကော့သောင်းလည်း ရွေးယူရင် ကိုက်သေးတယ်။
အတော်များများက ပစ္စည်း ၁၀၀၀၀+ ပို့ခ ၅၀၀၀ (ခွဲမရောင်းပါ/ ဆိုင်လာဝယ်လို့မရပါ) ဆိုတဲ့ သဘောတရားကိုမမြင်။ ကိုယ့်အရပ်ဒေသမှာ လိုက်ရှာဝယ်လို့ ဆီကုန် တာယာပါး ဖိနပ်ပေါက်မယ်။ ရှာတွေ့ချင်မှတွေ့မယ်။ ဆိုတဲ့အတွေးနဲ့ တန်တယ်ပေါ့။
ခက်တာက ပစ္စည်းဖိုးသပ်သပ် ပို့ခသပ်သပ် ခွဲရောင်းတဲ့ဆိုင်ကျတော့ ပို့ခ ၃၅၀၀ဆိုရင် အင်သွား နင်သွားတယ်။ အဘွားကြီးနည်းက အိုင်တီခေတ်ထိ သက်ဝင်နေတုန်းပါပဲ။ (ကျနော်တို့ဆိုင်ကတော့ အဘွားကြီးနည်းကို လုပ်ငန်းထဲ ထည့်မသုံးမိလို့ ကော့သောင်း၊ ကလေး၊ စစ်တွေ၊ တာချီလိတ်တို့က ကာစတန်မာတွေ မဝယ်ကြတော့တာများပါတယ်။ သို့သော် အခြားနမယ်တခုနဲ့ အဘွားကြီးနည်းကို သုံးထားတော့ အဲ့ဘက်ပြန်ရောက်လာကြပါတယ်။ စကားချပ် )

ဆိုပါတော့

သင်္ဘောကြီးတစ်စင်း ပင်လယ်ထဲမှာ ပျက်နေတာ ၃ရက်ကျော်ပြီ။ ပါလာတဲ့ အင်ဂျင်နီယာကြီးတွေ ဘယ်လိုပြင်ပြင် စက်မနိုး။ ငါးဖမ်းစက်လှေလေးတွေ့လို့ လှမ်းခေါ် အကူအညီတောင်းကြည့်တယ်။ ပေတိပေစုတ် အဖိုးကြီးတယောက် တက်လာပြီး အင်ဂျင်ကိုကြည့်တယ်။ ပြီးတော့ ဂွလေးနဲ့ ၂ချက် ၃ချက် ကျပ်လိုက်တယ်။ စက်နိုးသွားတယ်။ ကပ္ပတိန်က ပြင်ခ ဥာဏ်ပူဇော်ခ ဘယ်လောက်ပေးရမလဲ ဆိုတော့ 205$ တောင်းတယ်။ ဂွလေးကျပ်တာ အဲ့လောက်တန်လို့လား ဆိုတဲ့အထာနဲ့ ပြောတော့ ဂွကျပ်ခက 5$ ဘယ်နားကျပ်ရမယ်ဆိုတာ သိနိုင်တဲ့ပညာအတွက် 200$ တဲ့။ သိပ်ဘဝင်မကျချင်။ တကယ်ဆို မဆီမဆိုင် နော်ဇယ်တွေဖြုတ်ဆေး၊ ပလန်ချာလဲ၊ အင်ဂျင်ဝိုင်လဲ အားလုံးကျသင့်ငွေတွက်ပြီးမှ 203$ပဲယူ။ + Service Chg 2$ ဆိုရင် သိပ်သဘောကျသွားမှာ။ ဘယ်လိုပေးရပေးရ စက်ကောင်းသွားဖို့ အဓိကပဲ ဆိုပေမယ့် ဂွကျပ်တဲ့ ခေါင်းစဉ်နဲ့ 205$ ပေးရတော့ အထက်လူကြီးကို တင်ပြရင် ဘက်ဂျက်ချပေးပါ့မလား။

ဘာတဲ့

ကြောင်ဖြူတာ မည်းတာ အရေးမကြီးဘူး။
ကြွက်ခုတ်တတ်ဖို့ပဲလိုတယ် တဲ့။

ဒါပေမယ့်ဗျာ
ခုခေတ်က ကြွက်ခုတ်စေချင်လို့ မွေးကြတာမဟုတ်တော့ဘူး။ အလှမွေးကြတာဆိုတော့ အစာခွက်ထဲ ကြွက်လာလုစားရင်တောင် မုဒိတာပွားနိုင်တဲ့ ယိုးဒယားကြောင် ဖက်တီးကြီးတွေ ၃သိန်းကျော် တန်နေလေရဲ့

ရောက်တတ်ရာရာ ကျပန်းအတွေးမျှသာ

..
Viatzk Zaw

31/07/2020

📍ရှင် သန် ခြင်း ခ လုတ်📍
🚶--------🚶-------🚶

ပျော်ရွှင်စရာတွေက အစ
နာကျင်စရာတွေ အဆုံး

မွေး ဖွား လာ ရာ က နေ
သေ ဆုံး သွား တဲ့ အ ထိ

မင်း အ ကောင်း ဆုံး
သင်ယူတတ်ခဲ့မယ်ဆိုရင်

အမှားဆိုတာ မရှိဘူး
ပိုကောင်းတဲ့ သင်ခန်းစာတွေပဲ ရှိတယ်

အနုတ်လက္ခာဆောင်တဲ့
အရှုံးဆိုတာ မရှိဘူး
တိုးတတ်ဖို့ အောင်မြင်ဖို့
ကိုယ့်ကိုယ်ကို ထိန်ချုပ်လာနိုင်ဖို့နဲ့
အ သင့် စောင့် ကြို နေ တဲ့
အခွင့်အရေးတွေပဲ ရှိတယ်

ဒဏ် ရာ ဆို တာ မ ရှိ ဘူး
ရင့်ကျက်လာဖို့ တွန်းအာတွေပဲ ရှိတယ်

အခက်အခဲဆိုတာ မရှိဘူး
အ ရည် အ ချင်း ထုက် ပြ ဖို့
အ ခြေ အ နေ ကောင်း တွေ ပဲ ရှိ တယ်

တွန်းချ ခံလိုတ်ရရုံ
စွန့် ပစ် ခံ လိုတ် ရ ရုံ
အ တင်း ပြော တာ ခံ ရ ရုံ
တတ် နင်း ခံ လိုတ် ရ ရုံ
နာ ကျင် စေ ရုံ လောက် နဲ့ တော့
မင်း တန် ဖိုး ကျ မ သွား ပါ ဘူး

မင်းကိုယ်တိုင် ခွင့်မပြုမချင်း
မင်းဘဝကို ဘယ်သူမှ ဖျတ်စီးလို့ မရဘူး

မင်းကိုယ်တိုင် ပြိုလဲမသွားမချင်း
မင်းဘဝကို ဘယ်သူ့မှ တွန်းချလို့မရဘူး

အလုပ်လုပ်ချင်တဲ့ စိတ်သာ ရှိပါစေ
မင်းအတွက် အလုပ် မရှားပါဘူး

ကြိုးစားချင်တဲ့စိတ်သာ မွေးထားပါ
အခွင့်အလမ်းတွေက အသင့်ရှိနေပြီးသားပါ

ရိုးသားမှုနဲ့သာ နေထိုင်ပါ
ကြီး မြတ် တဲ့ နေ ရာ က
မင်းအတွက် ထိုက်တန်ပါတယ်

မင်းသာ ပြောင်လဲချင်တယ်ဆိုရင်
ဘယ် နတ် ဘု ရား က မှ
မင်းကို ထိန်းချုပ်ထားလို့ မရဘူး

မင်းသာ စိတ်ဓာက်ခိုင်မာနေမယ်ဆိုရင်
ဘယ်သူကမှ မင်းမျက်ရည်ကို
ခြေ ဆေး လို့ မ ရ ဘူး

မင်းသာ ပျော့ညံ့မနေဘူးဆိုရင်
ဘယ်သူကမှ မင်းအသည်းကို ကွဲအောင်
လာ မ လုပ် နိုင် ပါ ဘူး

သိ တယ် မ ဟုတ် ဘူး လား
လဲကျသွားတာက အရှုံး မဟုတ်ဘဲ
ပြန်မထနိုင်တာကမှ တကယ်အရှုံးဆိုတာ

ဘ ဝ ဆို တာ
ဝတ္ထုတစ်ပုဒ်လိုပဲ
မင်းစိတ်ကူးကောင်းသလောက်
လှပအောင် ဖွဲ့နွဲ့ရေးသားလို့ ရတယ်

ရှင် သန် ရှင် ဆို တာ
အာကာသယဉ်တွေလိုပဲ
မင်းစွမ်းအား ရှိသလောက်
မြင့်မြင့် ပျံ့သန်း လို့ ရတယ်

ဘယ်ထိဘယ်မျှ ရှင်သန်ရမယ်လို့
ငါတို့မှာ သက်မှတ်ချက်တွေ မရှိဘူး

ဘယ်အတိုင်းအတာထိပဲ
ပျော် ရွှင် ရ ပါ မယ် လို့
ငါတို့ကို ဘောင်ခတ်မထားဘူး

ရှင်သန်ခြင်းဆိုတာ ခလုတ်တစ်ခုဘဲ
မင်း မှန်မှန်ကန်ကန် ဖွင့်ဆိုနိုင်လေ
ပိုပြီး အဓိပ္ပါယ် ရှိလာလေပဲ•••••

#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
"ကိုယ်ပိုင်စာစုလေးများ"လေးစားလျှက်ပါ။
(11:7:2020) 12 "45 pm

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon