Bright Future Additional Needs Learning Center
Never Ever Giveup
🦁 Animal Direction Matching Activity 🐄🐱
13/05/2026
🦁 Animal Direction Matching Activity 🐄🐱
သားသားမီးမီးတို့မှ တိရစ္ဆာန်ရုပ်လေးများကို ကြည့်ပြီး မြှားညွှန်ထားသော Direction အတိုင်း မှန်ကန်စွာထားပေးရသော Activity လေးဖြစ်ပါတယ် ✨
တိရစ္ဆာန်တစ်ကောင်ချင်းစီကို ဘယ်၊ညာ၊ရှေ့၊နောက်စသည့် Direction များနှင့် ကိုက်ညီအောင် စဉ်းစားလုပ်ဆောင်ရတာကြောင့် ကလေးများ၏ Observation Skill နှင့် Thinking Skill များကို တိုးတက်စေသော Learning Activity လေးတစ်ခုဖြစ်ပါတယ် 💛
🌟 ရရှိနိုင်သော အကျိုးကျေးဇူးများ 🌟
👀 Visual Discrimination Skill
ပုံစံနှင့် Direction များကို ခွဲခြားသိမြင်နိုင်စေခြင်း
➡️ Direction Following Skill
Instruction များကို နားလည်ပြီး မှန်ကန်စွာ လိုက်နာလုပ်ဆောင်နိုင်စေခြင်း
🎯 Attention & Concentration
အာရုံစူးစိုက်နိုင်မှုနှင့် လုပ်ငန်းတစ်ခုအပေါ် စိတ်ဝင်စားမှု တိုးတက်စေခြင်း
✋👁️ Hand-Eye Coordination
လက်နှင့် မျက်စိ အချိုးညီညီ အသုံးပြုနိုင်စေခြင်း
✍️ Fine Motor Skill
တိရစ္ဆာန်ရုပ်လေးများကို ကိုင်တွယ်ရွှေ့ပြောင်းရင်း လက်ချောင်းသေးသေးလေးများ၏ လှုပ်ရှားမှုကို တိုးတက်စေခြင်း
🧠 Cognitive & Thinking Skill
Direction ကို စဉ်းစား၍ မှန်ကန်စွာရွေးချယ်နိုင်စေခြင်း
🐾 Animal Recognition Skill
တိရစ္ဆာန်အမျိုးအစားများကို မှတ်မိသိရှိစေခြင်း
💬 One Step Instruction Understanding
“One Step Instruction” များကို နားလည်ပြီး လုပ်ဆောင်နိုင်စေခြင်း
🎈 Play • Learn • Grow 🎈 ကစားရင်း သင်ယူပြီး ပျော်ရွှင်စွာ ဖွံ့ဖြိုးတိုးတက်စေမယ့် Activity လေးတစ်ခုဖြစ်ပါတယ် 💕
11/05/2026
🧩 Real Object & Picture Matching Activity 🍎🍌🍇
သားသားမီးမီးတို့မှ Real Object လေးများကို ကြည့်ရှုထိတွေ့ပြီး သက်ဆိုင်သော Picture Card များနှင့် မှန်ကန်စွာ တွဲဖက်ပေးရသော Activity လေးဖြစ်ပါတယ်။
အရာဝတ္ထုအစစ်နှင့် ပုံရိပ်ကို ချိတ်ဆက်စဉ်းစားရခြင်းကြောင့် ကလေးများ၏ သိမြင်နားလည်မှုနှင့် မှတ်မိနိုင်စွမ်းကို ပိုမိုတိုးတက်စေပါသည်။ 🍐✨
🌟 ဒီ Activity မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
🍎 Object Recognition Skill တိုးတက်စေခြင်း၊
🍌 Visual Perception & Matching Skill ဖွံ့ဖြိုးစေခြင်း၊
🍇 Cognitive Skill နှင့် Memory Skill ကောင်းမွန်စေခြင်း၊
🍐 Language & Vocabulary Skill တိုးတက်စေခြင်း၊
🍓 Fine Motor Skill နှင့် Hand-Eye Coordination ဖွံ့ဖြိုးစေခြင်း၊
🍊 Attention & Concentration ပိုမိုကောင်းမွန်လာစေခြင်း၊
သားသားမီးမီးတို့အတွက်“ကစားရင်း သင်ယူ… သင်ယူရင်း ပျော်ရွှင်စေသော Activity Time လေး” ပဲဖြစ်ပါတယ်။💛
10/05/2026
Bright Future Learning Center မှ Speech delay ကလေးများ၊စကားပြောဆိုဆက်သွယ်ရာတွင်အခက်အခဲရှိသောကလေးများအတွက် Oral Placement Therapy (OPT) Specialist ဆရာဦးစိုးကိုကိုမှ စနစ်တစ်ကျ အသံထွက်မှန်ကန်စေရန် Speech & feeding အတွက် ကလေးတစ်ဦးချင်းစီ၏လိုအပ်သောလေ့ကျင့်သင်ကြားမှုများနှင့် assessment များပြုလုပ်ပေးခဲ့ပြီး ဆက်လက်လေ့ကျင့်ပေးနိုင်ရန် ဆရာ ၊ ဆရာမများကိုလည်းစာတွေ့လက်တွေ့များ သင်ကြားပြသပေးခဲ့ပါတယ်။
အချိန်ပေးပြီးလာရောက်သင်ကြားပေးခဲ့ပါသောဆရာ့အား Bright Future Learning Center မှ အထူးကျေးဇူးတင်ရှိပါတယ်။
🟠 Balance & Stack Tower Play ✨
07/05/2026
🟠 Balance & Stack Tower Play✨
ကလေးမှ ခွက်နှင့်စက္ကူပန်းကန်များကို အလွှာလိုက်တန်းတူညီစွာတင်ပြီး မကျအောင်ညှိနှိုင်းဆောက်လုပ်ရသော Activity ဖြစ်ပါတယ်။ လက်နှစ်ဖက်ကိုညှိနှိုင်းအသုံးပြုရပြီး အာရုံစိုက်မှုမြင့်မားစွာ လုပ်ဆောင်ရပါတယ်။
Activityမှသားသားမီးမီးတို့အတွက်ရရှိလာမည့်ဖွံဖြိုးမူစွမ်းရည်များ များစွာရှိပါတယ်။
✨ Hand-eye coordination (လက်နှင့်မျက်လုံးညှိနှိုင်းမှု) တိုးတက်စေသည်
✨ Fine motor skills (လက်သေးသေးလှုပ်ရှားမှု) တိုးတက်စေသည်
✨ Concentration & focus (အာရုံစိုက်နိုင်မှု) မြင့်မားစေသည်
✨ Problem-solving skills (ပြဿနာဖြေရှင်းနိုင်မှု) တိုးတက်စေသည်
✨ Balance & control (ဟန်ချက်ထိန်းနိုင်မှု) ကောင်းမွန်စေသည်
✨ Patience (စိတ်ရှည်မှု) နှင့် self-control တို့ကိုတိုးတက်လာစေမှာပဲဖြစ်ပါတယ်။
Colour Matching & Eye-Hand Coordination Activity ✨
04/05/2026
Colour Matching & Eye-Hand Coordination Activity ✨
“ကစားရင်းသင်ယူ၊ သင်ယူရင်းတိုးတက် 💛
အရောင်လေးတွေကိုလိုက်ဖက်အောင်ချိတ်ဆက်ရင်း လက်လှုပ်ရှားမှုနဲ့ အာရုံစူးစိုက်မှုကို တစ်ပြိုင်နက်တည်း လေ့ကျင့်နေကြခြင်းဖြစ်ပါတယ်။ 🌈”
သားသားမီးမီးတို့မှ လုပ်ဆောင်ရခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်လာမည့်စွမ်းရည်များ..........
✨ Color Recognition (အရောင်ခွဲခြားသိမြင်နိုင်မှု တိုးတက်စေသည်)
✨ Fine Motor Skills (လက်ချောင်းအသေးစားလှုပ်ရှားမှု တိုးတက်စေသည်)
✨ Hand-Eye Coordination (လက်နှင့်မျက်စိညှိနှိုင်းနိုင်မှု ကောင်းမွန်စေသည်)
✨ Attention & Focus (အာရုံစိုက်နိုင်မှု တိုးတက်စေသည်)
✨ Following Instructions (ညွှန်ကြားချက်များကိုလိုက်နာနိုင်စွမ်း မြှင့်တက်စေသည်)
29/04/2026
ကျောင်းပိတ်ရက်ကြောညာခြင်း
👣🌈 Sensory Path Activity
27/04/2026
👣🌈 Sensory Path Activity
သားသားမီးမီးတို့အတွက် ဒီနေ့ Activity လေးကတော့
“ခံစားပြီး လှမ်းလျှောက်ကြမယ်” Sensory Path လေးပါ🤍
ကြမ်းတဲ့အရာတွေ…
မာတဲ့အရာတွေ…
နူးညံ့တဲ့အရာတွေ…
စိုစွတ်တဲ့အရာတွေ…
ခြောက်သွေ့တဲ့အရာတွေကို
ခြေဖဝါးလေးတွေနဲ့ တစ်လှမ်းချင်း စမ်းသပ်လျှောက်လှမ်းရင်း
“ဘယ်လိုခံစားရလဲ” ကို ကိုယ်တိုင်ရှာဖွေသင်ယူနေကြပါတယ် 👣✨
ဒီလို sensory play မျိုးတွေက
✔️ ထိတွေ့ခံစားမှု (Tactile) ကိုတိုးတက်စေပြီး
✔️ Balance & Body Control ကိုကောင်းမွန်စေတယ်
✔️ Focus နဲ့ Attention ကိုလည်းတိုးစေတယ်
✔️ အတွေ့အကြုံအသစ်တွေကို မကြောက်မရွံ့ လက်ခံနိုင်စေပါတယ် 💛
ကစားရင်း သင်ယူ၊ သင်ယူရင်း ပျော်ရွှင်နေကြတဲ့
သားသားမီးမီးတို့ရဲ့ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းက
အတွေ့အကြုံအသစ်တစ်ခုဖြစ်နေပါတယ်နော် 🌟
Click here to claim your Sponsored Listing.
Category
Website
Address
Yangon