VEGA Health Food Store

VEGA Health Food Store

Share

Multivitamins & Supplements မျိုးစုံကို လက်လီ/လက်ကား ဝယ်ယူရရှိနိုင်ပါပီရှင်

Photos from VEGA Health Food Store's post 15/06/2024

Clearance Sale‼️

One A Day Men 50+ ကို တန်တန်လေး ရမယ်နော်

💥 1️⃣ ဘူးပဲ ရှိတော့တာမို့ ဦးသူယူပါရှင်..💥

One A Day Men's 50+ 300Tabs
Price - 70,000ks
Expired - 12/2024

👨‍🦰👩 အသက် ၅၀ ကျော် အမျိုးသားရော အမျိုးသမီးပါသောက်သုံးနိုင်တဲ့

Mutivitamins နှင့် Minerals မျိုးစုံပါဝင်တဲ့

One A Day 50+ ကို နေ့စဉ်ပုံမှန် သောက်သုံးပေးမယ်ဆိုရင်------

✔ Vitamin D နဲ့ မက်ဂနီဆီယမ် ပါဝင်တဲ့အတွက် ကြွက်သားများကို သန်မာစေတယ်
✔ Vitamin B က နှလုံးကြွက်သားကို အားဖြည့်ပေးတယ် အမောဒဏ်ကို ခံနိုင်လာမယ်
✔ Zinc က ဦးနှောက် မှတ်ညဏ်ကို အားကောင်းစေတယ်
✔ Lutein နဲ့ ဗီတာမင် A,C,E က အမြင်အာရုံကောင်းစေတယ်

မှာယူလိုပါက chat box ကတဆင့်အမည်၊ ဖုန်းနံပါတ်၊ လိပ်စာ လေး ချန်ထားပေးပါနော်... ဆက်သွယ်ပေးပါမယ်ရှင်...

ဝယ်ယူအား‌ပေးသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်...❤️❤️❤️

Photos from VEGA Health Food Store's post 14/06/2024

Health Tips 💕

အဖြစ်များသော လေးဘက်နာ ရောဂါများ
၁။အရေပြားလေးဘက်နာ (SLE)
၂။သွေးလေးဘက်နာ (RA)
၃။နှလုံးလေးဘက်နာ
၄။အရေပြားထူလေးဘက်နာ (Scleroderma)

အရေပြားလေးဘက်နာ (SLE)
အရေပြားလေးဘက်နာ (SLE)သည် အရိုးအဆစ်ရောဂါ တင် မဟုတ်ဘဲ ခန္ဓာကိုယ် အနှံ့ ရောင်ရမ်းသော ရောဂါတစ်မျိုးဖြစ်သည်။ အရေပြားလေးဘက်နာရောဂါ ဖြစ်ပေါ်ပုံမှာ ခန္ဓာကိုယ်၏
တုန့်ပြန်မှု ပုံမမှန်ခြင်း ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင် ပုံမှန်အားဖြင့် ပဋိပစ္စည်း ဟုခေါ်သော Antibodies များ ရှိပါသည်။ ထို ပဋိပစ္စည်း ဟုခေါ်သော Antibodies များ၏တာ၀န် မှာ
ခန္ဓာကိုယ် အတွင်းသို့၀င်ရောက် လာသော ဘတ်တီးရီးယား ဗိုင်းရပ်စ် များ နှင့် အခြားသော ပိုးမွှားများ ကို တိုက်ခိုက် ချေမှုန်း သော တာ၀န် ဖြစ်ပါသည်။ အရေပြားလေးဘက်နာ (SLE) ရောဂါ ရှင်များတွင်မူ ထို ပဋိပစ္စည်း ဟုခေါ်သော Antibodies များသည် ပုံမမှန် မှုဖြစ်ပေါ်ပြီး မိမိ ခန္ဓာကိုယ် မှတစ်ရှုး များ အင်္ဂါ များ ကို ပြန် လည် တိုက် ခိုက်ခြင်းဖြင့် ခန္ဓာကိုယ် အနှံ့ ရောင်ရမ်းခြင်းများဖြစ်ပေါ်စေပါသည်။

လက္ခဏာများမှာ
၁။ လက်ဆစ်များရောင်ရမ်း ကိုက်ခဲခြင်း
၂။ မနက်အိပ်ရာထထခြင်းတွင် တင်း၍အ ကွေး အဆန့် ခက်ခဲခြင်း
၃။ နေရောင်ထဲထွက်လျှင် မျက်နှာပေါ်တွင် အနီကွက်များထွက်လာခြင်း
၄။ ပါးစပ်တွင် အနာများပေါက်ခြင်း
၅။ဆံပင်ကျွတ်ခြင်း
၆။ရေကိုင်လျှင် လက်များဖြူ၍ ကိုက်လာခြင်း
၇။ကိုယ်၀န်မကြာခဏပျက်ကျခြင်း

တစ်ကိုယ်လုံးကိုက်ခဲသော ရောဂါဖြစ်သည့်အားလျော်စွာ နောက်ဆက်တွဲ ပြသနာ များ အဖြစ် ကျောက်ကပ်ရောင်ရမ်းခြင်း၊ နှလုံးနှင့်နှလုံးအမြှေးရောင်ရမ်းခြင်း၊
အဆုတ်နှင့် အဆုတ်အမြှေးရောင်ရမ်းခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း ခြင်ဆီအားနည်းခြင်းတို့ဖြစ်နိုင်ပါသည်။

အရေပြားလေးဘက်နာ ရောဂါသည် သက်လတ်ပိုင်းအမျိုးသမီးများတွင် အဖြစ်များသောကြောင့် သေသေချာချာ မကုသဘဲထားပါက အသက်ငယ်ငယ်ရွယ်ရွယ် နှင့် ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်ဆေးရခြင်း၊ ကျောက်ကပ်လဲရခြင်း စသည်တို့ဖြင့်ငွေကုန်ကြေးကျများရုံသာမက ကျောက်ကပ်ကုသမှုများ၏ နောက်ဆက်တွဲ ပြသနာများကြောင့်ပင် သေဆုံးခြင်းဖြစ်ပေါ်တတ်ပါသည်။
ထို့ကြောင့် မိမိ လက်ဆစ် ခြေဆစ် များ ကိုက် သည်ဖြစ်စေ၊ ရောင် ရမ်း နေသည်ဖြစ်စေ၊ တင်း နေ ပြီးကွေးလို့ ဆန့် လို့ မကောင်းသည်ဖြစ်စေ ၊ ဖော်ပြထားသော လက္ခဏာ တစ်ရပ်ရပ် ရှိ သည် ဖြစ်စေ တတ်ကျွမ်းသော အရိုး အကြော အထူးကု သမား တော် နှင့် အမြန်ပြသတိုင်ပင်သင့်ပါသည်။

သွေး လေးဘက်နာရောဂါ(RA)

သက်ကြီးပိုင်းများတွင် အတွေ့များလေ့ရှိသော လက်များပုံပျက်ကောက်ကွေး နေသည့် ရောဂါ ၏အစမှာ သွေး လေးဘက်နာရောဂါဖြစ်ပါသည်။ ရောဂါဖြစ်ပေါ်ပုံ မှာ မျိုးရိုးလိုက်ခြင်း နှင့် ပြင်ပ မှ ဘတ်တီးရီးယား များ၊ ဗိုင်းရပ်စ် ပိုးများ ၀င် ရောက် လာခြင်း နှင့် ဆေးလိပ် သောက် ခြင်း တို့ နှင့် ဆက်စပ် လျက် ရှိသည် ဟု ယူဆထားပါသည်။ ထိုသို့ ပြင်ပလှုံ့ဆော် မှုများ ကြောင့် ခန္ဓာကိုယ် မှ ခုခံကာကွယ် သော ဆဲလ် များ ၊ ရောင် ရမ်း ဓာတ် များ ထွက် ခြင်း တို့ ဖြစ်ပေါ် ပြီးလက် ဆစ် ခြေ ဆစ် များ ရောင် ရမ်း ခြင်း ၊ ခိုင် သွားခြင်း ၊ ဆက်သွားခြင်း တို့ဖြစ်ပေါ်ပါသည်။

လက္ခဏာများမှာ
၁။ လက်ဆစ်များရောင်ရမ်း ကိုက်ခဲခြင်း
၂။ မနက်အိပ်ရာထထခြင်းတွင် တင်း၍အ ကွေး အဆန့် ခက်ခဲခြင်
၃။ လက်ဆစ်နှင့် တံတောင်ဆစ်များတွင် အလုံးများပေါ်လာခြင်း
၄။ အသက်ရှုမဝခြင်း
၅။ လက်များထုံကျင်ခြင်း

သွေးလေးဘက်နာသည်အရိုးအဆစ်များသာမက အရွတ်များ၊ ကြွက်သား တစ်ရှုးများနှင့် အခြားသောခန္ဓာကိုယ် အစိတ် အပိုင်းများပါ ရောင်ရမ်းခြင်းတို့ဖြစ်စေတတ်သော ကြောင့်
မိမိ လက်ဆစ် ခြေဆစ် များ ကိုက် သည်ဖြစ်စေ၊ ရောင် ရမ်း နေသည်ဖြစ်စေ၊ တင်း နေ ပြီးကွေးလို့ ဆန့် လို့ မကောင်းသည်ဖြစ်စေ ၊ ဖော်ပြထားသော လက္ခဏာ တစ်ရပ်ရပ် ရှိ သည် ဖြစ်စေ တတ်ကျွမ်းသော အရိုး အကြော အထူးကု သမား တော် နှင့် အမြန်ပြသတိုင်ပင်သင့်ပါသည်။

အရေပြားထူလေးဘက်နာ(scleroderma)

အရေပြားထူလေးဘက်နာ ရောဂါဖြစ်ပေါ်ပုံ မှာ အထက်ဖော်ပြပါရောဂါများကဲ့သို့ပင်ခန္ဓာကိုယ် မှ ခုခံကာကွယ် သော ဆဲလ် များ ၊ ရောင် ရမ်း ဓာတ် များ ထွက် ခြင်း တို့ ဖြစ်ပေါ် ပြီး ထို ဆဲလ်များ အရေပြားတွင်း ၀င်ရောက်ခြင်း ကြောင့်အရေပြား များ ထူလာခြင်း၊ မာလာခြင်း၊ သွေးကြောများအတွင်း ၀င်ရောက် ခြင်း ကြောင့် သွေးကြောနံရံများ ရောင် ရမ်း ခြင်း ၊ထူလာခြင်းတို့ဖြစ်လာပြီး သွေးစီးမှုလျော့နည်း လာရာမှ လက်ဖျားခြေဖျားထိပ်များသွေးငတ်ခြင်း ကြောင့် အနာများဖြစ်ခြင်း၊ ပုတ်၍ပြတ်ကျခြင်းတို့ဖြစ်စေပါသည်။

လက္ခဏာများမှာ
၁။ လက်ဆစ်များရောင်ရမ်း ကိုက်ခဲခြင်း
၂။ မနက်အိပ်ရာထထခြင်းတွင် တင်း၍အ ကွေး အဆန့် ခက်ခဲခြင်း
၃။ ရေကိုင်လျှင် လက်များဖြူ၍ ကိုက်လာခြင်း
၄။ အရေပြားများထူ၍ တင်းလာခြင်း
၅။ အစာမျိုရခက်ခဲခြင်း
၆။ အသက်ရှုမဝြခင်း
၇။ လက်ထိပ်ခြေထိပ်တွင် အနာများဖြစ်ပြီး မကျက်ခြင်း
၈။ သွေးတိုးခြင်း

အဆိုးဆုံးအနေဖြင့် ခန္ဓာကိုယ် နေရာ အနှံ့ ရောင် ရမ်းရာမှ ကျောက်ကပ်ပျက်စီးခြင်း၊ အဆုတ် ပျက်စီးခြင်း အပြင် လက်ထိပ် ခြေထိပ်မှအနာများကိုရောဂါမသိဘဲ ကုသနေခြင်း
ကြောင့် ခြေချောင်း လက်ချောင်းကလေးများ မလိုအပ်ဘဲ ဖြတ်ရခြင်းတို့ဖြစ်တတ်ပါသည်။
ထို့ကြောင့် မိမိ လက်ဆစ် ခြေဆစ် များ ကိုက် သည်ဖြစ်စေ၊ ရောင် ရမ်း နေသည်ဖြစ်စေ၊ တင်း နေ ပြီးကွေးလို့ ဆန့် လို့ မကောင်းသည်ဖြစ်စေ ၊ ဖော်ပြထားသော လက္ခဏာ တစ်ရပ်ရပ် ရှိ သည် ဖြစ်စေ တတ်ကျွမ်းသော အရိုး အကြော အထူးကု သမား တော် နှင့် အမြန်ပြသတိုင်ပင်သင့်ပါသည်။

နှလုံးလေးဘက်နာ သို့မဟုတ် ပိုးလေးဘက်နာ

နှလုံးလေးဘက်နာ သည် ဆယ်ကျော်သက် ကလေးများတွင် အဖြစ်များလေ့ ရှိပြီး ပိုး လေးဘက်နာ ဟုလည်း လူသိများပါသည်။ လူသိများသော လေးဘက်နာဖြစ်ပြီး လေးဘက် နာ ဟုဆိုလျှင် A*O ပိုးကောင်ရေပြေးစစ်ကြပြီး ပိုး လေးဘက်နာ ဟုပင်ထင်လေ့ ရှိကြပါသည်။

လက္ခဏာများမှာ
၁။ ဖျားခြင်း
၂။ လည်ချောင်းနာခြင်း
၃။ ရင်တုန်ခြင်း
၄။ ရင်ဘတ်အောင့်ခြင်း
၅။ အသက်ရှုမဝြခင်း
၆။ ခြေ၊ လက် ( အများအားဖြင့် လက်ကောက်၀တ်၊
တံတောင်၊ပုခုံး၊ ခြေချင်း၀တ် နှင့် ဒူး) ကိုက်ခြင်း တို့အဖြစ်များပါသည်။

လည်ချောင်းနာခြင်းကိုဖြစ်စေသော ပိုး(Streptococcal)မှတစ်ဆင့်ဖြစ်ပွားတတ်ပြီး အဆိုပါ ပိုးသည် ပိုးသတ်ဆေး ရေ ရှည် စွဲမသောက်ပါက နှလုံး အဆို့ရှင် ပျက်စီးခြင်းကိုဖြစ်ပေါ် စေပါသည်။ နှလုံးအဆို့ရှင် ပျက်စီး ခြင်းသည် ရောဂါပိုး ကြောင့်တိုက်ရိုက်ပျက်စီးခြင်းမဟုတ်ဘဲ ထို ရောဂါပိုး ကို တိုက်ခိုက်ရန် ခန္ဓာကိုယ် မှ ခုခံတုန့်ပြန်မှု ဆဲလ် များ ထွက်ပေါ်လာပြီး ထို ဆဲလ် များသည် နှလုံး ကြွက်သား များ အဆစ် များ တစ်ရှုးများ ကို တိုက်ခိုက်ရာမှ နှလုံးကြွက်သား ရောင်ရမ်း ခြင်း ၊ အရိုးအဆစ်များကိုက်ခြင်းတို့ဖြစ်စေပါသည်။ နှလုံးအဆို့ရှင်သည် ဆယ်နှစ် ဆယ့်ငါး နှစ် ကျော်မှ ဖြစ် တတ်ပြီး ငယ်စဉ်က ပိုး၀င်၀င်ချင်း သေချာ ကုသမှုမခံယူခဲ့ခြင်း ကြောင့်ဖြစ် ပြီး အဆို့ရှင် ပျက်စီးသော အခါ မှ ဆေး သောက် ၍ မရတော့ဘဲ ခွဲစိတ် မှုများလိုအပ်လာရပါသည်။ နှလုံးအားခွဲစိတ် ရသည့်အားလျော်စွာ အန္တရာယ် များရုံသာမက ငွေကုန်ကြေးကျလည်း အလွန်များနိုင်ပါသည်။

အထက်ဖော်ပြပါ လေးဘက်နာ ရောဂါခံစားနေရသူများ အနေဖြင့် မိမိရောဂါအကြောင်း သိရှိကြပြီး လက္ခဏာ ခံစားနေရသူများလည်းမပေါ့လျော့ကြစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

Photos from VEGA Health Food Store's post 04/01/2024

Expired Date နီးလေးတွေ တန်တန်လေးနဲ့ရမယ်နော်....

🍊 Vitamin C 500mg 500Tablets
✅ Exp. 1/2024 >> Limited stock
❤️ 10,000ks.

🌞 Kirkland D3 2000iu 50mcg 600Softgels
✅ Exp. 4/2024 >> Limited stock
✅ 25,000ks.

အရေအတွက် အနည်းငယ်ပဲ ကျန်တော့တာမို့ ဦးသူရပါမယ်‌နော်...

အလုံး အရေအတွက် များများ ပါတာမို့ တစ်အိမ်လုံး မျှသောက်လဲရသလို ၂ ယောက်စပ်ပြီး ဝယ်ရင်တောင် အရမ်းကို တန်နေပါပြီ 😍

မှာယူလိုပါက chat box ကတဆင့်အမည်၊ ဖုန်းနံပါတ်၊ လိပ်စာ လေး ချန်ထားပေးပါနော်... ဆက်သွယ်ပေးပါမယ်ရှင့်...

ဝယ်ယူအား‌ပေးသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်...❤️❤️❤️

Photos from VEGA Health Food Store's post 04/01/2024

Mutivitamins နှင့် Minerals မျိုးစုံပါဝင်တဲ့ Centrum အားဆေးဘူးလေးတွေကို

ငွေဈေးတက်နေပေမယ့်လည်း အဆင်ပြေအောင် အတတ်နိုင်ဆုံး ဈေးလျှော့ပေးထားတာမို့ လက်ဦးထားမှ ဖြစ်မှာနော် 😍

💥 Centrum Silver Adults 425 Tabs
✅ Exp - 12/2024
✅ 89,000ks.

Centrum Silver Adults 50+ 325 Tabs
✅ Exp - 4/2025
✅ 93,000ks.

💥 Centrum Silver Women 50+ 275Tabs
✅ Exp - 3/2025
✅ 93,000ks

💥 Centrum Silver Men 50+ 275Tabs
✅ Exp - 12/2024
✅ 89,000ks.

💯 Authentic
🇺🇸 USA

Multivitamins & Minerals မျိုးစုံပါဝင်တဲ့ အားဆေးဘူးလေးတွေကို ကိုယ်တိုင်ပဲသောက်သောက် လက်ဆောင်ပဲပေးပေး အရမ်းသင့်တော်တယ်ပါရှင့် 💕

🍀 Centrum ဟာ 24 micronutrients အာဟာရဓါတ်မျိုးစုံ ပါဝင်တာကြောင့် လိုအပ်တဲ့ Vitamins တွေကို ဖြည့်စွက်ပေးတဲ့ အားဆေးကောင်းလေးပဲ ဖြစ်ပါတယ်....

နေ့စဥ် တစ်နေ့ ၁-လုံးသောက်သုံးပေးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့---

✔ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးတယ်။
✔ ပုံမှန် ဦးနှောက်လုပ်ဆောင်မှုကို ပံ့ပိုးပေးတယ်။
✔ သက်ကြီးရွယ်အိုများတွင် ကျန်းမာသောမျက်ကြည်လွှာကိုလည်း ထိန်းသိမ်းပေးတယ်။
✔ အရိုး သန်မာစေတယ်။
✔ သက်ကြီးသူများ မှတ်ဥာဏ်အား အသုံးပြုနိုင်ဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

သွေးတွင်းသကြားဓါတ်ကို မြင့်စေတဲ့ ကစီဓါတ် Gluten မပါဝင်လို့ ဆီးချိုသမားတွေလည်း စိတ်ချလက်ချ သောက်လို့ရပါတယ်👌

မှာယူလိုပါက

Chatbox: m.me/VEGA.NutritionForLife မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

ရန်ကုန်၊ မော်လမြိုင် နှင့် အခြားသော နယ်မြို့များသို့ အိမ်အရောက်ငွေချေစနစ် CoD ဖြင့် ပို့ဆောင်ပေးပါတယ်ရှင့်

mbanking နဲ့ လက်ခံပေးပါတယ်ရှင့်
🚫 % လုံးဝ မယူပါ 🚫

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mingalartaungnyunt Township
Yangon
11221

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00