Baby Gu Guu

Baby Gu Guu

แชร์

မဂ်လာပါ Baby Gu GuuPage မှကြိုဆိုပါတယ်ရှင့်

03/05/2025

သမီးချည်းမွေးတာ အမေနဲ့ မဆိုင်ပါဘူး ၊ အဖေနဲ့သာအဓိက ဆိုင်တာပါ ..

1. ကလေးလိင် ဘယ်လိုဆုံးဖြတ်သလဲ..?
ကလေးရဲ့ လိင် (သားလား၊ သမီးလား)ကို
ဖခင်ရဲ့ သုတ်ပိုး (S***m) က ဆုံးဖြတ်ပါတယ်။
ဖခင်က X ခရိုမိုဆုမ်းပေးရင် → သမီး (XX)
ဖခင်က Y ခရိုမိုဆုမ်းပေးရင် → သား (XY)
မိခင်ရဲ့ မျိုးဥ (Egg) က အမြဲတမ်း X ခရိုမိုဆုမ်းပါပဲ။ ဒါကြောင့် သားသမီးလိင် 100% ဖခင်ဆီက လာတာဖြစ်ပါတယ်။

2. သားမမွေးရင် အပြစ်တင်တတ်ကြသည်ကား မှားပါတယ်!
သားသမီးလိင် ဆုံးဖြတ်မှုမှာ မိခင်က တစ်စိတ်တစ်ပိုင်းမှ မပါဝင်ပါ။
သမိုင်းတစ်လျှောက် အမျိုးသမီးတွေကို "သားမမွေးလို့" အပြစ်တင်တဲ့ အယူအဆမှားတွေ ရှိခဲ့ပေမယ့်၊ သိပ္ပံနည်းကျ အချက်အလက်တွေအရ ဒါဟာ လုံးဝမှားယွင်းပါတယ်။

3. လူမှုရေးအမြင်နဲ့ သိပ္ပံအချက်တွေရ
မိန်းမတွေကို သားမမွေးနိုင် ဆိုပြီး ကဲ့ရဲ့တာဟာ ပညာမဲ့တဲ့ အပြုအမူဖြစ်ပါတယ်။
Y သုတ်ပိုး (သားဖြစ်စေတဲ့) က ဖခင်ဆီကလာတာမို့၊ သားသမီးလိင် ဖြစ်မဖြစ်က အဖေရဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ သက်ဆိုင်ပါတယ်။

4. လူတွေ သိထားသင့်တဲ့ အချက်တွေက
မိခင်က သားသမီးလိင် ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။
သားမရှိလို့ မိန်းမကို အပြစ်တင်တာ လုံးဝမမှန်ကန်ပါ။
ကလေးလိင် ဆိုတာ သဘာဝအလျောက် ကျပြန့်ဝေမျှမှုသာ ဖြစ်ပါတယ်။

5. ကောက်ချက်
သားမမွေးလို့ ဆိုပြီး အမျိုးသမီးတွေကို လှောင်ပြောင်တာ၊ ဖီဆန်တာတွေဟာ သိပ္ပံနဲ့ မညီဘဲ လူမှုရေးယူဆချက်အမှားသာ ဖြစ်ပါတယ်။

ဒီအကြောင်း လူအများ သိရှိပြီး မှားယွင်းတဲ့ အပြစ်တင်မှုတွေ ရပ်တန့်သွားဖို့ မျှော်လင့်ပါတယ်။

သားမမွေးရင်ပဲ အဲ့မိန်းမက န်ိမ့်ကျသလိုလို .. သားပဲ မမွေးနိုင်သလိုလို ကဲ့ရဲ့တတ်ကြသူများ စာဖတ်ပါ လေ့လာပါ ။

သင့်ရဲ့ထင်မြင်ချက်တွေကိုလည်း
လွတ်လပ်စွာမန့်ခဲ့နိူင်ပါတယ်ခင်ဗျား...။

10/04/2025

ကလေးငယ် နေ့ဘက်အိပ်စက်ခြင်း
****************************
အိပ်စက်ခြင်းက ကလေး ကိုယ်ခန္ဓာ ကြီးထွားဖို့နှင့် ဦးနှောက်ဖွံဖြိုးဖို့အတွက်အလွန် အရေးပါသည်။ ကလေးကြီးများက အဆော့မက်လျှင် အအိပ်နည်းနိုင်သည်။ နို့တိုက်မိခင်က ကော်ဖီနှင့် ကေဖင်းများသော အားဖြည့်အချိုရည်များ အသောက်များလျှင် မွေးကင်းစနှင့် နို့စို့ကလေးများအအိပ်နည်းနိုင်သည်။ မည်သည့်အရွယ်အဆို ပတ်ဝန်းကျင် ဆူညံလျှင်၊ အလင်းရောင်များလွန်းလျှင် အိပ်ပျော်ဖို့ အနည်းငယ်ခက်ခဲသည်။

(က) မွေးကင်းစ-၃လ ကလေးများ

မွေးကင်းစမှ ၃လထိ ကလေးများက ၁နာရီ ၁နာရီခွဲကြာ နိုးနေပြီးလျှင်အများအားဖြင့် ပင်ပန်းသွားပါသည်။အလင်းရောင်နည်းပြီး တိတ်ဆိတ်သောအိပ်နေကျနေရာမှာ ပေးအိပ်လိုက်ပါ။

သူတို့ပင်ပန်းတဲ့အခါ ဘယ်လိုသိနိုင်မလဲ?
-နားရွက်ဆွဲခြင်း
-လက်သီးဆုပ်ခြင်း
-သန်းခြင်း
-မျက်တောင် တဖျတ်ဖျတ်ခပ်ခြင်း
-မျက်မှောင်ကြုတ်ခြင်း
-မှုန်ကုပ်ခြင်း
-လက်နဲ့ခြေထောက်တွေ တဆတ်ဆတ်လှုပ်ပြီး ကိုယ်ခန္ဓာကို ကော့လန်ခြင်း
-လက်ချောင်းလက်မစုပ်ခြင်းတို့လုပ်သည်

(ခ) ၃ လမှ ၁၂ လ ကလေးများ

၃ လ- ၆ လ: ၁ နာရီခွဲ-၃ နာရီကြာ နိုးနေရင်
၆ လ-၁၂ လ: ၂ နာရီ-၃ နာရီကြာ နိုးနေပြီးရင် ပင်ပန်းပြီမို့ အိပ်သင့်ပါသည်။

သူတို့ပင်ပန်းတဲ့အခါ ဘယ်လိုသိနိုင်မလဲ?
-အီခြင်း
-ဂျီကျခြင်း
-ငိုခြင်း
-သူတို့ကို အာရုံစိုက်အောင်လုပ်ခြင်း
-မေမေ့ကို တောက်တဲ့လို တွယ်ကပ်ခြင်း
-စားနေကျ ကျွေးရင် ငြင်းခြင်း
-ဆော့နေကျအရုပ်ကို စိတ်မဝင်စားခြင်းတို့ ပြသည်။

(ဂ) ၁နှစ်မှ ၅နှစ်ထိ ကလေးများ

မနက်ပိုင်း(သို့) နေ့လည်ပိုင်း အိပ်နေကျချိန် အိပ်ခွင့်မရရင် ပင်ပန်းနိုင်သည်။

သူတို့အရွယ်က စကားအတော်နားလည်ပြီမို့ အိပ်ချင်လားမေးပြီး ပေးအိပ်လိုက်ပါ။
^^~^^~^^~^^~^^~^^~^^~^^~^^~^^~^^

ပုံမှန်တွင် ကလေးတစ်ယောက် ၂၄ နာရီတွင်း စုစုပေါင်း အိပ်ချိန်များမှာ အောက်ပါအတိုင်းဖြစ်သည်။

-မွေးစမှ ၄ ပတ်: ၁၅-၁၈ နာရီ
-၁လ မှ ၄ လ: ၁၄-၁၅ နာရီ
-၄လ မှ ၁၂ လ: ၁၂-၁၅ နာရီ
-၁နှစ် မှ ၃ နှစ်: ၁၀-၁၄ နာရီ
-၃ နှစ် မှ ၆ နှစ်: ၁၀-၁၂ နာရီ
-၇ နှစ် မှ ၁၂ နှစ်: ၁၀-၁၁ နာရီ
-၁၂ နှစ် မှ ၁၈ နှစ်: ၈-၉ နာရီ

: နေနေမိုးဆွေ (Child Health Myanmar
Page

ต้องการให้ธุรกิจของคุณ การปฏิบัติ ขึ้นเป็นอันดับหนึ่ง คลินิก ใน Chiang Rai?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

วัฒนกูล รีสอร์ท 380 บ้านโป่งเหนือ หมู่8 ซอย12 ตำบลโป่งงาม อำเภอแม่สาย จังหวัดเชียงราย
Chiang Rai
57130