GMH - 3 Computer & Foreign Language Training Center
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GMH - 3 Computer & Foreign Language Training Center, Computer training school, Min Bu Road, Yangon.
26/01/2026
( 2 ) လပိုင်းတန်းခွဲသစ်ဖွင့်မယ့်ရက်လေးတွေပါ။
25/11/2025
✨ ပုံမှန်တန်းခွဲများ & အမြန်ရက်တိုသင်တန်းများ ဖွင့်လှစ်နေပါပြီနော်✨
📚 ပုံမှန်တန်းခွဲများ
တစ်ပတ် သုံးရက် သင်တန်း
သင်တန်းကာလ ၂ လ
သင်ချင်တဲ့နေ့ရက်–အချိန်နဲ့ ကိုက်ညီရာ တက်ရောက်နိုင်ပါသည်။
📚 Sunday Only Class (တစ်ပတ်တစ်ရက်)
တစ်ပတ် တစ်ရက်တည်း (တနင်္ဂနွေနေ့)
သင်တန်းကာလ ၂ လခွဲ
---
⏳ အမြန်ရက်တို သင်တန်း (ဒီဇင်ဘာ Batch)
ဒီဇင်ဘာလတွင် တန်းခွဲသစ် မိတ်ဆွေတို့အတွက် ဖွင့်လှစ်မည်ဖြစ်ပါတယ်။
📌 တစ်လပြတ် သင်တန်း
စတင်သည့်ရက်များ ➜ 1.12.2025 နှင့် 8.12.2025
မိမိအဆင်ပြေသည့်ရက်ကို ရွေးချယ်၍ စတင် တက်ရောက်နိုင်ပါသည်။
နှစ်စကတည်းက တွေးထားတဲ့ စိတ်ကူးကို နှစ်မကုန်ခင်လေး အကောင်အထည်ဖော်လိုက်ပါ။
(𝐁𝐚𝐭𝐜𝐡 –𝐃𝐄𝐂𝐄𝐌𝐁𝐄𝐑 /𝟐𝟎𝟐𝟓)
ဒီဇင်ဘာကွန်ပျူတာ သင်တန်းများကြိုတင်အပ်နှံနိုင်ပါပြီ။
2025 နှစ် စကတည်းကွန်ပျူတာသင်တန်းတက်မယ်ဆိုတဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ( ၁ ) လသာကျန်ပါတော့တယ်။
ကျွန်တော်တို့ရဲ့ဂရိတ်မဟော်(GMH) သင်တန်း ကနေ မိတ်ဆွေတို့ရဲ့ နှစ်မကုန်ခင် ကွန်ပျူတာကျွမ်းကျင်ရမယ်ဆိုတဲ့ စိတ်ကူးကို ဖြည့်ဆည်း ပေးနိုင်ဖို့ ဒီဇင်ဘာ တစ်လပြတ်ကွန်ပျူတာသင်တန်းကို ဖွင့်လှစ်လိုက်ပါပြီ။
💻 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐁𝐚𝐬𝐢𝐜 & 𝐢 𝐎𝐟𝐟𝐢𝐜𝐞 𝐂𝐥𝐚𝐬𝐬
📚 သင်ကြားရမည့်အကြောင်းအရာများ –
✅ 𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭 𝐎𝐟𝐟𝐢𝐜𝐞 𝐒𝐮𝐢𝐭𝐞:
Word, Excel, PowerPoint ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မယ်။
✅ 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭& 𝐄𝐦𝐚𝐢𝐥 𝐁𝐚𝐬𝐢𝐜𝐬:
အီးမေးလ်ပို့တာ၊ အင်တာနက်မှရှာဖွေတာတွေကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်မယ်။
✅ 𝐓𝐲𝐩𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬:
English/ Myanmar Typingကို
အမြန်ဆုံး ရိုက်တတ်အောင် လေ့ကျင့်ပေးမယ်။
✅ 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐚𝐥 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠:
Print ထုတ်ယူခြင်း ၊ Scan ဖတ်ခြင်း ၊ Copy ကူးခြင်း အစရှိတဲ့ သင်ခန်းစာများကို Inkjet Printer (3 in 1 Print er) / Laser Printer များဖြင့်သင်ကြားပေးမယ့်အပြင်လုပ်ငန်းခွင်မှာမြင်တွေ့အသုံးပြုရမယ့် Copier(မိတ္တူကူးစက် အသုံးပြုနည်း နှင့် ပလက်စတစ်ကဒ်လောက်စက်အသုံးပြုနည်းများကိုပါ ထည့်သွင်းသင်ကြားပေးသွားပါမယ်။
✅ 𝐁𝐚𝐬𝐢𝐜 𝐔𝐬𝐢𝐧𝐠 𝐖𝐢𝐧𝐝𝐨𝐰𝐬:
ရုံးလုပ်ငန်းများတွင် အသုံးပြု၊အသုံးချ Software များအပြင် Windows OS များဖြစ်သည့် Windows 10/11 အစရှိတဲ့ Operation System များအသုံးပြုခြင်း ကိုလည်း စနစ်တကျသင်ကြားပေးပါမယ်။
✅ 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐁𝐚𝐬𝐢𝐜 𝐓𝐫𝐨𝐮𝐛𝐥𝐞𝐬𝐡𝐨𝐨𝐭𝐢𝐧𝐠:
ကွန်ပျူတာမှာ ဖြစ်တတ်တဲ့ ပြဿနာသေးလေးတွေကို ကိုယ်တိုင်ဖြေရှင်းတတ်လာမယ်။
✅ သီအိုရီတွေအပြင်လက်တွေ့လုပ်ဆောင်မှုတွေကိုပါ အလေးထားသင်ကြားပေးပါတယ်။
✅ သင်တန်းသားတစ်ဦးချင်းစီကို နားလည်လွယ်အောင် စိတ်ရှည်လက်ရှည် သင်ကြားပေးမယ့် ဆရာ၊ဆရာမတွေနဲ့ သင်ကြားရမှာပါ။
✅ သင်တန်းပြီးဆုံးတဲ့အခါမှာ သင်တန်းပြီးဆုံးကြောင်း လက်မှတ် (Certificate) ထုတ်ပေးမှာဖြစ်လို့ အလုပ်လျှောက်တဲ့အခါ အထောက်အကူပြုပါလိမ့်မယ်။
⏰ သင်တန်းကြာချိန် – ၁ လ (တပတ် 5 ရက်)
𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐅𝐫𝐢𝐝𝐚𝐲
⏰( ၁ )လပြတ်သင်တန်းနဲ့ အမြန်ရက်တိုသင်တန်းများလည်းဖွင့်ထားပါတယ်။ ( တပတ် ၅ ရက် )
𝐌𝐨𝐧 - 𝐅𝐫𝐢𝐝𝐚𝐲 တန်းများလည်းရှိပါတယ်
⏰ရုံးချိန်လွတ် တနင်္ဂနွေသီးသန့်တန်းများလဲတက်ရောက်နိုင်ပါတယ်
လစဉ်တန်းခွဲသစ်များရှိပါတယ်။
နားလည်လွယ်တဲ့သင်ကြားပို့ချမှုတွေ၊ စာတွေ့လက်တွေ့လေ့ကျင့်သင်ကြား ပေးမှုတွေကြောင့် သင်တန်းသားများစိတ်ကျေနပ်ကြတဲ့ 𝐆𝐌𝐇 မှာ
ဘာသင်တန်းတွေ တက်နိုင်လဲ?
🖥️ ကျွမ်းကျင်မှုအာမခံအတတ်သင်ကွန်ပျူတာ သင်တန်းများ (𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐂𝐨𝐮𝐫𝐬𝐞 )
💻𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐁𝐚𝐬𝐢𝐜 & 𝐢-𝐎𝐟𝐟𝐢𝐜𝐞
ကွန်ပျူတာအခြေခံနှင့်ရုံးသုံးစာစီစာရိုက်သင်တန်း
💻𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐄𝐱𝐜𝐞𝐥
အဆင့်မြင့် စာရင်းဇယားရေးဆွဲတွက်ချက်နည်းသင်တန်း
💻 𝐃𝐓𝐏 - လုပ်ငန်းခွင်သုံး စာစီစာရိုက်သင်တန်း
💻𝐏𝐡𝐨𝐭𝐨𝐬𝐡𝐨𝐩 - ဓါတ်ပုံပြုပြင်ခြင်းသင်တန်း
💻𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐃𝐞𝐬𝐢𝐠𝐧 - ဂရပ်ဖစ်ဒီဇိုင်းရေးဆွဲနည်းသင်တန်း
💻𝐕𝐢𝐝𝐞𝐨 𝐄𝐝𝐢𝐭𝐢𝐧𝐠
ရုပ်သံတည်းဖြတ်သင်တန်း
💻𝐀+ ( ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းနည်း နှင့် Network ချိတ်ဆက်နည်းသင်တန်း)
𝐅𝐨𝐫𝐞𝐢𝐠𝐧 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐨𝐮𝐫𝐬𝐞𝐬 (နိုင်ငံခြားဘာသာစကားသင်တန်းများ)
အင်္ဂလိပ်ဘာသာစကား (𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞)
တရုတ်ဘာသာစကား (𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞)
ဂျပန်ဘာသာစကား (𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞)
ကိုရီးယားဘာသာစကား (𝐊𝐨𝐫𝐞𝐚𝐧 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞)
အစတဲ့ သင်တန်းတွေကိုတစ်နေရာတည်းမှာတက်ရောက်သင်ကြားနိုင်ပါတယ်။
𝐆𝐌𝐇 မှာ ဘာကြောင့်သင်တန်းတက်သင့်တာလဲ?
📌 စေတနာအပြည့်နဲ့ သင်ကြားပေးတဲ့ ဆရာ,ဆရာမတွေရှိတယ်။
📌 သင်တန်းချိန်ပြင်ပ မိမိရဲ့ အားလပ်ချိန်ကို အလကားမဖြစ်ချင်တဲ့ သင်တန်းသားများအတွက် ကျောင်းမှာ လာရောက်လေ့ကျင့်ခွင့်ရှိတယ်။
📌 နယ်မှ လာတက်ရောက်တဲ့ ကျောင်းသားများအတွက် နေစရာအဆောင်စီစဉ်ပေးတယ်။
📌 သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ လက်တွေ့ Activity များကိုတစ်ဦးချင်းလုပ်ခွင့်ရှိတာမို့ သင်တန်းပြီးတဲ့အခါ လုပ်ငန်းခွင်ဝင်ချိန်မှာ လုပ်ငန်းအတွေ့အကြုံတစ်ခါတည်းရှိနေမှာဖြစ်ပါတယ်။
📌 ဒါ့အပြင် အခြားကျောင်းချိန်၊ အလုပ်ချိန်ရှိလို့ ပုံမှန်သင်တန်းချိန်တွေမှာ မတက်ရောက်နိုင်တဲ့သင်တန်းသားများအတွက်လည်း မိမိအဆင်ပြေရာအချိန်ကို သက်ဆိုင်ရာသင်တန်းဆရာနဲ့ တိုင်ပင်ပြီး မပြောင်းလဲတဲ့ သင်တန်းကြေးနဲ့ By 1 သင်ကြားနိုင်ပါတယ်။
📌 သင်တန်းတက်ထားပြီး အကြောင်းကြောင်းကြောင့် လုပ်ငန်းခွင်မဝင်ဖြစ်သေးလို့ စာတွေမေ့သွားခဲ့ရင်လည်း သင်တန်းကြေးပြန်သွင်းစရာမလိုပဲ အချိန်တွေဘယ်လောက်ကြာကြာ အခမဲ့ပြန်လည်လာရောက်တက်နိုင်ပါတယ်။
📌 အသစ်အသစ်သော သင်ခန်းစာများကိုသင်တန်းသား ဟောင်းများကိုပြန်လည်ခေါ်ယူပြီး မွမ်းမံသင်ကြားပြသပေးခြင်း
📌 အလုပ်လိုအပ်နေသော သင်တန်းသားများကို အလုပ်ကူရှာပေးပြီး သင့်တော်သောလုပ်ငန်းများနဲ့ ချိတ်ဆက်ပေးခြင်း
📍 𝐆𝐌𝐇 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 & 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫, လှိုင်သာယာကျောင်းခွဲများ
🏠 𝐆𝐌𝐇 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 & 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
သင်တန်းကျောင်း-(1)
အမှတ် ၂၅/က စစ်ကိုင်းလမ်း (၁၀) ရပ်ကွက် အားမာန်မှတ်တိုင်အနီး လှိုင်သာယာမြို့နယ်။
(သမကုန်း နှင့် အောင်မင်္ဂလာဈေးအနီး)
📱 𝟎𝟗𝟒𝟑𝟎𝟓𝟔𝟐𝟑𝟖📱 𝟎𝟗 𝟒𝟎𝟑𝟒𝟕𝟗𝟒𝟒𝟓
🏠 𝐆𝐌𝐇 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 & 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫 သင်တန်းကျောင်း - (2)
အမှတ် ၃၄၀/က၊ မင်းဘူးလမ်း(9)ရပ်ကွက်
(ဆင်ဖြူရှင်လမ်းနှင့် မင်းဘူးလမ်းထောင့်)
(BOC မှတ်တိုင်အနီး)
📱 𝟎𝟗-𝟒𝟑𝟎𝟓𝟔𝟐𝟑𝟖, 𝟎𝟗-𝟒𝟎𝟕𝟒𝟎𝟖𝟏𝟓𝟔 , 𝟎𝟗-𝟒𝟎𝟑𝟒𝟕𝟗𝟒𝟒𝟓
🏠 𝐆𝐌𝐇 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 & 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
သင်တန်းကျောင်း- (3)
အမှတ် ၄၈၈/ခ မင်းဘူးလမ်း ( ၉ )ရပ်ကွက်
(မီးခွက်ဈေး ၅ ထိပ် နှင့် စနေမ မှတ်တိုင်ကြား )
📱 𝟎𝟗-𝟒𝟑𝟎𝟓𝟔𝟐𝟑𝟖, 𝟎𝟗-𝟒𝟎𝟑𝟒𝟕𝟗𝟒𝟒𝟓, 𝟎𝟗- 𝟕𝟕𝟑𝟑𝟖𝟑𝟖𝟏𝟑
🙋 နီးစပ်ရာကျောင်းသို့ လာရောက် စုံစမ်းအပ်နှံနိုင်ပါတယ်ရှင့် 🥰🥰
📌သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းဆက်မေးမြန်းနိုင်သလို Page Messenger
m.me/gmhcomputer ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
သင်တန်းသားဟောင်းတွေရဲ့ မှတ်ချက်စကားလေးတွေကို ဒီ Post လေးတွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/share/p/1FRWHFZLsD/
https://www.facebook.com/share/p/1AhDcFeJbK/
Thar Yar #ကွန်ပျူတာအတတ်သင် , , ,
06/11/2025
Computer ကို စတင် အသုံးပြုသူမည့်သူများအတွက်
English လက်ကွက် & Pyidaungsu Font လက်ကွက်အခြေခံများကို လေ့လာနိုင်စေရန်ရည်ရွယ်၍ ပုံနှင့်တကွ
စုစည်းဖော်ပြပေးလိုက်ပါသည် ။
..
Photo credit
05/11/2025
SSD နဲ့ HDD ဘာတွေကွာလဲ
=====================
HDD လို့ခေါ်တဲ့ ကျွန်တော်တို့သုံးနေကြ သာမန် Harddisk တွေဟာ သံလိုက်ပြားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီသံလိုက်ပြားတွေပေါ်မှာ ဒေတာတွေကို အကန့်တွေခွဲပြီး သိမ်းဆည်းထားပါတယ်။ ဒေတာတွေကို ကွန်ပျူတာကနားလည်တဲ့ စနစ်ဖြစ်တဲ့ 0 နဲ့ 1 ဆိုတဲ့ Binary စနစ်နဲ့ သိမ်းပါတယ်။ 1 ဖြစ်စေချင်တဲ့အပိုင်းကို သံလိုက်ဓာတ်ဝင်စေပြီး 0 ဖြစ်စေချင်တဲ့အပိုင်းကို သံလိုက်ဓာတ်မရှိအောင် လုပ်ပစ်ပါတယ်။
မောင်းတံတစ်ခုပါပြီး ဒီမောင်းတံက သံလိုက်ပြားတွေကို လည်ပတ်စေပြီး ခုနသိမ်းဆည်းထားတဲ့ ဒေတာတွေကို မောင်းတံနဲ့ ခြစ်ပြီး ဒေတာတွေ သိမ်းဆည်းတာ ဖတ်ရှုတာ လုပ်ပါတယ်။
HDD ဝယ်တဲ့အချိန်မှာ 5400 RPM ၊ 7200RPM စသဖြင့် ရေးထားတာဟာ ဒီသံလိုက်ပြားတွေရဲ့ လည်ပတ်နှုန်းဖြစ်ပါတယ်။ လည်ပတ်နှုန်းမြန်လေ သိမ်းဆည်းတာ ဖတ်ရှုတာတွေ ပိုမြန်လေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကာလကြာရှည်လာတာနဲ့အမျှ ဒီသံလိုက်ပြားတွေ ယိုယွင်းလာသလို မောင်းတံဟာလည်း ယိုယွင်းလာပါတယ်။ HDD တစ်လုံးပျက်ကာနီးရင် စပြတဲ့ လက္ခဏာက စက်ဖွင့်ထားရင် တစ်ဂျစ်ဂျစ်နဲ့ အသံကြားလာရတာပါပဲ။ ဒါဟာ မောင်းတံပျက်စီးစပြုလာတာကို ပြပါတယ်။
HDD တွေကို ကျွန်တော့်အတွေ့အကြုံအရဆိုရင်တော့ ပျမ်းမျှ နှစ်နှစ်ထက်ပို မသုံးသင့်ပါဘူး။ နှစ်နှစ်ကျော်လောက်ဆိုရင် သာမန် HDD တစ်လုံးဟာ စဖောက်လာပါပြီ။ တစ်ချို့ HDD တွေ ၆လ တစ်နှစ်နဲ့ ပျက်သွားတာတွေလည်း ရှိပါတယ်။ ပြီးတော့ HDD တစ်လုံးဟာ ဘယ်လောက်ပဲ RPM မြင့်ပါစေ mechanical လို့ခေါ်တဲ့ ရုပ်ပစ္စည်းနဲ့သာ လုပ်ထားတာဖြစ်လို့ ဒီ ပစ္စည်းရဲ့ သတ်မှတ်လည်ပတ်နှုန်းကို မကျော်နိုင်ပါဘူး။ ဒီတော့ read/write speed ကလည်း အကန့်အသတ်တွေ ရှိနေပါတယ်။
တစ်ဘက်မှာ SSD အကြောင်း ဆက်ကြည့်ကြမယ်ဆိုရင် SSD (Solid State Drive) မှာ ခုနက HDD လို သံလိုက်ပြားတွေ မပါဘူး မောင်းတံတွေမပါပါဘူး။ ဒီတော့ ပထမဆုံးအချက်အနေနဲ့ ပျက်စီးနိုင်တဲ့ mechanical အစိတ်အပိုင်းတွေ နည်းသွားပါတယ်။ ဒုတိယအနေနဲ့က SSD ပေါ်မှာ ဒေတာတွေ သိမ်းဆည်းရာမှာ သံလိုက်ပြားပေါ်မှာ မဟုတ်ပဲ chip တွေပေါ်မှာ Electronic Signal အနေနဲ့ သိမ်းဆည်းပါတယ်။
ဟာ ဒါဆို RAM တွေလိုပဲပေါ့။ တစ်ဝက်တော့ မှန်ပါတယ်။
RAM တွေမှာက Volatile Memory လို့ခေါ်တဲ့ ပါဝါပိတ်လိုက်ရင် ပျောက်သွားတဲ့ memory chip တွေ ကို သုံးပါတယ်။ SSD မှာကြတော့ Non-Volatile Memory လို့ခေါ်တဲ့ ပါဝါပိတ်လိုက်လည်း ဆက်လက်သိမ်းဆည်းထားပေးတဲ့ memory chip တွေကို သုံးပါတယ်။
ဒီလို electronic signal အနေနဲ့ သိမ်းဆည်းတဲ့အတွက် read/write လုပ်ရာမှာ အရမ်းမြန်သွားပါတယ်။ HDD မှာ ဒေတာကို ဖတ်ဖို့ သံလိုက်ပြားပေါ်က ဒေတာသိမ်းဆည်းထားတဲ့နေရာကို သံလိုက်ပြားတွေကို လည်ပတ်စေပြီး မောင်းတံက ဒီသံလိုက်ပြားပေါ် ရွေ့လျား သွားဖတ်နေရပေမယ့် SSD မှာကတော့ ဒက်ကနဲ electronic signal လွှတ်လိုက်ပြီး ဖတ်နိုင်ပါတယ်။
ဒီနေ့ခေတ် SSD ရဲ့ speed ကို ကန့်သတ်ထားတဲ့ အရာကတော့ interface လို့ခေါ်တဲ့ ချိတ်ဆက်မှု စနစ်ပါ။ SSD အများစုဟာ SATA 3 interface နဲ့ပဲ motherboard ပေါ်ကို ချိတ်ဆက်ထားပါတယ်။ SATA 3 ရဲ့ သီအိုရီအရ အမြန်ဆုံး speed ဟာ 6.0Gbps ပါ။ Megabyte နဲ့ဆိုရင် တစ်စက္ကန့်ကို 750 မီဂါဘိုက်ပါ။ ဒါပေမယ့် တကယ်တမ်း read/write test လုပ်ရင် အဲဒီလောက် မထွက်ပါဘူး။
ဒီတော့ သာမန် SSD တွေထက်မြန်တဲ့ PCIe SSD ဆိုတာတွေ ထပ်ထွက်လာပါတယ်။ ဒီမှာကြတော့ Sata3 interface နဲ့ မချိတ်ဆက်တော့ပဲ Motherboard ရဲ့ PCI-e interface နဲ့ တိုက်ရိုက် ချိတ်ဆက်တဲ့အတွက် SATA3 ထက် အများကြီး မြန်သွားပါတယ်။ ဒါပေမယ့် စျေးကတော့ ကြီးမြင့်နေတုန်းပါ။
အဆုံးထိ ဖက်ရှုပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။
05/11/2025
လိုအပ်နေသူများအတွက် လိုင်စင် / ပတ်စပို့ဆိုဒ်များ
အသုံးတည့်ကြပါစေ။
05/11/2025
𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭 𝐎𝐟𝐟𝐢𝐜𝐞 𝐖𝐨𝐫𝐝 တွင်
𝐂𝐫𝐨𝐩 𝐌𝐚𝐫𝐤 တပ်/ ဖြုတ် ခြင်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင့် 🤗
နောက်နေ့တွေမှာလည်း အကျိုးရှိမယ့် သင်ခန်းစာတွေကို ထပ်မံမျှဝေပေးသွားမှာဖြစ်လို့ Page လေးကို Like လုပ်ထားဖို့ မမေ့နဲ့နော် 🥰
#ကွန်ပျူတာအတတ်သင်
GMH Computer & Language Training Center များမှ နိုဝင်ဘာလအတွက် တန်းခွဲသစ်များကို ဖွင့်လှစ်ထားပါတယ်ရှင့်
စုံစမ်းအပ်နှံလို့ရပါပြီရှင့် 🥰
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11401
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |