Healthy Loaf Bakery
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthy Loaf Bakery, Health Food Shop, Parami, Hlaing tsp, Yangon.
⛅ အလုပ်များတဲ့မနက်ခင်းတွေအတွက် "Protein အပြည့်နဲ့ မနက်စာ" 👇🏻
(~ 25-26 g Protein)
🍞Healthy Loaf ရဲ့ "Almond ပေါင်မုန့်"
🥚ကြက်ဥ
🥛နို့
🥖Bread made with variety of Grains, Legumes, and Nuts for
#ပရိုတင်း
01/01/2026
🗓 နှစ်တစ်နှစ်ရဲ့ အစမှာ ကျန်းမာရေး သေချာဂရုစိုက်တဲ့ အလေ့အကျင့်တွေနဲ့ စတင်လိုက်ရအောင်!
✅👩⚕️ဆီးချိုနဲ့ အာဟာရ ဆရာဝန်တွေကိုယ်တိုင် စီစဉ်ထုတ်လုပ်ထားတဲ့ Healthy Loaf
👨👩👧👦 ကိုယ့်အတွက်ရော၊ အိမ်ကမိဘတွေအတွက်ပါ၊ တစ်မိသားစုလုံး ကျန်းမာရေးအတွက် အထူးညီညွတ်တဲ့ အပြင် ✅ အရသာရှိရှိ စားသုံးနိုင်မယ့်
🍞 Healthy Loaf ရဲ့ ပေါင်မုန့်အိအိလေးတွေ စတင်မှာယူလို့ရပါပြီ!
🍞 ပေါင်မုန့် အမျိုးအစား (၃) မျိုးတောင်ရှိလို့ .. Menu မှာ Carb level လေးတွေကြည့်ပြီး ရွေးချယ်ပေးကြနော် 👇🏻
1.🍞 ဆီးချိုရှိလို့ အစားရှောင်နေရသူတွေအတွက် 📉 "Low Carb : ဆီးချိုပေါင်မုန့်"
✅ ဆီးချိုရှိတဲ့ အိမ်ကလူကြီးတွေအတွက် အထူးထုတ်လုပ်ထားပါတယ်။
✅ ပုံမှန်ပေါင်မုန့်ထက် ကာဗိုဟိုက်ဒရိတ် 75% ပိုနဲလို့ သွေးထဲသကြားဓာတ်ထိုးတက်မှာ မပူရတော့ဘူးပေါ့။
🫘 ဂျုံအစား အမျှင်ဓာတ်များတဲ့ သဘာဝအစေ့အဆန်တွေနဲ့ လုပ်ထားပြီး၊ ၁ချပ်ကို ပရိုတင်း ၆ဂရမ် တောင်ပါဝင်လို့
✅ ဆီးချိုရှိသူတွေတင်မဟုတ်ပဲ Gym ဆော့/Diet (Low carb/Keto) လုပ်နေသူတွေအတွက်လဲ အဆင်ပြေပါတယ်။
2.🏋️ Muscle တက်အောင် Protein ပိုစားချင်တဲ့သူတွေအတွက်
💪🏻 "Zero Carb : ပရိုတင်းပေါင်မုန့်"
✅ Carb လုံးဝမပါဝင်ဘဲ Protein နဲ့ချည်းပဲလုပ်ထားတယ်။
✅ Superfood တမျိုးဖြစ်တဲ့ နှမ်းကြတ်စေ့ (Flaxseed)ပါလို့ စားလိုက်ရင် နှမ်းနံ့သင်းသင်းလေးနဲ့၊ အားအင်လဲပြည့်စေမှာပါ။
3. 🍞 ပုံမှန်ကျန်းမာရေးလိုက်စားတဲ့သူတွေအတွက်
🌾 "Regular Carb : ကျန်းမာရေးပေါင်မုန့်"
🍞 ပုံမှန်ဂျုံပေါင်မုန့်ကိုမှ .. သကြား၊ အဆီတွေမပါဘဲ၊ သဘာဝတိုင်းပေါ့ပေါ့ပါးပါးနဲ့ Healthy Bread စားချင်တဲ့သူတွေအတွက်ပါ။
🌱 အူလမ်းကြောင်းအတွက်ကောင်းတဲ့ Prebiotic Fiber - အမျှင်ဓာတ်ပါ ဖြည့်စွက်ပေးထားလို့ အိမ်က ကလေးတွေရော လူကြီးတွေပါ တစ်မိသားစုလုံး ဘေးကင်းကင်းနဲ့ စားလို့ရပါတယ်။
💯 We always bake how we would make for our loved ones :
✅ ဘာလို့ Healthy Loaf က ပေါင်မုန့်တွေက နေ့စဉ်တွေ့မြင်နေကြ ပေါင်မုန့်တွေနဲ့ မတူတာလဲ? 👇🏻
🚫 ကျန်းမာရေးကို ထိခိုက်စေတဲ့ သကြား၊ ဓာတုကုန်ကြမ်း၊ Processed meat နဲ့ Transfat (မုန့်လုပ်ငန်းသုံးအဆီ)တွေ လုံးဝ (လုံးဝ) မပါဝင်ပါဘူး။
🧆 အမျှင်ဓာတ်၊ ကျန်းမာတဲ့အဆီ နဲ့ ပရိုတင်းအာဟာရတွေ ကြွယ်ဝတဲ့ သဘာဝအစေ့အဆန်တွေနဲ့ ပြုလုပ်ထားတယ်။
🧑⚕️ ဆီးချိုနဲ့ အာဟာရဆရာဝန်တွေကိုယ်တိုင် အချိုးအစား တွက်ချက်ထားတဲ့ မုန့်တွေမို့ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။ ✅
🚘 Delivery: အပတ်စဉ် ဗုဒ္ဓဟူးနေ့ နှင့် တနင်္ဂနွေနေ့တိုင်း ပို့ဆောင်ပေးပါတယ်။
👩👧👦 ဒါကြောင့် ချစ်ရတဲ့ မိသားစုကို ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိတဲ့ မနက်စာလေး ပြင်ဆင်ပေးဖို့အတွက် အခုပဲ
📩 Chat Box (သို့) 📞 09679977864 ကနေ မှာယူလို့ရပါပြီ။
✅ ကျန်းမာခြင်းဟာ လာဘ်တစ်ပါးဖြစ်တဲ့ အတွက်ကြောင့် မိမိရဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ဝေမျှ ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။
#ဆီးချို #ဂလူးကို့စ် #သွေးတွင်းအဆီ #ဆီးချိုဝေဒနာ #ဆီးချိုရောဂါ #အင်ဆူလင်
21/12/2025
🍞 ကျန်းမာရေးနဲ့ညီညွတ်တဲ့ပေါင်မုန့်ဆိုတာ မာမာကြမ်းကြမ်းကြီးဖြစ်ရမယ်လို့ ဘယ်သူပြောလဲ?
Bakery ကပေါင်မုန့်တွေအတိုင်း တကယ့်ကို အိစက်နေမယ့် "Ham & Cheese Soy Toast" လေး လာပါပြီ! 🧀🥓
ဒါပေမယ့် ကွာခြားချက်ကတော့ -
❌ သကြား လုံးဝ မပါဝင်ဘူး။
✅ ပဲနဲ့ အဓိကလုပ်ထားလို့ ပရိုတင်းဓာတ် (Protein) များပြီး ဗိုက်ပြည့်လွယ်တယ်။
✅ Low carb bread မို့ ဝိတ်ချနေသူတွေနဲ့ ဆီးချိုသမားများအတွက် အထူးသင့်လျော်တယ်။
✅ ကြက်သားပြားနဲ့ ချိစ်စစ်စစ်နဲ့ လုပ်ထားတယ်။
☕️ အချိန်မရတဲ့ မနက်ခင်းတွေမှာ ဖေဖေမေမေ တို့အတွက် ကော်ဖီလေးတစ်ခွက်နဲ့အတူ မနက်စာပြင်ပေးဖို့ ..
တစ်ချပ်တည်းနဲ့ အာဟာရပြည့်ပြီးအရသာရှိတဲ့ ပေါင်မုန့်အိအိလေး...စောင့်မျှော်ပေးကြပါဦးနော်!
#ဆီးချို #ဂလူးကို့စ် #သွေးတွင်းအဆီ #ဆီးချိုဝေဒနာ #ဆီးချိုရောဂါ #အင်ဆူလင်
19/12/2025
🍞 ပေါင်မုန့်အရမ်းကြိုက်တယ် … ဆီးချိုသွေးချိုကြောင့်ဖြစ်ဖြစ်၊ Diet လုပ်နေလို့ဖြစ်ဖြစ် ရှောင်နေရတဲ့သူတွေရှိလား?
Healthy Loaf ရဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိတဲ့ ပေါင်မုန့်အမျိုးအစား (၃)ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 👇🏻
1️⃣ ဆီးချိုပေါင်မုန့် - Diabetes Bread (Low Carb)
📉 ဆီးချိုရှိသူများ၊ မျိုးရိုးရှိလို့ ဆီးချိုမဖြစ်အောင် အချိုဓာတ်ထိန်းနေသူများအတွက် အထူးသင့်တော်ပါတယ်။
📉 ပုံမှန်ပေါင်မုန့်ထက် ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) ပါဝင်မှု ၇၅ % ပိုနည်းလို့ သွေးတွင်းသကြားဓာတ် တက်မှာကို စိတ်ပူစရာမလိုပါဘူး။
📉 Low carb diet စားနေသူတွေအတွက်လဲ သင့်လျော်ပါတယ်။
2️⃣ ပရိုတင်းပေါင်မုန့် - Protein Bread (Zero Carb)
💪🏻 ကာဗိုဟိုက်ဒရိတ် လုံးဝ(လုံးဝ) မပါဝင်ဘဲ Protein အသားဓာတ် ပိုပါဝင်ပါတယ်။ (တချပ် = 7g Protein)
💪🏻 ကြွက်သားတည်ဆောက်နေသူများ (Gym ကစားသူများ) နဲ့ Weight အမြန်ချလိုသူများအတွက် အကောင်းဆုံး Choice ဖြစ်ပါတယ်။
3️⃣ ကျန်းမာရေးပေါင်မုန့် - Healthy Bread (Regular Carb)
🌾 သကြား လုံးဝ(လုံးဝ) မပါဝင်ဘဲ သဘာဝအတိုင်း အကောင်းဆုံးကုန်ကြမ်းတွေနဲ့ပဲ လုပ်ထားပါတယ်။
🌾 အူလမ်းကြောင်းကျန်းမာရေးအတွက် အမျှင်ဓာတ် (Prebiotic Fiber) ပါ ဖြည့်စွက်ထားလို့ ကလေး၊ လူကြီးမရွေး ကျွေးလို့သင့်တော်ပါတယ်။
🤔 Healthy Loaf က ပေါင်မုန့်တွေက ဘာကွာခြားလဲ?
👉🏻 များသောအားဖြင့် Low carb Keto Snacks တွေက Carbohydrate နည်းပေမယ့် အဆီဓာတ် (Fat) ပါဝင်မှု အရမ်းများတတ်ပါတယ်။ Healthy Loaf ရဲ့ ပေါင်မုန့်တွေကတော့ အဆီဓာတ်အသင့်တင့်သာပါဝင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ် (Fiber) နဲ့ အသားဓာတ် (Protein) အာဟာရတွေ မျှတကြွယ်ဝပါတယ်။
👉🏻 ဓာတုဆေးဝါးလဲ ကင်းရှင်းပြီး၊ သဘာဝကုန်ကြမ်းတွေနဲ့ လုပ်ထားလို့ ကျန်းမာတဲ့မနက်စာလေးအဖြစ် စိတ်ချလက်ချ သုံးဆောင်နိုင်ပါတယ်နော်။ 👨👩👧👦
#ဆီးချို #ဂလူးကို့စ် #သွေးတွင်းအဆီ #ဆီးချိုဝေဒနာ #ဆီးချိုရောဂါ #အင်ဆူလင်
ဆီးချိုရှိတဲ့ အိမ်ကလူကြီးတွေကို ပေါင်မုန့်ကျွေးလို့ရလား?
🍞 ပုံမှန်ပေါင်မုန့်တချပ်မှာ ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) ၁၇ -၂၀ ဂရမ်လောက် ပါဝင်ပါတယ်။ 🍚 ထမင်းဖြူ ၆ဇွန်းခန့်နဲ့ ညီမျှပါတယ်။
👉🏻 ကျန်းမာရေးအတွက် ပိုကောင်းတယ်ဆိုတဲ့ ဂျုံကြမ်းပေါင်မုန့် တွေကရော?
⬆️ ပုံမှန်ပေါင်မုန့်ဖြူထက် အမျှင်ဓာတ်ပိုပါဝင်ပြီး၊ သကြားပါဝင်မှု ပိုနည်းတယ်။ ဒါပေမယ့် ကစီဓာတ်ပါဝင်မှု သိပ်မကွာတာမို့ သူလဲ သွေးချိုတက်စေပါတယ်။
🚫 ဒါကြောင့် ဆီးချိုထိန်းဖို့ဆို #သကြား လျှော့တာအပြင် ကာဗိုဟိုက်ဒရိတ်ပါ လျှော့စားပေးဖို့ လိုပါတယ်။
🤔 ဒါဆိုရင် ဆီးချိုရှိရင် ဘာမုန့်မှ စားလို့မရတော့ဘူးလား?
✅ ရပါတယ်။
✓ ကာဗိုဟိုက်ဒရိတ် နည်းမယ်။ (တစ်ခါစားလျှင် ၁၀ ဂရမ် အောက်)
✓ အမျှင်ဓာတ်နဲ့ ကျန်းမာတဲ့အဆီဓာတ်တွေ ပါမယ်။
🚫 သကြား (free sugars) မပါဘူးဆိုရင် သွေးချိုအရမ်းတက်မှာ စိတ်ပူစရာမလိုပါဘူး။
Healthy Loaf ကနေ မကြာခင်ရောင်းချပေးသွားမယ့် ပေါင်မုန့်လေးတွေကတော့
🧑⚕️ ဆီးချိုနဲ့ အာဟာရဆရာဝန်တွေကိုယ်တိုင် အချိုးအစား ညွှန်ကြားပေးထားတယ်။
🥪 တစ်ချပ်မှာ ကာဗိုဟိုက်ဒရိတ် ၅ ဂရမ်သာ ပါဝင်တယ်။
🧆 သဘာဝအစေ့အဆန်တွေပဲ သုံးထားလို့ အမျှင်ဓာတ်၊ ကျန်းမာတဲ့အဆီဓာတ် နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝတယ်။
🚫 အူလမ်းကြောင်းကို ထိခိုက်စေတဲ့ တာရှည်ခံဆေး၊ နုဆေး၊ ဆေးသကြားနဲ့ ဓာတုကုန်ကြမ်းတွေမပါဘူး။
🚫 သွေးကြောကျဥ်းစေတဲ့ မုန့်လုပ်ငန်းသုံးအဆီတွေမပါလို့
ကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာ စားသုံးလို့ရပါတယ်နော် 🙌🏻
👇🏻 "Nutrition Information" in Comment section below.
#ဆီးချိုပေါင်မုန့် #ဆီးချို #ဂလူးကို့စ် #သွေးတွင်းအဆီ #ဆီးချိုဝေဒနာ #ဆီးချိုရောဂါ #အင်ဆူလင်
ဆီးချိုဖြစ်တာနဲ့ အရသာရှိတဲ့မုန့်တွေ မစားရတော့ဘူးလား?
⬆️ နေ့စဥ်စားနေတဲ့ ထမင်း၊ ခေါက်ဆွဲ၊ သရေစာမုန့်အားလုံးက ဘာစားစား သွေးထဲသကြားဓာတ်တက်စေတာမို့ ကိုယ့်အိမ်သားထဲက တယောက်ယောက် ဆီးချိုဝင်သွားတာနဲ့ ဘာကျွေးလို့ကျွေးရမှန်းမသိတော့တာ ကြုံဖူးကြမှာပါ။
အထူးသဖြင့် နာမကျန်းဖြစ်တဲ့အချိန် ခံတွင်းပျက်နေတဲ့အချိန်ဆို ဆီးချိုအာဟာရမှုန့်တွေကလဲ အရသာမတွေ့တော့ လူကြီးတွေက ချိုတာလေး အရသာရှိတာလေးတွေ စားချင်ကြပါတယ်။
🚫 ဆီးချိုဖြစ်တာနဲ့ တသက်လုံး ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေအားလုံး စွန့်လွှတ်သွားရမယ့်နေထိုင်မှုပုံစံက ရေရှည်မှာတော်တော် ခက်ခဲပါတယ်။
🍞 Healthy Loaf စဖြစ်ခဲ့တာက ဒီရည်ရွယ်ချက်နဲ့ပါပဲ။
👨👩👧👦 အိမ်က ဆီးချိုရှိတဲ့လူကြီးတွေ သူတို့ကြိုက်တဲ့မုန့်လေးတွေကို ရှောင်စရာမလိုပဲ အရသာရှိတာလေးတွေ စားစေချင်လို့ သွေးချိုသိပ်မတက်အောင် စမ်းလုပ်ပေးဖြစ်ရင်းနဲ့ စဖြစ်ခဲ့တာပါ။
📣 Healthy loaf က သွေးထဲအချိုဓာတ်ထိန်းနိုင်ရုံတင်မဟုတ်ပဲ၊ အရသာလဲရှိ၊ အာဟာရလဲဖြစ်၊ ကျန်းမာရေးနဲ့လဲ ညီညွတ်အောင် သဘာဝကုန်ကြမ်းတွေပဲ သုံးပြီး ထုတ်လုပ်ထားတာမို့ ဆီးချိုရှိသူတွေ၊ ကိုယ်အလေးချိန်ထိန်းနေသူတွေ နဲ့ ကျန်းမာရေးလိုက်စားသူတွေအတွက် သတင်းကောင်းပါးပါရစေ။
#ဆီးချိုပေါင်မုန့် #ဆီးချို #ဂလူးကို့စ် #သွေးတွင်းအဆီ #ဆီးချိုဝေဒနာ #ဆီးချိုရောဂါ #အင်ဆူလင်
Click here to claim your Sponsored Listing.
Website
Address
Yangon
11051