In Real Life Vlog
House of characters(H.O.C)
24/03/2026
Monsterverse ထဲမှာ King Ghidorah ကို ရေခဲပြင်အောက်မှာ ဘယ်သူက ပိတ်လှောင်ခဲ့တာလဲ ။
Shimo ရဲ့ Frostbite Breath ကြောင့်လို့ထင်ရပေမဲ့ Ghidorah လို တော်တော်လေးကျမ်းတဲ့ကောင်ကို Shimo တစ်ယောက်တည်း တော့န်ိုင်မှာမဟုတ်တာ ေ သ ချာတယ်။ အဲ့တော့ ဘယ်လို Ghidorah ကို အေးခဲပြီး ပိတ်လှောင်ခဲ့ကြလဲ။
သိတဲ့တိုင်း Ghidorah ကကမ္ဘာပေါ်ကကောင်မဟုတ်ဘူး။ ဒါပေမဲ့ Ghidorah ကမ္ဘာမြေပေါ်ကို ရောက်လာချိန်မှာ Titan တွေမှာ အဖွဲ့နှစ်ဖွဲ့ကွဲသွားခဲ့တယ်။ တစ်ဖွဲ့က Ghidorah ကို အညံ့ခံခဲ့ပြီး နောက်တစ်ဖွဲ့က Shimo နဲ့ Godzilla ရဲ့ ဘိုးဘေးဖြစ်တဲ့ Dagon တို့ ဦးဆောင်ပြီး ပြန်လည်ခုခံခဲ့ကြတာပါ။
ရှေးခေတ် Phoenicians တွေရဲ့ မှတ်တမ်းမှာ Dagon ကို ကြွေလာတဲ့ကြယ်ကို အနားယူရာနေရာကို ပို့ဆောင်ပေးသူ လို့ တင်စားခေါ်ဝေါ်ခဲ့ကြတယ်။ ဒီနေရာမှာ ကြွေလာတဲ့ကြယ် ဆိုတာ ကောင်းကင်က ဆင်းလာတဲ့ King Ghidorah ကို ဆိုလိုတာဖြစ်ပြီး အနားယူရာနေရာ ဆိုတာကတော့ Ghidorah ကို ပိတ်လှောင်ထားတဲ့ ရေခဲပြင်ကိုပြောတာပါ။ အဲ့တော့ Ghidorah ကိုပိတ်လှောင်ခဲ့သူက Shimo မပါရင်တောင် Dagon ကတော့ အရေးပါတဲ့နေရာကပါဝင်ခဲ့တယ်။ ဒါပေမဲ့ Director Michael Dougherty ရဲ့ အဆိုအရ Ghidorah ကို အနိုင်ယူပြီး ရေခဲပြင်အောက် ရောက်သွားအောင် လုပ်ခဲ့တာက လက်ရှိ Godzilla ပါပဲ။
King of the monsters ထဲက ရေအောက် နံရံဆေးရေးပန်းချီတွေမှာ မြင်တွေ့ရတဲ့ Ghidorah နဲ့ တိုက်ခိုက်နေတဲ့ Godzilla ပုံတွေက တကယ်တော့ အခုလက်ရှိ Godzilla ပါပဲ ။ ဒီတိုင်းအနိုင်ယူလို့မရတာသေချာတော့ Godzilla အနေနဲ့ Shimo အကူညီမပါရင်တောင် Dagon အကူညီယူကိုယူရနိုင်တယ်။ King of Monsters မှာတောင် လူသားတွေအကူညီကြောင့်အများကြီးအထောက်အကူဖြစ်ခဲ့တာဆိုတော့ ။
ဒါဆို Dagon ဘယ်လိုအဆုံးသက်လဲ။ Dagon က နောက်ပိုင်းမှာ MUTO Prime နဲ့ တိုက်ခိုက်ရင်း အသက်ထွက်ခဲ့ပြီး MUTO ရဲ့ မျိုးဥတွေ အကောင်ပေါက်ဖို့အတွက် Dagon ထဲမှာဥတွေချပေးခဲ့ပါတယ်။ ၂၀၁၄ ရုပ်ရှင်မှာ မြင်ခဲ့ရတဲ့ မို င်းတွင်းထဲက Titan အရိုးစုက Dagon ရဲ့ ရုပ်အ လော င်း အရိုးစု ဖြစ်ပြီး၊ အဲ့ဒီထဲက ထွက်လာတဲ့ MUTO နှစ်ကောင်ကိုတော့ အခုလက်ရှိ Godzilla ကပဲ ပြန်ပြီးအနိုင်ယူခဲ့ပါတယ်။ ဒီအရိုးစုက Dagon ဆိုတာကို Godzilla: Aftershock Comic ထဲမှာလည်း ပြထားသေးတယ်။
ဒါပေမဲ့ ဘာလို့ Muto တွေက Godzilla ထဲမှာ သားဖောက်ခဲ့တာလဲကတော့စိတ်ဝင်စားဖို့ကောင်းတယ်၊ တကယ်လို့ဖြစ်နိုင်ရင် Monsterverse ကို Kong တို့ Godzilla တို့ ဘိုးဘေးခေတ်က တိုက်ပွဲတွေကိုပိုမြင်ချင်တာတော့အမှန်ပဲ။
22/03/2026
တကယ်တော့ Kung-fu Panda 1 ရဲ့ အဓိက Main Villain က Tai Lung မဟုတ်ဘူး Master Shifu ။ Shifu ကအတ္တများရင်း သူဖြစ်ချင်ခဲ့တဲ့အရာကိုအခြားသူတွေကိုအတင်းခိုင်းစေခဲ့တဲ့ သူတစ်ယောက် ၊ ဒီလိုပြောလို့လည်း Shifu ကမှားနေတာတော့လည်း မဟုတ်သေးပြန်ဘူး။ ဘာလို့ဆို Shifu ရဲ့ငယ်ဘဝကလည်းတော်တော်လေးဝမ်းနည်းစရာကောင်းခဲ့တာ။
Shifu ငယ်ငယ်တုန်းက သူ့အဖေက Con Artists တစ်ယောက် အလွယ်ပြောရရင် ငွေလိမ်တဲ့ကောင်ပေါ့ သူက တစ်မြို့ပြီးတစ်မြို့သွားရင် ငွေလိမ်နေတက်တဲ့သူ ဒီလိုနဲ့ Master Oogway တို့မြို့ရောက်လာရင်း Shifu အဖေက ရှီရုန်း က သူ့ကို အထုပ်တစ်ထုပ်ပေးပြီး Jade Palace လှေကားမှာ ထားခဲ့ရင်း ဒီမှာပဲ စောင့်နေ၊ ငါးမိနစ်နေရင် ပြန်လာခဲ့မယ် လို့ ကတိပေးခဲ့ပါတယ်။
Shifu က အဲဒီ ငါးမိနစ်ကို ထပ်ခါထပ်ခါ ရေတွက်နေခဲ့ပါရင်း ငါးမိနစ်က နာရီပေါင်းများစွာ ကြာသွားပေမဲ့ သူ့အဖေ ပြန်မလာခဲ့ပါဘူး။ နောက်ဆုံးမှာတော့ Master Oogway က သူ့ကို ခေါ်ယူစောင့်ရှောက်ခဲ့ပါတယ်။ ဒီလိုနဲ့ Oogway ရဲ့ လက်အောက်မှာ Shifu က ပထမဆုံးသော The First Furious Five ရဲ့ အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ပထမဆုံး Furious Five အဖွဲ့ဝင်တစ်ယောက် လမ်းမှားရောက်သွားတဲ့အခါ Master Shifu တစ်ယောက်ပဲ Jade Palace မှာဆက်နေခဲ့ပါတယ်။
အဲဒီအချိန်တုန်းက Shifu ကသူရဲကောင်းတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ လမ်းခွဲလိုက်ကြတဲ့အခါ သူချစ်ရတဲ့ အမျိုးသမီးကလည်း သူ့ကို ထားသွားခဲ့ပါတယ်။
အဲ့အချိန်ကစပြီး Shifu က ဘယ်သူ့ကိုမှ သူ့နှလုံးသားထဲ အနီးကပ် ပေးမဝင်တော့ပါဘူး။ ဒီလိုနဲ့ အချစ်ရေးလက်လျော့လိုက်တဲ့ ကောင်ဆိုတော့ သိုင်းပညာကိုပဲ အလေးပေးရတော့တာပေါ့။ Master Oogway ရဲ့လေ့ကျင့်ပေးမှုတွေကြောင့် Master Shifu က ရှိတောင်ရှိမလာသင့်တဲ့ Kung-fu အထိပါတက်ပြီး သိုင်းပညာမှန်သမျှအကုန်သိ အကုန်တက်ပါတယ်။ သူ့ရည်မှန်းချက် နဂါးသူရဲကောင်းဖြစ်လာဖို့ပါ။ ဒါပေမဲ့ Master Oogway က သူ့ကိုနဂါးသူရဲကောင်းအဖြစ်မရွေးတဲ့အခါ သူ့ရည်မှန်းချက် ပျက်စီးခဲ့ပါတယ်။ ဒီလိုနဲ့ နေလာလိုက်ရင်း တစ်ရက် ကျားသစ်လေးတစ်ကောင် တံခါးရှေ့ရောက်လာတဲ့အထိပါပဲ။
နှလုံးသား အေးခဲနေတဲ့ Shifu က Tailung ကို သားအရင်းလိုမွေး သူသိထားတာအကုန်လေ့ကျင့်ပေးရင်း သူဖြစ်ချင်ခဲ့တဲ့ နဂါးသူရဲကောင်း အိပ်မက်ကို Tailung အပေါ်ဆက်ရှင်သန်စေခဲ့တယ်။ ဒါပေမဲ့ Oogway က Tailung ကိုမရွေးတဲ့အခါနောက်တစ်ကြိမ်အိပ်မက်ပျက်ခဲ့ရပြီး သူ့သားကိုပါဆုံးရှုံးခဲ့ရတယ်။
မိဘကလည်းပစ်ထားခဲ့ ၊ ဖြစ်ချင်ခဲ့တဲ့အိပ်မက်ကလည်း အိပ်မက်အတိုင်းပဲ ဘာမှဖြစ်မလား ၊ ဆော်လဲပစ် ၊ သားကလည်း ကိုယ့်အိပ်မက်ကြောင့်ဆုံးရှုံးလိုက်ရပါသေးတယ်။
13/03/2026
ငယ်ငယ်တုန်းက စနေ၊ တနင်္ဂနွေ မနက်ခင်းတွေဆိုတာ ကျွန်တော်တို့အတွက် TV မှာ နေရာယူရမယ့် အချိန်တွေပါ။ မုန့်စားရင်း TV ကနေ Doraemon ကိုစောင့်ကြည့်ခဲ့တဲ့အချိန်တွေက တကယ်ကောင်းတဲ့ အမှတ်တရတစ်ခုပါပဲ ၊ နောက်ပိုင်းအခွေဝယ်တဲ့ခေတ်ရောက်လာတော့လည်း Doraemon ကိုအသည်းအသန် ရှာဝယ်ကြသလို Doraemon ပါတဲ့ ပစ္စည်းလေးတွေကလည်း ကလေးတွေ အမြဲဝယ်စုကြတဲ့အရာတွေထဲကတစ်ခုပါ။
နိုဘီတာ ရဲ့ ပျင်းရိမှုတွေ၊ ဖက်တီး ရဲ့ အနိုင်ကျင့်မှုတွေ၊ ကိုဖြိုး (Suneo) ရဲ့ ကြွားဝါမှုတွေ၊ ပြီးတော့ မိနီ (Shizuka) ရဲ့ ချစ်စရာကောင်းတဲ့ အပြုံးတွေ ဒါတွေအကုန်လုံးက ကျွန်တော်တို့ရဲ့ မသိစိတ်ထဲမှာ အမြဲအမှတ်ရနေမဲ့အရာတစ်ခုပါ။ ဒါပေမဲ့ Doraemon ဘယ်လို ဇာတ်သိမ်းသွားလဲ။ Doraemon ရဲ့တကယ့်ဇာတ်သိမ်းအစစ်ကဘယ်လိုလဲ။
ဒီနေ့ Post မှာ Doraemon ဘယ်လိုဇာတ်သိမ်းခဲ့လဲဆိုတာပြောပါမယ်။ တကယ်တော့ ဒီ Post ကို Video အနေနဲ့တင်ခဲ့တာပါ။ ဒါပေမဲ့ video က သူများကိုထိခိုက် စေပါတယ်ဆိုပြီး အဖျက်ခံရတာကြောင့် channel ပါ warning ထိသွားပါတယ်။ အဲ့တာကြောင့် ဒီကြားထဲ Video တွေဆက်မလုပ်ဖြစ်သေးတာပါ။ အားပေးကြတဲ့ တစ်ယောက်စီကိုကျေးဇူးအထူးတင်ပါတယ်။
03/03/2026
Matrix ဇာတ်လမ်းထဲမှာ Agent Smith သာအနိုင်ရသွားရင် လူသား တွေနဲ့ စက်တွေကြား ဘယ်လိုပြဿနာတွေဖြစ်လာနိုင်လဲ။ တကယ်တော့ Agent Smith က Matrix System ရဲ့ Security Bot တစ်ကောင် ဒါပေမဲ့ သူက Matrix အတွက်ရော လူသားတွေအတွက်ရော ဘာလို့ အန္တရယ်ကောင်ဖြစ်လာရလဲ။
Matrix နောက်ဆုံး Revolution ထဲမှာ Smith Program က စက်တွေတောင် ထိန်းချုပ်မရတော့တဲ့အထိဆိုးတဲ့ Virus တစ်ကောင်ဖြစ်လာတယ်။ နောက်ဆုံး Neo နဲ့တိုက်ခိုက်တော့လည်း Smith နိုင်သွားပေမဲ့ Neo ကသူကိုယ်တိုင် Smith Code ကိုဖျက်ပစ်ပြီး အနိုင်ယူခဲ့တယ်။ တကယ်လို့သာ Neo မနိုင်ပဲ NeoSmith သာဖြစ်သွားရင် ပထမဆုံး ကျဆုံးမှာက စက်ကမ္ဘာပါ။
စက်ကမ္ဘာရဲ့ အရာအားလုံးကို Smith ထိန်းချုပ်လိုက်နိုင်ပြီး လူသားတွေနဲ့ဖြစ်နေတဲ့တိုက်ပွဲမှာ Zion လည်း ကျဆုံးသွားပါလိမ့်မယ်။ မကျဆုံးရင်တောင် Smith က လက်တွေ့ကမ္ဘာအထိ လူသားတွေကို ထိန်းချုပ်နိုင်တော့ ကျန်ခဲ့တဲ့လူသားတွေကလည်း Smith Clone တွေဖြစ်လာနိုင်တယ်။ Matrix 3 မှာတုန်းကလည်း Bane ကိုထိန်းချုပ်ခဲ့တော့ နောက်ပိုင်း Zion ကလူသားတွေအကုန်လုံးကလည်း Smith ကိုယ်ပွားတွေဖြစ်လာနိုင်တယ်။
နောက်ဆုံး Matrix System ကြီးတစ်ခုလုံးကလည်း Smith တွေပဲကျန်တော့တာဖြစ်လို့ လူသား Battery တွေကလည်း နိုးထလာတာမဟုတ်ရင် အကုန်အသ တ် ခံရနိုင်တယ်။ တကယ်တော့ smith လိုချင်တာ အရာအားလုံး အဆုံးသက်ပါ Matrix 1 Security Bot ဘဝတုန်းက Matrix ကိုကာကွယ်ခဲ့တယ် Matrix 2 မှာ Smith Clone တွေပွားဖို့ Matrix ကိုထိန်းချုပ်ဖို့ လုပ်လာတယ် နောက်ဆုံး Matrix 3 ကတော့ ဘာမှဆက်လုပ်စရာမရှိတော့ပဲ အရာအားလုံး ပျက်စီးသွားမဲ့ သဘောတရားကိုဖော်ညွှန်းပါတယ်။
အဲ့တာကြောင့် တကယ်လို့သာ Smith နိုင်သွားရင် စက်ကမ္ဘာ နဲ့ လူသား ကမ္ဘာ အရာအားလုံးပျက်သွားမှာပါ။တကယ်တော့ Smith က Delete Button ဖြစ်ပါတယ်။
คลิกที่นี่เพื่อเป็นสมาชิก?