AM Review
ဇာတ်ကားတွေနဲ့ တခြားစိတ်ဝင်စားစရာတွေကို တင်ပေးနေပါတယ်။ အားပေးကြပါအုံး။
17/06/2026
Page က ထိထားလို့ အရင်က တင်ထားတာတွေ ဖျက်ရတော့မယ် 🥺🥺
14/06/2026
ဆင်းရဲသားစစ်သားနဲ့ အတင်းပေးစားခံရပြီး နိုင်ငံကိုကယ်တင်သူ ဖြစ်လာတဲ့ အနှိမ်ခံညီမလေး
တန်ခိုးအာဏာကြီးမားတဲ့ ဒါရှာ မင်းဆက်ရဲ့ နန်းတွင်းနိုင်ငံရေး မုန်တိုင်းကြားမှာ ကံကြမ္မာချင်း ဆန့်ကျင်ဘက်ဖြစ်သွားခဲ့ရတဲ့ ညီအစ်မနှစ်ယောက်။ မျက်နှာသာပေးခံရတဲ့ အစ်မဖြစ်သူ ကျန်းရုယီ က ထိပ်တန်းပညာရှိအရာရှိကြီး ရှဲ့စီအန်း နဲ့ ဂုဏ်သရေရှိစွာ လက်ထပ်ခဲ့ချိန်မှာ၊ အနှိမ်ခံညီမလေး ကျန်းနန်ချောင် ကတော့ ဆင်းရဲတဲ့ ရိုးရိုးစစ်သားလေး ဟော့ယောင် နဲ့ အတင်းအကျပ် ပေးစားခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ အချိန်တွေကုန်လွန်သွားတဲ့အခါမှာတော့ ဧကရာဇ်ကိုယ်တိုင် ဘွဲ့ထူးအဆင့်အတန်း ပေးအပ်ရတဲ့အထိ အမျိုးသမီးသူရဲကောင်းကြီး ဖြစ်လာခဲ့ပြီး အာဏာလုပွဲတွေ၊ သစ္စာဖောက်မှုတွေကြားကနေ အမျိုးသမီးထုရဲ့ အခွင့်အရေးကိုပါ မြှင့်တင်ပေးခဲ့တဲ့ ကျန်းနန်ချောင်ရဲ့ အားကျအတုယူဖွယ် နန်းတွင်းဗျူဟာ လက်စားချေ အောင်မြင်မှု ဇာတ်လမ်းတွဲ ကို တင်ဆက်ပေးပါမယ်။ page ကို follow လုပ်ထားပါအုံးနော်။
11/06/2026
ဆင်းရဲသားဘဝကနေ ရွာတစ်ရွာလုံးကို သူဌေးဖြစ်အောင် လုပ်ပေးခဲ့တဲ့ သံမဏိတောင်သူကြီး
တစ်ချိန်က ဆင်းရဲလွန်းလို့ ရွာသားတွေရဲ့ နှိမ်ချခြင်းကို ခံခဲ့ရတဲ့ ကျေးလက်တောရွာက ကောင်လေး ကျိုးတာရှန်း။ သူဟာ မထင်မှတ်ဘဲ ရလာတဲ့ ရင်းနှီးငွေနဲ့အတူ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို စွန့်ဦးတီထွင် လုပ်ကိုင်ခဲ့ပါတယ်။ ရွာသားတွေရဲ့ အထင်သေးမှု၊ မနာလိုမှုတွေနဲ့ အတိုက်အခိုက်တွေကို ကြံ့ကြံ့ခံရင်း သူဌေးကြီးတစ်ဦး ဖြစ်လာခဲ့ပြီး "တစ်ယောက်တည်း ချမ်းသာတာထက် အားလုံးတူတူ ချမ်းသာမှ တကယ့်ချမ်းသာခြင်း" ဆိုတဲ့ စိတ်ဓာတ်နဲ့ ရွာတစ်ရွာလုံးကို ဘဝပြောင်းလဲပေးခဲ့တဲ့ ကျိုးတာရှန်းရဲ့ စိတ်ဓာတ်ခွန်အားရစရာ ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးပါမယ် ❤️❤️❤️။ ဒီလို ဇာတ်လမ်းကောင်း တွေ ကြည့်ရှုဖို့ follow လုပ်ခဲ့ပါအုံးနော်။
08/06/2026
စွန့်ပစ်ခံရတဲ့ ကံဆိုးမလေးဘဝကနေ မင်းသားကြီးရဲ့ အချစ်သမီးတော် ဖြစ်လာတဲ့ အာယောင်
မိခင်ကွယ်လွန်ပြီးနောက် ဖခင်အရင်းရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကောင်မလေး အာယောင်။ လူတွေက သူမကို နိမိတ်မကောင်းတဲ့ "ကံဆိုးမလေး" လို့ ကဲ့ရဲ့ကြပေမဲ့ တကယ်တမ်းမှာတော့ သူမဟာ တစ်ဖက်သားကို နွေးထွေးမှုပေးနိုင်တဲ့ နှလုံးသားပိုင်ရှင်လေးပါ။ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် အဆိပ်သင့်ဝေဒနာ ခံစားနေရတဲ့ မင်းသားကြီး ရွေ နဲ့ ဆုံတွေ့ခဲ့ပြီးနောက် သူမရဲ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲ? နန်းတွင်းက ကောက်ကျစ်မှုတွေကြားမှာ မင်းသားကြီးရဲ့ "ကံကောင်းခြင်းကြယ်ပွင့်လေး" ဖြစ်လာမယ့် အာယောင်ရဲ့ ကြည်နူးစရာနဲ့ ရင်နင့်စရာ ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးပါမယ်နော်။
06/06/2026
မင်္ဂလာညမှာ အရှက်ခွဲခံရလို့ မင်္ဂလာဆောင်ဖျက်ပြီး လက်စားချေခဲ့တဲ့ သူဌေးသမီး
မင်္ဂလာဦးညမှာတင် ယုတ်မာကောက်ကျစ်တဲ့ ယောက္ခမနဲ့ အသုံးမကျတဲ့ သတို့သားတို့ရဲ့ မတရားနှိပ်စက် အရှက်ခွဲမှုကို ခံခဲ့ရတဲ့ အိမ်ထောင်ကြီး သူဌေးသမီး စင်ချင်းနင်။ သူမဟာ ဒီလိုစော်ကားမှုတွေကို ငြိမ်ခံမနေဘဲ လူပုံအလယ်မှာတင် မင်္ဂလာဝတ်စုံကို ဆုတ်ဖြဲပြီး စေ့စပ်ကြောင်းလမ်းမှုကို ပြတ်ပြတ်သားသား ဖျက်သိမ်းခဲ့ပါတယ်။ ဒါတင်မကဘဲ သူမရဲ့ မိသားစုကို နှိပ်စက်ဖို့ ကြိုးစားခဲ့တဲ့ ကျောက်မိသားစု တစ်မိသားစုလုံး ဘဝပျက်အောင် လက်စားချေခဲ့လဲဆိုတာ ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲ ကို တင်ဆက်ပေးပါမယ်နော်။ ❤️❤️❤️
အစေခံမလေးရဲ့ လျို့ဝှက်ကလဲ့စား အပိုင်း ၅
ခွဲခြားခံ သမီးငယ်နှင့် ကြံရည် ပြဿနာ အပိုင်း ၃
ခွဲခြားခံ သမီးငယ်နှင့် ကြံရည် ပြဿနာ အပိုင်း ၂
ခွဲခြားခံ သမီးငယ်နှင့် ကြံရည် ပြဿနာ အပိုင်း ၁
အစေခံမလေးရဲ့ လျို့ဝှက်ကလဲ့စား အပိုင်း ၄
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
10260