Chit Thinzar
A woman who simply live with positivity
09/04/2026
အလုပ်ထွက်မှာကို မကြောက်ပါနဲ့… Energy လျော့သွားမှာကို ကြောက်ပါ…
————————————————————————————
ယနေ့ခေတ်မှာ လုပ်ငန်းရှင်တိုင်းကြောက်ကြတဲ့အရာက High Turnover Rate ပါ… နယ်ဘက်တွေမှာကအစ နိုင်ငံခြားသွားတဲ့ရောဂါ ခေတ်စားလာတဲ့အခါ ပြသနာက Young workforce သည် မျက်စိတမှိတ်အတွင်း ပျောက်ထွက်သွားတာပါပဲ…
လုပ်ငန်းရှင်/HR အများစုက ဝန်ထမ်းအလုပ်ထွက်မယ် လာပြောရင် ကြောက်ကြတယ်… ဝန်ထမ်းတစ်ယောက်ဟာ အလုပ်မထွက်ခင် sign တွေ ပြလေ့ရှိပါတယ်… အဲ့ဒီ Signs တွေကို သတိမထားမိတာကမှ ကြောက်စရာပါ… ဘာလို့ဆို ထွက်ချင်နေတဲ့ဝန်ထမ်းအချို့ ( အကုန်လုံးမဆိုလိုပါ ) သည် negative များနေတတ်ပါတယ်… အဲ့အရာကို အချိန်မှီ မပြင်ဆင်ရင် negativity ဟာ လုပ်ငန်းတစ်ခုလုံး virus လို ပျံ့နှံ့သွားနိုင်ပါတယ်…
Energy တွေ မရှိတော့ဘူး
————————————
Employee တစ်ယောက်ရဲ့ Energy လျော့သွားတဲ့အချိန်မှာ
အလုပ်ထွက်တာထက် ပိုအန္တရာယ်ရှိတတ်ပါတယ်
ဘာကြောင့်လဲဆိုတော့ —
• အလုပ်ကို minimum ပဲ လုပ်မယ်
• responsibility မယူချင်တော့ဘူး
• initiative မရှိတော့ဘူး
• team ကို influence မကောင်းတော့ဘူး
လုပ်ငန်းမှာ လူတော့ရှိပေမဲ့ စိတ်ကမရှိနေတော့သလိုမျိူးပါ…
Energy လျော့တယ်ဆိုတာ တနည်းအားဖြင့် စိတ်မပါတော့တာ ၊ future lost ဖြစ်တာမျိူးပါ…
ဝန်ထမ်းတွေရဲ့ motivation အတွက် salary က အရေးကြီးပေမဲ့ လစာတစ်ခုထဲနဲ့တော့ motivation ကို တည်ဆောက်လို့မရပါဘူး… ဆိုလိုချင်တာ လစာတိုးပေးလိုက်ရုံနဲ့ ဒီပြသနာကို ဖြေရှင်းလို့မရပါဘူး…
ကဲ… ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ…
ဒီ 5 ချက်ကို စတင်လုပ်ကြည့်ပါ…
1️⃣ Effort ကို မြင်ပေးပါ (Recognition)
Employee တစ်ယောက်အတွက်
“သူကြိုးစားနေတာကို မြင်ပါတယ်” ဆိုတဲ့ feeling က
အကြီးမားဆုံး motivation ပါ…
ဖြစ်နိုင်ရင် ပါးစပ်ကနေ အများရှေ့ ထုတ်ဖော်ချီးကျူးပေးပါ…
“ဒီ project ကို မင်း အရမ်းကြိုးစားထားတာ မြင်တယ်နော်…”
2️⃣ Decision လုပ်ခွင့် ပေးပါ (Empowerment)
Employee တစ်ယောက်ကို အလုပ်ပေးတာနဲ့ မလုံလောက်ပါဘူး Decision လုပ်ခွင့် မရှိရင်
Energy လျော့သွားတတ်ပါတယ်…
ငယ်သားဆိုတာ ခေါင်းဆောင်ကို ပြသနာတွေလာတင်ပြစမြဲပါ… တင်ပြတိုင်းမှာ ကိုယ့်ဆီက အဖြေကို တန်းမပေးဘဲ သူ့ဆီက အဖြေကိုလဲ တောင်းဖို့လဲ မမေ့ပါနဲ့…
“သမီးသာ အမနေရာမှာဆို ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲ…”
သူ့ဆီကရတဲ့အဖြေပေါ် မူတည်ပြီး ပြန်လည်တည့်မတ်ပေးပါ…
ဒါက ownership ကို တဖြည်းဖြည်း တည်ဆောက်ပေးပါတယ်…
3️⃣ အမှားတွေလုပ်တိုင်း အပြစ်ပေးခြင်းထက် သင်ခန်းစာယူခိုင်းပါ… ( Lesson learned)
ဝန်ထမ်းတစ်ယောက်ဟာ အမှားလုပ်တိုင်း
အမြဲ blame ခံရမယ်ဆိုရင် အမှားကိုအမှားလို့ မမြင်တော့ပါဘူး… ငါ့ကိုမို့ ဆူချင်တာ ၊ ငါ့ကို ငြှိုးနေတာ စသည်ဖြင့် protect mode ထဲ ဝင်သွားတာမျိူးပါ…
ဒါကြောင့်…
“ဘာလို့တချိန်လုံးမှားနေတာလဲ?”
ဒီလိုပြောမဲ့အစား…
“ဒီ အမှားကနေ ဘာသင်ခန်းစာရနိုင်လဲ?”
ဒီလိုပြောင်းပြောပါ…
ဒီလိုပြုမူပြောဆိုခြင်းအားဖြင့် လုပ်ငန်းခွင်ဟာ တဖြေးဖြေး positive environment အဖြစ် ပြောင်းလဲလာပါလိမ့်မယ်…
4️⃣သူ့JD ကို ထမ်းဆောင်ရတဲ့ ရည်ရွယ်ချက်ကို သိရှိနေပါစေ… (Purpose)
ဝန်ထမ်းအများစုက ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ ရည်ရွယ်ချက်ကို မသိကြတာများပါတယ်… ရည်ရွယ်ချက်မသိတော့ ကိုယ့်position ရဲ့ အရေးပါပုံကို မသိဘူး… အရေးပါပုံကို မသိတော့ motivation ကျတာတွေ ဖြစ်တတ်ပါတယ်…
ငယ်သားတစ်ယောက်ချင်းစီရဲ့ အရေးပါပုံကို ရှင်းပြပေးရမှာ ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ပါ…
“Target မပြည့်ရင် bonus မပေးဘူးနော်…”
ဒီလိုပြောမဲ့အစား
”Sale department ရဲ့ရောင်းအားကြောင့်သာ Company ရပ်တည်နိုင်တာပါ… ဝန်ထမ်းတွေကို လစာပေးနိုင်တယ်… ဒီလမှာလဲ Target ပြည့်ရင် bonus တွေ ထပ်ပေးဦးမှာမို့ ကြိုးစားပေးကြပါ…”
ဒီလိုပြောပါ… တူသလိူလိုနဲ့ လုံးဝမတူပါဘူး…
5️⃣ Workload ကို စစ်ကြည့်ပါ
တစ်ခါတစ်လေ ဝန်ထမ်းတွေ energy လျော့တာက
Attitude problem မဟုတ်ဘဲ Capacity problem ဖြစ်နေတတ်ပါတယ်…
ဒါတွေကို တချက်စစ်ဆေးကြည့်ပေးပါ…
• အလုပ်တွေပိနေလား????
• သူထမ်းဆောင်ရမဲ့ JD တွေကို ရှင်းရှင်းလင်းလင်းနားလည်ရဲ့လား???
• မဖြစ်နိုင်တဲ့ Target or deadline တွေ ချမိနေသလား???
ဝန်ထမ်းခန့်ရတာ လွယ်ပါတယ်… Energy ကို တည်ဆောက်ပေးဖို့ ဆိုတာ Leadership skill လိုပါတယ်…
Strong company ဆိုတာ
Strong people များတာမဟုတ်ဘူး
Strong and positive energy ရှိတဲ့ people များတာပါ…
ခေါင်းဆောင်တိုင်း Strong and positive energy ရှိတဲ့လုပ်ငန်းခွင်ကို တည်ဆောက်နိုင်ကြပါစေ…
ချစ်တဲ့
Dr. Jue Chit Thinzar
PhD , Organization Development
9.4.26
"သမီးမစားရရင်နေပါစေ၊ ကလေးနို့မှုန့် တစ်ထုပ်ဖိုးရရ သမီးတူမလေးကို သမီးကျွေးမယ်"
Amara Thit Co.,Ltd ချစ်ရိပ်ဝေ ဖောင်ဒေးရှင်းမှ "မျက်စိကင်ဆာဝေဒနာ ခံစားနေရတဲ့ မအိမ့်မှုးသဒ္ဒါချို" အား ဆေးဝါးအလှူဒါနအနေဖြင့် အလှူငွေ သိန်း (50) ကျော်အပြင် ဝေဒနာ ပျောက်ကင်းသည့်အထိ ထပ်မံလှူဒါန်းသွားပါမည် 🙏
#ချစ်ရိပ်ဝေဖောင်ဒေးရှင်း
#တွဲကူဖေးမ
19/10/2025
အိမ်ထောင်ရေးမှာ လူ၂ယောက် အကြာကြီးချစ်နေဖို့ဆိုတာ သင့်တင့်လျှောက်ပတ် စီးပွါးရေးအဆင်ပြေနေဖို့လိုပါတယ်… စီးပွါးရေးအဆင်ပြေဖို့ဆိုတာ အာရုံတွေမနောက်ပဲ အလုပ်ကို အာရုံစိုက်နိုင်ဖို့လိုပါတယ်…
ယောင်္ကျားတစ်ယောက်ဟာ အိမ်ဦးနတ်ဖြစ်လာရင် အလုပ်လုပ်ကိုလုပ်ရမယ်… မိသားစုကို ရှာဖွေကျွေးမွေးရမယ်… ဒါဓမ္မတာပါ…
သတိထားမိသလောက် အိမ်ပူနေတဲ့မိသားစုတွေဟာ စီးပွါးရေးအဆင်မပြေတာများပါတယ်…
အလုပ်လုပ်ရတာ Stress များပါတယ်… Energy ကုန်ပါတယ်… ဒီကြားထဲ အိမ်ရောက်ရင်ပါ မနားရပဲ energy drain ဖြစ်နေရင် နောက်နေ့အလုပ်မှာ Performance မကောင်းနိုင်တော့ပါ… ယောင်္ကျားဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ် ဒီသဘောတရားပါပဲ…
ဒါ့ကြောင့် ၂ယောက်လုံးအလုပ်လုပ်နေတဲ့အိမ်ထောင်ရေးမှာ မလိုအပ်တဲ့ Stress တွေကို ၂ဖက်စလုံးဘက်က လျော့ချပေးဖို့လိုပါတယ်…
မိန်းမတွေတွေပေးတဲ့ Stress က ဘာတွေလဲ…
သဝန်တိုတာ ၊ ရစ်တာ ၊ ဖုန်းတဂျီဂျီဆက်တာ ၊ လူတကာနဲ့ပေးစားတာ ၊ ချုပ်ချယ်တာ…
ယောင်္ကျားတွေပေးတဲ့ Stress က ဘာတွေလဲ…
အိမ်မှုကိစ္စလစ်ဟင်းတိုင်း အပြစ်တင်တာ… In Law Relationship တွေနဲ့ ပက်သက်ရင် ကိုယ့်ခံစားချက်ကို နားမလည်တာ ၊ ကလေးတစ်ခုခုဖြစ်တိုင်းဆူတာ ၊ ငွေရေးကြေးရေး စီမံခန့်ခွဲမှုမပေးတာ ၊ ဖောက်ပြန်တာ…
ယုံကြည်မှု ၊ နားလည်မှုဆိုတာ မျှော်နေရတာမျိူးမဟုတ်ဘဲ ကိုယ့်က စတည်ဆောက်ရတာပါ…
ကျွန်မရဲ့မူကတော့… သူ့အတွက် ဘာတွေ Stress များစေလဲ သိနေပြီပဲ… အလိုက်သိဆင်ခြင်ပေးလိုက်တယ်… တပြိုင်နက်ထဲမှာပဲ ကိုယ်ဒါတွေ မကြိုက်ကြောင်း ပြောထားပါတယ်… သူကလဲ တဖန်ဆင်ခြင်ပေးပါတယ်…
လူ ၂ယောက်ပေါင်းစပ်ပြီဆိုမှတော့ ကိုယ်ဖြစ်ချင်တာချည်းပဲ ပြောနေလို့မရဘူးလေ…
ဒါက (-) minus ကနေ (0) zero ဖြစ်အောင် လုပ်တဲ့အပိုင်း…
လာပါပြီ… (0) zero ကနေ (+) plus ဖြစ်အောင်လုပ်ပါမယ်…
ကိုယ့်ချစ်သူက ဘာတွေ ကြိုက်လဲ…
ဥပမာ…
ယောင်္ကျားလေးဆို ကိုယ့်မိန်းမလှလှလေးဖြစ်နေရင်ကြိုက်တယ်…
သူပြန်ရောက်လာရင် ချွဲချွဲနွဲ့နွဲ့ပြောတာကြိုက်တယ်…
သူ့ကို Appreciate လုပ်ပြီး ချီးကျူးတာ ကြိုက်တယ်…
သူ့ ကျန်းမာရေးကို ဂရုစိုက်ပေးပြီး ဆေးပုံမှန်တိုက်ပေးတာမျိူး ၊ သူထမင်းစားမယ်ဆိုတဲ့အချိန် စားဖို့ ပြင်ပေးတာမျိူး ၊ အင်္ကျီလဲဖို့ ထုတ်ပေးထားတာမျိူး… ဒါမျိူး သေးသေးလေးတွေ လုပ်ပေးတာကြိုက်တယ်…
အပေါ်က အချက်တွေက ယောင်္ကျားမှ မဟုတ်ဘူး မိန်းမတွေလဲ ကြိုက်ပါတယ်…
ဥပမာ - ကျွန်မနဲ့ ကျွန်မအမျိူးသားဆို အလုပ်ချိန်မတူပါဘူး… အမျိူးသားက အလုပ်ပြန်ချိန်က ကျွန်မအိပ်ချိန်ဖြစ်ပေမဲ့ တတ်နိုင်သရွေ့ သူ့ကိုစောင့်ပြီးမှ အိပ်ပါတယ်… သူပြန်လာရင် ထမင်းဝိုင်းပြင်ဆင် ၊ ဆေးတိုက် လုပ်ပေးချင်လို့ပါ… အိမ်က ဝန်ထမ်းတွေကို ခိုင်းလဲရသလို ၊ သူ့ဘာသာ လုပ်လဲ ရပါတယ်…
ကိုယ်က မိန်းမဖြစ်ပြီး သူ့ကို ဒီလောက်တောင် မလုပ်ပေးနိုင်ရင် သူ့မှာမိန်းမတစ်ယောက်ရှိတာ သူမေ့သွားမှာပေါ့… ကျွန်မ ဒါမျိူးအဖြစ်မခံပါ… စကားလုံးတွေထက် လုပ်ရပ်တွေက ပါဝါပိုပြင်းပါတယ်…
ညတိုင်း သူ့နှဖူးလေးကို နမ်းပြီးမှ အိပ်ပါတယ်… မနက်နိုးတိုင်း သူ့နှဖူးလေးကို နမ်းပြီးမှ နိုးထတယ်…
ချစ်လို့ယူထားတဲ့ ချစ်သူလေ… ကိုယ်စီတာဝန်တွေကြောင့် Stress တွေ ဘယ်လောက်များနေပါစေ… ချစ်ပြဖို့မမေ့ရဘူး… မရှက်ရဘူး..
လူတစ်ယောက်ဟာ စီးပွါးရေး ၊ အိမ်ထောင်ရေး အဆင်ပြေနေရင် ကံကောင်းတယ်ပေါ့…
စီးပွါးရေးကတော့ အတိတ်ကံနဲ့လဲ ဆိုင်သေးတာမို့ အတက်အကျရှိပေမဲ့ သူ့ရဲ့အိမ်ထောင်ရေးကံကတော့ ကိုယ့်လက်ထဲမှာပါ…
ကိုယ်ချစ်သူကို ကိုယ်နဲ့ပက်သက်ပြီး အမြဲဂုဏ်ယူပျော်ရွှင်နေစေရမယ် ဆိုတဲ့စေတနာပါ…
စေတနာတွေက တူသောအကျိူးပေးပါတယ်…
စကားတွေအများကြီး မပြောပေမဲ့ တဖက်က အဲ့စေတနာတွေကို ခံစားသိရှိနေပါတယ်…
ထားပါတော့… အကြောင်းကြောင်းကြောင့် နောက်
တစ်ယောက်စီ ခတ္တစိတ်လည်သွားရင်တောင် နှိုင်းယှဉ်ကြည့်ပြီးရင် မေတ္တာ ပိုသာတဲ့သူဆီ ပြန်လည်လာစမြဲပါ… ကိုယ်လက်ခံတာ ၊ မခံတာက တပိုင်းပေါ့… ပေးဆပ်သူတွေက နောက်ဆုံးမှာ အမြဲအနိုင်ရသလို မေတ္တာကို ပြုန်းတီးမိသူတွေက နောင်တတွေနဲ့ အသက်ဆက်ရှင်ရပါတယ်…
ရယူသူတွေဟာ ပေးဆပ်သူ မရှိရင် မနေတတ်ပါဘူး… ပေးဆပ်သူတွေကို မသိစိတ်က အလိုလိုကြောက်ပါတယ်… ပေးဆပ်သူတစ်ယောက်ရဲ့ အရှိန်အဝါက အဲ့လောက်ကြီးပါတယ်…
ကျွန်မ ဒီလိုစာတွေရေးနေတာ အမျိူးသားတွေဘက်က ရေးပေးနေတာ မဟုတ်ရပါ… ကျွန်မချစ်တဲ့ စာဖတ်သူအမျိူးသမီးတွေကို အနိုင်ပဲရစေချင်ပါတယ်… နောင်တတွေနဲ အသက်မရှင်စေလိုပါ…
စကားတစ်ခွန်းကို ဆိုခဲစေ ၊ မြဲစေ ဖြစ်စေချင်ပါတယ်… စကားတွေများ ဖောင်းပွပြီး ကိုယ့်စကားကိုယ်မတည်တဲ့သူ မဖြစ်စေချင်ပါ…
မလုပ်နိုင်ပဲ အပိုတွေ မပြောပါနဲ့…
ပြောပြီးရင်လဲ တကယ်လုပ်ပါ… ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့…
ဒီလို တည်ကြည်တဲ့ Positive Image ရဖို့ဆိုတာ တစ်ရက် ၊ တစ်လနဲ့ မရပါဘူး… မေတ္တာတွေ ၊ စေတနာတွေနဲ့ နှစ်ပေါင်းများစွာ ကိုယ်ကအရင်သက်သေပြပြီး တည်ဆောက်ရတာပါ…
အိမ်ထောင်ရေးဆိုတာ မေတ္တာတွေ Trade လုပ်ရတာပါ… မေတ္တာဆိုတာ ရောင်ပြန်ဟပ်တဲ့သဘောမို့ အတ္တတွေ မဦးစီးပဲ မေတ္တာတွေ ၊ ပေးဆပ်ခြင်းတွေ ၊ နားလည်မှုတွေနဲ့ ပြည့်နှင်းနေဖို့လိုပါတယ်…
အိမ်ထောင်ရေးမှာ နောက်ဆုံးအချိန် ဘယ်သူရှူံးလဲ ဆို အတ္တများတဲ့သူက ရှူံးပါတယ်…
ကျွန်မချစ်တဲ့ အမျိူးသမီးလေးတိုင်းကို ဘဝမှာ အမြဲအနိုင်ရတဲ့ တည်ကြည်သော အမျိူးသမီးလေးတွေ ဖြစ်စေချင်ပါတယ်ရှင်…
လွတ်လပ်စွာကွဲလွဲနိုင်ပါတယ်…
ချစ်တဲ့
ဒေါက်တာဂျူးချစ်သဉ္ဇာ
၁၉.၁၀.၂၅
Click here to claim your Sponsored Listing.