Learning with Tr.Htet

Learning with Tr.Htet

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Learning with Tr.Htet, ครูสอนพิเศษ/ครู, Bangkok.

22/06/2026

Finland နိုင်ငံမှ သမီးလေးရဲ့ မြန်မာစာ
one on one class လေးပါရှင်။
မြန်မာဗျည်းအက္ခရာလေးတွေ သင်ပြီးတော့
မမ ဝဝ ကဗျာလေးကို ဗျည်းအသံလေးတွေအတိုင်း
ဆိုပြသွားတာ Tr တောင် သိပ်ဆိုမပြလိုက်ရပါဘူးရှင်။ နိုင်ငံခြားမှာ အနေကြာလာတော့ စကားသံဝဲဝဲ
လေးတွေနဲ့ ကြိုးစားပြီးဆိုပြပေးလို့ ကျေးဇူးပါ
ကလေးလေးရေ။ ❤️❤️❤️😘

18/06/2026

G-2 သင်္ချာမှ အလီဇယားပြုလုပ်ပုံနှင့်
လွယ်ကူသော အလီလေ့ကျင့်နည်းလေး
မျှဝေပေးလိုက်ပါတယ်ရှင်။ ❤️

ပွင့်သောပန်းတိုင်း လန်းပါစေ ✍️

17/06/2026

Edit # # လူပြည့်သွားပါပြီရှင့်။။

📣📣
အသက် ၅ နှစ်မှ ၆နှစ် သားငယ်သမီးငယ်များအတွက် Kg- G1 အတန်းသစ် .....

Kg – G1 သင်တန်းစုံစမ်းကြသော မေမေများရှင်

၂၀၂၆ ပညာသင်နှစ်အတွက် Kg-G1 အတန်းလေးကို ၇ လပိုင်း (၁၁,၁၂) ရက်မှစ၍ အပတ်စဉ် (စနေ, တနင်္ဂနွေ) နေ့လည် (၁နာရီမှ ၂ နာရီခွဲထိ) Online Class အတန်းလေး တစ်ခုနှင့်မိတ်ဆက်ပေးပါရစေ။

ဒီအတန်းလေးမှာတော့
KG သင်ရိုးဖြစ်သည့်
အခြေခံ ဗျည်းအက္ခရာ လက်ရေးလှနှင့်
ဗျည်းအက္ခရာ အရေးအဖတ်များကို စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီးမှ
G1 အတန်းလေးကို ဆက်လက် သင်ကြားပေးမှာဖြစ်ပါတယ်ရှင်။

G1 အတန်းမှာဆိုရင်လည်း သင်ခန်းစာ ၁ ခုပြီးတိုင်း Level Test စစ်ဆေးပြီး
ဗျည်း /သရ နှင့် ဗျည်းတွဲများ ပေါင်းစပ်ပုံတို့ကို စနစ်တကျ သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလကတော့ ကြာချိန် ၁၀လ ဖြစ်ပါတယ်ရှင်။

မိမိကလေး အကြောင်းအမျိုးမျိုးကြောင့်
Kg – G1 မတက်ခဲ့ရလို့ပဲဖြစ်ဖြစ် နောက်နှစ်အတွက် အခြေခံကိုပိုင်နိုင်စွာ လေ့ကျင့်ထားချင်တာပဲဖြစ်ဖြစ် ဒီအတန်းလေးကို Join ပေးပါရှင်..
Pg messenger or Viber/ 09955964058

-G1

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

ที่อยู่

Bangkok