Smlie To Time

Smlie To Time

แชร์

Hello "👋

20/11/2025

Subscribe to get exclusive benefits:
https://www.facebook.com/100095069587789/subscribenow

11/10/2025
02/09/2025

ပြန်ကြားရတဲ့ သတင်းက
သူ့၏ကောင်း‌ကြောင်းနှင့် မိမိ၏စော(က်)ပြ၊စ်များ 😏

27/08/2025

နောင်တပေါ့ ...

မရှိတော့တဲ့အခါမှ
ပြန်တောင့်တနေလို့လဲ
အပိုပဲ ဆိုတာ သိပေမယ့်

ငါတို့ဝေးခဲ့ပြီးမှ
မင်းကို သိပ်ချစ်ခဲ့မှန်း
အသိနောက်ကျခဲ့ရတယ် ။

ပြန်လာပါလို့
ဘယ်တော့မှ
တောင်းဆိုဖြစ်မယ် မထင်ပါဘူး

ကိုယ့်အတွက်
မင်း ပင်ပန်းခဲ့ရတာတွေ
မင်းနာကျင်ခဲ့ရတာတွေက
ဒီလောက်နဲ့ လုံလောက်ပြီလေ ...

တစ်နေ့ ...
မင်းချစ်တတ်လာတဲ့ တစ်နေ့ကျရင်
ငါ မင်းကို ဘယ်လောက်ချစ်ခဲ့မှန်း
သိလာလိမ့်မယ် တဲ့ ...

အတိတ်တွေဟာ
တရိပ်ရိပ်ပါပဲ ...

ငါ့အတွက်နဲ့
ပတ်၀န်းကျင်က ပြောသမျှကို
ပြုံးပြုံးလေး အဖြေပြန်ပေးခဲ့တာတွေ

နီးဖို့အတွက်နဲ့
တစ်လောကလုံးနဲ့လဲပြီး
ကိုယ့်ကို ရွေးချယ်ခဲ့တာတွေ

နာလောက်ဖို့ လုံလောက်ရဲ့နဲ့
မျက်ရည်တွေကြားက
ခွင့်လွှတ်ခဲ့တာတွေ

ပြီးတော့ ...
ဘာ ပြဿနာမှ မရှာပဲ
တိတ်တိတ်လေး
ပျောက်ကွယ်ပေးခဲ့တာတွေဟာ ...

အချစ်ဆိုတာမှန်း
ကိုယ်​တဖြေးဖြေး နဲ့ သိလာရတာနဲ့အမျှ
ကိုယ်တို့ဟာ တဖြေးဖြေး မဆုံနိုင်တော့တဲ့
အကွာအဝေးတွေ ရောက်နေပါပြီ ...

မင်း နာကျင်ခဲ့ရတာဟာ
တကယ်တော့ မတန်ပါဘူး
ထားခဲ့ဖို့ ရွေးခဲ့တာကလဲ
မင်း မှန်ပါတယ် ...

ပြီးတော့ ...
ဒီလောက် ချစ်ခဲ့တဲ့ လူတစ်ယောက်ကို
တန်ဖိုးထားဖို့ မေ့ခဲ့တဲ့
ကိုယ်ကလည်း

နာကျင်ရဖို့ တန်ပါတယ် ။

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok