Kyaw Swar Yeman
ကဗျာတွေကို မြတ်နိုးတယ်
10/01/2026
တစ်လမ်းလုံး မီးတွေလင်းနေတယ်။
တစ်လမ်းလုံး အတွေးတွေ များနေတယ်။
အချစ်ရေ
နာကျင်စရာဆိုတာကလဲ
သုခရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။
-ရွက်လှေ
24/12/2025
ကမ္ဘာကြီးကျဥ်းလာတာနဲ့အမျှ
မင်းသတင်းတွေလည်း ငါတစ်ခုမှမရတော့ဘူး ။
ဆံပင်တွေဘယ်လောက်ရှည်နေပြီး
မင်းတို့ခရီး ဘယ်ထိရောက်နေပြီ ငါမသိဘူး ။
မေးစရာလူမရှိတဲ့အခါတိုင်း
သိချင်လာတဲ့မင်းအကြောင်းတွေကို
အင်တာနက်ပေါ်မှာ မွှေနှောက်ရှာတယ် ။
နောက်ပြီး မြောက်အရပ်ကိုမျက်နှာမူလို့
မျက်ရည်ဝဲတယ်
တိမ်တွေကပြောတယ်
ခွဲရတာတကယ်တဲ့ ။
-နွေသစ်ငြိမ်း
ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Chiang Rai?
คลิกที่นี่เพื่อเป็นสมาชิก?
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Chiang Rai