Charming Study Escapes

Charming Study Escapes

แชร์

Sharing my UK study experience and interviewing students to make alive this page

19/11/2025

ဒါလေး သိပြီးပြီလား
မလေးရှားမှာ ဖြစ်တာ
Candidate တစ်ယောက်က တခြားပိုကောင်းတဲ့ job offer ကို လက်ခံလိုက်ပြီ လို့ recruiter ကို politely message ပို့တာကို
Recruiter က အဲ့လို reply ပြန်လိုက်တာ
LinkedIn မှာတော့ ဒီရက်ပိုင်း နာမည်ကြီးနေတာ

သူများ အချိန်ကျ ဖြုန်းပြီး သူတို့ အချိန်ဖြုန်းတာကျ မခံနိုင်ဘူး
တကယ် ဒေါသထွက်စရာ
UK မှာ အလုပ်လျှောက်တုန်းကဆိုလေ
CV screening pass ဖြစ်ရင်
Theoretical/Technical questions လာတယ်
တစ်ချို့တွေဆို အဲ့အဆင့် မတိုင်ခင် မှာ cognitive and personality tests ရှိသေးတယ်
နောက်ဆုံးမှ in person interview

Those recruiters they should reflect themselves

ဘာပဲဖြစ်ဖြစ် တင်တဲ့ ကောင်လေးနဲ့
Share တဲ့ လူတွေကို လေးစားတယ်
ဒါမှ လူတွေ သိမှာ

12/07/2025

Interview with a Myanmar Medical Student from Poland Part 3Poland ဆေးကျောင်းရဲ့ curriculum အသေးစိတ်ကို ပြောပြပေးထားတာမို့လို့ ဆေးကျောင်းတက်ချင်တဲ့ သူတွေ သေချာလေး နားထောင်ဖို့ လိုပါတယ်မြန်မာက ဆေးကျောင်းနဲ့တော့ နည်းနည်းကွာပါတယ်

20/04/2025

Sandra တက်ခဲ့တဲ့ ကျောင်း Imperial College London က
Economics & Public Policy Department မှာ PhD အတန်းအတွက် Full Scholarships ပေးနေပါတယ်
April နောက်ဆုံးဆိုတော့ ကပ်နေပါပြီ
နဂိုကတည်း က ကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့ သူမှ အဆင်ပြေပါလိမ့်မယ်

ကိုယ်လည်း အလုပ်ရှုပ်နေလို့ LinkedIn အခုမှ ဝင်ဖြစ်လို့ အခုမှ တွေ့တာပါ
Professor တင်ထားတာပါ ပြန်တင်ပေးထားပါတယ်

Marisa က အရမ်းတော်တဲ့ အမျိုးသမီး Professor ပါ
စာလည်း သေချာရှင်းပြပေးတယ်
Economics background ဘာမှ မရှိ မသင်ဖူးတဲ့ Sandra ကိုတောင် Exam မှာ A+ ရအောင် သေချာစာရှင်းပြ သင်ပေးနိုင်တာပါ

Full scholarships ဖြစ်လို့ နေစားစရိတ် ကတော့ ကိုယ့်ဘာသာကိုယ် manage လုပ်ရပါမယ်
လန်ဒန် က ဈေးကြီးပါတယ်နော်
ဈေးကြီးသလောက်လည်း အလုပ်အခွင့်အလမ်း အပေါဆုံး မြို့ပါ
part-time လုပ်ရင် နေစားစရိတ် ကာမိလား ဆိုတဲ့ ကြိုတင်မေးခွန်းများအတွက်
-ချွေတာရင် ကာမိပါတယ် ငွေတော့ မစုမိ မပိုပါဘူး

scholarship ရခဲ့ရင်လည်း လာပြောပြပါဦး
ဂုဏ်ယူချင်လို့ပါ
နောက် Imperial College London Myanmar students alumni တွေနဲ့ လည်း မိတ်ဆက်ပေးပါ့မယ်
ကျောင်းမှာကတော့ Myanmar students အရမ်းရှား အရမ်းနည်းပါတယ်
နိုင်ငံခြား မှာ မြန်မာတွေနဲ့ မဆုံချင်ရင် Sandra တို့ ကျောင်းကို လျှောက်လို့ရတယ်နော်

မေ့လို့
ကိုယ်က sports, music တစ်ခုခုမှာ ထူးချွန်ပြီး ပြိုင်ပွဲဝင် ဆုရဖူးရင်လည်း (ဥပမာ- International မဟုတ်တောင် ပြည်နယ်/တိုင်း လောက် ပါဖူးရင်) အဲ့ဒါတွေပါ ထည့်တင်ပါ
သူတို့ သဘောကျပါတယ်
Economics ဆိုတော့ economic forum တွေ similar ပွဲတက် speech ပြောဖူးတာတွေရှိရင်
အဲ့လိုပွဲမျိုးကို organize လုပ်ဖူးတာ ရှိရင်လည်း ထည့်ရေးဖို့ မမေ့နဲ့နော်

🚨PhD alert- fully funded! In light of everything happening in the world, the Economics & Public Policy Department at Imperial College Business School is conducting a second lightning round of admissions for fall 2025! We have a strong group in applied economics including in related research. Applications due April 30, offers in mid-May. Please spread the word! More details:

https://lnkd.in/e3c4yahH
Imperial College London Centre for Health Economics & Policy Innovation

10/04/2025

Bangkok, Central Embassy က စာဖတ်လို့ ကောင်းတဲ့ နေရာလေး

သူက Central Embassy ရဲ့ အပေါ်ဆုံး အထပ်မှာ ရှိတဲ့ open house ပါ

စာအုပ်ဆိုင်လည်းရှိတယ်
ကော်ဖီဆိုင် food shops တွေလည်းရှိတော့
ကော်ဖီသောက် မုန့်စားရင်း အလုပ်လုပ်လို့ရပါတယ်
မဝယ်စားလည်းရပါတယ် ဘယ်သူမှ မောင်းမထုတ်ပါဘူး
ဒါပေမဲ့ ဆိုင်နေရာ စားပွဲတွေမှာ သွားထိုင်လို့တော့ မရဘူးပေါ့
နောက် aircon ကြောင့် ကြာကြာထိုင် အလုပ်လုပ်မယ်ဆို အနွေးထည်ယူသွားပါ
အရေးအကြီးဆုံးက တိတ်ဆိတ်ဖို့ပါ
အဲ့နေရာမှာ ဘယ်သူမှ မဆူကြပါဘူး
အကုန်လုံး တိတ်တိတ်ဆိတ်ဆိတ် ရှိကြပါတယ်

ဒီနေရာလေးက video ရိုက်ထားတာရှိတယ်
ပြန်ရှာရဦးမယ်
ဘယ်လိုပုံစံမျိုးလဲ သိချင်တဲ့သူတွေက
လောလောဆယ် insta မှာ တင်ထားတဲ့ ဓါတ်ပုံလေးတွေ သွားကြည့်လို့ရပါတယ်

ဘန်ကောက်မှာ အလုပ်လုပ်နေရင်းနဲ့ ရိုက်ထားတဲ့ video တွေတော့ အများကြီးပဲ
သိပ်မတင်ဖြစ်ဘူး မအားတာလည်းပါတယ်
တင်ဖြစ်ရင်လည်း insta မှာ ပဲ အတိုလေးတွေ တင်ဖြစ်တော့
followers တွေထဲက bkk မှာ နေနေသူတွေရှိရင်
သိချင်တာလေးတွေရှိရင်
insta မှာ သွားကြည့်လို့ရပါတယ်
တစ်ချို့နေရာတွေက မြန်မာတွေ သိပ်မသိကြပါဘူး
သွားဖူးတဲ့ ကိုယ်ကလည်း vlog လုပ်ပြီး မတင်ထားတော့
ဥပမာ ဘန်ကောက်မှာ မြှားပစ်ချင်တဲ့သူတွေ ရှိရင် မြှားပစ်တဲ့ video တင်ထားတယ် အဲ့မှာ location လည်းပါတယ်
နောက် indoor climbing လုပ်ချင်တဲ့သူတွေ အတွက် နေရာ, Tennis court, လူရှင်းပြီး ပုံရိုက်လို့ အရမ်းလှတဲ့ နေရာလေးတွေ

ဘန်ကောက်မှာ ဘယ်နေရာ သွားလို့ သွားရမယ်မှန်း မသိရင် Sandra ရဲ့ insta က ပုံတွေမှာ location လေးတွေ ထည့်ပေးထားလို့ အဆင်ပြေမှာပါ

တစ်ခုရှိတာက ဒီနေရာတွေက အလည် ၅ ရက် ၁ ပတ် လာတဲ့သူတွေ အတွက်မဟုတ်ပါဘူး
ဘန်ကောက်မှာ လနဲ့ချီ နေတဲ့ သူတွေ အတွက်ပါ

အလည်ခဏ လာတဲ့သူတွေက main tourist attraction နေရာ တွေကို အရင် သွားလည်သင့်ပါတယ်

နောက် Fb က အခုနောက်ပိုင်း ခဏခဏ ပြသာနာဖြစ်တယ်
warning တို့ ဟိုဟာညိ ဒီဟာpolicy ထိနဲ့လေ
နောက်ပိုင်း ပညာရေးနဲ့ ပတ်သက်တဲ့ video အတိုလေးတွေကို insta နဲ့ Tiktok မှာ တင်မလားလို့
စဉ်းစားနေပါတယ်

Tiktok ကတော့ education အတွက် မဖွင့်ရသေး
အလုပ်အတွက်ပဲ ရှိသေးတယ်
insta ကတော့ acc ရှိတယ် ဘန်ကောက်
အကြောင်း အဓိက တင်သလို ဖြစ်နေလို့

https://www.instagram.com/p/C4aiHxpvSsC/?igsh=OXc4M3g1ZGpoajE0

Book store in phrom phong, bangkok 10/04/2025

Book store in Bangkok
ဘန်ကောက် မှာ english books တွေ ဘယ်နားဝယ်ရမှန်း မသိတဲ့ သူတွေ အတွက် ဒီ video လေးထဲက စာအုပ်ဆိုင်မှာ သွားဝယ်လို့ ရပါတယ်

သိတဲ့အတိုင်းပဲ ဘန်ကောက်မှာက ထိုင်းလို ဘာသာပြန်ထားတဲ့ စာအုပ်တွေပဲ များတယ်

instagrammable spot ဖြစ်တဲ့ central chidlom က စာအုပ်ဆိုင်မှာက ထိုင်းစာအုပ်တွေပဲ များတယ်
နောက်တစ်နေရာ central chidlom က open house စာထိုင်ဖတ်လို့ရတဲ့ နေရာမှာတော့ စာအုပ်တွေပိုများတယ်
ဒါပေမဲ့ ဒီ emquartier က ဆိုင်က ပိုစုံလို့လေ
စာရေးကိရိယာတွေပါ တစ်ခါတည်း ဝယ်လို့ရတယ်
နေရာလည်း အကျယ်ကြီးပဲ
အခုမှ သတိရလို့
insta မှာပဲ တင်ထားတာဆိုတော့ insta acc ရှိတဲ့ သူတွေက အဲ့မှာ သွားကြည့်ပေးနော်
အောက်မှာ Link ထည့်ထားပေးပါတယ်
video vlog က လုပ်နေကျ မဟုတ်တော့ အရမ်းကြီးတော့ သိပ်မလှဘူး
edit လုပ်ရတာ စိတ်လည်း မရှည်တာ တစ်ကြောင်း
နောက် video မြန်မြန်ရိုက်ပြီး စာအုပ်လည်း အေးအေးဆေးဆေးရှာချင်တာလည်းရှိလို့

https://www.instagram.com/reel/DE2w48byZ-A/?igsh=NHUzbWU2c2ptMDlo

Book store in phrom phong, bangkok

05/04/2025
ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Charoen Krung 43
Bangkok
10500