Knowledge Sharing with SoneSone
Welcome to my page…
Hello
အားလုံးပဲ နေကောင်းကျန်းမာကြလားရှင့်
ဒီနေ့မှာတော့ အလုပ်လုပ်တဲ့အခါ စိတ်ခံစားချက်တွေကို ထိန်းသိမ်းနိုင်အောင် လေ့ကျင့်ထားဖို့နဲ့ပတ်သတ်ပြီး ပြောပြပေးချင်တယ်။
လုပ်ငန်းခွင်တွေမှာ ကိစ္စတခုခု တိုင်ပင်ဆွေးနွေးကြတဲ့အခါ တခါတလေမှာ ကိုယ့်ရဲ့အမြင်တွေက တခြားသူတွေနဲ့ ကိုက်ညီမနေတာတွေကြုံရတက်ပါတယ်။အဲ့လိုအခြေနေမျိုးတွေကြုံလာတဲ့အခါ စိတ်ထဲတေးမှတ်ပြီး ဆွေးနွေးပွဲပြင်ပကိုယူမလာမိဖို့ လိုပါတယ်။အကယ်၍ ယူလာမိနေရင်တော့ အဲ့စိတ်ကို အချိန်မှီပြင်လိုက်ပါနော်။
အားလုံးပဲကောင်းမွန်တဲ့လုပ်ငန်းခွင်ကိုပိုင်ဆိုင်နိုင်ကြပါစေရှင့်👑👑👑
Bye Bye Guys!!
See you next post.
ခု ပေါ်ပြူလာဖြစ်နေတဲ့ အသက်အရွယ်အပေါ် ခွဲခြားဆက်ဆံသလိုသုံးနှုန်းထားတဲ့ ကိစ္စကိုကြည့်ပြီးလုပ်ငန်းခွင်မှာလည်း ဖြစ်တက်တာလေးတွေကို sharing လေး လုပ်ပေးချင်တာရှိပါတယ်
တခါတလေ လက်တွေ့လုပ်ငန်းခွင်တွေမှာ ကိုယ့်ရဲ့ အထက်လူကြီးက ကိုယ့်ထပ် အသက်ငယ်နေတာမျိုးတွေကြုံရတက်ပါတယ် အဲ့လိုအခြေနေမျိုးမှာ ကိုင်တွယ်ဆက်ဆံပြုမူပုံတွေက အရေးကြီးလှပါတယ်
ကိုယ်ထပ်ငယ်နေလို့ ကိုယ်လောက်မသိပါဘူးဆိုတဲ့ အပြုမူနဲ့ဆက်ဆံလို့မရသလို အထက်လူကြီးဖြစ်တဲ့သူကလည်း ငါထပ်အသက်ကြီးပြီး အသုံးမကျလို့ငါ့လက်အောက်ရောက်နေတယ်ဆိုတဲ့စိတ်နဲ့ မလေးမစားဆက်ဆံလို့မရပါဘူး။ အပြန်အလှန်လေးစားမှုနဲ့ဆက်ဆံမှသာ တန်ဖိုးရှိတဲ့ လူမှု့ပတ်ဝန်းကျင်တခုဖြစ်လာမှာပါ။
အရာရာတိုင်းမှာတန်ဖိုးဆိုတာရှိပါတယ်။
အသက်အရွယ်နဲ့လိုက်ပြီး အသိပညာကို အကဲဖြတ်လို့မရသလို ခွဲခြားဆက်ဆံမှုလည်း လုပ်လို့မရပါဘူး
အဲ့လိုလုပ်မယ်ဆိုရင်တော့ လူ့အဖွဲ့စည်းမှာ ရိုင်းစိုင်းတဲ့သူအဖြစ် သတ်မှတ်ခံရမှာပါ။
👑👑👑
Bye Bye Guys!
See you next post.
13/01/2026
နောက်ထပ်ကတော့ အစမ်းခန့်ကာလ နဲ့ပတ်သတ်ပြီး sharing လေး လုပ်ပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးပါဦးရှင့်
👑👑
Stay tuned .💡💡
13/01/2026
နောက်ထပ် sharing လုပ်ပေးချင်တာလေးကတော့ orientation ဆိုတာပဲဖြစ်ပါတယ်
CV screening တို့ Interviewတို့ အဆင့်ဆင့်ကျော်ဖြတ်ပြီးတဲ့အခါမှာ လုပ်ငန်းခွင် သို့ ဝင်ရောက်ပြီဆိုပါက ကုမ္ပဏီဘက်ကနေ မဖြစ်မနေလုပ်ကြတဲ့ အရာတခုရှိပါတယ် အဲ့တာ ကတော့ New member orientation ပဲဖြစ်ပါတယ်
Company နဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်တွေ ဝန်ထမ်းတယောက်အနေနဲ့ သိထားရမယ့် အချက်တွေ လိုက်နာရမယ့် စည်းမျဥ်း စည်းကမ်းတွေ ကုမ္ပဏီဘက်မှာ ထောက်ပံ့မှုတွေနဲ့ ကုမ္ပဏီရဲ့ ပေါ်လစီတွေကို အသေးစိတ်ပြောပြခြင်း ပဲဖြစ်ပါတယ် (ကုမ္ပဏီပေါ်တူတည်၍ကွဲပြားမှုရှိနိုင်သည်)
အဲ့လိုအချိန်မှာတော့ ဝန်ထမ်းအနေနဲ့ သေချာစွာအသေးစိတ်မှတ်သားပြီး နားမလည်တာမျိုးရှိပါက မေးမြန်းနိုင်သလို ကုမ္ပဏီဘက်မှ တာဝန်ရှိသူကလည်း ထိုအချိန်တွင် သေချာပြန်လည်ဖြေကြားပေးမှာဖြစ်ပါတယ် ရှင်းပြသည့်အချိန်မှာ သတိမထားတာမျိုး စိတ်ဝင်စားမှု မရှိသလို အပြုမူ အမူရာများကိုလည်း မလုပ်မိအောင် သတိထားဖို့ လိုအပ်ပါတယ် ထိုအချိန်ကို ကျော်လွန်ပြီးမှ အသေးစိတ်မေးမြန်းနေမယ်ဆိုရင်တော့ မိမိက သေချာပေါက် အစမ်းခန့် ကာလမှာ အမှတ်လျော့နိုင်ပါတယ် ဆိုတော့ သေချာသတိထားပြီး ရှင်းပြတာများကို လိုက်မှတ်ဖို့ လိုပါမယ်နော်
ဖတ်ကြည့်ပြီး အနည်းငယ်အထောက်ကူဖြစ်တယ်ဆို like & share လေး လုပ်ခဲ့ပေးပါဦးရှင့်
👑👑
Bye Bye Guys!!
See you next post.
13/01/2026
နောက်ထပ် post မှာတော့ orientation နဲ့ပတ်သတ်တဲ့ knowledge လေးတွေ sharing လုပ်ပေးသွားပါမယ်ရှင့်
👑👑
Bye Bye Guys!!
See you next post.
13/01/2026
ဒီ Pageရဲ့ နောက်ထပ် post အနေနဲ့ကတော့ Interview နဲ့ ပတ်သတ်တာကို sharing လုပ်ပေးချင်ပါတယ်ရှင့်
ကိုယ့်ကို အလုပ်ရှင်ဘက် အင်တာဗျူးခေါ်လာပြီဆိုရင်တော့ မဖြစ်မနေ သိထားသင့်ပြီး လုပ်ဆောင်သင့်တဲ့အချက်လေးတွေရှိပါတယ်
အဲ့တာတွေကတော့
🚌ပထမအချက်အနေနဲ့ ကိုယ်သွားရမယ့် ကုမ္ပဏီ လိပ်စာနဲ့ ဖြစ်နိုင်ရင် အင်တာဗျူးနေ့ မှာ တာဝန်ခံအနေနဲ့ လုပ်ဆောင်မယ့် သူရဲ့ ဖုန်းနံပတ်ပါ သေချာသိဖို့လိုပါတယ်
လိပ်စာကိုယ်လည်း အတိအကျ အသေးစိတ် မေးမြန်းဖို့ လိုအပ်ပါတယ် အသေးစိတ်မေးတဲ့အခါမှာ သတိထားရမှာကတော့ ကိုယ်က ဘယ်မှာနေတာဖြစ်ပြီး ဘယ်လိုလာရမယ် မသိကြောင်းနဲ့ ကုမ္ပဏီရှိတဲ့နေရာကို အတွင်းကျကျကြီးမမေးမိဖို့တော့ လိုပါမယ် မေးလို့ မရဘူးလားဆိုတော့ ရပါတယ် ဒါပေမဲ့ ကုမ္ပဏီဘက်ကနေ ကြည့်မယ်ဆိုရင် နောက်တချိန် ဝန်ထမ်းဖြစ်လာနိုင်မယ့်သူက တခြားသူအပေါ် အားကိုးလွန်းတယ်လို့ မြင်နိုင်ပါတယ် ကိုယ်ရဲ့ အားစိုက်ထုတ်မှုမရှိဘူး ဆိုပြီးလည်း မှတ်ချက်ပြုသွားနိုင်တာကြောင့်ပါ
⏰ဒုတိယအချက်အနေနဲ့ကတော့ အင်တာဗျူး အချိန်ပါ
အင်တာဗျူးအချိန်ထပ် နာရီဝက်လောက်စောရောက်နေတာကတော့ အသင့်တော်ဆုံးပါ အကယ်၍ နာရီဝက်လောက် မရောက်နိုင်ရင် ၁၅မိနစ်လောက်စော ရောက်ဖို့ မဖြစ်မနေလိုအပ်ပါတယ် အင်တာဗျူးချိန် နောက်ကျမယ်ဆိုရင်လည်း ကြိုတင် အကြောင်းကြားဖို့ လိုပါမယ် (မဖြစ်မနေလိုအပ်တာပါ)
🤝တတိယအချက်ကတော့ နှုတ်ဆက်စကားနဲ့ ကိုယ်နေ ကိုယ်ထားပါ
အင်တာဗျူးအခန်းထဲမဝင်ခင်မှာ တံခါးခေါက်ပါ မထိုင်ခင်မှာ အင်တာဗျူးမယ့်အဖွဲ့ဝင်များကို နှုတ်ဆက်ပါ
ကိုယ်နေ ကိုယ်ထားကတော့ ပျင်းရိလေးတွဲသည့် အနေထားနဲ့ မထိုင်ဖို့ လိုအပ်ပါတယ်
အင်တာဗျူးပြီးလို့ ပြန်သည့်အချိန်တွင်လည်း ဒီတိုင်းထထွက်လာတာမဟုတ်ပဲ အချိန်ပေးပြီး အင်တာဗျူးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ မိမိထိုင်သည့်ထိုင်ခုံများကို နေရာတကျ ပြန်ထားခဲ့ဖို့ လိုပါတယ်
💡💡ပြောပြပေးခဲ့တဲ့ အချက်တွေကတော့ မဖြစ်မနေလိုက်နာဖို့ လိုတဲ့အချက်များဖြစ်ပါတယ်
ဖတ်ကြည့်ပြီး knowledge တခုခုကျန်ခဲ့မယ်လို့ ထင်ပါတယ်နော် တခြားသူများအတွက်လည်း Like & share လည်း လုပ်ပေးခဲ့ပါဦးရှင့်
👑👑
See you next post.
Bye Bye Guys !!
13/01/2026
ဒီ pageရဲ့ ပထမဆုံး post အနေနဲ့ CV form ရေးတာနဲ့ပတ်သတ်ပြီး knowledge sharing လေး လုပ်ချင်ပါတယ်
CV form ဆိုတာကတော့ ပုံမှန်အားဖြင့် အလုပ်လျှောက်တဲ့နေရာမှာ အသုံးပြုကြတာပဲဖြစ်ပါတယ်
အလုပ်တခုစတင်ဖို့ အတွက် အရေးကြီးတဲ့အချက်တွေထဲမှာ CV formဟာလည်း အရေးကြီးတဲ့အစိတ်ပိုင်းတခုဖြစ်ပါတယ်
ကုမ္ပဏီတော်တော်များများကတော့ ရွေးချယ်ရမယ့်ရာထူးနေရာတွေခေါ်တဲ့အခါ ပထမဆုံးလုပ်ဆောင်ကြတာကတော့ CV screeningဖြစ်ပါတယ် ဆိုတော့ မိမိရဲ့ CVက ဖြစ်သလိုဖြစ်နေမယ် အချက်အလက်တွေမပြည့်စုံဘူး ပညာရေးနဲ့ပတ်သတ်တာတွေ အလုပ်အတွေ့ကြုံရှိသူဆိုလည်း အတွေ့ကြုံတွေက သိသာမနေတာမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ CV formဟာ ပထမအဆင့် မှာတင် ပယ်ချခံရနိုင်ချေရှိပါတယ်
မျက်နှာမမြင်ရခင် ကိုယ့်ရဲ့ ပထမဆုံး expression ကတော့ CV form ပဲဖြစ်ပါတယ်
မြင်လိုက်တာနဲ့ ကုမ္ပဏီဘက်က လိုအပ်တဲ့အချက်လက်တွေပြည့်စုံနေမယ်ဆိုရင်တော့ နောက်တဆင့်ကို ပါဖို့က အသေချာပါပဲ
များသောအားဖြင့် ကုမ္ပဏီတွေက ဘာတွေကြည့်တက်လဲဆိုတာကို အခြေခံ ကျကျအချက်တွေထဲက သိသလောက် ပြောပြပေးချင်ပါတယ်
🪪အမည် ဒါကတော့ လူတိုင်းသိနေတဲ့ အချက်ပါ ဒါပေမဲ့ သတိမထားမိနိုင်တာကတော့ စာလုံးပေါင်းပါ ကိုယ့်နာမည်ပဲ သေချာပေါင်းမှာပေါ့လို့ တွေးကြလိမ့်မယ် တခါတလေမှာ သတိမထားမိတာတွေက အမှားဖြစ်တက်ပါတယ် သတိထားဖို့ပါ
💾အသက်ကတော့ လက်ရှိရောက်နေတဲ့ အသက်ကို ရေးပေးဖို့ပါပဲ
💾မွေးသက္ကရာဇ် ကတော့အပြည့်စုံမပြောပြချင်ရင်တောင် ခုနှစ်ကို ထည့်ပေးပါ
🏅ကိုယ့်ရဲ့ ပညာရေး ပညာရေးကို ရေးတဲ့အခါမှာ ရှင်းလင်းတိကျပြီး တဖတ်လူက ကြည့်တာနဲ့ နားလည်လွယ်တဲ့ အရေးအသားဖြစ်ဖို့ လိုပါတယ် ဒါမှ အလုပ်ခေါ်သင့် မသင့် တခါတည်း စဥ်းစားနိုင်မှာ ဖြစ်ပါတယ်
📲📲📲ဖုန်းနံပတ်နဲ့ email အရေးကြီးဆုံးပါ ကိုယ်နဲ့ဆက်သွယ်ချိတ်ဆက်ဖို့က ဖုန်းနံပတ်သည် အဓိက ကျပါတယ် ဒါကြောင့် မှားယွင်းမရေးဖို့နဲ့ အမြဲကိုင်နိုင်သည့် နံပတ်ဖြစ်ဖို့အဓိကကျပါတယ်
🏠နေရပ်လိပ်စာရေးတဲ့နေရာမှာ အဓိကကျတာကတော့ မြို့နယ်ပါ မြို့နယ် ကို သေချာရေးပေးဖို့လိုပါတယ်
🥇🥇တခြားသော skill များ မိမိတက်ကျွမ်းတာကို တက်သလောက်ပဲရေးဖို့ လိုပါတယ် တချို့က သင်တန်းတက်ထားတာတွေကို ရေးတက်ပါတယ် သင်တန်းတက်ထားတာတွေက အမှန်တကယ် လက်တွေ့လုပ်နိုင်တဲ့ အရာများဖြစ်ရန်လိုအပ်ပါတယ်
ဥပမာ ကွန်ပြူတာ ကျွမ်းကျင်လို့ ရေးထားရင် အနည်းဆုံးတော့ စာစီစာရိုက်က ကျွမ်းကျင်နေဖို့ လိုပါတယ်
အရင်အလုပ် လုပ်ဖူးရင်လည်း အလုပ်နဲ့ပတ်သတ်တာကို အကျမ်းဖျဥ်း ရေးပေးဖို့ လိုပါမယ် ဒါမှ ကာယကံရှင်က ဘာတွေလုပ်ခဲ့ပြီး ကိုယ့်ကုမ္ပဏီမှာ ခန့်လို့အဆင်ပြေလားဆိုတာကို အလုပ်ရှင် သို့ အလုပ်ခန့်ဖို့ တာ၀န်ရှိသူက စီစစ်နိုင်မှာဖြစ်ပါတယ်
💡💡အပေါ်ကအချက်တွေကတော့ CV တခုရေးသားတဲ့အခါမှာ သတိထားရမယ့်အချက်တွေကို သိသလောက် ရေးသားထားခြင်းဖြစ်ပါတယ်
ဖတ်ကြည့်ပြီး အနည်းငယ်လောက် အထောက်ကူဖြစ်မယ်ဆိုရင် Like & share လေးလုပ်သွားပေးဖို့ တောင်းဆိုပါတယ်နော်
နောက် post တွေနဲ့ အတူပြန်လာခဲ့မယ်ရှင့်
မှတ်ချက် admin သိထားတာတွေကို ပြန်share ပေးတာဖြစ်လို့ အပျက်သဘောဆောင်တဲ့ မှတ်ချက်များမရေးခြင်းဖြင့် knowledge များ shareပေးပါ။
Byebye Guys !!👑👑
see you next post
မင်္ဂလာပါရှင့်🫶🏻🫶🏻🫶🏻
Adminရဲ့ Knowledge Sharing with SoneSone ဆိုတဲ့ page လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီ pageလေးကို ဖန်တီးတာကတော့ရည်ရွယ်ချက်နှစ်ခုရှိပါတယ်ရှင့်
ပထမ ရည်ရွယ်ချက်လေးကတော့ page လေးကနေလုပ်ငန်းခွင်ဗဟုသုတများနဲ့ ဂျပန်စာနဲ့ ပတ်သတ်တာများကို sharing လုပ်ဖို့ရည်ရွယ်ပါတယ်ရှင့်
Admin ကတော့ ဂျပန်လုပ်ငန်းခွင်တခုမှာ Admin & HR အလုပ်ကို ၉နှစ်နီးပါး လုပ်ကိုင်ခဲ့ပြီး ၄င်းကနေရတဲ့ အတွေ့ကြုံတွေကို လိုအပ်ပြီး လက်ခံမယ့်သူများအတွက် sharing လုပ်ချင်တာကြောင့် ယခု page ကိုဖန်တီးလိုက်ခြင်းဖြစ်ပါတယ်ရှင့်
ဒုတိယရည်ရွယ်ချက်ကတော့ Admin အနေနဲ့ စာသင်တဲ့အလုပ်ကို professional အနေနဲ့ လုပ်ဖို့ပြင်ဆင်နေပါတယ် အဆင်သင့်ဖြစ်တဲ့အခါ စာသင်တဲ့အလုပ်လေးလည်းစမယ်လို့တွေးထားထာပါတယ်။ အဆင်သင့်ဖြစ်တဲ့အခါ မိတ်ဆက်ပေးပါမယ်ရှင့်
Click here to claim your Sponsored Listing.