Pi Ti

Pi Ti

แชร์

Pi Ti means Shoon Pi Ti ;)

26/11/2025

နည်းပညာခေတ်မှာ “Digital Marketing” ဆိုတာ မသိဘူးဆိုရင် နောင်လာမယ့်သင့်ရဲ့ဘဝက တကယ်ကို ခက်ခဲသွားနိုင်တယ်နော်။

အရင်ခေတ်ကဆိုရင် ကုန်ပစ္စည်းရောင်းချင်ရင် ဆိုင်ဖွင့်၊ ဈေးတန်းထိုင်၊ သတင်းစာကြော်ငြာတင်၊ TV မှာပြရုံပဲ။

အခုခေတ်ကျတော့… လူတွေတစ်နေ့ကို ဖုန်း ၅-၆ နာရီ၊ ၇-၈ နာရီလောက် ကြည့်နေကြတယ်။

ဒီလူတွေကို မထိတထိ နိုင်ရင် သင့်ရဲ့ဈေးကွက်ကို တစ်ခြားသူတွေက လုယူသွားမှာပါ။

အခုဆို တစ်ခါတလေ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု စဖို့ ပိုက်ဆံမလိုတော့ဘူး။
ဖုန်းတစ်လုံး၊ အင်တာနက်တစ်ခု၊ နဲ့ Digital Marketing နည်းနည်းသိရင် တစ်လထဲနဲ့ သိန်းနဲ့ချီတဲ့ ဝင်ငွေရလာနိုင်တယ်။

တကယ်လုပ်‌နေတဲ့လူငယ်တွေ အများကြီးရှိပါတယ်။

ဒါပေမယ့် အခုမလေ့လာရင်…
နောင် ၃ နှစ်၊ ၅ နှစ်ကျရင် အလုပ်ရှာတဲ့အချိန် ကုမ္ပဏီတွေက “Digital Marketing တတ်လား?” လို့ မေးလာမယ်။

မတတ်ဘူးဆိုရင် အလုပ်မရဘူး။
ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်ရင်လည်း ဖုန်းထဲက ဖောက်သည်တွေကို ဘယ်လိုဆွဲဆောင်ရမလဲ မသိတော့ဘူး။ ရှုံးမယ်။

အခုအချိန်က နောက်ကျသေးဘူး။
တစ်နေ့ ၃၀ မိနစ်၊ တစ်ပတ် ၃ ရက် လောက်ပဲ အချိန်ပေးကြည့်ပါ။

ဒါတွေသင်ယူလိုက်ရင် သင်ဟာ ဒီခေတ်ရဲ့ “အနိုင်သမား” ဖြစ်သွားမယ်။

မသင်ယူဘူးဆိုရင်တော့… နောင်တရမယ့်နေ့ မဝေးတော့ဘူးနော်။

Digital Marketing မသင်ရင် လူဖြစ်ရှုံးမယ်လို့မပြောဘူး။
ဒါပေမယ့် ဒီခေတ်မှာ အောင်မြင်ဖို့ အခွင့်အရေး အများဆုံးပိတ်သွားမယ်ဆိုတာ အသေအချာပဲ။
အခုပဲ စမယ်။
သင်တစ်ယောက်တည်း မဟုတ်ဘူး၊ ကျွန်မလည်း အတူလေ့လာနေတယ်။
အတူတူ ဒီခေတ်ကို အနိုင်ယူကြမယ်။
#လူငယ်တွေအတွက် #ခေတ်မှီနေရမယ်

18/11/2025

ဘဝမှာ လူတွေရဲ့ အာရုံစိုက်မှု၊ လေးစားမှုနဲ့ ဦးစားပေးမှုကို လိုချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် အရင်ဆုံး အရေးပါတဲ့ သူတစ်ယောက်ဖြစ်လာအောင် ကြိုးစားပါ။

✅ ပန်းတိုင်ထားပါ

ရည်မှန်းချက်တွေကို ရှင်းလင်းစွာ ချမှတ်ပြီး တစ်လှမ်းချင်း လျှောက်လှမ်းပါ။

✅ ကိုယ်ပိုင်တန်ဖိုးကို ဖန်တီးပါ

သင့်ရဲ့ အလုပ်၊ စိတ်ထားနဲ့ လုပ်ရပ်တွေက သင့်ကို ထင်ရှားစေမှာပါ။

✅ မဆုတ်မနစ်ကြိုးစားပါ

စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး အမြဲသင်ယူဖို့ အဆင်သင့်ဖြစ်နေပါ။

သင်ဟာ တခြားသူတွေအတွက် တန်ဖိုးရှိတဲ့ သူတစ်ယောက်ဖြစ်လာတဲ့အခါ လူတွေရဲ့ အရေးပေးမှုဟာ သူ့အလိုလို သင့်ဆီ ရောက်လာပါလိမ့်မယ်။ ✨
ဒီနေ့ပဲ စလိုက်ပါ။ သင်ဘာကို အရေးပါအောင် လုပ်မှာလဲ? 💬

#စိတ်ဓာတ်ခွန်အား #ဘဝရည်မှန်းချက်

06/11/2025

ဘဝမှာ တစ်ခုပဲ သတိထားဖို့လိုတယ်
လူတိုင်းက သူ့တို့အတွက် “တန်ရာတန်ရာ” ကိုပဲ ရတတ်တယ်ဆိုတာကိုပါ...

တချို့လူတွေက သင့်ရဲ့ မေတ္တာကို မတန်အောင် အသုံးချသွားနိုင်တယ်။
တချို့ကတော့ သင်ပေးတဲ့အရာတွေကို တန်ဖိုးသိတတ်တယ်။

ဘဝက အမှန်တကယ်တော့ သာမန်မဟုတ်ဘူး။
သင်ဘယ်လိုစိတ်ထားရှိလဲဆိုတာပေါ်မူတည်ပြီး
အရာအားလုံး ပြန်ရလာတာပါ။

အချစ်တောင် တူရာတန်ရာနဲ့ တွေ့တတ်တယ်။
ကိုယ့်မေတ္တာနဲ့တန်သူနဲ့ တွေ့ရင် တန်ဖိုးသိတဲ့ ချစ်ခြင်းကို ပြန်ခံစားရမယ်။

တန်ဖိုးမသိတဲ့သူနဲ့ တွေ့ရင်တော့
သင်ခန်းစာတစ်ခုပဲ ဖြစ်သွားပါမယ်။

ဒါကြောင့် သင့်ဘဝမှာ ဖြစ်လာတာတဲ့အရာတိုင်းကို
“မတန်ဘူး” မထင်ပါနဲ့
အဲ့ဒါက သင့်ကို တန်ဖိုးသိတဲ့အရာတွေထဲ ရောက်ဖို့ နည်းလမ်းတစ်ခုပါပဲ ...

05/11/2025

ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့သာ အာရုံစိုက်ပါ။
ဘယ်လိုကြိုးစားရင် အနေအထားတစ်ခု ရှိလာမလဲ။
ဘယ်လို ပညာရပ်ကို လေ့လာရမလဲ။ဘယ်နယ်ပယ်မှာ အားသွန်ခွန်စိုက် လုပ်ရမလဲ။
အားလပ်ချိန်မှာ ကျွဲဖမ်းတာထက်
စာဖတ်မလား၊Podcast နားထောင်မလား ဒါတွေပဲ ပိုလုပ်သင့်တယ်။

အားနေ မိန်းမတွေ ပိုက်ဆံမက်တယ်။စော်တွေကို သူဌေးစာတွေပါကွာ ဒါတွေ လိုက်ပြောနေရင် မဟုတ်သေးဘူး။အလုပ်က မကြိုးစားချင်၊အားရင် ဂိမ်းကစားတယ်၊ညစ်ညမ်းကားတွေ ကြည့်တယ်။ဘဝရည်မှန်းချက်အတွက်
ဘာ plan မှ မရှိဘူး။ဒီလိုလူမျိုးကို
မိန်းကလေးတွေ မချစ်ဘဲ စွန့်ပစ်ရင် ဒါသူတို့ အမှား မဟုတ်ဘူး။
ကိုယ့်အမှားပဲဆိုတာ သိရတယ်။
လူတိုင်းမှာ ရွေးချယ်ခွင့် အပြည့်အဝ ရှိတယ်လေ။မင်းလည်း အနေအထားတစ်ခု ရောက်သွားရင် မင်းနဲ့ အဆင့်အတန်းချင်းတူတဲ့မိန်းကလေးကို ရွေးချယ်ခွင့်ရှိတယ်။
ဒါ သဘာဝကျ ပါတယ်။

ဘယ်လောက်ချစ်ချစ် ဘဝကို ထမင်းရည်သောက်ပြီး ရှင်သန်လို့မှ မရတာ။အချစ်ဟာ ဘဝဆိုပေမယ့်
ဘဝဟာ အချစ်တော့ အလုံးစုံ မဟုတ်ပါဘူး။ဘဝမှာ အချစ်ထက် အရေးကြီးတဲ့အရာများစွာ ရှိပါသေးတယ်။ဉီးစားပေးရမယ့်အရာ၊ကြိုးစားရမယ့်အရာ ရှိပါတယ်။

ဆင်းရဲလို့ ရတယ်။ဒါပေမယ့် စိတ်ဓာတ် မကောင်းလို့တော့ မရဘူး။ဆင်းရဲတာနဲ့ ယောက်ျားမဆန်တာ တစ်ကဏ္ဍစီပဲ။ဘာမှ မဆိုင်ဘူး။တချို့ကောင်တွေ ဆင်းရဲတာကို အကြောင်းပြပြီး ဘဝကို ဖြစ်သလို နေတယ်။မိန်းကလေးတွေကို နှမချင်း မစာမနာ ပါးစပ်သရမ်းတယ်။ရှုံ့ချတယ်။ဆင်းရဲတာနဲ့တင် လုံလောက်ပြီကို။စိတ်ဓာတ်ပါ မကောင်းတော့ ဘာလုပ်ရတော့မလဲ။

ယောက်ျားပဲကွာ။
သတ္တိရှိရင် ကြိုးစားလိုက်စမ်းပါ။
အနေအထားတစ်ခုရှိအောင်။
မင်းကို ရွေးချယ်တာ နောင်တ မရစေရဘူးဆိုတဲ့အထိပေါ့။
အင်မတန် ချမ်းသာရမယ် မဆိုလို။
ကိုယ်ယူတဲ့မိန်းကလေးကို provide လုပ်ပေးနိုင်ရမယ်။Protect လုပ်ပေးနိုင်ရမယ်။Profess လုပ်ရမယ်။
တတ်နိုင်တဲ့အင်အားနဲ့ဖြည့်ဆည်းပေးတာ၊ကာကွယ်ပေးတာ၊ကိုယ်ချစ်ကြောင်း ရဲရဲထုတ်ဖော်တာ ဒါတွေ
လုပ်နိုင်ဖို့ လိုပါတယ်။

30/10/2025

"လူတစ်ယောက်ဟာ တခြားလူတစ်ယောက်အပေါ် စေတနာရှိလာတာဟာ…
အဲ့အချိန်ကစပြီး ချစ်ခြင်းမေတ္တာရဲ့ အစဖြစ်လာပါတယ်။

စေတနာဆိုတာ
တခြားလူတစ်ယောက်ကို ကောင်းဖို့ မျှော်လင့်ပေးတဲ့ စိတ်။

သူ့အတွက် သက်သာအောင်လုပ်ပေးချင်တဲ့ စိတ်။

နာကျင်စေမယ့် စကားတောင် ပြောမိဖို့ မလွယ်တဲ့ စိတ်။

အဲ့ဒီစိတ်ဟာ တကယ်လို့ သန့်ရှင်းတယ်ဆိုရင်…အဲ့တာကတော့ မေတ္တာပါပဲ။

စေတနာနဲ့ မေတ္တာက ချင်းချင်းမခွဲနိုင်ပါဘူး။
မေတ္တာက စေတနာရဲ့ အပြုံးဖြစ်ပြီး
စေတနာကတော့ မေတ္တာရဲ့ အမြစ်ဖြစ်ပါတယ်။

တစ်ခြားသူတစ်ယောက်အတွက် စေတနာဖြစ်လာတာနဲ့
သင့်အတွင်းက အပြစ်မဲ့တဲ့ ချစ်ခြင်းတရား တစ်စိတ်ကွေးထပ် တန်ဖိုးရှိလာတာပါ။

28/10/2025

"တစ်ခါတစ်လေ 'Content' ဆိုတဲ့စကားလုံးကို မကြာခဏကြားဖူးကြပါမယ်။
Content Creator, Content Writer, Content Video…
ဒါပေမဲ့ တကယ်တမ်း ‘Content ဆိုတာဘာလဲ’ လို့ မေးလိုက်ရင် အမှန်တကယ်ပြန်ဖြေဖို့ ခက်ခဲတတ်တယ်။

"နားလည်ရလွယ်အောင် ပြောရရင်တော့
Content ဆိုတာက 'မျှဝေချင်တဲ့အရာ' ပါ။
စကားလုံးတစ်ကြောင်းဖြစ်နိုင်တယ်, ဗီဒီယိုတစ်ခုဖြစ်နိုင်တယ်။
ပုံလေးတစ်ပုံဖြစ်နိုင်တယ်။
အဓိကက တစ်ချက်တည်း
‘ဒီအရာက တစ်ယောက်ယောက်ကို တန်ဖိုးရှိစေသလား?’
ဟုတ်တယ်ဆိုရင်… အဲ့ဒါပဲ Content ဖြစ်တယ်။"

"ဥပမာပေးရရင်
ချက်ပြုတ်နည်း ဗီဒီယိုတစ်ခုတင်တာလည်း Content ဖြစ်တယ်။
စိတ်ညစ်နေတဲ့သူတွေအတွက် စကားလုံးလှလှတစ်ကြောင်း post တင်တာလည်း Content ဖြစ်တယ်။
တစ်ယောက်ယောက်ကို ရယ်မောဖို့ Video တစ်ခုပြုလုပ်တာတောင် Content ဖြစ်တယ်။
အဲ့တာတွေဟာ တန်ဖိုးတစ်ခုခု ပေးနေတဲ့အချိန်မှာပဲ Content ဖြစ်နေပြီးသားပါ။

"တချို့လူတွေက ပြောတတ်ကြတယ်
‘Content Creator ဆိုတာ လူသီးသန့်တစ်ချို့တွေလုပ်တာလို့။

ဒါမှန်ပါ့မလား? မမှန်ပါ။

Content ဆိုတာ လူတိုင်းနဲ့ စပ်လျဉ်းနေတဲ့အရာပါ။
သင်က ပြောချင်တဲ့အရာတစ်ခု လုပ်ချင်တဲ့အရာတစ်ခုရှိရင် သင်က Content Creator ဖြစ်နေပြီးသားပါ။

"တကယ်စလိုက်ချင်တယ်ဆိုရင် ဒီလိုလုပ်ပါ👇"
1️⃣ သင်စိတ်ဝင်စားတဲ့အကြောင်း ရှာပါ။
(အစားအစာ၊ အလှအပစသဖြင့်

2️⃣ တစ်နေ့တစ်နေ့ Idea တစ်ခုချင်း စုပါ။

3️⃣ စတင်ဖို့ အားနည်းနေတယ်ဆိုရင် မိမိအတွက်ပဲ စမ်းတင်ပါ။
တင်ပြီးမှ မကြာခဏပြန်ကြည့်ပြီး သင်ခန်းစာယူပါ။
အဲ့တာပဲ Skill ဖြစ်လာတာပါ။

"နားလည်ရလွယ်အောင်ပြောရရင် —
Content ဆိုတာ မျှဝေမှုပါ။
သင့်အသံ၊ သင့်စကား၊ သင့်အမြင်က တန်ဖိုးရှိနေတယ်။
တစ်ယောက်ယောက်က နားလည်သွားတယ်ဆိုရင်
အဲ့တာပဲ ထင်ရှားတဲ့ Content ဖြစ်တယ်။"

"သင့်ဖုန်းထဲက ရှိပြီးသားအရာတွေနဲ့ပဲ စတင်လို့ရတယ်။
သင့်စကားတစ်ခုပဲ လိုတယ် ‘စလိုက်ပါ’ ဆိုတာပါပဲ။
အဲ့လိုစပြီဆိုရင် သင်ဟာ တန်ဖိုးရှိတဲ့ Content Creator တစ်ယောက် ဖြစ်လာနိုင်မှာ သေချာပါတယ်။

ရေးသားသူ
Shoon Pi Ti

26/10/2025

ဝမရှိပဲ ဝိမလုပ်နဲ့ 👀

15/10/2025

တကယ်ဖြစ်ချင်ရင် တကယ်ဖြစ်အောင်လုပ်🫵

#တကယ်ဖြစ်ချင်ရင်တကယ်ဖြစ်အောင်လုပ်

14/09/2025

ဖောက်ပြန်ရတာကောင်းတယ်👀

14/09/2025

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok