Assorted Salads
အသုတ်မျိုးစုံ မှကြိုဆိုပါတယ်
15/08/2024
ဘယ်သူတွေ ဘယ်လို ဝင်လာပါစေ
ကိုယ့်ကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ပါဘူး ဆိုတဲ့
ယုံကြည်ချက်မျိုး သိပ်လိုချင်တာ
ဟိုလူနဲ့ သဝန်တိုရ ၊ ဒီလူကြောင့် စကားများရနဲ့
ပြဿနာတွေ မဖြစ်ချင်ဘူး ၊ ငါ့လူကို လာမထိနဲ့ဆိုပြီး
ရန်တွေ့နေရမယ့်သူမျိုး ဖြစ်မှာ အရမ်းကြောက်တာ
ဘာကိုမှ မယုံဘူး .. သူတစ်ယောက်ကိုပဲ ယုံချင်တယ်
သူသာ ကိုယ့်ကိုတကယ်ချစ်ရင် မဖောက်ပြန်ဘူး ၊
ရှေ့ရော နောက်မှာပါ သစ္စာရှိနေလိမ့်မယ် လို့ပဲတွေးထားတယ်
သူထားသွားလေမလား ၊ တခြားသူကို ပြောင်းချစ်သွားမလားဆိုပြီး မစိုးရိမ်ချင်ဘူး ၊ အကြောက်တရားတွေကြားက ငြိတွယ်မှုမျိုးဆို ကိုယ်က သိပ်မုန်းတာ
ကိုယ်တိုင်ကလဲ လူတစ်ယောက်အပေါ် Fall in love ဖြစ်မိပြီဆိုရင် သူကလွဲပြီး ဘယ်သူ့ကိုမှ
စိတ်မကစားတတ်သလို ၊ သူသံသယဝင်စေမဲ့ အရာမျိုးတွေ ဘယ်တော့မှ မလုပ်ဘူး ။
ကိုယ်ချစ်ရတဲ့ သူ့ဆီကလဲ
ကိုယ်ပေးထားတဲ့ စိတ်လုံခြုံမှုမျိုး ပြန်ရချင်တယ် ။
အချစ်နဲ့ ပတ်သက်လို့ ဘာကို မျှော်လင့်လဲဆိုရင်
သံသယကင်းကင်းနဲ့ ချစ်ချင်တယ် ။
ရှေ့သွားရင် နောက်စိတ်ချရတဲ့ သူမျိုးဖြစ်စေချင်တယ် ၊ စိတ်လုံခြုံမှု ရချင်တယ်
ဒီလောက်ပဲ ။
12/08/2024
ဘယ်နေရာကိုပဲရောက်ရောက် သူ ဘေးကင်းနေကြောင်း ကြားသိရရုံနဲ့ လုံလောက်နေတာမျိုး
ငါတို့အတွက် ချစ်ရတဲ့လူဆီက အသိပေးမှုတစ်ခု တုံ့ပြန်မှုတစ်ခုဟာ မေတ္တာတွေကိုအစိုးရလိုက်သလိုစိတ်ကြီးဝင်စရာ..
သူ့နေ့ရက်တိုင်းမှာ ကိုယ်မပါဝင်နိုင်ပေမယ့်
သူ့ရဲ့လေးနက်မှုတစ်နေရာရာမှာ အပိုင်းအစ
သေးသေးလေးအဖြစ် ကိုယ်ရှိနေခဲ့ရင်ပဲ
လုံလောက်ခဲ့ပါတယ်
အများကြီးမလိုဘူး
တစ်ယောက်အနားမှာတစ်ယောက် နေထိုင်ရမယ်ဆိုရင် ကိုယ်ဘယ်အရာကိိုမဆို စောင့်ဆိုင်းနိုင်တယ်
နေ့ရက်တိုင်းမှာ..
တစ်ယောက်ယောက်စောင့်နေတယ်ဆိုတဲ့အသိနဲ့ ရှင်သန်ရတဲ့အခါ ရပ်ဝန်းတစ်ခုလုံး လုံခြုံပြီး အဓိပ္ပါယ် ရှိနေမှာ
အဲ့သလို လှပမှုမျိုးတွေပဲ ကိုယ်သူ့ဆီ ပေးအပ်လိုပါတယ်
11/08/2024
တချို့ အကြောင်းအရာတွေ က မေ့သွားလို့ မပြော ဖြစ်တော့တာမဟုတ်ဘူး။
မေ့လို့မရလို့ ထပ်မခံစားနိုင်လို့သာ စကားမစတော့တာ။
ပြောဖို့နေနေသာသာ တွေးလိုက်ယုံ နဲ့တောင် ကမ္ဘာပျက်သလိုခံစားရလို့။
11/08/2024
အချစ်ဆိုတာ
လေးစားမှုကအစပြုတယ်လို့ ခံယူတယ်။
ပညာကိုသော်လည်းကောင်း
စိတ်ဓာတ်ကိုသော်လည်းကောင်း
လေးစားမိရင်း ချစ်မိသွားတတ်တယ်။
ကိုယ့်အနေနဲ့ လေးစားနိုင်တဲ့အရည်အချင်းမရှိသရွေ့
အဲ့လူကို ဘယ်တော့မှချစ်လာမှာမဟုတ်ဘူး။
ကိုယ်လေးစားမိတဲ့သူဆို
ရုပ်ရည်နဲ့လည်းမဆိုင် ငွေကြေးနဲ့လည်းမဆိုင်ဘဲ
ကြာလာတဲ့အခါ ချစ်မိသွားနိုင်တာပဲလေ။
ကိုယ့်အတွက်ကတော့
ကိုယ့်ချစ်သူဟာ ကိုယ်လေးစားရတဲ့သူပဲဖြစ်လိမ့်မယ်။
10/08/2024
လွမ်းတယ်
အရမ်းလွမ်းတယ်
မောင်ရှိရာ ချက်ချင်းပြေးလာပြီး
မောင့်မျက်နှာလေး ငေးစိုက် ကြည့်ချင်တယ်
မောင့် ချွေးတွေ သုတ်ပေးပြီး မောင်အမောပြေ အနမ်းခြွေချင်တယ်
အခြေအနေတွေ ပေးခဲ့ရင်
တမြေစီအဝေးမှာ ဘဝရှေ့ရေး ကြိုးစားပေးနေတဲ့ မောင့်နောက်ကို ဖဝါးခြေထပ် မပြတ်လိုက်ရင်း ပါရမီ ဖြည့်ချင်လှချည်ရဲ့ကွယ်
လွမ်းရ ရက်တွေ ကုန်ပါရစေတော့
08/08/2024
ကမ္ဘာကျော် စာရေးဆရာကြီး ဘားနဒ်ရှော က
ပြောခဲ့ဖူးတယ်။
အချစ်မပါတဲ့ ...
အထူးသဖြင့် သစ္စာမပါတဲ့ အိမ်ထောင်ရေးဟာ
ပြည့်တန်ဆာ အိမ်ထောင်ရေးပဲ တဲ့ ...
တစ်ဦးနဲ့ တစ်ဦးမေတ္တာရှိကြတဲ့အခါ
တဏှာရာဂတွေနဲ့ပဲ သိမ်းကြုံးချည်နှောင်ဖို့
ကြိုးစားနေမယ်ဆိုရင်
မှားတာပဲ ...
ရင်သားတွေ နဲ့ မျိုးပွားအဂ်ါဟာ
တခြားမိန်းမတွေမှာလည်း ရှိတာပဲ...
ယောကျ်ားတိုင်း မိန်းမတိုင်းဟာ
ဖွဲ့စည်းတည်ဆောက်ပုံအားဖြင့်
မထူးဆန်းကြဘူးလေ...
ထူးဆန်းတာက
လေးစားမှုဆိုတဲ့ Respectပဲ...
Respectဟာ နှစ်ဦးကြားမှာ
မဖြစ်မနေ တည်ဆောက်ယူရမယ့် အရာဖြစ်တယ်။
မလေးစားတဲ့အခါ
ဦးနှောက်ထဲ မထည့်ထားတော့ဘူး...
ဦးနှောက်ထဲမှာတောင် ရှိမနေနိုင်ဘူးဆိုရင်
နှလုံးသားကို သိမ်းပိုက်ဖို့ဆိုတာ
ဘယ် လွယ်ပါ့မလဲ ...
Attentionတွေ မရှာပါနဲ့ ...
အဲဒါတွေက ကြာရှည်မခံပါဘူး...
07/08/2024
အမ သူ့ကို ခွင့်လွှတ်နိုင်တယ်လားတဲ့
ခွင့်လွှတ်နိုင်တာပေါ့ ခလေးမ ရဲ့
ကိုယ့်ကိုယ်ကို တော်ရုံ ခွင့်မလွှတ်နိုင်တဲ့သူဆိုတာရှိလို့လား
လူဟာ ဆင်ခြေအမျိုးမျိုးနဲ့ ကိုယ့်အမှားကိုယ် ခွင့်လွှတ်ကြမြဲ မဟုတ်လား
အမ သူ့ကို ဘာလို့ အမြဲ ခွင့်လွှတ် နိုင်လဲ သိလား
သူဟာ အမ ပဲ မို့လို့ပေါ့
အမတို့က တစ်ယောက်ထဲ တသားထဲ မို့လို့ပေါ့ကွယ်
ဘယ်အရာကမှ အမတို့ကြားမှာ ခြားမနေလို့ပေါ့
မမ အကြောင်းတွေနေ့တိုင်းဆက်တင်မယ်😊😊😊
စိတ်အားလုံး၏မှီတည်ရာ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Mae Sot
63110