Friendie
Welcome to FRIENDIE! Join us for good vibes, stylish spaces, and endless fun! 🌟 #GoodVibesOnly
အော်ပခန် (Ob Khan) အမျိုးသားဥယျာဉ် 📍
အော်ပခန် အမျိုးသားဥယျာဉ်ကတော့ ချင်းမိုင်မြို့လယ်မှ တောင်ဘက်သို့ မိနစ် ၄၅ မိနစ်ခန့် သွားရတဲ့ လူသိနည်းတဲ့ နေရာလေးတစ်ခု ဖြစ်တယ်ဗျ။ 😻
🫶အဓိက ဇုန်ထဲမှာ အနားယူအပန်းဖြေရန်နှင့် မြစ်ငယ်လေးဘေးတွင် ပျော်ပွဲစားထွက်ရန် လူကြိုက်များသော နေရာတစ်ခုလည်း ဖြစ်ပါတယ်။ စိတ်အမောပြေစေပြီး လူကိုလန်းဆန်းစေမည့် အကောင်းဆုံးနေရာတစ်ခု ဖြစ်တဲ့အပြင် Hiking ထွက်ရန်အတွက်လည်း စတင်ရာနေရာတစ်ခုအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
ဒီအမျိုးသားဥယျာရဲ့ အမည်ဖြစ်တည်လာစေတဲ့ 'ခန်မြစ်ငယ်' (Khan River) ဘေးတွင်ရှိသော သတင်းအချက်အလက်စင်တာနှင့် စခန်းချနေရာ (Campsite) သို့ ရောက်ရှိမှာဖြစ်ပါတယ်။
ဒါပေမယ့် အမှန်တကယ်တော့ ဒီဥယျာဉ်က ဒီအနီးနား ဧရိယာတစ်ခုတည်းတင်မကဘဲ ခရိုင်အတော်များများကို ဖြတ်သန်းကျော်လွန်ကာ တောင်တန်းဒေသတစ်ခုလုံးအထိ ကျယ်ဝန်းလှပါတယ်။
ဒီဥယျာဉ်ရဲ့ အဓိကဆွဲဆောင်မှုကတော့ ဥယျာဉ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ 'မယ်ခန်' (Mae Khan) မြစ်ငယ်လေးက နေရာအများစုမှာ မီတာ ၃၀ ခန့်အထိ မြင့်မားသော ကျောက်ဆောင်ကမ်းပါးယံများအကြား လှပသော ချောက်ကမ်းပါးကျဉ်း (Canyon) တစ်ခုအဖြစ် တိုက်စားပုံဖော်ထားတာ ဖြစ်ပါတယ်။ 🙀
အော်ပခန် အမျိုးသားဥယျာဉ်ကတော့ လမ်းလျှောက်ရန် လှပသော ပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်တဲ့အပြင် ထိုင်းနိုင်ငံရှိ အမျိုးသားဥယျာဉ်များ (အထူးသဖြင့် နိုင်ငံခြားသားများအတွက်) တွင် ရှားရှားပါးပါး ဝင်ကြေး အခမဲ့ပေးထားတဲ့ နေရာဖြစ်ပါတယ်။
🍀ဒါ့အပြင့် ထိုင်းနိုင်ငံတွင် ကျောက်ဆူးချောက် (Canyon) များသည် အလွန်ရှားပါးပြီး လူသိအများဆုံးတစ်ခုမှာ ချင်းမိုင်၏ တောင်ဘက်ပိုင်း ခပ်လှမ်းလှမ်းရှိ အော်လွမ် (Ob Luang) အမျိုးသားဥယျာဉ်တွင် ရှိပါတယ်ဗျ။ 💙
ချင်းမိုင်မှာ Hiking မလုပ်ချင်တဲ့ သူငယ်ချင်းတွေကို မိမိမှာ hiking လုပ်ဖို့ ဆွဲဆောင်နေပုံ 😆🤣
ချင်းမိုင်မြို့ရဲ့ အထက် ကောင်းကင်ယံမှာ တည်ရှိနေတဲ့ နတ်ဘုံနတ်နန်းတစ်ခုဆီသို့... ⛩️☁️
ချင်းမိုင်မြို့ကနေ ၉ ကီလိုမီတာလောက် ကားမောင်းတက်လိုက်ရင် ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၇၃ မီတာမှာရှိတဲ့ Wat Phra That Doi Suthep ကို ရောက်ရှိမှာပါ။ ဒီဘုရားကျောင်းက တကယ့်ကို ခန့်ညားထည်ဝါလွန်းပါတယ်။
Friendie တို့က ဆိုက္ကယ်နဲ့ တစ်ဆင့်သွားခဲ့ပြီး မနက်ပိုင်း ၈ နာရီမှာ ဒီဘုရားကျောင်းရှေ့ကိုရောက်တယ်။
နေထွက်ချိန်းလေးနဲ့ ဘုရားကျောင်းက တကယ့်ကို လှပနေတယ်ဗျာ
ဘုရားပေါ်တက်တဲ့ လှေကားတစ်လျှောက်မှာ စောင့်ကြပ်နေတဲ့ "နဂါးရုပ်တု" ကြီးနှစ်ခုကလည်း ဒီနေရာရဲ့ အထင်ကရ အမှတ်အသားတစ်ခုပေါ့။ 🐉
ဘုရားရင်ပြင်ပေါ်မှာ လှည့်ပတ်ကြည်ညိုရင်း ချင်းမိုင်တစ်မြို့လုံးကို အပေါ်စီးကနေ မြင်ရတဲ့ မြင်ကွင်းက တကယ့်ကို ရင်သပ်ရှုမောစရာပါ။ ဘုရားဖူးပြီး ပြန်ဆင်းလာတဲ့အခါမှာလည်း လှေကားခြေရင်းက ဈေးတန်းလေးမှာ ဒေသစာလေးတွေနဲ့ အအေးလေးတွေ ဝယ်သောက်ရင်း အပန်းဖြေလို့ရပါသေးတယ်။
ဒါ့အပြင် ရှေ့ကို ဆက်သွားရင် အနီးနားမှာရှိတဲ့ Doi Pui Viewpoint ကိုလည်း သွားဖို့ မမေ့နဲ့ဦးနော်။ အဲ့ဒီက မြင်ရတဲ့ ရှုခင်းကလည်း တကယ့်ကို Tremendous ဖြစ်လွန်းလို့ Camera ထဲမှာ အမှတ်တရတွေ အပြည့် သိမ်းဆည်းနိုင်မှာပါ။ 📸⛰️
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
57100