Astro-Edifice
ဗေဒင်ပညာရပ်ဆိုင်ရာ ဗဟုသုတများ
ဟိုနေ့ကပြောခဲ့တဲ့ မွေးသက္ကရာဇ်ပိုင်ရှင်တွေကတော့
အချစ်ရေးမှာ တစ်နယ်တကျေးကလူတွေနဲ့ ငြိစွန်းတတ်ပြီး ပုဝါပါးကို ကြက်သားထုပ်တော့ စွန်းတတ်တယ်။ တစ်ရွာသားကို ရည်းစားလုပ်တော့ လွမ်းရတတ်တဲ့သူမျိုးတွေပါ။
အိမ်ထောင်ရေးကျတော့ အမျိုးသားတွေအနေနဲ့ လူရည်လည်တဲ့ အမျိုးသမီးမျိုးတွေနဲ့ အိမ်ထောင်ကျတတ်ပြီး အမျိုးသားတွေအနေနဲ့ တစ်ကိုယ်ကောင်းဆန်တဲ့အိမ်ထောင်ဖက်မျိုးကို ရတတ်တယ်။
အဓိကသတိထားရမှာတော့ လူပျို၊ အပျိုဖြစ်စအချိန်မှာ အနီးအနားက အိမ်ထောင်ရှိတဲ့သူတွေ၊ မုဆိုးဖို၊ မုဆိုးမတွေ၊ တစ်ခုလပ်တွေကနေ ဖျားယောင်းသွေးဆောင်တာကို လိုက်လျောမိပြီး လူပျိုရည်၊ အပျိုရည်ပျက်ရတတ်တယ်။
မိဘ အုပ်ထိန်းသူတွေမပါဘဲ အဝေးညအိပ်ခရီးမျိုးတွေ မသွားသင့်ဘူး။ သွားမိရင် အပေါင်းအသင်းတွေ ဇွတ်အောင်သွယ်ကြလို့ အားနာပြီး အိမ်ထောင်ကျသွားရတတ်တယ်။
လူမှုရေးကိစ္စတွေနဲ့ ရှုပ်ရှုပ်ထွေးထွေးဝါသနာပါလုပ်မိတဲ့သူတွေ အမည်ပျက်ရတတ်လ်ု့ သတိထားပါ။
ရွှေလှောင်တာ၊ ရေလုပ်ငန်းလုပ်တာမျိုးတွေ အကျိုးမပေးဘူး။
တနင်္ဂနွေသားသမီးတွေဆိုရင်
ကံကောင်းဂဏန်းက (၆)ဂဏန်း
ကံကောင်းသောနေ့ သောကြာနေ့
ကံကောင်းသောအရောင် လင်းလက်ရောင်၊ ရောင်ပြေးရောင်။
ပေါင်းသင်းရမည့်သူ သောကြာသားသမီးများနှင့် သ၊ဟဖြင့် အမည် စမှည့်ထားသူများ။
တနင်္လာသားသမီးတွေဆိုရင်
ကံကောင်းဂဏန်းက (၃၊၆၊၇၊၀)ဂဏန်း
ကံကောင်းသောနေ့ အင်္ဂါနေ့၊သောကြာနေ့၊စနေနေ့
ကံကောင်းသောအရောင် အနီရောင်၊ ကြက်သွေးရောင်၊အနက်ရောင်၊ အပြာရောင်၊ လင်းလက်ရောင်၊ ရောင်ပြေးရောင်။
ပေါင်းသင်းရမည့်သူ အင်္ဂါသားသမီးများနှင့်(စ၊ဆ၊ဇ၊ဈ၊ည)ဖြင့် အမည်စမှည့်ထားသူများ၊ သောကြာသားသမီးများနှင့် သ၊ဟဖြင့် အမည် စမှည့်ထားသူများ၊ စနေသားသမီးများနှင့် (တ၊ထ၊ဒ၊ဓ၊န)ဖြင့် အမည် စမှည့်ထားသူများ။
အင်္ဂါသားသမီးတွေဆိုရင်
ကံကောင်းဂဏန်းက (၇၊၀)ဂဏန်း
ကံကောင်းသောနေ့ စနေနေ့
ကံကောင်းသောအရောင် အနက်ရောင်၊ အပြာရောင်၊
ပေါင်းသင်းရမည့်သူ စနေသားသမီးများနှင့် (တ၊ထ၊ဒ၊ဓ၊န)ဖြင့် အမည် စမှည့်ထားသူများ။
ဗုဒ္ဓဟူးသားသမီးတွေဆိုရင်
ကံကောင်းဂဏန်းက (၅)ဂဏန်း
ကံကောင်းသောနေ့ ကြာသပတေးနေ့
ကံကောင်းသောအရောင် ပန်းရောင်၊ အ၀ါရောင်။
ပေါင်းသင်းရမည့်သူ ကြာသပတေးသားသမီးများနှင့် (ပ၊ဖ၊ဗ။ဘ၊မ)ဖြင့် အမည် စမှည့်ထားသူများ။
ကြာသပတေးသားသမီးတွေဆိုရင်
ကံကောင်းဂဏန်းက (၃၊၆)ဂဏန်း
ကံကောင်းသောနေ့ အင်္ဂါနေ့၊သောကြာနေ့
ကံကောင်းသောအရောင် အနီရောင်၊ ကြက်သွေးရောင်၊လင်းလက်ရောင်၊ ရောင်ပြေးရောင်။
ပေါင်းသင်းရမည့်သူ အင်္ဂါသားသမီးများနှင့်(စ၊ဆ၊ဇ၊ဈ၊ည)ဖြင့် အမည်စမှည့်ထားသူများ၊ စနေသားသမီးများနှင့် (တ၊ထ၊ဒ၊ဓ၊န)ဖြင့် အမည် စမှည့်ထားသူများ။
သောကြာသားသမီးတွေဆိုရင်
ကံကောင်းဂဏန်းက (၃၊၇၊၀)ဂဏန်း
ကံကောင်းသောနေ့ အင်္ဂါနေ့၊စနေနေ့
ကံကောင်းသောအရောင် အနီရောင်၊ ကြက်သွေးရောင်၊အနက်ရောင်၊ အပြာရောင်။
ပေါင်းသင်းရမည့်သူ အင်္ဂါသားသမီးများနှင့်(စ၊ဆ၊ဇ၊ဈ၊ည)ဖြင့် အမည်စမှည့်ထားသူများ၊ စနေသားသမီးများနှင့် (တ၊ထ၊ဒ၊ဓ၊န)ဖြင့် အမည် စမှည့်ထားသူများ။
စနေသားသမီးတွေဆိုရင်
ကံကောင်းဂဏန်းက (၅)ဂဏန်း
ကံကောင်းသောနေ့ ကြာသပတေးနေ့
ကံကောင်းသောအရောင် အ၀ါရောင်၊ ပန်းရောင်။
ပေါင်းသင်းရမည့်သူ ကြာသပတေးသားသမီးများနှင့် (ပ၊ဖ၊ဗ၊ဘ၊မ)ဖြင့် အမည် စမှည့်ထားသူများ။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ
ဆရာဇေယျာမိုး(ဝေဒဗိမာန်)
သင်ဗေဒင်ပညာကို စိတ်ဝင်စားပါသလား။
ဗေဒင်ပညာရပ်ဆိုတာက သင်မသိသေးတဲ့ သင့်အနာဂတ်ကို ကြိုသိနိုင်တဲ့ပညာရပ်ပါ။
ကဲ သင့်အနာဂတ် ကန့်လန်ကာကို ဖွင့်ကြည့်လိုက်ရအောင်။
အရင်ဆုံး သင်မွေးတဲ့သက္ကရာဇ်ကို အရင်သိထားရပါမယ်။
မြန်မာ့ရိုးရာဗေဒင်ပညာရပ်တွေဖြစ်တာကြောင့် မြန်မာသက္ကရာဇ်ကို သိထားရပါမယ်။
မြန်မာသက္ကရာဇ်မသိရင်လဲ အင်္ဂလိပ်ခရစ်နှစ်ကို တခါတည်း တွက်ပေးထားပါတယ်။
မြန်မာသက္ကရာဇ်၁၃၃၁(၁၇၊၄၊၁၉၆၉မှ၁၆၊၄၊၁၉၇၀အတွင်း)
မြန်မာသက္ကရာဇ်၁၃၃၈(၁၇၊၄၊၁၉၇၆မှ၁၆၊၄၊၁၉၇၇အတွင်း)
မြန်မာသက္ကရာဇ်၁၃၄၅(၁၇၊၄၊၁၉၈၃မှ ၁၆၊၄၊၁၉၈၄အတွင်း)
မြန်မာသက္ကရာဇ်၁၃၅၂(၁၇၊၄၊၁၉၉၀မှ၁၆၊၄၊၁၉၉၁အတွင်း)
မြန်မာသက္ကရာဇ်၁၃၅၉(၁၇၊၄၊၁၉၉၇မှ၁၆၊၄၊၁၉၉၈အတွင်း)
မြန်မာသက္ကရာဇ်၁၃၆၆(၁၇၊၄၊၂၀၀၃မှ၁၆၊၄၊၂၀၀၄အတွင်း)
မြန်မာသက္ကရာဇ်၁၃၇၃(၁၇၊၄၊၂၀၁၀မှ၁၆၊၄၊၂၀၁၁အတွင်း)မွေးဖွားသူတွေဖြစ်နေရင်တော့.....
မကြာမကြာလူလိမ်ခံရတတ်လို့ သတိထားပါ။
လူမှုရေးလုပ်ငန်းတွေမှာ အရမ်းဝါသနာပါသူတွေဖြစ်ပြီး လုပ်မိရင်လည်း ငွေကုန်သံပြာဖြစ်ရတတ်သူတွေပါ။
အပေါင်းအသင်းမမှားရန်အထူးသတိပြုပါ။
မိခင်၊ဖခင်တွေရဲ့ အကျိုးကျေးဇူးကို မခံစားရတတ်သူတွေဖြစ်တာကြောင့် သတိထားပါ။
ဖခင်ဖြစ်သူနဲ့ အတိုက်အခံဖြစ်ရတတ်တယ်။
ချမ်းသာတဲ့ ညီအစ်ကိုမောင်နှမတွေ ရှိတယ်။
ဒါပေမယ့် ကပ်စေးနဲတွေပါ။
ကြည့်ကောင်းတဲ့ရုပ်ရည်မျိုးရှိပြီး ပြင်ပြင်ဆင်ဆင်နေတတ်သူတွေပါ။
ကိုယ့်အနီးအနားကလူတွေကို အထင်ကြီးလို့မရဘဲ တစ်နယ်တကျေးကလူတွေနဲ့ ချစ်သူဖြစ်ရတတ်သူတွေပါ။
သတိထားသင့်တာက ချစ်သူနဲ့နယ်ကျွံပြီး တားဆေးတွေ စားမိရတတ်တာ၊ ဖျက်ချရတာမျိုးတွေ လုပ်မိတတ်သူပါ။
ဒါမျိုးလုပ်မိရင် သင်သေဆုံးရတတ်တာ၊ ဒုက္ခမျိုးစုံခံရတတ်တဲ့ဇာတာမျိုးတွေပါ။
သင့်အနေနဲ့ ဒီနှစ်ပိုင်းတွေမှာမွေးရင် ဒါမျိုးတွေ ကြုံရတတ်လို့ သတိပေးလိုက်ရတာပါ။
ဖတ်ကြည့်ပြီး ဝေဖန်အကြံပြုပေးကြပါလို့ တောင်းဆိုရင်း ဒီနေ့အတွက် ဒါလေးနဲ့အဆုံးသတ်လိုက်ပါတယ်။
ဆရာဇေယျာမိုး(ဝေဒဗိမာန်)
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
162 Street
Yangon
11211