Network for Human Rights Documentation - Burma

Network for Human Rights Documentation - Burma

แชร์

ND-Burma formed in 2004 in order to provide a way for Burma human rights organizations to collaborat

02/05/2026

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ကုလသမဂ္ဂ၊ အမေရိကန်နှင့် ဂျပန် ထပ်မံ တောင်းဆို
DVB
နေပြည်တော်မှာ အကျဉ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က စစ်အာဏာရှင်ကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ်ကို ပြောင်းရွှေ့လိုက်တဲ့ အပေါ် အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်က သိရှိမှတ်သားထားကြောင်းနဲ့ ယုံကြည်လက်ခံနိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ဖြစ်ပေါ်လာရေးအတွက် အထောက်အကူပြုမဲ့ အခြေအနေတွေဆီ အခြေခံကျတဲ့ ခြေလှမ်းအဖြစ် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို အမြန်ဆုံးနဲ့ ခြွင်းချက် မရှိ လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ လက်တွေ့ကျတဲ့ နိုင်ငံရေးအရ အဖြေရှာမှုဟာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးမှုနဲ့ စစ်မှန်တဲ့ ကတိကဝတ်ပြုမှုတို့ အပေါ်အခြေခံရမယ်လို့ အတွင်းရေးမှူးချုပ်က ပြောတဲ့အကြောင်း မေ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံတို့က တောင်းဆိုထားတဲ့အတိုင်း မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ အဖြေရှာရေး ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂနဲ့ မိတ်ဖက်နိုင်ငံတွေ အထူးသဖြင့် အာဆီယံတို့အနေနဲ့ ဘယ်လို ကူညီပံ့ပိုးပေးနိုင်မယ် ဆိုတာကို မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်သူများအားလုံးနဲ့ အထူးကိုယ်စားလှယ်တို့အကြား ဆက်လက် ဆွေးနွေးသွားဖို့အရေးကြီးတယ်လို့လည်း ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။
အလားတူ အမေရိကန်အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနကို ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း သတင်းတွေ ဆက်တိုက် ထွက်ပေါ် နေတဲ့အတွက်၊ သူ့အနေနဲ့ သင့်လျော်ကောင်းမွန်တဲ့ ဆေးဝါးကုသခွင့်ရရှိရေး သေချာစေဖို့ စစ်အာဏာရှင်ကို ကျနော်တို့ တိုက်တွန်းပါတယ်။"
အလားတူ ဂျပန်အစိုးရကလည်း မြန်မာနိုင်ငံရဲ့ အခြေအနေမှာ မသေချာမရေရာမှုတွေ ဆက်လက် ရှိနေဆဲဖြစ်ပေမဲ့ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေကို ထပ်မံလွှတ်ပေးရေးနဲ့ သက်ဆိုင်သူတွေကြား ရိုးသားစစ်မှန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရေးစတဲ့ နိုင်ငံရေးအရ တိုးတက်မှုတွေအပြင် ပြည်သူရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်တဲ့ ကြိုးပမ်းမှုတွေကိုပါ မြင်ဖို့ မျှော်လင့်တယ်လို့ ထုတ်ပြန် ပြောပါတယ်။
ဂျပန်နိုင်ငံအနေနဲ့လည်း အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေရေးအတွက် ကြိုးပမ်း အားထုတ်မှုတွေကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာန သတင်းပြန်ကြားရေး တာဝန်ခံ ခီတာမူရာ တိုရှီဟီရိုက မေ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဂျပန်အစိုးရဟာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေရေးအတွက် ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေ လွတ်မြောက်လာရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေ အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးတာနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ် နေအိမ်ကို ရွေ့ပြောင်းတဲ့ဖြစ်စဉ်တွေကို အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေအဖြစ် ရှုမြင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နေပြည်တော်မှာ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ်တအိမ်မှာ ပြောင်းရွှေ့လိုက်တယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးရုပ်သံကနေ ဧပြီ ၃၀ ရက် ညပိုင်းမှာ ဓာတ်ပုံတပုံနဲ့အတူ ထုတ်ပြန်ကြေညာခဲ့တာပါ။
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေရာရွှေ့ထားလိုက်တာဖြစ်ပေမဲ့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့ နေအိမ်မှာပဲ ဆက်လက်ကျခံသွားရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ နေအိမ်ဆိုတာ ဘယ်နေရာလဲဆိုတာတော့ မသိရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကတော့ မနက်ဖန်မှာ သွားရောက်တွေ့ဆုံဖို့ အစီအစဉ်ရှိနေပါတယ်။
အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို သူ့ရဲ့သားငယ် ကင်မ်အဲရစ်က ဦးဆောင်ပြီး ကမ္ဘာတဝန်းမှာ ပြုလုပ်နေပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့လိုက်တာဟာ ဓားစာခံအဖြစ် ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ယုံကြည်ခိုင်မာရတဲ့ သက်သေပြပေးဖို့ ကိုထိန်းလင်းက ထပ်မံ တောင်းဆိုပါတယ်။

ต้องการให้ธุรกิจของคุณ องค์กร ขึ้นเป็นอันดับหนึ่ง องค์กรไม่แสวงหาผลกำไร ใน Chiang Mai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Chiang Mai