Ko Lin Lin - Chiang Mai
Discover the enchanting city of Chiang Mai with our premier travel and tour services.
ချင်းမိုင်ရဲ့ သင်္ကြန် တတိယနေ့
ချင်းမိုင်ရဲ့ သင်္ကြန်
ည ၉ နာရီ
ကွေးနေအောင် က တုန်း 😆
April 13, 2026
အပန်းဖြေခရီးသွားသူတွေ စိတ်ဝင်စားမယ့် Ob Luang အမျိုးသားပန်းခြံ (Ob Luang National Park) ရဲ့ Tubing Adventure ကို ယနေ့မှစ၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ 📣📣
အောက်ပါ Link မှာ စာရင်းပေးသွင်းပါ 👉🏻 https://forms.gle/f9anz6k7wYehfH9u9
တစ်ရက် ၄ ကြိမ် ၊ တကြိမ်ကို လူ ၁၅ ယောက် နဲ့ စုစုပေါင်း တစ်ရက် လူ ၆၀ ကိုပဲ ဝန်ဆောင်မှု့ပေးမှာဖြစ်ပါတယ်။ စောစောကြိုတင် စာရင်းသွင်းထားမှ ကိုယ့်စိတ်ကြိုက်ရက်ကို သွားရောက်နိုင်မှာပါ။
📍 စတင်စီးနင်းနိုင်မည့်ကာလ: ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် (စနေနေ့) မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ။
🛟 ခရီးစဉ်အကွာအဝေး (၂) မျိုး ရှိပါတယ်:
* ခရီးစဉ်တို: ၃ ကီလိုမီတာ (ကြာချိန် ၁ နာရီခန့်)
* ခရီးစဉ်ရှည်: ၇.၄ ကီလိုမီတာ (ကြာချိန် ၂ နာရီ မှ ၂ နာရီခွဲခန့်)
🌊 ရေအနက်: ၀.၄ မီတာ မှ ၂.၀ မီတာအထိ (အနက်ဆုံးနေရာမှာ စခန်းချကွင်းပြင်ရှေ့တွင် ဖြစ်ပါတယ်)
‼️ စာရင်းပေးသွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များ
၁. အမျိုးသားပန်းခြံမှ တစ်နေ့လျှင် ၄ ကြိမ် ခွဲ၍ ဝန်ဆောင်မှုပေးပါမည် (တစ်ကြိမ်လျှင် လူဦးရေ ၁၅ ဦးထက်မပိုရ)
* အလှည့် (၁) - နံနက် ၁၀:၀၀ နာရီ
* အလှည့် (၂) - နံနက် ၁၁:၀၀ နာရီ
* အလှည့် (၃) - မွန်းလွဲ ၀၁:၀၀ နာရီ
* အလှည့် (၄) - မွန်းလွဲ ၀၂:၀၀ နာရီ
၂. လျှောက်လွှာတစ်စောင်လျှင် လူတစ်ဦးနှုန်းသာ စာရင်းသွင်းရပါမည်။
၃. ပါဝင်သူများသည် အသက် ၁၄ နှစ်နှင့်အထက် ဖြစ်ရပါမည်။
၄. တာဝန်ရှိသူများ၏ ညွှန်ကြားချက်နှင့် စည်းကမ်းများကို တိကျစွာ လိုက်နာရပါမည်။
💰 ဝန်ဆောင်ခနှုန်းထားများ (တစ်ဦးလျှင်)
🔴 ထိုင်းနိုင်ငံသားများအတွက်:
* ပန်းခြံဝင်ကြေး - ၂၀ ဘတ်
* တာယာငှားရမ်းခ - ၅၀ ဘတ်
* အသက်ကယ်အင်္ကျီငှားရမ်းခ - ၄၀ ဘတ်
* အကြို/အပို့ ကားခ - ၄၀ ဘတ်
စုစုပေါင်း - ၁၅၀ ဘတ်
🔴 နိုင်ငံခြားသားများအတွက်:
* ပန်းခြံဝင်ကြေး - ၁၀၀ ဘတ်
* တာယာငှားရမ်းခ - ၅၀ ဘတ်
* အသက်ကယ်အင်္ကျီငှားရမ်းခ - ၄၀ ဘတ်
* အကြို/အပို့ ကားခ - ၄၀ ဘတ်
စုစုပေါင်း - ၂၃၀ ဘတ်
🟢 ၂၀၂၆ ခုနှစ်အတွက် စာရင်းပေးထားသူများ အမည်စာရင်း စစ်ဆေးရန် (Google Sheet)
အမည်စာရင်းကို နေ့စဉ် ညနေ ၀၄:၀၀ နာရီတွင် Update လုပ်ပေးပါမည်။
(နေ့စဉ် မွန်းလွဲ ၀၃:၃၀ နာရီမတိုင်မီ စာရင်းသွင်းသူများကိုသာ ထိုနေ့တွင် ထည့်သွင်းပေးမည်ဖြစ်ပြီး၊ ၀၃:၃၀ နောက်ပိုင်း စာရင်းသွင်းသူများကို နောက်တစ်နေ့တွင် Update လုပ်ပေးပါမည်။)
အကယ်၍ ၀၃:၃၀ မတိုင်မီ စာရင်းသွင်းထားသော်လည်း အမည်စာရင်းမပါရှိပါက Admin ထံသို့ Inbox မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
Ob Luang National Park page
https://www.facebook.com/share/1BAG5dxdV9/
📍 ဖေဖော်ဝါရီလ ၂၀၂၆: https://docs.google.com/spreadsheets/d/1UNBC6WdXdSvIVZZAxNp9pYPaawfCeKMjj3pqLEcHETE/edit?usp=sharing
📍 မတ်လ ၂၀၂၆:
https://docs.google.com/spreadsheets/d/1pyp1tyMp_CVVWlkZDwfC3CvwZpsBUqUNzF1EXfX9vi4/edit?usp=sharing
📍 ဧပြီလ ၂၀၂၆:
https://docs.google.com/spreadsheets/d/1x96tZka18__OhJ5TwZVLh35CEBVFwwUA44sj27rVPwM/edit?usp=sharing
✅ အမည်စာရင်း ရှာမတွေ့ပါက Sheet ၏ အောက်ခြေရှိ မိမိစာရင်းသွင်းခဲ့သော ရက်စွဲအတိုင်း အကွက်များကို နှိပ်၍ ရှာဖွေနိုင်ပါသည်။
ဒီနေရာက ချင်းမိုင်ကနေဆို ၂ နာရီခန့်အကွာအဝေးတွင်ရှ်ိပါသည်။
https://maps.app.goo.gl/65W6aUrAsF2rGMW29
........
TUBING ACTIVITY ON THE MAE CHAEM RIVER
at Op Luang National Park
ADVANCE BOOKING OPENS: 17 February 2026 | 9:30 AM ⏰
TUBING STARTS: 21 February 2026 onwards 🚣♂️
📅 AVAILABLE UNTIL: 30 April 2026 🌿
DISTANCE OPTIONS 🛶
🔹 SHORT ROUTE – 3 KM
⏳ Duration: Approximately 1 – 1.5 hours
🔹 LONG ROUTE – 7.4 KM
⏳ Duration: Approximately 2 – 2.5 hours
Water Depth: 0.4 – 2.0 meters 📏💧
📍 (Deepest point is near the campground area)
BOOKING REGULATIONS
🕙 4 ROUNDS PER DAY (Maximum 15 persons per round)
1️⃣ 10:00 AM
2️⃣ 11:00 AM
3️⃣ 1:00 PM
4️⃣ 2:00 PM
👤 Registration: 1 person per booking
🎂 Minimum age: 14 years and above
📋 Participants must strictly follow staff instructions
and park regulations
FEES – FOREIGN VISITORS (Per Person)
🎟 Entrance Fee: 100 THB
🛟 Tube Rental: 50 THB
🦺 Life Jacket Rental: 40 THB
🚐 Shuttle Service: 40 THB
✅ TOTAL: 230 THB
Video: Ob Luang National Park page
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
50000