Yu's Collection-2
ထိုင်းပြည်တွင်းသုံး Quality ကို Official Store တွေကနေကိုယ်တိုင်ဝယ်ပြီးရောင်းချတာမို့ စိတ်ချပြီးဝယ်ယူအားပေးနိုင်ပါတယ်ရှင်🛍️
13/06/2026
In Stock
ဆံပင်အကျွတ်သက်သာဖို့ Hair Tonic တွေအများကြီးရှိပေမဲ့ SOME BY MI Hair Tonic ကိုတော့အားလုံးထဲသုံးရတာ သဘောအကျဆုံးဘဲ။
Hair Growth Serum တွေလိုထူပိတ်ပိတ်ကြီး မဟုတ်ဘဲ ရေလိုပေါ့ပေါ့ပါးပါး Texture မျိုးမို့ ဦးရေပြားပေါ် ဖြန်းပြီး Massage လုပ်ပေးရုံနဲ့ နေရတာသက်တောင့်သက်သာရှိတယ်။ Menthol ပါလို့အေးပြီးရှိန်းတိန်းတိန်းလေးနဲ့ဦးရေပြားက Fresh ဖြစ်နေရော။
Cica, Peptide, Biotin နဲ့ Panthenol တို့လို Scalp Care အတွက်ကောင်းတဲ့ Ingredients တွေအများကြီးပါထားတာကြောင့် ဗောက်ထလို့ဦးရေပြားယားတာတွေကိုလည်းသက်သာစေသလိုဆံပင်အမြစ်တွေကိုလည်းသန်လာအောင်အားဖြည့်ပေးတယ်။တချို့ကလည်း ဆံပင်တွေတအားပြန်ပေါက်တယ်ပြောကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကမတူနိုင်တာမို့ ရလဒ်လည်းကွာနိုင်တယ်။
အထူးသဖြင့် ဒီ Tonicက ဆံပင်ကျွတ်တာများတဲ့သူတွေ၊ အဆီပြန်လွယ်တဲ့ဦးရေပြားရှိသူတွေအတွက် ပိုအဆင်ပြေမယ့် Tonicမျိုးပါ။တစ်ခုဘဲ Hair Tonic တစ်မျိုးတည်းနဲ့ ဆံပင်အသစ်တွေ ချက်ချင်းထွက်လာမယ်ဆိုတာမျိုးတော့ မဟုတ်ပေမဲ့ဦးရေပြား Environment ကိုကျန်းမာအောင်ထိန်းသိမ်းပေးတာကြောင့်ဆံပင်ကျွတ်တာသက်သာဖို့တော့ အားကိုးလို့ရတယ်။
ပူတဲ့အချိန်တွေမှာဦးရေပြားကအဆီတအားပြန်ပြီးယားယံလွယ်တဲ့သူဆို ဒီ Tonic လေးသုံးကြည့်ဖို့ Recommend ပေးချင်တယ်။ဘာလို့ဆိုသုံးပြီးတာနဲ့ ဦးရေပြားကပေါ့ပါးပြီးသန့်ရှင်းသွားသလိုခံစားရလို့🫶🏻
ကဲ ဒီနေ့တော့ဒီလောက်ဘဲ။
❌ပုံတွေ၊စာတွေ ကူးယူခွင့်မပြုပါ။❌
Click here to claim your Sponsored Listing.