Novy Corner
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Novy Corner, Book shop, North Dagon, Yangon.
သူများကမချစ်ရင် ကိုယ်ကအတင်းမကြိုးစားရဘူးတဲ့...
-သားထွေး
( ကြည်လင်ခြင်းနေ့စွဲများ)
28/01/2026
🧠 သင့်ခေါင်းထဲက ထုတ်ပစ်သင့်တဲ့အရာ(၆)ခု
=====================================
၁။ ဂရုမစိုက်နဲ့။
-------------
သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင်ဂရုစိုက်စရာ မလိုပါဘူး။ တစ်ချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊
သင့်ကို တန်ဖိုးမထားလေလေပါပဲ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။
၂။ လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ။
---------------------------------
တစ်ချို့လူတွေကအခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။
၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ။
-----------------------------------
“ပညာလို အိုသည်မရှိ” ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့
မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးပါဘူး ဆိုပြီး မတွေးပါနဲ့။
၄။ အရမ်းမတွေးပါနဲ့။
------------------
အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့။
အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အနာဂါတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။
၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။
----------------------------
ကိုယ်ကျင့်တရားကောင်းတဲ့သူက
လောကမှာ တန်ဖိုးအရှိဆုံးပါ။
ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။ စိတ်ကောင်းကောင်းထားပါ။
၆။ ထင်ချင်သလို ထင်ကြပါစေ။
---------------------------
လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ
လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့။
#ဂရုမစိုက်ခြင်းအနုပညာ
#ချမ်းမြေ့ဝင်း
&စင်ကာပူ
" တကယ့်ပျော်ရွှင်မှုကို လိုချင်ရင် အပြင်တစ်နေရာမှာ မရှာပါနဲ့ ရာဇီ၊ အပြင်ကနေရှာလို့ရတဲ့ပျော်ရွှင်မှုဆိုတာခဏတစ်ဖြုတ်ပါပဲ...၊ သူတို့မရှိရင် ခင်ဗျားမပျော်ရတော့ဘူးလေ၊ တကယ့်ပျော်ရွှင်မှုဆိုတာ ခင်ဗျားကိုယ်ထဲမှာပဲရှိတာပါ၊ ကျွန်တော်ကတော့ တစ်ခုခုကိုမမှီခိုဘဲ ပျော်ရွှင်တတ်အောင် ကြိုးစားတယ်၊ ခင်ဗျားလည်းတစ်ခုခုကို မမှီခိုဘဲ ပျော်ရွှင်တတ်အောင်ကြိုးစားပါ၊ နောက်တစ်ခါပျော်ရွှင်မှုကိုရှာဖို့အတွက်တော့ ရေခဲတောင်တွေဆီမလာပါနဲ့တော့ ရာဇီ "
#ပန်းတွေပွင့်ဖို့စောင့်ရချိန်
#ပုညခင်
📚
တစ်စုံတစ်ယောက်ရဲ့အချစ်ဦးဖြစ်ရတာ သိပ်ကိုကံကောင်းတာဘဲ
-တောင်တန်းတွေရဲ့အလွန်
(ပုညခင်)
" ညီမ သိပ်ဇွဲကောင်းတာကို
ကျွန်တော်မြင်နေရတယ် ..
နောက်ပြီး ညီမရှာနေတဲ့အရာကို
တွေ့သွားမှာလည်း
ကျွန်တော် စိုးရိမ်နေမိပြီ .."
" ကျွန်တော် မရှုံးရဲဘူး ညီမရယ် "
-ပြည်မိုးငြိမ်း
#ပိုချစ်ရတဲ့သူကိုယ်ဖြစ်ပါစေ
#ဂျူး
26/01/2026
"မှောင်ခိုလုပ်တယ်ဆိုတာ မကောင်းပါဘူးလေ
ရထားပေါ်စီးနေရတာတောင် ကိုယ့်ကို မိန်းမလည်လို့ လူတွေကကြည့်ကြတာ မှောင်ခိုအလုပ်ဟာ
မကောင်းတဲ့အလုပ် ငရဲကြီးရှစ်ထပ်မှာ ခံရမယ့်အလုပ် အကုသိုလ်အလုပ်"
"ငရဲကျတယ်ဆိုတာ ပွက်ပွက်ဆူနေတဲ့ဆီအိုးကြီးထဲ ကိုယ်တုံးလုံးချွတ်ပြီး ဆင်းရတာ ကြောက်စရာကောင်းလိုက်တာ"
"ငရဲကအနီးကလေးဆိုရင်တော့ ငရဲအိုးထဲက
ဆီတွေ သွားပြီး ခပ်လာခဲ့ တောင်တွင်းကြီးမှာ
ရောင်းရရင် ကောင်းမှာ"
"အို အဲဒါလည်း မဖြစ်သေးပါဘူး ဆီတွေကိုဖမ်းကြဦးမှာပေါ့ ဆီဆိုတာလည်း မှောင်ခိုကုန်ပဲ မဟုတ်လား "
" အမေ့ဖို့ ဆေးတစ်ဖုံဖော်ချင်တယ် ပိုက်ဆံတွေ
မိုးပေါ်ကကျလာရင်ကောင်းမှာပေါ့လေကောင်ကလေးစာအုပ်ဝယ်ခိုင်းတာလည်း မဝယ်နိုင်ဘူး အိမ်ကျရင် မီးထွန်းစရာ ရေနံဆီလည်း ကုန်နေတယ် "
"မနက်က ငါလာတုန်းကပဲ အိပ်ရာထဲကလှမ်းပြီး
ငါ့ကို အားကိုးကြည့်ကြည့်နေတယ် ငါ့ကိုမျှော်နေမယ် ငါလာရင် ဆေးပါလာမယ်လို့ အောက်မေ့နေမှာ
အမေကပြောတယ် ထန်းလျက်လေးငါးပိဿာတင်လာခဲ့ရောပေါ့တဲ့"
"ထန်းလျက်တင်ရင် လူတကာကိုချော့နေရတာ
မကောင်းတဲ့မိန်းမဖြစ်သွားမှာ ပြီးတော့ သူတို့ဖမ်းတယ်ဆိုတာ ငါ့ပစ္စည်းမဟုတ်လား ငါမပေးဘူး"
ဆီမလိမ်းနိုင်သော သူ့ခေါင်းမှဆံပင်များသည် လေဝှေ့သဖြင့် တဖွာဖွာလွင့်နေ၏ အုန်းဆီစျေး
သည်လည်း ဆယ်ဆမျှ မြင့်နေခဲ့ပြီ တစ်ခါတစ်ရံ၌မူ
သူသည်ပဲဆီများသုတ်လာခဲ့၏
ပဲဆီနံ့ထွက်လာမည်ကို သူသည်စိုးရိမ်သောကဖြစ်နေကာ သူ့ကိုယ်ကို ကျွန်တော်နှင့် အဝေးဆုံးနေရာရောက်အောင်တိုးနေသည် ပဲဆီနံ့ထွက်နေမည်ကို ရှက်နေသော်လည်း သူ့ခေါင်းမှ ပဲဆီနံ့မှာမူ ဝေ့နေသည်
ဆန်ချည်းမချက်နိုင်တော့သဖြင့် ပဲနှင့်ပြောင်း ရောကြိုရသည့် ထမင်းကိုနှိုက်စားနေရစဥ်တွင်လည်း ကျွန်တော်သည်ဘာမှမဖြစ်သလို စားနေရသည် သူ့ထမင်းထုပ်အတွင်း၌ အခါတိုင်းပါနေကျ ဟင်းကလေးတစ်ခုခုပင် မပါတော့ပေ
ညိုညိုသည်သူ့မျက်လုံးအိမ်၌ မျက်ရည်များပြည့်နေသည်ကို ဖုံးကွယ်ရန်အတွက် ငရုတ်သီးတစ်တောင့်လုံးဝါးစားနေသည် ။
"စပ်လိုက်တာ"ဟု သူက အသံတုန်တုန်ဖြင့်ပြောသည် ။ ခေါင်းမော့လိုက်သည့်အခိုက်၌ ငရုတ်သီးစပ်သည်နှင့်ရောပြီး သူ့မျက်လုံးများပေါ်တွင် မျက်ရည်များပြည့်လာနေသည် ။
#မသိန်းရှင်ဆီပို့ပေးပါ
#နိုင်ဝင်းဆွေ
Price-10000ကျပ်
#ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေစနစ်နဲ့မှာယူလို့ရပါပြီ
ကျနော် က " နရသူ " ပါ
ဒါပေမယ့် အတိတ်ဘဝက "နရသူ" တော့ မဟုတ်ဘူး ။
ပစ္စုပ္ပန်တည့်တည့်က အစ်မရဲ့ နံဘေးနားနေချင်တဲ့
" နရသူ " ပါ ။
" ကျွန်တော် အစ်မကို ဘဝဆက်တိုင်းဆက်တိုင်း
ချစ်နေဦးမှာ ။ အဲဒါ ကျွန်တော်ကိုယ်ကျွန်တော်
ကျိန်လိုက်တဲ့ ကျိန်စာပဲ "
-နရသူ
(ခေတ်ရှေးညို)
တစ်ယောက်ယောက်ကိုချစ်ရင် တစ်ယောက်ယောက်ကိုစွန့်လွှတ်ရတယ် အစ်ကိုရဲ့
-မယ်ညို
(ကမ္ဘာကြီးလောက်ချစ်ပြီးသည့်နောက်)
လွမ်းတယ်ဆိုတာ အထက်တန်းကျတဲ့
ခံစားချက်မျိုးပါ မေ •••
မေ မလွမ်းဖူးသေးလို့ပါ 🍁
#ပန်းကြာဝတ်မှုံ
( ခင်ခင်ထူး )
23/01/2026
ကျွန်မက "ရေ" ပါ
ဒါပေမယ့်...
သောင်ကနှောက်ယှက်လို့ ကျိုးကျန်ခဲ့ရတဲ့
မြစ်ကျိုးအင်းထဲက ထွက်ပေါက်မဲ့ ရေမျိုးမဟုတ်ဘူး။
ကောင်းကင်က ကျလာပေမဲ့
လမ်းပျက်ချိုင့်ခွက်ထဲမှာ တင်ကျန်နေခဲ့ရင်း
လမ်းသွားလမ်းလာ လူတကာခြေဆေးသွားလို့
နောက်ကျိညစ်ပတ် ဗွက်ဖြစ်ပြီးမှ ခမ်းခြောက်ရတဲ့
မိုးရေမျိုးလည်းမဟုတ်ဘူး။
ကျွန်မက ဟိုးအဝေးကြီးကနေ
အရှိန်အဟုန်ပြင်းပြင်း စီးဆင်းလာခဲ့ပြီးမှ
ကြီးမားတဲ့ ခွန်အားအဟုန်မျိုးနဲ့
ကျောက်ဆောင်ကျောက်သား
ချောက်ကမ်းပါးတွေကိုတောင်
ရင်ဆိုင် ပွတ်တိုက် ထိခတ် ပွန်းပဲ့ ပြက်ရှ
ပြောင်းလဲနိူင်စွမ်းရှိတဲ့
ရေတံခွန်က "ရေ" ပါ။
#အထက်တန်းစားရေ
#ပုညခင်
#ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေစနစ်နဲ့မှာယူလို့ရပါပြီ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
135790