Hsu & HoHo DeDe

Hsu & HoHo DeDe

แชร์

Explore the World with Hsu! Embark on a Journey of Discovery, Adventure, and Culture!

Photos from Hsu & HoHo DeDe's post 08/04/2026

Hello hello … Similan is calling 📞📞📞

မနှစ်က ဖူးခတ် သွားလည်ကတည်းက ဆု အရမ်းသွားချင်ခဲ့တဲ့ ကျွန်းနှစ်ကျွန်း ရှိခဲ့တယ်။ ဒီနှစ် Easter ပိတ်ရက်မှာပဲ အဲ့ဒီအိမ်မက်ကို အကောင်အထည်ဖော်လိုက်ပါပြီ။ ကျွန်းနာမည်တွေက Similan နဲ့ Surin ပါ။ ကျွန်း ၂ ခုလုံးက ဖန်ငါးပြည်နယ်ထဲမှာတည်ရှိပြီး ၊ National Park အဖြစ် ထိန်းသိမ်းထားပါတယ်။ ဒီနေ့ ပိုစ့်မှာတော့ Similan Islands သွားခဲ့တာလေး ပြန်လည်ဝေမျှပေးချင်ပါတယ်။

Similan Islands ကိုသွားဖို့ အနီးစပ်ဆုံး ဆိပ်ကမ်းတွေရှိတဲ့ Khao Lak မြို့ မှာ တည်းခိုခဲ့ပါတယ်။ ဖူးခတ်အထိ လေယာဉ်စီးပြီး ၊ Airport မှ Khao Lak ကို bus ဖြင့် တဆင့် ဆက်သွားခဲ့ပါတယ်။ ကားစီးချိန် တနာရီခွဲ ကြာပါတယ်။ ကားလက်မှတ်ကိုတော့ 12Go ကနေ ကြိုဝယ်ခဲ့ပါတယ်။

ကျွန်းတွေသွားလည်ဖို့အတွက်ကို မနှစ်က ဖူးခတ်သွားတုန်းက package တွေ ဝယ်ခဲ့တဲ့ BOBO in Phuket tour ကိုပဲ ကြိုတင်ဆက်သွယ်ပြီး package တွေ ဝယ်ခဲ့ပါတယ်။ ဒီနှစ်အတွက်လည်း အရမ်းအဆင်ပြေခဲ့ပါတယ်။

မနက် ၇နာရီ ၄၀ မိနစ်မှာ Hostel ကို pick up လာလုပ်ပါတယ်။ Thublamu Pier မှာ check in process လုပ်ပြီးနောက် မနက်စာ ကျွေးပါတယ်။ မနက် ၉ နာရီမှာ စတင် ထွက်ခွာပါတယ်။ Pier ကနေ ကျွန်းဆီသို့ Speed Catamaran ဖြင့် တစ်နာရီနဲ့ မိနစ် ၂၀ စီးရပါတယ်။ snorkeling accessories ၊ Fin နဲ့ Towel ပေးပါတယ်။ ပျောက်ခဲ့ရင် လျော်ရပါမယ်ရှင်။

Similan Islands ကို panoramic view ရှိတဲ့ကျွန်းစုလို့ မြင်ပါတယ်။ ဒီကျွန်းစုမှာ ကျွန်းပေါင်း ၉ ခု နေရာခွဲထားပါတယ်။ ဒီမှာက ကျွန်းတွေကို နံပါတ်စဉ်အလိုက် ခေါ်ကြပါတယ်။ Package ထဲမှာ ပါတဲ့ နေရာတွေက Island No. 6, 4, 9, 8 နံပါတ်တွေပါ။ နံပါတ် ၆ ကျွန်းမှာ snorkeling နဲ့ စတင်ပြီး ၊ နံပါတ် ၄ ကျွန်း (Koh Miang) မှာ နေ့လည်စာ ကျွေးပါတယ်။ ပြီးနောက် နံပါတ် ၉ ကျွန်းမှာ snorkeling ထပ်လုပ်ပြီး ၊ နောက်ဆုံး နံပါတ် ၈ ကျွန်း (Koh Similan) Sailing Rock Viewpoint မှာ ရေကူးကြ ၊ viewpoint တက်ကြ နဲ့ အချိန်ပေးပါတယ်။

ညနေ ၅ နာရီ ၁၀ မိနစ်ခန့်မှာ Pier ဘက် ပြန်ရောက်ပါတယ်။ အပြန်မှာလည်း light meal အနေနဲ့ papaya salad ၊BBQ ၊ ကြက်ကြော် ၊ ရေခဲမုန့် ထပ်ကျွေးပါတယ်။ 5.50 PM မှာ Van တွေ စတင် ထွက်ခွာပြီး Hostel ကို ပြန်ပို့ပေးပါတယ်။

Marine ecosystem recovery နဲ့ maintenance လုပ်ဖို့ အတွက် Similan islands ကို မေလလယ် မှ အောက်တိုဘာလလယ် အထိ နှစ်စဉ်ပိတ်ထားလေ့ ရှိပါတယ်။ ၂၀၂၆ ခုနှစ် အတွက်ကတော့ မေလ ၁၆ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့ အထိ ကျွန်းကို ပိတ်ထားမှာဖြစ်လို့ ဒီဇင်ဘာ နဲ့ ဧပြီ အကြား သွားလည်ဖို့ အကြံပြုပါတယ်။

နောက်ပိုစ့်တစ်ခု မှာ Surin Islands သွားခဲ့တဲ့အကြောင်းလည်း လာပြောပြပါဦးမယ်ရှင့်။

မျှဝေခြင်းဖြင့် ပျော်ရွှင်သူ

Photos from Hsu & HoHo DeDe's post 02/03/2026

Starting March with sea views 💙

ဆုကတော့ ဒီပိတ်ရက်မှာ Koh Sichang ကျွန်းကို
day trip ထပ်ရောက်ဖြစ်ခဲ့တယ်။
နွေနေပူကို အံတုပြီး Tuk Tuk တစီးနဲ့ ကျွန်းပတ်လိုက် ၊
ရေဆင်းဆော့လိုက် ၊ ပင်လယ်စာ စားလိုက် နဲ့
တနေ့တာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

နေ့ချင်းပြန်ခရီးမို့ အနည်းငယ် ပင်ပန်းပါတယ်။
အချိန်ရမယ်ဆိုရင် တညအိပ်သွားဖို့ အကြံပြုပါတယ်။

မျှဝေခြင်းဖြင့် ပျော်ရွှင်သူ

Photos from Hsu & HoHo DeDe's post 18/01/2026

2026 ရဲ့ ပထမဆုံး ခရီးစဉ် 🦀

ဘန်ကောက်ကနေ နေ့ချင်းပြန်သွားလို့ရပြီး ၊ သင်္ဘောစီးစရာမလို ၊ ရေကလည်း ကြည်ကြည်လင်လင်နဲ့ ကစားလို့ရပြီး စရိတ်သက်သာမယ့် ကမ်းခြေကို ရှာဖွေနေပြီဆိုရင် ဒီပိုစ့်က မိတ်ဆွေအတွက်ပါ။

ကမ်းခြေ နာမည်က Nang Ram Beach ၊ ဘယ်မှာရှိသလဲဆိုရင် Sattahip မြို့ ၊ ထိုင်းတော်၀င်ရေတပ်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိပါတယ်။ သွားလာရေး အတွက် Chauk Samet ဘူတာအထိ ရထားတဆင့်၊ Chauk Samet ဘူတာရောက်ရင် ကမ်းခြေနဲ့ဘူတာကို ပြေးဆွဲနေတဲ့ Songthaew ကားအသေးလေးတွေ တက်စီးလို့ရပါတယ်။

ဆုက weekend ထွက်တဲ့ ရထားနဲ့ သွားခဲ့တာပါ။ မနက် ၁၀ နာရီ ၁၀ မိနစ် မှာ Chauk Samet ဘူတာရောက်ပါတယ်။
ဒီဘူတာမှာ ညနေဘန်ကောက် အပြန်အတွက် လက်မှတ် ဝယ်လို့ရပါတယ်။ online ကနေလည်း ကြိုဝယ်ထားလို့ရပါတယ်။ အပြန်ရထားက ညနေ ၃ နာရီခွဲ ထွက်ပါတယ်။

ကမ်းခြေမှာ ရေပြာပြာသန့်သန့်၊ သဲဖြူနုနုနဲ့ ကမ်းခြေတလျှောက် အရိပ်ရတဲ့ သစ်ပင်များ ရှိနေပါတယ်။ စားသောက်ဆိုင် ဈေးတန်း ၊ ၁၀ ဘတ်တန် အများသုံး ရေချိုးခန်း နဲ့ အိမ်သာ (ကျား/မ ခွဲထားတာ) ရှိပါတယ်။ Water activity တွေဖြစ်တဲ့ banana boat နဲ့ တခြား စီးစရာတချို့လည်း ရှိနေပါတယ်။

ကမ်းခြေက ညနေ ၆ နာရီအထိပဲ ဖွင့်ပါတယ်။ ကမ်းခြေမှာ လည်ပတ်ချိန် ၄ နာရီခွဲစာ အချိန်ကုန်ပြီးနောက် အပြန်ရထားမှီအောင် ကားအသေးဆီသို့ ၃ နာရီ မတိုင်ခင် ရောက်နေဖို့ လိုပါမယ်။ အပြန်ရထားက ဘန်ကောက်ကို ညနေ ၆ နာရီ ၅၅ မိနစ် ပြန်ရောက်ပါမယ်။

ရထားခ ၁ ကြောင်းစာ = 170 ဘတ်
songthaew (ကားအသေး အသွားအပြန်) = 40 ဘတ်

ဆု ဒီကမ်းခြေကို အဓိက သဘောကျတာကတော့
ရေက ကြည်လင်နေပြီး ရေဆော့တဲ့ ကမ်းခြေတလျှောက် ကျောက်ဆောင်မရှိတာမို့ ရေဆော့လို့ ကောင်းလို့ပါ။

ဒီလောက်ဆိုရင် ကမ်းခြေပျော်သူ သူငယ်ချင်းများလည်း သွားလည်ဖို့ ပလန်လို့ ရပါပြီ။ နောက်ခရီးစဉ်အသစ်မှာ ပြန်တွေ့ပါမယ် ရှင့်။

မျှဝေခြင်းဖြင့် ပျော်ရွှင်သူ

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Nakhon Ratchasima?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่

HGW2+W8 หมู่บ้านซับสวอง บ้านเลขท
Nakhon Ratchasima
30130