RIP IMBA
Art Of War-3 /Follow me for promo code
03/03/2026
🇲🇾 မလေးရှားရောက် မြန်မာများ အရေးကြီးအသိပေးချက် 🇲🇾
မလေးရှားမှာ အလုပ်လုပ်နေထိုင်ကြတဲ့ မြန်မာညီအစ်ကိုမောင်နှမများအတွက် လတ်တလော အခြေအနေအရ သတိထားရမည့်အချက်များကို မျှဝေပေးလိုက်ပါတယ်။ ကိုယ့်အနာဂတ်ကို ကိုယ်ကာကွယ်ဖို့ အောက်ပါအချက်များကို ဂရုစိုက်လိုက်နာကြပါစို့။
⸻
၁️⃣ မြန်မာဖြစ်သည်ဆိုရင် အိမ်ငှားရန် ပိုမိုခက်ခဲလာခြင်း
လက်ရှိအခြေအနေအရ မြန်မာဖြစ်သူများကို ပါမစ်ရှိသော်လည်း အိမ်ရှင်အချို့က မငှားလိုကြသည့်အခြေအနေများ ရှိနေပါသည်။
👉 ထို့ကြောင့် ကိုယ့်အနေဖြင့် ယုံကြည်စိတ်ချရစွာ နေထိုင်ခြင်း၊ ပြဿနာမဖြစ်စေရန် သတိထားခြင်း အရေးကြီးပါသည်။
⸻
၂️⃣ လက်ရှိနေထိုင်နေသော အိမ်မှ မောင်းထုတ်မခံရအောင်
• အိမ်စည်းကမ်းများ လိုက်နာပါ။
• အသံကြီးခြင်း၊ အရက်မူးယစ်ပြဿနာများ မဖြစ်စေရန် ဂရုစိုက်ပါ။
• အိမ်ရှင်နှင့် အဆင်ပြေစွာ ဆက်ဆံပါ။
အိမ်ရှင်ယုံကြည်မှုရရှိခြင်းသည် မိမိအတွက် အလွန်အရေးကြီးပါသည်။
⸻
၃️⃣ အိမ်ရှင်မှ စာရွက်စာတမ်း မေးမြန်းပါက
တစ်စုံတရာ မေးမြန်းလာပါက ကိုယ့်ရပ်ကွက်ရှိ သက်ဆိုင်ရာ ခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် တိုင်ပင်ပြီးမှ ဖြေကြားပါ။
⸻
⚖️ တရားမဝင်နေထိုင်သူများအား အိမ်ငှားပါက အိမ်ရှင်များအတွက် ပြစ်ဒဏ်များ
(မလေးရှား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၅၅E နှင့် ၅၆ အရ)
💰 ငွေဒဏ်
• တရားမဝင်နေထိုင်သူ တစ်ဦးလျှင်
အနည်းဆုံး RM5,000 မှ အများဆုံး RM30,000 အထိ
👉 တစ်ဦးချင်းစီအလိုက် တွက်ချက်မည်ဖြစ်သောကြောင့် လူဦးရေများပါက ငွေဒဏ်အလွန်မြင့်နိုင်ပါသည်။
⛓️ ထောင်ဒဏ်
• အများဆုံး ၁၂ လ (၁ နှစ်) အထိ
📌 ထို့ကြောင့် အိမ်ငှားသည့်အခါ –
• ပတ်စပို့ စစ်ဆေးပါ
• ဗီဇာသက်တမ်း မှန်ကန်မှု စစ်ဆေးပါ
• အထောက်အထား အစစ်အမှန်ဖြစ်ကြောင်း သေချာပါစေ
⸻
၄️⃣ TikTok အသုံးပြုမှု သတိထားရန်
TikTok တွင် တင်သမျှအကြောင်းအရာများကို မလေးရှား သက်ဆိုင်ရာ အာဏာပိုင်များမှ စောင့်ကြည့်နိုင်သည်ဟု သတင်းများရှိပါသည်။
👉 မလိုအပ်သော Live လုပ်ခြင်း၊ တရားမဝင်အလုပ်အကိုင်များပြသခြင်း၊ တည်နေရာဖော်ပြခြင်းတို့ကို ရှောင်ကြဉ်ပါ။
01/03/2026
30/01/2026
" မှတ်ထားပါ သမီးလေး "
ကိုယ့် ပတ်ဝန်းကျင်ရဲ့
သတင်းစကားပဲ ကြားကြား
အတင်းစကားပဲ ကြားကြား
ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်နေပါစေ၊
ကိုယ့်ထမင်း ကိုယ်စားပြီးတော့
ရပ်တည်နေတဲ့သူမို့
ခွေးဟောင်တိုင်းတော့
ခေါင်းထောင် မကြည့်မိစေနဲ့။
ဘယ်သူတွေ ဘယ်လိုပဲ တွေးတွေး
ကိုယ့်ဘဝကိုယ် အနစ်မွန်း မခံပါနဲ့။
အလှပဆုံး မိန်းကလေးဆိုတာ
ဘယ်လို လောကဓံနဲ့ ကြုံကြုံ
အလှဆုံး ပြုံးထားနိုင်သူကို ခေါ်တာကွဲ့။
#စာပေ
#လူငယ်
#စိတ်ခွန်အား
27/12/2025
စိတ်ညစ်လို့ရတယ် စိတ်ဓာတ်ကျလို့တော့မရဘူး #fblifestyle #EmotionalStory #ဘဝစာပေ #ဗဟုသုတ #bawalan
ပင်ပန်းနေပြီ ဗျာ
Click here to claim your Sponsored Listing.
Category
Telephone
Address
Kuala Lumpur
58200
30/12/2025