Food Selection By Art

Food Selection By Art

แชร์

မြန်မာ ဟင်းချက်နည်း Video အမြဲတင်ပေးနေတဲ့ Page ပါ။ Page ကို Like / following လုပ်သွားအုံနော် 🥰

10/12/2025

မစားဖြစ်တာကြာပြီးဟင်းပေါင်းသီးစုံဟင်းလေး ချက်ဖြစ်ပါတယ်

06/12/2025

ခဏခဏချက်ဖြစ်တဲ့ သီးစုံဟင်းလေး

01/12/2025

ပုစွန် တုံးယမ်း ချက်နည်း

#တုံယမ်းဟင်းချိုအကြောင်းတစ်စိတ်တပိုင်း

တုံယမ်းဟင်းချိုဟာ ကမ္ဘာတစ်ဝှမ်းမှာ လူသိများပြီး လက်ခံထားတဲ့ ဟင်းတစ်မျိုးပါ။ ထိုင်းအစားအစာကို သိတဲ့သူတိုင်း ထိုင်း “တုံယမ်းကောင်း’’ (ပုစွန်တုံးယမ်း)ကို သိကြမှာပါ။ တုံယမ်းကို အသားအမျိုးအစားမရွေး ချက်ပြုတ်နိုင်ပေမယ့် ‘’တုံယမ်းကောင်း‘’(ပုစွန်တုံးယမ်း) လောက် မွှေးကြိုင်မှုမရှိပါဘူး။ ဒါပေမယ့် တုံယမ်းဟင်းချိုအတွက် ပင်လယ်စာအမျိုးမျိုးကို အသုံးပြုမယ်ဆိုရင် “ပိုတက်” လို့ခေါ်ပြီး ပင်လယ်စာချစ်သူတွေကြားမှာ ရေပန်းစားပါတယ်။ တုံယမ်းဟင်းချိုရဲ့ အနှစ်သာရကတော့ စပါးလင်၊ ရှောက်ရွက်နဲ့ ငရုတ်သီးစိမ်းတွေနဲ့ ပြုလုပ်ထားတာပါ။ ဟင်းချက်နည်းများစွာကို လေ့လာမှုအရ တုံယမ်းဟင်းချိုရဲ့ ထက်ဝက်မှာ ပဒဲကော မပါဝင်တာကို တွေ့ရှိရပါတယ်။ ပဒဲကော ထည့်မယ်ဆိုရင် ပဒဲကော ဟာ အနံ့ပြင်းတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး ပုစွန်ရဲ့ ရနံ့ကို ဖုံးကွယ်ထားနိုင်ပါတယ်။ ဒါ့အပြင် ဟင်းချက်နည်းအချို့မှာ ကြက်သွန်နီနဲ့ နံနံပင်အမြစ်တွေ ပါဝင်ပြီး တချို့ဟင်းချက်နည်းတွေမှာ နံနံပင် ပါဝင်ပါတယ်။ ဒါက ဒေသခံတွေရဲ့ စားသောက်မှုယဉ်ကျေးမှုပေါ် မူတည်ပါတယ်။

#ပါဝင်ပစ္စည်းများ

1- ပုစွန် ၂၂၀ ဂရမ်
2- ကောက်ရိုးမှို ၁၀၀ ဂရမ်
3- ပါးပါးလှီးထားသော စပါးလင် ၁၀ ဂရမ်
4- ကြိတ်ထားသော စပါးလင်ပင်စည် ၁၆ ဂရမ်
5- အရိုးပြုတ်ရည် ၆၀၀ ဂရမ်
6- ကြိတ်ထားသော ငရုတ်သီးစိမ်း ၁၀ ဂရမ်
7- ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
8- သံပုရာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
9- ရှောက်ရွက် ၂ ရွက်
10- နံနံပင်အမြစ်
11- နံနံပင် (အလှဆင်ရန်)

#ချက်နည်း

၁။ အရင်ဆုံးအရိုးပြုတ်ရည်ထဲမှာ ပုစွန်ခွံ(ခေါင်း)၊ လှီးထားသော စပါးလင်နှင့် နံနံပင်အမြစ်တို့ကို အရင်ပြုတ် ပြီးရင် အရည်စစ်ထားပါ။(ပြုတ်ရည်ပဲယူမယ်)

၂။ စစ်ထားတဲ့ ဟင်းရည်ကို ဆူအောင်တည်ပါ၊ စပါးလင်နှင့် ကောက်ရိုးမှိုတို့ကို ထည့်။ ဆူလာပါက ပုစွန်နှင့် ငါးငံပြာရည်တို့ကို ထည့်ပါ။ ကျက်သည်အထိ တည်ထားပါ၊ ထို့နောက် ဖြဲထားသော ရှောက်ရွက်များကို ထည့်ပါ။

၃။ ပန်းကန်နဲ့ထည့်ပီး သံပုရာရည်၊ ငရုတ်သီးစိမ်းများ ထည့် နံနံပင်ဖြင့် အလှဆင်လိုက်ပါ။ အရသာအရမ်းရှိတဲ့ပူပူနွေးနွေး ပုစွန်တုံးယမ်း ရပါပီးဗျာ့ 🦐🥵🌶️🍀

👉 ဒီချက်နည်းလေးကို ကြိုက်တယ်ဆိုရင် ❤️ like & share လေး လုပ်သွားအုံနော် 🥰 ပြန်တွေ့ပါမယ် တာ့တာ့

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการอาหารและเครื่องดื่ม ใน Bang Rak?
คลิกที่นี่เพื่อเป็นสมาชิก?

ที่อยู่

Bank Too
Bang Rak
10500