Hope In Every Drop-WYTU
သွေးတစ်စက်မှာ မျှော်လင့်ချက်တွေ ရှိတယ် ။ အဲဒီ မျှော်လင့်ချက်ဟာ သင်တို့ဖြစ်နိုင်ပါတယ် ။ �
HIED Team extends our deepest sympathy and prayers.
▪️13 May 2026 ည 8:40 အချိန်တွင် တတိယနှစ် မြို့ပြအင်ဂျင်နီယာကျောင်းသား မောင်ကောင်းမြတ်ဇော်သည် လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားကြောင်း ကြားသိရသဖြင့် HIED Team အနေဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
▪️ကျန်ရစ်သူ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများအားလည်း ဒီလိုဆုံးရှုံးမှုကြီးကို ကြံ့ကြံ့ခံနိုင်သော စိတ်ခွန်အားများ ရရှိပါစေကြောင်း ညှိုးငယ်စွာဖြင့်ပြောကြားလိုပါသည်။ ကွယ်လွန်သူသည်လည်း ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း HIED Team မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
🚨Urgent : O Blood Needed ‼️
ပင်လုံဆေးရုံမှာ သွေးအားနည်းရောဂါ လူနာအတွက် O သွေးနှစ်လုံး အရေးပေါ် လိုအပ်နေလို့ပါဗျ။
လှူဒါန်းလိုသူ စေတနာရှင်များက ဖုန်းနံပါတ် 09799695051 သို့ဆက်သွယ် လှူဒါန်းနိုင်သလို Page Messenger သို့လည်း ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။
28/04/2026
🚨When hope was fading, HIED chose to step forward and give it back.‼️
▪️ယနေ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် လည်ချောင်းခွဲစိတ်မှု ပြုလုပ်ပြီးနောက် လေကောင်းလေသန့် မရရှိဘဲ လေထုညစ်ညမ်းနေသော လေကို ရှူရှိုက်မိသဖြင့် Infection ဝင်လာပြီး သွေးပေါင်ကျဆင်း၍ အရေးပေါ်သွေးလိုအပ်နေသော အသက် (၃၅) နှစ်အရွယ် မဝင်းဝင်းထွန်း အတွက် လိုအပ်နေသော A သွေးအားသွားရောက်လှူဒါန်းပေးခဲ့သော ကျွန်တော်တို့ Team ၏ Member တစ်ဦးဖြစ်သည့် ကိုအောင်သက်ပိုင်ထွန်း (IV.BE - Civil) အား HIED – Hope In Every Drop Team မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
▪️ တစ်ပါးသူ၏အကျိုး၊ တစ်ပါးသူ၏အသက်အတွက် အချိန်ပေးကာ စေတနာဖြင့် သွားရောက်လှူဒါန်းပေးခဲ့သည့်အတွက် လွန်စွာလေးစားဂုဏ်ယူပါသည်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် စိတ်ကူးထားသမျှ အကောင်အထည်ဖော်နိုင်ပြီး၊ ဘဝ၏ကဏ္ဍစုံတွင် လည်းအောင်မြင်မှုများဖြင့် ပြည့်စုံပါစေကြောင်း
HIED Team မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
HIED – Hope In Every Drop Team
28 April 2026 (Tuesday | 2:00 P.M)
13/04/2026
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် အခါသမယတွင် မိတ်ဆွေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ပျော်ရွှင်စရာနေ့ရက်များကို ပိုင်ဆိုင်ကြပါစေ။
ရေစက်အေးလေးများနဲ့အတူ အပူအပင်များ ပြေလျော့ပြီး နှစ်သစ်မှာ မျှော်လင့်ချက်ကောင်းများ၊ အောင်မြင်ခြင်းများ၊ ချစ်ခြင်းမေတ္တာများ အစဉ်တိုးပွားလာပါစေ။
နှစ်ဟောင်းမှ မကောင်းမှုများကို ဆေးကြောပြီး နှစ်သစ်ကို မင်္ဂလာများနှင့် ကြိုဆိုနိုင်ကြပါစေလို့ ကျွန်တော်တို့ Hope In Every Drop မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။ 🙏✨
12/04/2026
🚨In someone’s hardest moment, our team showed up‼️
▪️ ယနေ့ သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးတွင် ဆိုင်ကယ် Accident ဖြစ်၍ အရေးပေါ် သွေးလိုအပ်နေသော အသက် (၄၁) နှစ်အရွယ် ကိုဇော်ဝင်းသူအတွက် လိုအပ်သော A သွေးအား မဆိုင်းမတွသွားရောက် လှူဒါန်းပေးခဲ့သော ကျွန်ုပ်တို့ Team ၏ Leader ဖြစ်သည့် ကိုသက်ပိုင်မှူး (VI. BE – Mechanical) အား HIED – Hope In Every Drop Team မှ အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
▪️တစ်ပါးသူ၏အကျိုး၊ တစ်ပါးသူ၏အသက်အတွက် အချိန်ပေးကာ လာရောက်လှူဒါန်းပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့်ပြည့်စုံကာ ဆန္ဒနှင့်ဘဝ တစ်ထပ်တည်းကျ၍ ဘဝလမ်းခရီးတစ်လျှောက် အောင်မြင်မှုများ ပြည့်စုံစေပါစေကြောင်း HIED Team မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်
HIED – Hope In Every Drop Team
12 April 2026 (Sunday | 11:30 A.M)
07/04/2026
“သွေးသည်အသက် အသက်သည်သွေး”ဆိုတဲ့ဆောင်ပုဒ်အတိုင်း သင့်ရဲ့သွေးတစ်အိတ်က လူသုံးဦးရဲ့အသက်ကို ကယ်တင်နိုင်ပါတယ်။
ယခုလိုမွန်မြတ်လှတဲ့ နှစ်သစ်ကူးအခါသမယမှာ ထူးခြားမြင့်မြတ်တဲ့အလှူဒါနတစ်ခုအနေနဲ့ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ Blood Donors (စုပေါင်းသွေးလှူဒါန်းပွဲ) ကို ကျင်းပပြုလုပ်သွားဖို့ရှိပါတယ်။
ဤမွန်မြတ်သောအလှူဒါနကို ပါ၀င်လှူဒါန်းလိုသူများအနေဖြင့် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပေးဖို့ ဖိတ်ကြားလိုက်ရပါတယ်ဗျာ။
📆 : 9.4.2026 (09:00AM)
📍 : သာသနာ့ ဗိမာန်(၆)ရပ်ကွက်
လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်
06/04/2026
ယနေ့ Aprilလ 6ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီက ကြီးမှူးကျင်းပသော စုပေါင်းသွေးလှူဒါန်းပွဲ၌ ကျွန်တော်တို့ HIED Team အနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီ၍ အားဖြည့်လှူဒါန်းခဲ့ပါတယ်ဗျ။
လာရောက်ပါဝင်လှူဒါန်းပေးကြသော သွေးလှူရှင်များ ဖြစ်သည့်
မအေးငြိမ်းသော် (24.Archi)
မချိုမီနှင်း
မရည်မွန်နိုင် (III BE.IT)
မချောဝဿန် (24.Civil)
မယမင်းသိန်း(25.MCE) တို့အား
HIED teamမှ ကျေးဇူးအထူးတင်ရှိပါတယ်။
နောက်နောင်လည်း ယခုကဲ့သို့ မွန်မြတ်လှသော သွေးလှူဒါန်းမည့် အစီအစဥ်များတွင် ပါဝင်ကူညီ လှူဒါန်းပေးကြဖို့ မျှော်လင့်ပါတယ်ဗျ။
မြန်မာ့နှစ်သစ်ကူးအခါသမယ မတိုင်ခင်မှာ မွန်မြတ်တဲ့အလှူတစ်ခုဖြစ်တဲ့ မိမိတို့ရဲ့သွေးကိုလှူဒါန်းပေးခဲ့ကြလို့ လာမယ့် နှစ်သစ်မှာကျန်းမာပျော်ရွှင်ပြီး ရောဂါဘယကင်းဝေးသောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်တို့ HIED team မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျ။
6.4.2026
01/04/2026
🚨We invite all WYTU STUDENTS to join and help save lives ‼️
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီက ကျင်းပပြုလုပ်မယ့်စုပေါင်းသွေး လှူဒါန်းပွဲကို ၂၀၂၆ ခုနှစ် ဧပြီလ (၆) ရက်နေ့၊ နံနက် (၉) နာရီအချိန်မှာ အမျိုးသား သွေးလှူဘဏ်မှာပြုလုပ်သွားမှာဖြစ်ပါတယ်။ HIED အနေနဲ့ ဒီလို အရေးကြီးတဲ့ သွေးလှူဒါန်းရေး အစီအစဉ်မှာ တက်တက်ကြွကြွ ပါဝင်သွားမှာဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ အသိပေးအပ်ပါတယ်။
▪️WYTU ကျောင်းသား/သူများအားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ အတူတကွ ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျောင်းသားကျောင်းသူများအနေနဲ့ လူအသိုင်းအဝိုင်းအပေါ် အကျိုးပြုနိုင်တဲ့ အင်အားရှိတဲ့ အတွက်ကြောင့် သွေးလှူဒါန်းပွဲမှာ ပါဝင်ခြင်းဖြင့် အခြားသူများကို ကူညီနိုင်မယ့်အပြင် လူသားချင်းစာနာမှုကိုလည်း ပြသနိုင်မှာလည်း ဖြစ်ပါတယ်။
▪️ သွေးလှူဒါန်းရန် စိတ်ပါဝင်စားသူများကတော့ Page Messenger မှတဆင့် စာရင်းပေးလို့ရသလို၊ ဖုန်းနံပါတ် - 09799695051 သို့လည်း ဆက်သွယ် စာရင်းပေးလို့ရပါတယ်ဗျ။
Hope in every drop - HIED
25/03/2026
🚨In the middle of uncertainty, one act of kindness became someone’s second chance.‼️
▪️ယနေ့ မြောက်ဥက္ကလာမြို့၊ ရွှေလမင်းဆေးရုံ တွင် အူမကြီးကင်ဆာကြောင့် အရေးပေါ်သွေးလိုအပ်နေသော အသက် (၄၅) နှစ်အရွယ် ဦးကျော် အတွက် လိုအပ်နေသော B+ သွေးအား သွားရောက်လှူဒါန်းပေးခဲ့သော ကျွန်တော်တို့ Team ၏ Member တစ်ဦးဖြစ်သည့် ကိုခွန်ဇေယျပိုင် (I. BE- Agricultural ) အား HIED – Hope In Every Drop Team မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
▪️တစ်ပါးသူ၏အကျိုး၊ တစ်ပါးသူ၏အသက်အတွက် အချိန်ပေးကာ စေတနာဖြင့် သွားရောက်လှူဒါန်းပေးခဲ့သည့်အတွက် လွန်စွာလေးစားဂုဏ်ယူပါသည်။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ဆန္ဒနှင့်ဘဝ တစ်ထပ်တည်းကျကာ ဘဝလမ်းခရီးတစ်လျှောက် အောင်မြင်မှုများဖြင့် ပြည့်စုံစေပါစေကြောင်း HIED Team မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
HIED – Hope In Every Drop Team
25 March 2026 (Wednesday | 8:00 P.M)
02/03/2026
🚨Urgent need. Immediate action. One life saved‼️
▪️ယနေ့ မြောက်ဥက္ကလာ မေဒါဝီဆေးရုံ တွင် နွားဝှေ့ခံရမှုကြောင့် ကျောရိုးကျိုး၊ နံရိုးကျိုး ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့ပြီး အောက်စီဂျင်ပေးကာ အရေးပေါ်ကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေသော အသက် (၄၈) နှစ်အရွယ် ဦးစိုးနိုင်အတွက် လိုအပ်သော AB သွေး ကို မဆိုင်းမတွ သွားရောက် လှူဒါန်းပေးခဲ့သည့် အလှူရှင် ကိုအေးချမ်းအောင် (အသက် – ၂၅ နှစ်) အား HIED – Hope In Every Drop Team မှ အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
▪️သနားကြင်နာတတ်သော စိတ်ထားကောင်းကြောင့် ကိုယ်ကိုတိုင်လည်း စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့် ဘဝတစ်လျှောက် ကောင်းခြင်းမင်္ဂလာများနှင့် ပြည့်စုံကာ ကြုံတွေ့သမျှ အခက်အခဲတိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်ပါစေကြောင်း HIED Team မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Hope is Stronger When We Stand Together
‼️AB+ သွေး အရေးပေါ်လိုနေလို့ပါခင်ဗျာ။
လူနာအမည်-ဦးစိုးနိုင်
အသက်-၄၈နှစ်
ဆေးရုံအမည်-မြောက်ဥက္ကလာမေဒါဝီဆေးရုံ
ရောဂါကနွားဝှေ့ခံရပြီး ကျောရိုးကျိူး နံရိုးကျိူး ဒဏ်ရာတွေပြင်းလို့ အောက်စီဂျင်ပေးပြီးအရေးပေါ်
ကြပ်မတ်ဆောင်မှာထားထားရပါတယ်ခင်ဗျာ။
ဆက်သွယ်ရန် - 09799695051
Click here to claim your Sponsored Listing.