Shat Pyar Entertainment
တင်ချင်တာတင်မာဖြစ်လို သီးခံပေးပါနော်
04/08/2025
#ကမ္ဘာ့ချန်ပီယံဖြစ်သွားတဲ့ PUBG မြန်မာအသင်း
ဒီပြိုင်ပွဲကို ဆော်ဒီမှာကျင်းပနေတာဖြစ်ပြီး ဆုကြေးငွေစုစုပေါင်း အမေရိပန်ဒေါ်လာ သုံးသန်းအထိ ချီးမြှင့်ခဲ့ပါတယ်
သမိုင်းတစ်လျှောက် မြန်မာနိုင်ငံကနေပထမဆုံးချန်ပီယံဖြစ်သွားတဲ့ Yangon Glaticos အသင်းက ဒေါ်လာငါးသိန်းရသွားတာပါ
Congratulations 🎉🎉🏆
24/07/2025
ကမ္ဘောဒီးယားစခန်းနှစ်ခုကို F-16 တိုက်လေယာဉ်ဖြင့် ထိုင်း တိုက်ခိုက်
ဧရာဝတီ၊ ဇူလိုင် ၂၄၊ ၂၀၂၅
ထိုင်းနှင့်ကမ္ဘောဒီးယားတို့ကြား နယ်စပ်ဒေသဖြစ်သော Ta Muen Thom ဘုရားကျောင်းဒေသတွင် ယနေ့နံနက် စတင်ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲအတွင်း ထိုင်းလေတပ်မှ F-16 တိုက်လေယာဉ်များသုံးပြီး ကမ္ဘောဒီးယားစစ်အခြေစိုက် စခန်းနှစ်ခုအား တိုက်ခိုက်ခဲ့ကြောင်း Khaosod English သတင်းဌာနက ဖော်ပြသည်။
နယ်စပ်တိုက်ပွဲနှင့် ပတ်သက်ပြီး ထိုင်းလေတပ်က F-16 တိုက်လေယာဉ် ၆ စင်းအထိ တပ်ဖြန့်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
ယနေ့ဖြစ်ပွားသည့် နယ်စပ်တိုက်ပွဲတွင် ကမ္ဘောဒီးယားစစ်တပ်ဘက်က ယာဉ်တင်အတွဲလိုက်ဒုံးများ အသုံးပြုတိုက်ခိုက်မှု ကြောင့် ထိုင်းနိုင်ငံသားအချို့ ထိခိုက်မှုများရှိနေကြောင်း သိရသည်။
နှစ်နိုင်ငံနယ်စပ်ဒေသ အငြင်းပွားမှုမှတဆင့် တိုက်ပွဲစတင်ဖြစ်ပွားကာ လက်နက်ကြီးများ၊ ဂျက်တိုက်လေယာဉ်များအသုံးပြု တိုက်ခိုက်သည်အထိ စစ်ရေးအရှိန် မြင့်တက်လာလျက်ရှိသည်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
63110