One Stars - Digital

One Stars - Digital

แชร์

One Stars Digital Agency
Professional monetization, boosting, and growth services for Facebook, YouTube, and TikTok creators.

06/06/2026

Reach တွေ ဆက်တိုက်ကျနေတဲ့ Account ကို Reach ပြန်တက်စေချင်လား⁉️

TikTok မှာ ဗီဒီယိုတွေ ဘယ်လိုပဲ အကောင်းဆုံး တင်တင် View က အမြဲတမ်း ၁၀၀၊ ၂၀၀ မှာတင် ရပ်နေလို့ စိတ်ညစ်နေရပြီလား???

ဒီလိုဖြစ်ရတာက သင့် Account က Algorithm လမ်းကြောင်းလွဲနေလို့ ဒါမှမဟုတ် ကြည့်ရှုသူအဟောင်းတွေက သင့် Content တွေကို စိတ်မဝင်စားတော့လို့ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် Account အသစ် ပြန်ဖွင့်စရာမလိုဘဲ ဖြေရှင်းလို့ရတဲ့နည်းရှိပါတယ်။

ဒီနေ့တော့ အဲဒီလို ဘာတင်တင် Reach မတက်လို့ စိတ်ညစ်နေရသူတွေရဲ့ပြဿနာကို ကူညီပေးမယ့် Content Reset လုပ်နည်းအကြောင်းမျှဝေပေးလိုက်ရပါတယ်။

👉1. Account အဟောင်းက အဆင်မပြေတဲ့ ဗီဒီယိုတွေကို အရင်ဖြေရှင်းပါ။

View မတက်တဲ့ ဗီဒီယိုတွေ ဒါမှမဟုတ် Guidelines Warning ထိထားတဲ့ ဗီဒီယိုတွေက Account ကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီလိုဗီဒီယိုတွေကို ဆက်တိုက်လိုက်ဖျက်ရင် Account Reach က ပိုကျတတ်တာကြောင့် မလိုချင်တဲ့ ဗီဒီယိုတွေကို ဖျက်မပစ်ဘဲ “Only Me” ပြောင်းလိုက်ပါ။

👉2. Niche တစ်ခုကို ပြတ်ပြတ်သားသား သတ်မှတ်ပါ

Algorithm ကို မျက်စိလည်စေတဲ့ အဓိကအကြောင်းရင်းက ဒီနေ့ဟာသတင်၊ မနက်ဖြန် သီချင်းနဲ့က၊ သန်ဘက်ခါကျ နောက်တစ်မျိုးထပ်တင် ဆိုတာလိုမျိုး အစုံတွေလျှောက်လုပ်နေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ပြန်စတဲ့အခါကျရင် ကိုယ်က ဘယ် Niche ကိုလုပ်မလဲ (ဥပမာ ဟာသ၊ အက၊ ဗဟုသုတ) ဆိုတာကို သေချာရွေးပြီးတော့ အဲဒီလမ်းကြောင်းအတိုင်းပဲ ဗီဒီယိုတွေကိုတင်ပါ။ ကိုယ့် Profile ရဲ့ Bio မှာလည်း ကိုယ်က ဘာအကြောင်းအရာတွေတင်မှာလဲဆိုတာကို ရှင်းရှင်းလင်းလင်းပြင်ရေးပါ။

👉3. Account ကို 3 ရက်ကနေ 5 ရက်အထိ အနား‌ပေးပါ

ဗီဒီယိုတွေ ဆက်တိုက်တင်ပြီး Reach မတက်တာမျိုး ဖြစ်တဲ့အခါ ခဏ ရပ်နားဖို့ လိုပါတယ်။ အဲဒီလိုရပ်ထားတဲ့ 3 ရက်ကနေ 5 ရက်လောက်အတွင်း ဗီဒီယိုတွေလုံးဝမတင်ပါနဲ့။ ဒါပေမယ့် Account ထဲကိုဝင်ပြီးတော့ ကိုယ်နဲ့ Niche တူတဲ့ Creator တွေရဲ့ ဗီဒီယိုကို Like ပေးတာ၊ Comment ရေးတာတွေတော့ လုပ်ပေးပါ။ ဒါက AI ကို ကိုယ်က လူအစစ်ဖြစ်ကြောင်းပြပေးတာပဲဖြစ်ပါတယ်။

👉4. Format အသစ်ပြောင်းပါ

ဒီလိုနားပြီးသွားရင် ပထမဆုံးပြန်တင်မယ့် ဗီဒီယို 3 ပုဒ်က အရေးကြီးပါတယ်။ အဲဒီဗီဒီယိုသုံးပုဒ်ရဲ့ ပထမဆုံး 3 စက္ကန့်ကို အရင်ကထက်ပိုပြီး စိတ်ဝင်စားစရာကောင်းအောင်လုပ်ပါ။ ဗီဒီယိုနဲ့ အသံအရည်အသွေးကို ပိုကောင်းအောင်လုပ်ပါ။ Captions တွေကို ပုံစံအသစ်နဲ့ထည့်ပါ။ ဒီလို အသစ်အဆန်းဖြစ်သွားတဲ့ Content တွေကို Algorithm က Reach အသစ်တွေဆီ စမ်းပြီး ပို့ပေးတတ်ပါတယ်။

👉5. အချိန်ဇယားတစ်ခု ဆွဲပြီးတင်ပါ။

နောက်ဆုံးအဆင့်ကတော့ ဗီဒီယိုတွေကို ပုံမှန်အတိုင်း ဆက်တိုက်တင်ပေးသွားဖို့ပဲဖြစ်ပါတယ်။ ဗီဒီယိုတွေအများကြီးကို တစ်ရက်တည်းမတင်ပါနဲ့။ တစ်ရက်ကို 1 ပုဒ် ဒါမှမဟုတ် 2 ပုဒ်လောက်ကိုပဲ ကိုယ့် Account ရဲ့ လူကြည့်အများဆုံးအချိန်ထက် နာရီဝက်၊ တစ်နာရီ စောပြီး ပုံမှန်လေးတင်ပေးပါ။

ဒီအချက်တွေကို စနစ်တကျလိုက်လုပ်ပေးမယ်ဆိုရင်တော့ Reach တွေကျနေတဲ့ သင့် Account က တဖြည်းဖြည်း Reach တွေ ပြန်တက်လာမှာ အသေအချာပါပဲ။

နောက်ထပ် လူမှုကွန်ယက်ကိုအသုံးချပြီးတော့ ဝင်ငွေရှာချင်သူတွေအတွက် အထောက်အကူဖြစ်စေမယ့်နည်းလမ်းတွေ၊ Service တွေကို စဉ်ဆက်မပြတ် သိရှိနိုင်စေဖို့ ကျွန်တော်တို့ One Stars Digital ရဲ့ Telegram Channel လေးကို Join ထားကြဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်။

👉 https://t.me/onestarsdigital 👈

31/05/2026

ပရိသတ်တွေကို ဗီဒီယိုထဲမှာ အချိန်ပြည့်ဆွဲဆောင်ထားနိုင်စေမယ့် Capcut AI Feature တွေကို ဒီလိုသုံးပါ

ရှေ့အပုဒ်မှာတော့ ကြည့်ရှုသူတွေရဲ့စိတ်ကို ကိုယ့်ဗီဒီယိုထဲမှာ ဆွဲဆောင်ထားနိုင်မယ့် နည်းလမ်းငါးခုအကြောင်း မျှဝေပေးခဲ့ပါတယ်။

ါပေမယ့် အဲဒီလိုမျိုး 4 စက္ကန့်၊ 5 စက္ကန့် တစ်ခါနှုန်းနဲ့ ဗီဒီယိုမှာ အပြောင်းအလဲလေးတွေကို ကိုယ်တိုင်လိုက်လုပ်နေရတာ အချိန်ကုန်ပြီး အလုပ်လည်းတကယ်ရှုပ်ပါတယ်။

ဒါပေမယ့် Capcut ရဲ့ AI Feature တွေနဲ့ဆိုရင်တော့ စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်လို့ရပြီပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ လက်တွေ့သုံးလို့ရမယ့် Capcut ရဲ့ AI နည်းလမ်း (4) ခုအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

📱1. AI Auto Reframe / Auto Zoom

စကားပြောနေတဲ့တစ်လျှောက်လုံး ကင်မရာအကွာအဝေး တစ်သမတ်တည်းဖြစ်ပြီး ငြိမ်နေတာမျိုးမဖြစ်စေဖို့ Camera Zoom ကို လက်နဲ့ လိုက်ဖြတ်နေစရာမလိုတော့ပါဘူး။ Video Option ထဲက Auto Reframe သို့မဟုတ် AI Movement (Camera Tracking) စနစ်ကို သုံးမယ်ဆိုရင် AI က သင့်မျက်နှာရဲ့ တည်နေရာကို မှတ်သားပြီး စကားပြောအနိမ့်အမြင့်အလိုက် ကင်မရာကို အနီးကပ် (Zoom-in)၊ အဝေး (Zoom-out) သို့မဟုတ် ဘယ်ညာအလှုပ်အရှား (Cinematic Movement) တွေကို အလိုအလျောက် ပြုလုပ်ပေးသွားမှာဖြစ်လို့ ကြည့်ရတာ မျက်စိပျင်းစေတော့မှာ မဟုတ်ပါဘူး။

📱2. AI Auto Captions & Dynamic Styles

Capcut မှာ စာသားတွေကို တစ်လုံးချင်းလိုက်ရိုက်ပြီးတော့ အရောင်တွေပြောင်းပြီး အလုပ်ရှုပ်ခံစရာမလိုပါဘူး။ Text -> Auto Captions ကို နှိပ်ပြီး အသံကို စာသားအဖြစ် အရင်ပြောင်းပါ။ ပြီးရင် Templates သို့မဟုတ် Dynamic Captions ကိုသုံးပေးပါ။ AI က သင်ပြောလိုက်တဲ့ အဓိက သော့ချက်စကားလုံး (Keyword) တွေကို အရောင်အလိုအလျောက် ပြောင်းပေးမှာဖြစ်သလို စကားပြောတဲ့ အရှိန်အလိုက် စာလုံးတွေကို မျက်နှာပြင်ပေါ် ဖြတ်ကနဲ၊ ဖြတ်ကနဲ (Pop-up) ခုန်ထွက်လာအောင် Design လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

📱3. Smart Sound Effects Sync

စာလုံးတွေပေါ်လာတိုင်းတို့၊ ဓာတ်ပုံတို့၊ ဗီဒီယိုတို့ တစ်ခုကနေ တစ်ခုကိုပြောင်းတိုင်းတို့မှာ Sound Effect (SFX) လေးတွေကို လိုက်ညှိပြီးထည့်ပေးရတာက ပုံမှန်အတိုင်းဆို အချိန်ကုန်ပါတယ်။ ဒါကြောင့် CapCut ရဲ့ Audio ထဲက Audio Effects သို့မဟုတ် Sound Sync စနစ်ကို သုံးဖို့ အကြံပေးချင်ပါတယ်။ ဒါဆိုရင် သင့်အနေနဲ့ ပရိသတ်တွေရဲ့နားကို အာရုံအလှည့်အပြောင်းဖြစ်စေမယ့် အသံတိုလေးတွေကို စက္ကန့်ပိုင်းအတွင်းမှာပဲ ထည့်နိုင်မှာဖြစ်ပါတယ်။

📱4. AI Sticker & Giphy Generator

သင့်အနေနဲ့ Stickers ထဲက AI Sticker ကိုသုံးမယ်ဆိုရင် ကိုယ်လိုချင်တဲ့အကြောင်းအရာကို စာရိုက်ထည့်လိုက်ရုံနဲ့ ကွက်တိဖြစ်မယ့် ပုံလေးတွေကို အချိန်တိုအတွင်း ရနိုင်မှာပဲဖြစ်ပါတယ်။

ဒီနည်းလမ်းတွေကိုသုံးမယ်ဆိုရင်တော့ ဗီဒီယို Edit လုပ်တဲ့အချိန်ကိုလျှော့ချပြီး ဗီဒီယိုတွေကို အရင်ကထက် ပိုမြန်မြန် ဖန်တီးလာနိုင်မှာပဲဖြစ်ပါတယ်။ ဒီထဲက တချို့ Feature တွေကတော့ Pro Version မှာပဲ ရရှိနိုင်တာမျိုးတွေရှိပါတယ်။ အကယ်၍ သင့်အနေနဲ့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်တို့ One Stars Digital မှာလည်း Capcut Pro Version ကို ဈေးနှုန်းချိုချိုသာသာနဲ့ ရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုပါတယ်။ အသေးစိတ်ကို သိရှိချင်တယ်ဆိုရင်တော့ အခုပဲ Page Messenger မှာ လာရောက်စုံစမ်းမေးမြန်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

28/05/2026

TikTok မှာ ဗီဒီယိုတစ်ပုဒ်ပေါက်ပြီးရင် ဒီအချက်တွေကို မဖြစ်မနေလုပ်ပေးပါ!!!

နေရင်းထိုင်ရင်း ကိုယ်တင်လိုက်တဲ့ဗီဒီယိုတစ်ပုဒ်က ရုတ်တရက် View တွေ သောင်းချီသိန်းချီပြီး တက်လာတာ (Viral ဖြစ်သွားတာ) မျိုးကို တော်တော်များများ ကြုံဖူးကြမှာပါ။

ဒီလိုအချိန်မျိုးက ပျော်စရာကောင်းတယ်ဆိုပေမယ့် ဒီအချက်တွေကို ချက်ချင်းဆက်မလုပ်ဘူးဆိုရင်တော့ အဲဒီလိုအခွင့်အရေးမျိုးကိုထပ်ရဖို့က ထင်သလောက်လွယ်မှာမဟုတ်ပါဘူး။

ဒီနေ့တော့ ရုတ်တရက် ဗီဒီယိုက ပေါက်သွားပြီးရင် မဖြစ်မနေလုပ်ရမယ့် အချက်တွေအကြောင်းမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

📋1. Comment တွေကို အမိအရ အသုံးချပါ

ဗီဒီယိုတစ်ပုဒ် ပေါက်သွားတာနဲ့အတူ Comment တွေအများကြီးလည်း ရောက်လာတတ်ပါတယ်။ အဲဒီ Comment တွေကို စာနဲ့ပဲပြန်မဖြေဘဲနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခုခုကိုရွေးပြီး ဗီဒီယိုနဲ့ ပြန်ဖြေပေးပါ။ အဲဒီလို လုပ်လိုက်ရင် TikTok က အသစ်ထွက်လာတဲ့ ဗီဒီယိုကိုလည်း အဟောင်းကို ကြည့်ခဲ့တဲ့သူတွေဆီ ထပ်တွန်းပေးတတ်ပါတယ်။ ဒီနည်းနဲ့ဆိုရင် ကြည့်ရှုသူတွေကို ကိုယ့်Accountထဲမှာ အချိန်ကြာကြာရှိနေအောင် ပိုဆွဲထားနိုင်မှာပဲဖြစ်ပါတယ်။

📋2. မိုးရွာတုန်းရေခံပါ

ပြောချင်တာကတော့ ဗီဒီယိုတစ်ပုဒ် ပေါက်သွားပြီဆိုရင် အဲဒီအကြောင်းအရာကို ကြည့်ရှုသူတွေက ကြိုက်တယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒါကြောင့် အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး “Part 2” ဆိုပြီးတော့ ဗီဒီယိုဆက်တင်တာ ဒါမှမဟုတ် အဲဒီအကြောင်းအရာမျိုးကိုပဲ ပိုအသေးစိတ်ကျတဲ့ ဗီဒီယို နောက်ထပ် 2 ပုဒ်၊ 3 ပုဒ် ဆက်တိုက်တင်ပါ။ လူတွေက အပိုင်း 1 ကိုကြိုက်လို့ကြည့်ထားတဲ့အတွက် အပိုင်း 2 ကိုလည်း ကျိန်းသေပေါက်ဆက်ကြည့်ကြမှာဖြစ်ပြီး ဒီလိုကနေ Follower တွေ ပိုရလာမှာပဲဖြစ်ပါတယ်။

📋3. Profile Bio နှင့် ပုံစံကို အမြန်ဆုံး ရှင်းလင်းအောင် ပြင်ပါ

ကိုယ့်ဗီဒီယိုတွေကို လူတွေကစိတ်ဝင်စားလို့ Accountထဲဝင်ကြည့်တဲ့အခါကျရင် ရှုပ်ပွနေတဲ့ Bio က လူတွေကို ပြန်ထွက်သွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်Accountထဲကိုဝင်လာတာနဲ့ “ဒီAccountက ဘာအကြောင်းအရာတွေတင်လာလဲ” ဆိုတာကို စက္ကန့်ပိုင်းအတွင်း သိသာစေဖို့ Bio စာသားကို ရှင်းရှင်းလင်းလင်းရေးပေးပါ။ ပေါက်နေတဲ့ဗီဒီယိုကို Profile ရဲ့ထိပ်ဆုံးမှာ “Pin” လုပ်ထားပေးပါ။


အထူးသတိထားရမှာကတော့ ဗီဒီယိုတစ်ပုဒ် Viral ဖြစ်ပြီးသွားရင် "ငါတော့ အောင်မြင်ပြီ" ဆိုပြီး ဗီဒီယိုတင်တာကို ခေတ္တရပ်နားလိုက်တာမျိုး လုံးဝ (လုံးဝ) မလုပ်ဖို့ပါပဲ။ အရှိန်ရနေတုန်းမှာ Content တွေကို ပုံမှန်ထက် ပိုတင်ပေးဖို့ လိုအပ်ပါတယ်။

သင့်အနေနဲ့ရော ဒီလိုမျိုး ရုတ်တရက်ကြီး ဗီဒီယိုက Viral ထဖြစ်သွားတာမျိုး ကြုံဖူးပါသလား။ သင့်အတွေ့အကြုံကို Comment မှာ မျှဝေပေးခဲ့ပါဦး။

Photos from One Stars - Digital's post 28/05/2026

🤔Social Media ပေါ်မှာ AI သုံးပြီး တစ်လကို ၁၀ သိန်းကနေ သိန်း ၁၀၀ အထိ ရှာလို့ရနိုင်လား???

အဖြေကတော့…

🤩နည်းမှန်လမ်းမှန်ကိုသိမယ်ဆိုရင် ရှာလို့ရနိုင်မှာပဲဖြစ်ပါတယ်။

အခုဆိုရင် AI ကိုသုံးပြီးတော့ ကိုယ့်ရဲ့မျက်နှာပြစရာတောင်မလိုဘဲ ဗီဒီယိုတွေကို ဖန်တီးလို့ရနေပါပြီ။ အဲဒီဗီဒီယိုတွေကို သင့်အနေနဲ့ Social Media Platform တွေပေါ်မှာပြန်တင်ပြီး သင့်အနေနဲ့ Passive Income တွေကို ရှာနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ဒီ Social Media Platform တွေကနေရတဲ့ ဝင်ငွေနဲ့ ရပ်တည်လာခဲ့တာ 7 နှစ်နီးပါးရှိပြီဖြစ်ပြီး ဒီ Platform တွေပေါ်ကနေ ဒေါ်လာ သိန်းဂဏန်းနီးပါးအထိ ရခဲ့ပြီးပြီဖြစ်ပါတယ်။

ဒီအတွေ့အကြုံတွေအားလုံးအပြင် အခုခေတ်စားနေတဲ့ AI နည်းစနစ်တွေကိုပါ စုပေါင်းပေးထားတဲ့ ကျွန်တော့်ရဲ့ “Social Media Monetization Academy Batch 1” ကို မကြာခင်မှာ စတင်ဖွင့်လှစ်ပေးသွားတော့မှာပဲဖြစ်ပါတယ်။

👉ဒီသင်တန်းမှာဆိုရင် Facebook / TikTok / YouTube ဆိုတဲ့ Social Media Platform တွေကနေ ဝင်ငွေရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အခြေခံကနေစပြီး ကျွမ်းကျင်လာတဲ့အထိ တစ်ဆင့်ချင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒါတင်မကဘဲ အရင်သင်တန်းတွေထက် ပိုထူးခြားပြီးတော့

👉 AI ကိုသုံးပြီး ဝင်ငွေရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းတွေ
👉 AI နဲ့ Script တွေကို ဘယ်လိုရေးခိုင်းရမလဲဆိုတဲ့ နည်းလမ်းတွေ
👉 Video တွေကို Copyright မထိအောင် ဘယ်လိုမျိုး Edit လုပ်ရမလဲဆိုတဲ့နည်းလမ်းတွေ
👉 Social Media Platform တွေပေါ်မှာ ရေရှည် Passive Income ရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုပါ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် International Audience တွေဆီကိုပါ ခြေဆန့်ချင်သူတွေအတွက်လည်း Myanmar Audience တွေတင်မကဘဲ International Audience တွေဆီကိုပါ Content တွေရောက်အောင် ဘယ်လိုတွေဖန်တီးရမလဲဆိုတာကိုပါ သင်ကြားပေးသွားဦးမှာပါ။

📌 သင်တန်းစမည့်ရက် — ၇လပိုင်း
📌 သင်တန်းကာလ — ၂လ
📌 တစ်ပတ် ၅ရက် Video Class
📌 ၁ပတ် ၁ကြိမ် Zoom Meeting

💰 သင်တန်းကြေး — ၄သိန်းခွဲ

🎁အစောဆုံး သင်တန်းအပ်တဲ့ သင်တန်းသား အယောက် ၅၀ ကိုတော့ အထူးအစီအစဉ်အနေနဲ့ 2 သိန်းခွဲ Discount ချပေးထားပါတယ်။


သင့်အနေနဲ့ Social Media ပေါ်မှာ AI ကို အပြည့်အဝအသုံးချပြီးတော့ Passive Income တစ်ခုကို ရေရှည်လိုချင်တယ်ဆိုရင်တော့ တကယ့်လက်တွေ့ အတွေ့အကြုံတွေကို အပြည့်အဝသင်ကြားပေးသွားမယ့် ဒီ သင်တန်းကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ စိတ်ဝင်စားလို့ အသေးစိတ်သိချင်တယ်ဆိုရင်တော့ Messenger မှာ အခုပဲ လာရောက်စုံစမ်းမေးမြန်းလိုက်ပါ။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Phuket?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Phuket
83000