Dear Madi - Mom & Baby Space

Dear Madi - Mom & Baby Space

Share

From our little Madi to your little ones ✨🦒
A place to learn, share, and grow together. 🤎

02/07/2026

"ကလေးလေး သွားပေါက်တော့မှာလား?"

ချစ်ရတဲ့ မေမေ ဖေဖေတို့ရေ... ကလေးလေးရဲ့ ပထမဆုံးသွားလေး ပေါက်ချိန်က မိသားစုအတွက် အမှတ်တရအချိန်လေးတစ်ခုပါ။ 🤍
ဒါပေမယ့် သွားမပေါက်ခင် ရက်သတ္တပတ်အနည်းငယ်အလိုမှာ ကလေးလေးရဲ့ အပြုအမူတွေ အနည်းငယ် ပြောင်းလဲလာနိုင်ပါတယ်။
ဥပမာ...
🦷 အရာဝတ္ထုတွေကို ကိုက်ချင်လာမယ်။
💦 သွားရည် ပိုကျလာမယ်။
😣 ပုံမှန်ထက် ဂျီကျပြီး ငိုလွယ်လာမယ်။
😴 အိပ်ချိန် မငြိမ်တာ၊ ညခဏခဏ နိုးလာတာမျိုး ဖြစ်နိုင်တယ်။
🍽️ သွားဖုံးမအီမသာဖြစ်တာကြောင့် အစားစားချင်စိတ် နည်းနည်းလျော့သွားနိုင်ပါတယ်။
ဒါတွေက ကလေးလေး အများစုမှာ တွေ့ရတတ်တဲ့ ပုံမှန်လက္ခဏာတွေ ဖြစ်ပြီး ကလေးတိုင်းမှာတော့ တူညီမှာ မဟုတ်ပါဘူးနော်

🤍 မေမေတို့ ဘာလုပ်ပေးနိုင်မလဲ?
✔️ သန့်ရှင်းပြီး အသက်အရွယ်နဲ့ ကိုက်ညီတဲ့ သွားယားကိုက်(teether)ပေးပါ။
✔️ သန့်ရှင်းတဲ့ လက်နဲ့ သွားဖုံးကို ညင်ညင်သာသာ နှိပ်ပေးနိုင်ပါတယ်။
✔️ Baby လေးကို ပိုပြီး ပွေ့ဖက်ပေးပြီး စိတ်ချမ်းသာအောင် နေပေးပါ။
✔️ နို့နဲ့ ရေဓာတ် (အသက်အရွယ်အလိုက်) လုံလောက်အောင် တိုက်ပေးပါ။

⚠️ သတိထားရမယ့် အချက်တစ်ခုက သွားပေါက်တာကြောင့် အဖျားကြီးတာ (38°C နှင့်အထက်)၊ ဝမ်းလျှောပြင်းတာ၊ အန်တာ၊ အရမ်းနုံးနယ်တာတွေ ဖြစ်လေ့မရှိပါဘူး။
ဒီလိုလက္ခဏာတွေ ရှိနေတယ်ဆိုရင် သွားပေါက်တာတစ်ခုတည်းကြောင့်လို့ မယူဆဘဲ ကလေးဆရာဝန်နဲ့ တိုင်ပင်ပေးသင့်ပါတယ်။

🌱 သွားပေါက်တာက ကလေးလေး ကြီးထွားဖွံ့ဖြိုးလာတဲ့ သဘာဝအဆင့်တစ်ခုပါ။
မေမေဖေဖေတို့ရဲ့ စိတ်ရှည်မှု၊ နွေးထွေးတဲ့ ပွေ့ဖက်မှုနဲ့ ဂရုစိုက်မှုက ဒီအချိန်ကို ကလေးလေးအတွက် ပိုပြီး လွယ်ကူစေပါတယ်။ ❤️

Dear Madi ရဲ့ အချစ်တော် မဒီလေးကတော့ ၈ လမှာ သွား ပေါက်ခါနီး အပြုအမူလေးတွေ စတင်နေပါပြီရှင် 🥰
မေမေတို့ ကလေးလေးရဲ့ ပထမဆုံးသွားလေးကရော ဘယ်နှလမှာ စပေါက်ခဲ့လဲ? ဒါမှမဟုတ် အခု သွားပေါက်နေတဲ့ လက္ခဏာတွေ တွေ့နေရပြီလား?

Comment မှာ မျှဝေပေးခဲ့နော်။ 👇
💾 ဒီ Post ကို Save ထားပါ။ 📤 မေမေသူငယ်ချင်းတွေဆီ Share ပေးပါ။ 🤎 Dear Madi ကိုလည်း Like & Follow လုပ်ဖို့ မမေ့နဲ့နော်။

Dear Madi - Mom & Baby Space
A place to learn, share and grow together.

01/07/2026

ချစ်ရတဲ့ မေမေ ဖေဖေတို့ရေ ... ဒီနေ့တော့ Tummy Time ကနေ Pulling to Stand အထိ၊ ၀ - ၁၂ လအတွင်း တွားသွားမှု ခရီးစဉ်ကို အသေးစိတ်ပုံလေးနဲ့ မျှဝေပေးလိုက်ပါတယ်ရှင်။ ကလေးတစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးမှုနှုန်း တူညီမှု မရှိနိုင်ပေမယ့်၊ ဒီပုံလေးကို အခြေခံလမ်းညွှန်အဖြစ် အသုံးပြုနိုင်ပါတယ်။

အရေးကြီးတဲ့အချက်ကတော့ တွားသွားတဲ့ပုံမှန်အရွယ်ဟာ ၆-၁၀ လအတွင်း ဖြစ်ပြီး၊ အချို့ကလေးတွေက တွားသွားတာကို ကျော်ပြီး တိုက်ရိုက်လမ်းလျှောက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ကလေးက အဆင့်ကျော်သွားရင် စိတ်မပူပါနဲ့‌ေနာ်။ သူ့အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှု တိုးတက်မှုကိုပဲ အာရုံစိုက်ပါ။

ဒီပုံလေးထဲမှာ ၀ - ၁၂ လအတွင်း တွားသွားမှုအတွက် အရေးကြီးတဲ့ အဆင့် ၇ ဆင့်ကို ရှင်းပြထားပါတယ်-
0-3 Months: Tummy Time မှာ လည်ပင်းသန်မာအောင် လုပ်ခြင်း။
4-5 Months: လက်မောင်းနဲ့ တွန်းတင်ခြင်း။
6-7 Months: အမှီမပါဘဲ ထိုင်ခြင်း။
8-9 Months: လက်နဲ့ ဒူးပေါ်ထောက်ပြီး တွားသွားခြင်း(လေးဘက် ထောက်သွားခြင်း)။
10-11 Months: အတားအဆီးတွေကို ကျော်တက်ခြင်း။
12 Months: ပရိဘောဂကို ကိုင်ပြီး လမ်းလျှောက်ခြင်း။
❗ Note: အချို့ကလေးတွေက တွားသွားတာကို ပိုနှစ်သက်တာကြောင့် လမ်းလျှောက်တာ နဲနဲ နောက်ကျနိုင်ပါတယ်။ ❗

⚠️ ဒါပေမဲ့ ကိုယ့်ရဲ့ကလေးလေးက
၆ လပြည့်တဲ့အထိ မလှိမ့်နိုင်ရင်၊
၉ လပြည့်တဲ့အထိ မထိုင်နိုင်ရင်၊
ကြွက်သားတွေ အရမ်းတောင့်တင်းရင် သို့မဟုတ် ပျော့အိနေရင်၊
ခန္ဓာကိုယ်တစ်ခြမ်းတည်းကိုသာ အသုံးပြုရင်၊
၁၂ လအထိ လှုပ်ရှားသွားလာဖို့ မကြိုးစားရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဖို့ မမေ့ပါနဲ့‌‌ရှင် 🤎

💬 မေမေတို့ Baby လေးက အခုဘယ်နှလရှိပြီလဲ? 👶 တွားနေပြီလား? ဒါမှမဟုတ် လမ်းလျှောက်နေပြီလား?
Comment မှာ မျှဝေပေးခဲ့နော်။ 💕

📌 ဒီ Post ကို Save လုပ်ထားပြီး Baby လေးရဲ့ Development ကို အလွယ်တကူ ပြန်ကြည့်နိုင်ပါတယ်။

Dear Madi – Mom & Baby Space 🤎
A place to learn, share, and grow together.

30/06/2026

ကလေးလေးက ၆ လပြည့်တော့မယ်...ဘာကျွေးရမလဲ ဘယ်ကနေ စကျွေးရမလဲ မသိတဲ့ မေမေတို့အတွက် ၆ လပြည့် ဖြည့်စွက်စာ လမ်းညွှန်လေး မျှဝေပေးလိုက်ပါတယ်ရှင် 🤎

🍲 ၆ လပြည့် ဖြည့်စွက်စာလမ်းညွှန် 🍲
ကလေးအသက် (၆) လပြည့်ပြီ (သို့) ခေါင်းမတ်မတ်ထိန်းနိုင်ပြီး ကောင်းစွာထိုင်နိုင်လာပြီဆိုရင် ဖြည့်စွက်စာကို စတင်ကျွေးမွေးလို့ ရပါပြီ။ ဘေဘီလေးတွေအတွက် ဘယ်လိုစကျွေးရမလဲဆိုတာကို အောက်မှာ လေ့လာကြည့်လိုက်ပါနော်။
🔸 ပထမရက်သတ္တပတ် (Day 1 မှ Day 7 အထိ)
ကျွေးရမည့်အချိုးအစား: စီရီရယ် (Cereal) ၁ ဇွန်း + ဖော်မြူလာ (Formula) ၁ ဇွန်း + ရေ 30 mL
ကျွေးရမည့်အချိန်: မနက် ၈:၀၀ နာရီ (၁ ကြိမ်) နှင့် ည ၈:၀၀ နာရီ (၁ ကြိမ်)
သတိပြုရန်: ပထမဆုံး စကျွေးချိန်ဖြစ်လို့ အနည်းငယ်စီသာ စတင်ကျွေးပါ။ ကလေးရဲ့ တုံ့ပြန်မှု၊ ဝမ်းသွားပုံနဲ့ အရေပြားအခြေအနေ (ဓာတ်မတည့်မှု ရှိ/မရှိ) ကို သတိထား စောင့်ကြည့်ပေးပါ။
🔸 ဒုတိယရက်သတ္တပတ်မှစ၍ (Day 8 မှ Day 30 အထိ)
မနက်နှင့်ညစာ: ပထမပတ်ကအတိုင်း စီရီရယ်ကို မနက် ၈ နာရီ နဲ့ ည ၈ နာရီတွေမှာ ဆက်ကျွေးပေးပါ။
နေ့လည်နှင့်ညနေစာ (Homemade Puree): - ပါဝင်ပစ္စည်းများ: ဆန် (၂ ဇွန်း) + ကြက်သား (သို့) ငါး + မုန်လာဥနီ/ဖရုံသီး/ပန်းဂေါ်ဖီစိမ်း/ကန်စွန်းဥ + ဆီ (၂ စက်)
ကျွေးရမည့်အချိန်: နေ့လည် ၁၂:၀၀ နာရီ (၁ ကြိမ်) နှင့် ညနေ ၅:၀၀ နာရီ (၁ ကြိမ်)
ပြုလုပ်နည်း: ပါဝင်ပစ္စည်းအားလုံးကို နူးအိနေအောင်ပြုတ်ပြီး Blender နဲ့ ညက်နေအောင် (Smooth puree ဖြစ်အောင်) ကြိတ်ပါ။ ပြီးမှ ဆီ ၁ စက် (သို့) ၂ စက်ခန့် ထည့်မွှေပြီး ကျွေးပါ။
💡 မေမေတို့အတွက် အထူးမှတ်သားစရာများ
အစားအစာအသစ်ကို ကျွေးတဲ့အခါ တစ်မျိုးချင်းစီသာ စမ်းကျွေးပါ။
အနည်းငယ်စီ စတင်ကျွေးပြီးမှ တဖြည်းဖြည်း ပမာဏကို တိုးပေးပါ။
အစားအစာတိုင်းကို သန့်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ပါ။
ကလေးတစ်ယောက်နဲ့ တစ်ယောက် စားနိုင်တဲ့ပမာဏ မတူညီနိုင်တာကို နားလည်ပေးပါ။
အဖုအပိမ့်ထွက်ခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း စတဲ့ မတည့်တဲ့ လက္ခဏာများ ရှိ/မရှိကို အမြဲစောင့်ကြည့်ပါ။
"အစားအသောက်အသစ်တွေကို ချစ်ခြင်းမေတ္တာနဲ့ စတင်ပေးပါ" စိတ်ရှည်သည်းခံမှုတွေနဲ့အတူ ဘေဘီလေးရဲ့ First Food Journey ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ပါနော်။ 🤍

လိုအပ်တဲ့ချိန် ကြည့်လို့ရအောင် ပုံလေး Save ထားပြီး၊ တခြားမေမေတွေလဲ သိရအောင် Like & Share လေး လုပ်သွားပေးပါဦးရှင် 🥰

ူပဲလွတ်လပ်စွာShareနိုင်ပါသည်။

27/06/2026

ချစ်ရတဲ့ မေမေ ဖေဖေတို့ရေ...
အချိန်တွေ ကုန်တာ အရမ်းမြန်တယ်နော်။ မနေ့တစ်နေ့ကမှ ရင်ခွင်ထဲမှာ ပွေ့ချီထားရတဲ့ ကလေးလေးဟာ အခုဆိုရင် တဖြည်းဖြည်းနဲ့ ကိုယ်ပိုင်ကမ္ဘာလေးကို စတင်စူးစမ်းဖို့ ကြိုးစားနေပါပြီ။ သမီးလေးပဲဖြစ်ဖြစ်၊ သားလေးပဲဖြစ်ဖြစ် သူတို့လေးတွေ တစ်နေ့တခြား ကြီးပြင်းလာပြီး အရာအသစ်လေးတွေ သင်ယူနေတာကို ကြည့်ရတာဟာ မိဘတွေအတွက်တော့ ပင်ပန်းမှုတွေကြားကနေ အင်မတန် ကြည်နူးစရာကောင်းတဲ့ အချိန်ကာလလေးပါ။

ဒီ ၇ လကနေ ၁၂ လအရွယ်ဆိုတာ ကလေးလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနဲ့ အပြောင်းအလဲ အများဆုံး အချိန်လေး‌ေပါ့။ ဒီအရွယ်လေးမှာ ဘာတွေများ အံ့ဩစရာကောင်းလောက်အောင် လုပ်တတ်လာပြီလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

💟 လှုပ်ရှားမှုလေးတွေ သွက်လာပြီ (ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု)
ဒီအရွယ်မှာ ကလေးလေးတွေက ငြိမ်ငြိမ်လေး မနေတတ်တော့ပါဘူး။ အိမ်ထဲမှာ ဟိုဘက်ဒီဘက် လှိမ့်နေတတ်သလို၊ တဖြည်းဖြည်းနဲ့ ဝမ်းလျားမှောက်သွားတတ်၊ တွားသွားတတ်လာပါပြီ။ နူးညံ့တဲ့ စောင်လေးတွေ၊ အခင်းလေးတွေပေါ်မှာ လွတ်လွတ်လပ်လပ် တွားသွားရင်း သူတို့ရဲ့ ကြွက်သားလေးတွေ ပိုသန်မာလာအောင် လေ့ကျင့်နေတတ်ပါတယ်။ ၉ လ၊ ၁၀ လလောက်ရောက်ရင်တော့ ပရိဘောဂတွေကို ကိုင်ပြီး မတ်တတ်ရပ်ဖို့ ကြိုးစားလာသလို၊ ၁ နှစ်ပြည့်ခါနီးမှာဆိုရင် ပထမဆုံး ခြေလှမ်းလေးတွေကို စတင်လှမ်းဖို့တောင် အသင့်ဖြစ်နေတတ်ကြပါတယ်။

💟 စကားလေးတွေ စပြောချင်နေပြီ (ဘာသာစကားနဲ့ ဆက်သွယ်မှု)
"မားမား"၊ "ပါပါး" ဆိုတဲ့ အသံလေးတွေ စတင်ထွက်လာတတ်တဲ့ အချိန်လေးပါ။ သူတို့လေးတွေက လူကြီးတွေ ပြောတဲ့ စကားတွေကို နားလည်ဖို့ စတင်ကြိုးစားနေပြီး၊ "ဟင့်အင်း" လို့ပြောရင် ခေါင်းခါပြတာမျိုး၊ "တာ့တာ" လုပ်ပြတာမျိုးလေးတွေ တတ်လာပါပြီ။ ကိုယ်က သူတို့လေးတွေကို ပုံပြင်လေးတွေ ဖတ်ပြရင်၊ စကားတွေ အများကြီး ပြောပြရင် သူတို့လေးတွေ အရမ်းသဘောကျတတ်ပါတယ်။

💟 အရာရာကို စူးစမ်းချင်တဲ့ စိတ်ကူးဉာဏ်လေးတွေ (ဉာဏ်ရည်ဉာဏ်သွေး)
အိစက်နေတဲ့ ကစားစရာ အရုပ်လေးတွေကို ကိုင်တွယ်ကြည့်တာ၊ ပစ်ချကြည့်တာ၊ ပါးစပ်ထဲ ထည့်ကြည့်တာတွေဟာ သူတို့လေးတွေအတွက်တော့ ကမ္ဘာကြီးကို လေ့လာနေတာပါပဲ။ ပစ္စည်းတစ်ခုကို ဖုံးကွယ်ထားရင်တောင် အဲ့ဒီပစ္စည်းလေး ရှိနေသေးတယ်ဆိုတာကို သူတို့ နားလည်လာပါပြီ။ ဥပမာ - စောင်လေးအောက်မှာ ဝှက်ထားတဲ့ ကစားစရာ အရုပ်လေးကို ရှာဖွေတတ်လာတာမျိုးပေါ့။ ဒါကြောင့် တူတူပုန်းတမ်း (Peek-a-boo) ကစားရတာကို အရမ်းသဘောကျတတ်ကြပါတယ်။

💟 လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှုလေးတွေ
ဒီအရွယ်မှာ သူတို့လေးတွေက မိဘတွေကို အရမ်းတွယ်တာတတ်လာပါတယ်။ သူစိမ်းတွေကို မြင်ရင် ကြောက်တာ၊ ရှက်တာမျိုးလေးတွေ ဖြစ်တတ်ပေမယ့်၊ သူတို့ချစ်တဲ့သူတွေ၊ ရင်းနှီးတဲ့သူတွေနဲ့ဆိုရင်တော့ ပြုံးပြတာ၊ ရယ်ပြတာ၊ လက်ပြတာလေးတွေနဲ့ ချစ်စရာကောင်းအောင် တုံ့ပြန်တတ်ကြပါတယ်။ စိတ်ကောက်ပြတာ၊ အလိုမကျရင် ငိုပြတာမျိုးတွေနဲ့လည်း သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြတတ်လာပါပြီ။

ဒီအချိန်လေးတွေဟာ တကယ့်ကို တန်ဖိုးရှိတဲ့ အချိန်လေးတွေပါ။ ကလေးတစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးမှုနှုန်းချင်း မတူညီတတ်တာမို့ စိုးရိမ်ပူပန်တာမျိုး မလုပ်ဘဲ၊ ကိုယ့်ကလေးလေးရဲ့ အရှိအတိုင်းလေးကို နွေးနွေးထွေးထွေး ပွေ့ဖက်ပြီး ချစ်ပေးလိုက်ပါ။ မိဘတွေဘက်က ပံ့ပိုးပေးတဲ့ မေတ္တာနဲ့ ဂရုစိုက်မှုကသာ သူတို့လေးတွေ ကြီးပြင်းလာတဲ့အခါ အကောင်းဆုံး ခွန်အားတွေ ဖြစ်လာမှာပါရှင် 🥰

Dear Madi | Mom & Baby Space
A place to learn, share and grow together.

ူပဲလွတ်လပ်စွာShareနိုင်ပါသည်။

26/06/2026

Happy Friday! 🌻✨

ချစ်စရာကောင်းတဲ့ Dear Madi ရဲ့ Mascot လေးတွေနဲ့အတူ ဒီကနေ့ သောကြာနေ့လေးကို အမောပြေ ဖြတ်သန်းလိုက်ရအောင်နော်။

တစ်ပတ်လုံး ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရသမျှတွေ အားလုံးကို မေ့ထားလိုက်ပြီး၊ ဒီနေ့လေးမှာ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ပါစေ။ မိသားစု၊ ချစ်ရတဲ့သူတွေနဲ့အတူ နွေးထွေးပျော်ရွှင်စရာကောင်းတဲ့ ပိတ်ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Dear Madi မှ ဆုတောင်းပေးလိုက်ပါတယ်ရှင်

Have a wonderful weekend everyone! 💖

Photos from Dear Madi - Mom & Baby Space's post 24/06/2026

Twinkle Baby 🌟

23/06/2026

ချစ်ရတဲ့ မေမေ ဖေဖေ တို့ရေ.... ကလေးလေးတွေရဲ့ ပထမဆုံး ၆ လတာ ကာလမှာ ဘယ်လို ထူးခြားတဲ့ တိုးတက်မှု (Milestones)တွေ ရှိလာမလဲဆိုတာ Dear Madi က မျှဝေလိုက်ပါတယ်ရှင်။ ကလေးတစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးမှုနှုန်း တူညီမှု မရှိနိုင်ပေမယ့် ဒီအချက်လေးတွေကတော့ အခြေခံ milestones လေးတွေပဲ ဖြစ်ပါတယ်။

💟 0-2 လ : စစချင်း ပထမဆုံး ၂ လ အရွယ်မှာ
❗ကလေးလေးက မေမေတို့ရဲ့ မျက်နှာကို စိုက်ကြည့်တတ်လာပါမယ်။ မျက်လုံးချင်း ဆုံတတ်လာမယ်။ မေမေ့ မျက်နှာပုံစံကို မှတ်မိအောင် သူကြိုးစားနေပါပြီ။
❗ ၂ လဝန်းကျင်မှာ စပြီး ပြုံးပြတတ်လာပါမယ်။ "အူအူး၊ အားအား" စတဲ့ အသံလေးတွေလဲ ထွက်တတ်လာမှာပါ။
❗မှောက်လျက်ထားရင် (Tummy Time မှာ) ခေါင်းလေးကို ခဏပဲ မော့ထားနိုင်ဦးမှာပါ။
❗လက်သီးလေးတွေကို ဆုပ်ထားတတ်ပါတယ်။

💟 3-4 လ : ဒီလတွေမှာတော့ လှုပ်လှုပ်ရှားရှား စဖြစ်လာပါပြီ မေမေတို့ရေ 🥰
❗တခစ်ခစ် ရီသံလေးတွေနဲ့ အသံထွက် ရယ်တတ်လာမယ်။
❗စကားပြောသလို အသံတွေ ပိုထွက်လာမယ်။ (လေပေါတတ်တဲ့ကလေးလေးတွေရဲ့ မေမေဆိုရင်တော့ နားတွေစငြီးပါပြီရှင် 🤪)
❗ ဘေးပတ်ဝန်းကျင်က အသံကြားရင် လှည့်ကြည့်တတ်လာပါမယ်။
❗မှောက်လျက်နေရင် ခေါင်းနဲ့ ရင်ဘတ်ကို သေချာ ကြွထားနိုင်မယ် (Good Head Control)။ ခေါင်းနိုင်လာပါပြီ။
❗အရုပ်တွေကို လှမ်းကိုင်တတ်လာမယ်၊ ဆုပ်ကိုင်ထားနိုင်မယ်။
❗လက်ကို ပါးစပ်ထဲထည့်ပြီး စုပ်တတ်လာမယ်။
❗ဘေးတစောင်း လှိမ့်တတ်လာမယ်။ လှိမ့်တဲ့ချိန် ခေါင်းကို မတော်တဆထိခိုက်မိတာမျိုး မဖြစ်အောင် သေချာသတိထားရမဲ့အချိန်ပါ။

💟5-6 လ : ပိုပြီး တက်ကြွလာပါပြီ။
❗ မိသားစုဝင်တွေနဲ့ ခင်မင်ရတဲ့ မျက်နှာတွေကို မှတ်မိလာပြီး လူစိမ်း၊ မရင်းနီးသူတွေဆိုရင် ကြောက်တတ်လာမယ်။
❗"ဘာဘာ၊ မားမား" စတဲ့ ဗျည်းသံတွေကို စပြီး ပြောတတ်လာမယ်။
❗နာမည်ခေါ်ရင် လှည့်ကြည့်မယ်။ ပြန်ထူးတတ်လာမယ်။
❗အမှီလေးနဲ့ ထိုင်တတ်လာမယ်။ ဒီအချိန်မှာ သေချာမထိုင်တတ်သေးတာကြောင့် နောက်ကို လန်ကျတာ၊ ရှေ့ကိုစိုက်ကျတာ‌တွေ ဖြစ်နိုင်တာမလို့ စောင့်ကြည့်မဲ့သူမရှိပဲ ကလေးတစ်ယောက်ထဲ ထားတာမျိုး လုံးဝမလုပ်ပါနဲ့နော်။
❗မှောက်တတ်၊ လှန်တတ်လာမယ် (Rolling over)။ မှောက်ရက်ကနေ ပြန်မလှန်နိုင်တဲ့အခါ အသက်ရှုပိတ်ပြီး အန္တရယ်ဖြစ်နိုင်ချေများလို့ သေချာစောင့်ကြည့်ပေးပါရှင်။
❗ပစ္စည်းတွေကို လက်တစ်ဖက်မှ နောက်တစ်ဖက်သို့ ပြောင်းကိုင်တတ်လာမယ်။
❗၆ လမှာ စပြီး ဖြည့်စွက်စာ (Solids) စကျွေးလို့ရပါပြီ။

⚠️ ကလေးတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတာ ဖြစ်လို့ မေမေတို့ အနေနဲ့ အရမ်းစိတ်ပူစရာ မလိုပါဘူး။ ဒါပေမယ့် သားသားမီးမီးတို့က အထက်ပါပြောပြထားတဲ့ အချက်တွေထဲက အချိန်မီ လုပ်သင့်တာတွေ မလုပ်တတ်ရင် သို့မဟုတ် ဖွံ့ဖြိုးမှု နောက်ကျနေတယ်လို့ ခံစားရရင် တတ်ကျွမ်းနားလည်တဲ့ ကလေးအထူးကု ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ပါ။ ⚠️

မေမေတို့ သဲလေးတွေကရော အခု ဘယ်အရွယ်ရောက်နေပြီလဲ? ဘာတွေ ထူးထူးခြားခြား လုပ်တတ်လာပြီလဲဆိုတာ ကွန်မန့်မှာ မျှဝေပေးခဲ့ပါဦးနော် 🤎

Dear Madi | A place to learn, share and grow together 🤎

ူပဲလွတ်လပ်စွာShareနိုင်ပါသည်။

22/06/2026

❗ မေမေတို့ရေ ကလေးလေး ဝမ်းသွားပြီးချိန်မှာ ကလေးရဲ့ ဝမ်းအရောင်ကို ကြည့်ဖြစ်ကြရဲ့လားရှင် ❗

ဝမ်းအရောင်ကို ဂရုစိုက်ကြည့်ပြီး စစ်ဆေးဖို့ကလဲ ကျန်းမာတဲ့က‌ေလး‌ေလးဖြစ်ဖို့ လိုအပ်တဲ့ အချက်တခုပဲနော်။ ဝမ်းအရောင်က‌ေနတဆင့် ကလေးလေး‌ေတွရဲ့ ကျန်းမာရေးအခြေအနေအချို့ကို သိနိုင်တာဖြစ်လို့ အရောင်အလိုက် ခွဲပြလိုက်ပါတယ်ရှင်

⚠️ သတိပြုရန်
မစင်အရောင် တစ်ခါတစ်ရံ ပြောင်းလဲတာက ပုံမှန်ဖြစ်နိုင်ပေမယ့် အချို့အရောင်တွေက ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်နိုင်ပါတယ်။

🟤 အညိုရောင် (Brown)
✅ ပုံမှန်ဖြစ်ပါတယ်
ဖြည့်စွက်စာ စတင်စားပြီးနောက် တွေ့ရတတ်တဲ့ အရောင်ပါ။

🟡 အဝါရောင် (Yellow, Golden Brown)
✅ ပုံမှန်ဖြစ်ပါတယ်
အထူးသဖြင့် မိခင်နို့သောက်တဲ့ ကလေးတွေမှာ တွေ့ရများပါတယ်။

🟢 အစိမ်းရောင် (Green)
✅ များသောအားဖြင့် စိုးရိမ်စရာမလိုပါ
အစားအသောက်၊ ဖြည့်စွက်အားဆေး သို့မဟုတ် အစာခြေမှုကြောင့် ဖြစ်နိုင်ပါတယ်။

⚪ အဖြူရောင် (White / Pale)
🚨 ဆရာဝန်နဲ့ အမြန်တိုင်ပင်သင့်ပါတယ်
အသည်း သို့မဟုတ် သည်းခြေရည်ဆိုင်ရာ ပြဿနာများနှင့် ဆက်စပ်နိုင်ပါတယ်။

🔴 အနီရောင် (Red)
🚨 သွေးပါနေခြင်း ဖြစ်နိုင်ပါတယ်
ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်စစ်ဆေးသင့်ပါတယ်။

⚫ အနက်ရောင် (Black)
🚨 မွေးပြီး ပထမရက်အနည်းငယ်မှာ ဝမ်းအမဲရောင် ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းလသားအရွယ်မှာ တွေ့ရပါက ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

💕 ကလေးရဲ့ မစင်အရောင်၊ အနံ့၊ အကြိမ်ရေတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။

📌 ဒီ Post ကို Save ထားပြီး လိုအပ်တဲ့အချိန် ပြန်ကြည့်နိုင်ပါတယ်။ တခြား မေမေတွေလဲ သိရအာင် share ပေးသွား‌‌နော်

⚠️ ဒီ Content သည် အထွေထွေဗဟုသုတအတွက်သာ ဖြစ်ပြီး စိုးရိမ်ဖွယ်လက္ခဏာများရှိပါက ကလေးဆရာဝန်နှင့် တိုင်ပင်ပါ။

21/06/2026

ကလေးတွေရဲ့ ဆန်းကြယ်တဲ့ သီအိုရီ 😅

ဖေဖေမေမေတွေကတော့ ကောင်းပေ့ဆိုတဲ့ ကစားစရာပစ္စည်းအစုံ ဝယ်ပေးကြတာပဲ။ ဒါမဲ့ ကလေးလေးတွေကတော့ ဈေးကြီးကြီးပေးဝယ်ထားတဲ့ ကစားစရာထက်... ရေသန့်ဗူးခွံ၊ ရီမု၊ ဖုန်းကတ်ပြား၊ စက္ကူဘူးခွံတွေကို ပိုစိတ်ဝင်စားကြတယ်... ဟုတ် 🤪 ✨🤡

သူတို့စိတ်ထဲမှာ 'ဒါတွေကမှ တကယ့်အဖိုးတန်ပစ္စည်းတွေ' လို့ ထင်နေကြတာလားမသိဘူးနော် 🩵

20/06/2026

ရင်သွေးငယ်လေးတွေ တဖြည်းဖြည်း ကြီးထွားလာတာကို စောင့်ကြည့်ရတာ မိဘတွေအတွက် အပျော်ဆုံးအချိန်ပါပဲ။ ❤️ "Dear Madi" ကနေ သားသားမီးမီးတို့ရဲ့ အသက်အရွယ်အလိုက် ပျမ်းမျှကိုယ်အလေးချိန်ဇယားလေးကို မျှဝေပေးလိုက်ပါတယ်ရှင်

ကလေးငယ်လေးတွေ ကျန်းမာရွှင်လန်းစွာ ကြီးပြင်းဖို့ Dear Madi က မိခင်နဲ့ ကလေးငယ်တိုင်းကို မေတ္တာနဲ့ အမြဲအားပေးလျက်ပါ။ သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးမှုကို စောင့်ကြည့်ရင်း ပျော်ရွှင်စရာအချိန်လေးတွေ ပိုင်ဆိုင်ကြပါစေရှင် 💕

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon