A&F knowledge

A&F knowledge

แชร์

🙏မင်္ဂလာပါ 🙏

30/01/2025

Accounting equation လို့ ပြောလိုက်ရင်
Asset = Capital + Liabilities
ဆိုတာ အားလုံး သိပြီးသားပါ .....
Company တစ်ခုရဲ့ total assets သည် ထို company သို့ အစုရှယ်ယာဝင်များထည့်ဝင်ထားသော အစုရှယ်ယာတန်ဖိုးနှင့် ထို company မှ ပေးရန်ရှိသော ကြွေးမြီများ ပေါင်းခြင်း နှင့် ညီမျှ ပါသည် ဆိုသော သဘောဖြစ်ပါတယ် ..

Accounting equation ရဲ့ သဘောတရားက double-entry system ကို အခြေခံထားပြီးယူဆထားတာပါပဲ ..
စတင်တည်ထောင်သော company တစ်ခုကို လုပ်ငန်းစတင်ရန် အစုရှယ်ယာ USD 1000 စထည့်ပါက transaction သည်
DR: Cash 1000
CR: Capital 1000
Accounting equation ကို ကြည့်မယ်ဆိုရင်လည်း ယခုလို တွေ့ရမှာပါပဲ
Assets = Capital + Liabilities
1000 = 1000 + 0

13/11/2024

မိမိလုပ်ငန်းကိုစိတ်ဝင်စားတဲ့မိတ်ဆွေတစ်ယောက်က ခင်များကုန်ပစ္စည်းက Profit Margin% ဘယ်လောက်ရလဲ သို့မဟုတ် Markup% ဘယ်လောက်ရလဲ လို့ မေးလာခဲ့ရင် ...

Example လေးနဲ့ ရှင်းပြပေးမယ်နော်
လုပ်ငန်းက ကုန်ပစ္စည်းတစ်ခုကို ရောင်းဈေး 15,000 ကျပ် နဲ့ ရောင်းပါတယ်။
ကုန်ပစ္စည်းအဝယ်တန်ဖိုး နှင့် ရောင်းချရန် (သို့) သိုလှောင်ရန် နေရာသို့ရောက်ပြီး စုစုပေါင်း ကုန်ကျစရိတ် 12,000 ကုန်ကျပါတယ်။
Selling Price – Costs = Profit
15,000 - 12,000= 3,000

Profit Margin %= ( Profit / Selling Price ) x 100
( 3,000/15,000 ) x 100 = 20%
20% သည် Profit Margin % ဖြစ်ပါတယ်။ ရောင်းကုန်ပစ္စည်း ရဲ့ ရောင်းဈေးပေါ်မှာရရှိတဲ့ အမြတ်ရာခိုင်နှုန်းဖြစ်ပါတယ်။

Markup %= ( Profit / Costs ) x 100
( 3,000/12,000 ) x 100 = 25%
25% သည် Markup % ဖြစ်ပါတယ် ။ ရောင်းကုန်ပစ္စည်းရဲ့ အရင်းအပေါ်မှာရရှိတဲ့ အမြတ်ရာခိုင်နှုန်းဖြစ်ပါတယ်။

Send a message to learn more

06/11/2024

SEVEN REASONS why accountants are important

🍀 Financial accuracy and compliance

🍀 Budgeting and financial planning

🍀 Costs control and efficiency

🍀 Strategic decision-making support

🍀 Tax planning and compliance

🍀 Risk management

🍀 Reporting to stakeholders

Send a message to learn more

02/11/2024

Basic accounting technical terms for Small Business Owner-1

28/10/2024

Finance Vs Accounting

Accounting သည် နေ့စဉ် လုပ်ငန်းအတွင်း ဖြစ်ပေါ်နေသော financial activities များကို focus ထားတယ်။ ဉပမာအားဖြင့် လုပ်ငန်းတွင်းနေ့စဉ်ဖြစ်ပေါ်နေသော transactions များကို မှတ်တမ်းတင်ခြင်း၊ ဝင်ငွေထွက်ငွေများကို စစ်ဆေးခြင်း၊ လုပ်ငန်းတစ်ခုလုံး၏ financial statement ရေးဆွဲခြင်း တို့ဖြစ်ပါတယ်။ Accounting Professional တစ်ယောက်သည် လုပ်ငန်း၏ financial records များကို စာရင်းကိုင်စံစနစ်များနှင့်အညီ လိုက်နာရေးဆွဲရပါသည်။
Finance သည် လုပ်ငန်းတစ်ခု၏ assets and liabilities များကို စီမံခန့်ခွဲခြင်း ၊ လုပ်ငန်းတိုးတက်စေရန် အစီအစဉ်များရေးဆွဲခြင်းဖြစ်ပါတယ်။ Finance Professional တစ်ယောက်သည် လုပ်ငန်း၏ accounting information and data များကို အသုံးပြုပြီး လုပ်ငန်း၏ financial ပိုင်းတွင် ပိုမိုတိုးတက်ကောင်းမွန်လာစေရန် policy, strategy များ ချမှတ်ရပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Chiang Mai?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Chiang Mai

เวลาทำการ

09:00 - 17:00