AD - Secret Diary
published 4 bestselling books 📚
Jan16 Capricorn ♑️
14/05/2026
Long-Time Friend တစ်ယောက်လောက် ရှိပြီလား ?
ကျွန်တော်တို့ဘဝထဲကို
ဝင်လာတဲ့ သူငယ်ချင်းတွေ အများကြီးရှိသလို
ထွက်သွားတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ထွက်သွား ထွက်သွားကိုယ့်ဆီမှာမရှိတော့ဘူးဆိုရင်တော့
ဒါဟာ ကိုယ့်သူငယ်ချင်းမဟုတ်တော့ပါဘူး။
တွေ့ ကြုံ ဆုံ ကွဲ လောကကြီးမှာ
တချို့သူငယ်ချင်းတွေဟာ
ကိုယ့်ဘဝထဲ ၅ နှစ်ထက်ပိုပြီး ရှိနေကြပါတယ်။
သူတို့တွေကို "Long-Time Friend" လို့ ခေါ်ပါတယ်။
လူတိုင်းမှာ မကောင်းတဲ့အချက်တွေ ရှိကြပါတယ်။
ကျွန်တော့်မှာလည်း ရှိသလို စာဖတ်သူတို့မှာလည်း ရှိပါတယ်။
အဲ့လို မကောင်းတဲ့အချက်တွေကို
တစ်ယောက်နဲ့တစ်ယောက် လက်ခံနိုင်တယ်ဆိုမှ
Long-Time Friendship တစ်ခု ဖြစ်လာမှာပါ။
Long-Time Friend တစ်ယောက်လောက်ပဲရှိရင်တောင်
ကျွန်တော်တို့ဘဝအတွက် အင်မတန် ကောင်းပါတယ်။
1. သူက ကိုယ့်အကြောင်းကို တစ်ခါတစ်လေမှာ ကိုယ့်ထက်တောင် ပိုသိနေတတ်ပါတယ်။
2. သူက မိသားစုဝင်တစ်ယောက်လို ဖြစ်နေပါတယ်။
3. ကိုယ့်မကောင်းကြောင်းကို ရည်ရွယ်ချက်ရှိရှိ ဘယ်တော့မှ ပြောမယ့်လူ မဟုတ်ပါဘူး။
4. ကိုယ်တကယ်နာကျင်နေတဲ့အခါ ဖြေသိမ့်ပေးနိုင်စွမ်း ရှိပါတယ်။
5. ကိုယ့်ကို ဆူပူနိုင်ပေမယ့် သေချာတာကတော့ ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။
6. ကိုယ့်ရဲ့ ဖြစ်တည်မှုကိုပဲ သူက ခင်တွယ်ပါတယ်။
7. ကိုယ်နဲ့ သူနဲ့ဆုံတိုင်း ရယ်နေရတာ များပါတယ်။
8. ရန်ဖြစ်တတ်ပေမယ့် သိပ်မကြာခင် ပြန်အဆင်ပြေတတ်ပါတယ်။
9. နာအောင်စနောက်သည့်တိုင် ဘယ်တော့မှ စိတ်မဆိုးကြပါဘူး။
10. ကောင်းအတူ၊ ဆိုးအတူ အမြဲ အတူတူရှိခဲ့သူ ဖြစ်ပါတယ်။
တချို့လူတွေက သူငယ်ချင်းများလေ ကောင်းလေလို့ ထင်ကြတယ်။
ဒါဟာ လုံးဝအမှားပါ။
သူငယ်ချင်းဆိုတာ တစ်ယောက်ပဲရှိလည်း
ကိုယ့်အတွက် တကယ်ကို အဖိုးတန်တဲ့သူ၊
ကိုယ့်ကို positive effect ရစေနိုင်တဲ့သူပဲ ဖြစ်သင့်ပါတယ်။
အယောင်ဆောင်သူငယ်ချင်း ၁၀ ယောက်ထက်
Long-Time Friend တစ်ယောက်က
အဆပေါင်းများစွာ ပိုတန်ဖိုးကြီးပါတယ်။
သူငယ်ချင်းဆိုတာ Quantity အရေအတွက်ထက်
Quality အရည်အသွေးက အရေးကြီးတာကိုး။
Long-Time Friend ရဖို့ကလည်း တကယ်မလွယ်ကူပါဘူး။
ကိုယ့်အနားမှာ ၅ နှစ်ကျော်လောက် ရှိနေနိုင်ဖို့ဆိုတာ
ထင်သလောက် မရိုးရှင်းဘူး။
ပေါင်းသင်းလာရင်း အဆင်မပြေတဲ့အခါ
ကိုယ့်ဘဝထဲက ထွက်သွားကြတဲ့၊
ဒါမှမဟုတ် ကိုယ့်ဘဝထဲက ထုတ်လိုက်ရတဲ့
သူငယ်ချင်းတွေ ရှိပါတယ်။
ဒါကြောင့် အခုအချိန် ကျွန်တော်တို့မှာ
Long-Time Friend တစ်ဦးရှိနေတယ်ဆိုရင်
သူ့ကို တန်ဖိုးထားရပါမယ်။
ကျွန်တော်တို့ဘေးမှာ ၅ နှစ်ထက် မက
၁၀ နှစ်ကျော်တဲ့အထိ အတူရှိနေတဲ့သူငယ်ချင်းကိုတော့
Lifelong Best Friend လို့ ခေါ်ပါတယ်။
Long-Time Friend ရှိပြီလား။
Lifelong Best Friend ရော ရှိပြီလား။
ရှိတယ်ဆိုရင် အမှတ်တရဖြစ်အောင်
ဒီ post လေးမှာ mention ပြီး အသိပေးလိုက်ပါဦး။
တန်ဖိုးကြီးသူငယ်ချင်းအမျိုးအစားမို့
လူအများကြီး mention လို့တော့ မရဘူးနော်။
⚠️ စာစုများကို ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ⚠️
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်။
ယခုစာစုကတော့ thank u Ex စာအုပ်မှ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ထုတ်ဝေပြီးစာအုပ် ၅ အုပ်လုံးကို
chat box မှာ order မှာယူနိုင်ပါတယ်။
AD
May 14, 2020 (repost)
your secret friend
your smart guy
05/03/2026
သွေးမတော် သားမစပ်ပေမယ့် ကိုယ့်အပေါ်ကောင်းတဲ့
ဒုတိယမိသားစုဆိုတာ လူတိုင်းလိုလို ရှိတတ်ပါတယ်။
ကိုယ့်ရဲ့မိသားစုအရင်းလို ကိုယ့်အပေါ်ကောင်းတဲ့၊
တချို့ဆို ကိုယ့်ရဲ့မိသားစုအရင်းထက်တောင် ပိုကောင်းတဲ့
ဒုတိယမိသားစုဆိုတာမျိုး ရှိပါတယ်။
ရေစက်ကောင်းတွေပါပြီး
ဒီဘဝမှာ ပြန်ဆုံရတယ်ပဲ ပြောရမလား ..
သွေးလည်းမတော် သားလည်းမစပ်၊
မွေးစားတာမျိုးလည်း မဟုတ်၊
ဒီအတိုင်း သူစိမ်းတွေဆိုပေမယ့်
ကိုယ့်အပေါ် မှာ တကယ့်မိသားစုတစ်ခုလို
နွေးထွေးလုံခြုံစေတယ်။
ကြင်နာယုယပေးတယ်။
ရိုးသားခြင်းနဲ့ မေတ္တာတရားကို ပေးတယ်။
ကောင်းခြင်းတွေ ဖြစ်တည်စေတယ်။
နောက်ကနေ အထောက်အပံ့ဖြစ်စေတယ်။
ပျော်ရွှင်အေးချမ်းစေတယ်။
လင်းလက်တောက်ပစေတယ်။
ဒါဟာ ဒုတိယမိသားစုပါပဲ။
တချို့အတွက် အလုပ်နဲ့ အလုပ်ရှင်
တချို့အတွက် လုပ်ဖော်ကိုင်ဖက်
တချို့အတွက် နိုင်ငံရပ်ခြားက လူမျိုးတူမိတ်ဆွေ
တချို့အတွက် အိမ်နီးနားခြင်း
တချို့အတွက် သူငယ်ချင်း
တချို့အတွက် ချစ်သူ
ဒုတိယမိသားစုဟာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိပါတယ်။
Family မိသားစုဆိုတာ
isn’t whose blood သွေးသားတော်စပ်မှ မဟုတ်ပါဘူး။
Blood Family - သွေးသားတော်စပ်တဲ့ မိသားစုထက်
ကိုယ့်အပေါ် အများကြီးပိုပြီးကောင်းတဲ့
Chosen Family - ဒုတိယမိသားစုဆိုတာ ရှိပါတယ်။
တချို့ဘဝတွေဆိုရင်
Blood Family ကြောင့် စုတ်ပြတ်ခဲ့တာတောင်
Chosen Family ကြောင့် ပြန်လည်လှပတတ်ပါတယ်။
အကယ်၍ ကိုယ့်မှာ Chosen Family ရှိတယ်ဆို
ဒီ post လေးနဲ့ အတူ
သူတို့ကို သတိရအောက်မေ့ ကျေးဇူးတင်ပါနော်။
⚠️ စာစုများကို ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ⚠️
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်။
ယခုစာစုကတော့ After 20 စာအုပ်မှ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ထုတ်ဝေပြီးစာအုပ် ၅ အုပ်လုံးကို
chat box မှာ order မှာယူနိုင်ပါတယ်။
AD
March 05, 2024 (repost)
your secret friend
your smart guy
คลิกที่นี่เพื่อเป็นสมาชิก?