PSA Photography

PSA Photography

แชร์

📸

Photos from PSA Photography's post 21/08/2025

အိမ်ပြန်မယ်လို့သာ ပြောတာပါ
တကယ်တော့ အမေ့ကိုရှာတာပါပဲ

အိမ်ကိုလွမ်းတယ်ဆိုတာ
တကယ်တော့ အမေ့ကို လွမ်းတာပါပဲ

ဘာဖြစ်လို့ လူတွေဟာ အခက်အခဲနဲ့
ကြုံတဲ့အခါ အိမ်ပြန်ချင်တာပါလိမ့်လို့တွေးမိတော့...

အမေရဲ့နွေးထွေးတဲ့ ရင်ခွင်ရှိတဲ့အိမ်ဟာ
ကျွန်တော်တို့တစ်သက်တာအတွက်
အလုံခြုံ အပျော်ရွှင်ဆုံးဖြစ်လို့ပဲနေပါလိမ့်မယ်

လောကအလယ် လူကြီးတစ်ယောက်ဖြစ်နေလည်း
အမေ့ရင်ခွင်မှာ ကျွန်တော်တို့ဟာ အမြဲကလေးပဲမို့လေ

#နိုင်းနိုင်းစနေ

15/08/2025

ရိုးရာမပျက်ပါပဲ ...

မင်းကို သတိရခြင်းတွေနဲ့

ဒီမနက်ခင်းက

စပါတယ် ။

#ကျေးကို

Photos from PSA Photography's post 12/08/2025

ဝမ်းစာနဲ့ဝါသနာ ပေါင်းစည်းခြင်း အဆင့်အဆင့် 🤝
Frame - Ko Mwae
Photo - PSA Photography

11/08/2025

အားလုံးသိအောင် မျှဝေပေးကြပါဦး ဒူးရင်းသီးနဲ့ လက်ဖက် တွဲစားလို့ လုံးဝ လုံးဝ အဆင်မပြေပါဘူးခင်ဗျာ။

ဒီနေ့ ကိုယ်တိုင်ကြုံခဲ့ရတာပါ ဖြစ်ဖြစ်ချင်း အရမ်းလန့်သွားတာ ဒူးရင်းသီး နှစ်မြွှာစားပြီးတော့ လက်ဖက်သုပ် ကို မြည်းရုံလောက်ပဲ စားလိုက်တာ အစပိုင်းတော့ ဘာမှ မဖြစ်ပေမဲ့ နောက်ပိုင်း မှာ တဖြည်းဖြည်း နဲ့ သူစိမ်းဆန်လာတယ် ၊ သူ့ရဲ့ပြောဆိုပုံတွေ ဆက်ဆံပုံတွေက အစ ပြောင်းလဲလာတယ် ပြီးတော့ အချိန်တိုင်း မအားဘူးပြောပြီး အဝေးကိုတွန်းထုတ်လာတယ်။

သူ့ဆီမှာ တစ်ချိန်တုန်းက မြင်ခဲ့ရတဲ့ အကြည်ဓာတ်လေး ပျောက်ကွယ်သွားပြီ ၊ သူဟာ တစ်ချိန်က ကိုယ်သိခဲ့တဲ့ မိန်းကလေး တစ်ယောက် မဟုတ်တော့ဘူး။ ဘာကြောင့်လဲ ။ အတူတူ ရှိခဲ့တဲ့ ၁ နှစ်ကျော်ကာလ မှာ မင်းတစ်ယောက်တည်း ကိုပဲ ကိုယ်က ကြည့်ခဲ့ပေမဲ့

မင်းကတော့ ရက်ပိုင်းအတွင်းမှာ မင်းအနားက အခြားတစ်ယောက်ကို ရွေးချယ်ခဲ့တယ်၊ တကယ်ပဲ တန်လို့လား ။ ကိုယ်တို့နှစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်တွေ ၊ ကိုယ်တို့ နှစ်ယောက် ရဲ့ အနာဂတ်အစီအစဉ်တွေ ဒါတွေအားလုံးနဲ့ လဲလိုက်ရလောက်တဲ့အထိ တန်လို့လား ။ မင်းမှာအဖြေမရှိဘူး ဆိုတာ ကိုယ်သိလိုက်ခဲ့ရတဲ့နောက်ဆုံး ကိုယ်မင်းကို ထွက်သွားခွင့်ပြုလိုက်ပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการถ่ายภาพ ใน Chiang Rai?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

ที่อยู่

Chiang Rai