TEAMS Burma
TEAMS provides free and quality education for the teachers and students in Myanmar.
06/03/2026
Get To Know Our Admins
နောက်ထပ် မိတ်ဆက်ပေးသွားမဲ့ Adminကတော့ ဂျူးဂျူးဟန် ပဲ ဖြစ်ပါတယ်။
ဂျူးဂျူးဟန်ဟာ လက်ရှိမှာတော့ Social Sciences and Sustainable Development ကို Chiang Mai University မှာ လေ့လာနေပြီး Diploma in Social Science နှင့် Diploma in Community Development ကိုပြီးမြောက်ထားသူတစ်ဦးလည်း ဖြစ်ပါသည်။
TEAMS ရဲ့ Administrator အဖြစ် တာဝန်ထမ်းဆောင်လာတာလည်း ၂နှစ်ကျော်ရှိပြီဖြစ်ပြီဖြစ်ပါတယ်။ proposal writing၊ project planning နဲ့ project management တို့ကို အထူးစိတ်ဝင်စားသူတစ်ဦးလည်း ဖြစ်ပါသည်။
ဒါ့အပြင် လူမှုသိပ္ပံပညာရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို စိတ်ဝင်စားလေ့လာသူတစ်ဦး ဖြစ်ပြီး Sustainable Development Goals ရဲ့ SDG 4 Indicators (4.3.1, 4.b.1, 4.c.1) များ မြှင့်တင်ရေးဆိုင်ရာများကို ပညာရေးအဖွဲ့အစည်းအချို့တွင်လည်း volunteer အဖြစ် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်လျက်ရှိပါတယ်။
“Jue Jue Han is currently studying Social Sciences and Sustainable Development at Chaing Mai University. She has also completed a Diploma in Social Science and a Diploma in Community Development.
She has been working as an Administrator at TEAMS for more than two years. She is particularly interested in proposal writing, project planning and project management.
Having a deep passion for social sciences and sustainable development, she actively volunteers with several educational initiatives that promote the Sustainable Development Goals, particularly SDG 4 indicators (4.3.1, 4.b.1, 4.c.1).”
06/03/2026
Get To Know Our Admins
TEAMS ရဲ့ ဆရာအတတ်သင် သင်တန်းတွေ ဖြစ်မြောက်အောင် ကူညီပံပိုးပေးနေတဲ့ Admin ခန့်ငြိမ်းမောင်ပဲ ဖြစ်ပါတယ်။
ခန့်ငြိမ်းမောင် ကတော့ Rangsit University International College မှာ Communication Arts မေဂျာဖြင့် Final Year လေ့လာသင်ယူလျက်ရှိပြီး Rangsit University မှ 50% Scholarship ချီးမြှင့်ခံထားရသူဖြစ်ပါတယ်။
Teaching Association for Monastic Schools (TEAMS) မှာ Administrative Officer အဖြစ် ၄ နှစ်တာ တာဝန်ထမ်းဆောင်လျက်ရှိပြီး Trainees များကို ခေါ်ယူရွေးချယ်ခြင်းမှစ၍ Training ကာလတစ်လျှောက်လုံး စီမံခန့်ခွဲထောက်ပံ့ပေးခြင်းများကို ကူညီဆောင်ရွက်လျက်ရှိပါတယ်။
TEAMS ရဲ့သင်တန်းသားဟောင်းတစ်ဦးလည်း ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကျောင်းသား၊သူများနှင့် ဆရာ၊မများကို အင်္ဂလိပ်ဘာသာ သင်ကြားပေးခဲ့ပြီး ပညာရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများတွင်လည်း ပါဝင်
ဆောင်ရွက်ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း online ကနေ အခမဲ့ သင်ကြားပို့ချလျက်ရှိပါတယ်။
ဒါ့အပြင် TEAMS ရဲ့တခြားTrainer များနဲ့အတူ MaeSot နှင့် Phuket ရှိ Migrant ကျောင်းတွေမှာ ရက်တိုဆရာအတတ်သင်သင်တန်းနဲ့ English သင်တန်းများကို ကူညီ ပံ့ပိုးပေးခဲ့ရုံသာမက ကိုယ်တိုင်လည်း ဝင်ရောက်သင်ကြားခဲ့ပါသေးတယ်။
“Khant Nyein Maung is currently a final-year student majoring in Communication Arts at Rangsit University International College and has been awarded a 50% scholarship from Rangsit University.
He has been working as an Administrative Officer at Teaching English Association for Monastic Schools (TEAMS) for four years. His responsibilities include supporting the recruitment and selection of trainees and assisting with administrative coordination throughout the training programmes.
He is also a TEAMS alumnus and previously taught English to both teachers and students in Monastic Schools in rural and contributed to educational capacity-building activities. Currently, he is teaching online English classes.
In addition, he has assisted TEAMS trainers in delivering short-term teacher training and English courses at migrant schools in Mae Sot and Phuket, Thailand, where he not only supported the training sessions but also participated in teaching activities.”
06/03/2026
Get To Know Our Admins
သင်တန်းတစ်ခုဖြစ်မြောက်ဖို့ဆိုတာကလည်း နောက်ကနေ ကူညီပံ့ပိုးပေးတဲ့သူတွေ ရှိမှသာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ TEAMS ရဲ့ ဆရာအတတ်သင် သင်တန်းတွေ ဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးနေတဲ့ Admin များနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ မိတ်ဆက်ပေးသွားမဲ့
Admin ကတော့ နွယ်နွယ်သင်း ပဲဖြစ်ပါတယ်။
နွယ်နွယ်သင်း ဟာဆိုရင် လက်ရှိမှာတော့ Rangsit International University ရဲ့ International Business ဘာသာရပ်ကို လေ့လာသင်ယူနေပြီး Diploma in Social Sciences ကိုလည်းကိုင်ဆောင်ထားသူတစ်ဦးဖြစ်ပါတယ်။
ဆရာအတတ်သင်ပညာရေးလုပ်ငန်းစဉ်များမှာ နောက်ကွယ်မှနေပြီး အဆင်ပြေချောမွေ့စွာ စီမံ ခန့်ခွဲထောက်ပံ့ပေးလျက်ရှိပါတယ်။ ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲရေးနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတွေမှာ ၅ နှစ်ကျော် အတွေ့အကြုံ ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ကျေးလက်ဒေသများရှိ ဆရာ၊မများနှင့် ကျောင်းသား၊သူများရဲ့ပညာရေးအတွက်တွင်
သာမက ထိုင်းနိုင်ငံရှိ Mae Sot နှင့် Phang Nga ဒေသများရှိ ရွှေ့ပြောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအတွက် online နှင့် in-person English အတန်းများနှင့် ဆရာအတတ်သင် သင်တန်းများကိုလည်း စီစဉ်ပေးလျက်ရှိပါတယ်။
“Nwe Nwe Thin is currently studying International Business at Rangsit University International College and also holds a Diploma in Social Sciences.
She plays an important role in supporting the smooth implementation of teacher training programmes behind the scenes. She has more than five years of experience in administrative and financial management.
And also, she organises online and in-person free English classes and teacher training for students and teachers not only in rural areas of Myanmar but also for migrant students and teachers in Mae Sot and Phang Nga Thailand.”
25/02/2026
Get To Know Our Trainers
Get To Know our Trainers အစီအစဉ်ရဲ့ နောက်ဆုံး မိတ်ဆက်ပေးသွားမဲ့သူကတော့ Professor Karen ပဲဖြစ်ပါတယ်။
“Professor Karen ဟာဆိုရင် British Education academic တစ်ဦးဖြစ်ပြီး ယူကေတက္ကသိုလ်တွေနဲ့ ကျောင်းတွေမှာ သင်ကြားပေးခဲ့ပါတယ်။ မူလတန်း၊ အလယ်တန်း၊ ဘွဲ့ကြို၊ ဘွဲ့လွန်နဲ့ မဟာဘွဲ့အဆင့်တွေမှာ ပညာရေးအစီအစဉ်တွေကို ဒီဇိုင်းရေးဆွဲပြီး ပို့ချပေးခဲ့ပါတယ်။
သင်ကြားရေး အတွေ့အကြုံ ၄၁ နှစ်ကျော်ရှိတဲ့ Pr. Karen ဟာဆိုရင် ၂၀၁၆ မှာ မြန်မာနိုင်ငံကို English for Education College Teachers (EfECT) Project အတွက် စေတနာ့ ဝန်ထမ်းအနေနဲ့ ရောက်ရှိလာပြီး ပြည်နယ်ကျောင်းဆရာများနှင့် တက္ကသိုလ် ကထိကများရဲ့ သင်ကြားရေးဆိုင်ရာကျွမ်းကျင်မှုများကို မြှင့်တင်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အင်္ဂလိပ်ဘာသာသင်ကြားရေးနှင့် ဆရာ၊ ဆရာမများရဲ့ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများကို ၉ နှစ်ကျော် ဆောင်ရွက်ခဲ့ပြီး အစပိုင်းတွင် လူတွေ့သင်ကြားခဲ့ကာ COVID-19 ကာလမှစ၍ Online ဖြင့် ဆက်လက်သင်ကြားပေးလျက်ရှိပါတယ်။
Professor Karen ဟာ Teaching English Association for Monastic Schools (TEAMS) တွင် Main Teacher Trainer အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး မြန်မာဆရာ၊ ဆရာမများအတွက် CPD နှင့် Training Programme များကို ပံ့ပိုးပေးလျက်ရှိပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Migrant Schools များတွင်လည်း ဆရာ၊ ဆရာမများကို ပုံမှန် ဆရာအတတ်သင် သင်တန်းများ ပို့ချပေးနေလျက်ရှိပါတယ်။
ထို့အပြင် Cambodia နိုင်ငံရှိ National Institute of Education တွင် STEM ဘာသာရပ် ဆရာ/မများအတွက် စွမ်းရည်မြှင့်တင်ရေးကို ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် Uzbekistan နိုင်ငံ Tashkent မြို့ရှိ ကျောင်းပေါင်း ၄၁ ကျောင်းတွင် English Language Teacher Educator အဖြစ် VSO Project အောက်တွင်လည်း တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
Pr. Karenနဲ့ သူမရဲ့မိသားစုဟာဆိုရင် ပညာရေးဖောင်ဒေးရှင်ထူထောင်ပြီး မြန်မာနိုင်ငံရဲ့ ဆရာ၊ဆရာမများ၊လူငယ်များ နှင့် နေရပ်စွန့်ခွာကလေးများအတွက် အခမဲ့ Homeschooling နှင့် Online ပညာရေးအစီအစဉ်များကို ပံ့ပိုးပေးလျက်ရှိပါတယ်။”
25/02/2026
Get To Know Our Trainers
ဒီနေ့ရဲ့ Get To Know our Trainers အစီအစဉ်မှာ ဆရာ ဇင်မောင်မောင် နဲ့ မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
“ဆရာ ဇင်မောင်မောင် ဟာဆိုရင် လက်ရှိမှာ Teaching English Association for Monastic Schools (TEAMS) ရဲ့ Programme Director တစ်ဦးဖြစ်ရုံသာမက Teacher Trainer အဖြစ်နဲ့ပါ လုပ်ကိုင်လျက်ရှိပါတယ်။ စာသင်ကြားရေးနှင့် ကျောင်းတွင်းစီမံခန့်ခွဲရေး အတွေ့အကြုံ 15 နှစ်ရှိသည့်အပြင် သင်ကြားရေးနဲ့သက်ဆိုင်တဲ့ teacher training courses, exchange program, conference နှင့် workshop များကိုလည်း တက်ရောက် လေ့လာဆည်းပူးခဲ့သူလည်း ဖြစ်ပါတယ်၊။
ဒါ့အပြင် ဆရာဇင်မောင်မောင်ဟာဆိုရင် English ဘာသာရပ် သင်ကြားပို့ချသူများအတွက်သာမက English ဘာသာရပ်ကို စတင်လေ့လာလိုသူများအတွက်ပါ English Course Book များကိုလည်း ထုတ်ဝေပေးခဲ့သူဖြစ်ပါတယ်။ ယခု လက်ရှိမှာဆိုရင် Master in Bilingual Education ကိုပြီးဆုံးထားသူလည်းဖြစ်ပါတယ်။”
25/02/2026
Get To Know Our Trainers
ဒီနေ့ရဲ့ Get To Know our Trainers အစီအစဉ်မှာ မိတ်ဆက်ပေးသွားမဲ့ Trainer ကတော့ ဦးဇင်း စိုင်းဆိုင်ဖ ပဲဖြစ်ပါတယ်။
“ဦးဇင်း စိုင်းဆိုင်ဖ ဟာဆိုရင် သင်ကြားရေး အတွေ့ကြုံ ၇နှစ်ကျော်ရှိပြီး TEAMS ရဲ့ ဆရာအတတ်သင် ၉ လသင်တန်း (Batch 4) ကို တက်ရောက်ခဲ့ပါတယ်။ ဘ/က ကျောင်းများတွင်လည်း Secondary English နှင့် Maths ဘာသာရပ်များကို သင်ကြားပို့ချခဲ့ပါတယ်။ သင်ရိုးညွှန်းတမ်းနှင့် course book များ ရေးဆွဲရာတွင်လည်း ကူညီပံပိုးပေးခဲ့ပါတယ်။
အခုလက်ရှိမှာတော့ ထိုင်းနိုင်ငံရှိ မဟာချူလာတက္ကသိုလ်တွင် BA Education (Teaching English) ကို တက်ရောက်နေရင်း Bangkok ရှမ်းကျောင်းမှာဖွင့်တဲ့ CLLC( Computer & Language Learning Center) မှာ English စာသင်ပေးလျက်ရှိပါတယ်။”
24/02/2026
Get To Know Our Trainers
နောက်ထပ် Get To Know our Trainers အစီအစဉ်မှာ မိတ်ဆက်ပေးသွားမဲ့ သူကတော့ ဆရာမ မြတ်လေပြေပဲဖြစ်ပါတယ်။
ဆရာမ မြတ်လေပြေဟာ သင်ကြားရေးအတွေ့အကြုံ ၄ နှစ်ကျော်ရှိပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ခုတွင် Elementary အဆင့် English ဘာသာရပ် သင်ကြားပေးခဲ့ပြီး International School တစ်ခုမှာလည်း Preschool English Teacher အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံတွင်းရှိ Immigrant School မှာလည်း Primary နှင့် Middle အဆင့်များအတွက် English ဘာသာရပ် သင်ကြားပေးလျက်ရှိပါတယ်။
ဆရာမဟာဆိုရင်လည်း TEAMS ရဲ့ ၉ လတာ ဆရာအတတ်သင် သင်တန်း Batch-4 ကို ပြီးမြောက်ခဲ့ပြီး ယနေ့အထိအတိုင် TEAMS ရဲ့ ဆရာအတတ်သင် သင်တန်းတွေမှာ တက်ကြွစွာ ပါဝင် ကူညီပံ့ပိုးပေးနေပါတယ်။
ယခုလက်ရှိမှာလည်း Homeschooling ကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းနဲ့ English Course Book ကို ရေးဆွဲပေးရင်း online and onsite မှာ English Language ကို သင်ကြားပေးလျက်ရှိပါတယ်။
24/02/2026
Get To Know Our Trainers
Get To Know our Trainers အစီအစဉ်ရဲ့ နောက်ထပ် ဆရာမ စုစန္ဒီဖြိုး နဲ့ မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
ဆရာမ စုစန္ဒီဖြိုးဟာဆိုရင် TEAMS ရဲ့ ၉ လတာ ဆရာအတတ်သင်တန်းကို 2018 (Batch 2)မှာ ပြီးမြောက်ခဲ့ပြီး Academic Deputy Head အနေနဲ့လည်း တာဝန်ထမ်းဆောင်ပေးခဲ့ပါတယ်။
ဆရာမဟာဆိုရင် German Expert, Professor တွေနဲ့ တွဲဖက်ပြီးတော့ Monastic School Teachers၊ Private School Teachers နဲ့ International School Teachers တွေကို ဆရာအတတ်သင် သင်တန်းများကိုလည်း သင်ကြားပို့ချပေးခဲ့ပါတယ်။
သင်ကြားရေး အတွေ့အကြုံ ၈ နှစ်ရှိပြီး လက်ရှိမှာတော့ Year 6 English Course Book အတွက် Curriculum နဲ့ Lesson Plan တွေကိုကျောင်းသား၊သူများရဲ့ လိုအပ်ချက်နှင့် ကိုက်ညီဖို့အတွက် ပြင်ဆင်ရေးဆွဲလျက်ရှိပါတယ်။
သင်ကြားရေးနယ်ပယ်တွင် အတွေ့အကြုံများစွာရှိပြီး TEAMS မှာလည်း Teacher Trainer အဖြစ် ဆရာအတတ်သင် သင်တန်းတွေမှာ ပါဝင်ကူညီ ပေးလျက်ရှိပါတယ်။
24/02/2026
Get To Know Our Trainers
Get To Know our Trainers အစီအစဉ်မှာ နောက်ထပ်
မိတ်ဆက်ပေးသွားမဲ့ သူကတော့ ဆရာမ စုထက်လင်းပဲဖြစ်ပါတယ်။
ဆရာမ စုထက်လင်းဟာဆိုရင် Diploma in Community Leadership and Research ပြီးမြောက်ခဲ့ပြီး လက်ရှိမှာတော့ President University မှာ Elementary Teacher Education ဘာသာရပ်ကို ဆက်လက်လေ့လာသင်ယူလျက်ရှိပါတယ်။ Pre- School ပညာရေးနှင့် မူလတန်းပညာရေးနယ်ပယ်များတွင် သင်ကြားရေးအတွေ့အကြုံ သုံးနှစ်ကျော်ရှိပြီး onsite နဲ့ online ကျောင်းသားများကို student-centered နည်းလမ်းများဖြင့် ထိရောက်စွာ သင်ကြားပေးနေပါတယ်။
ဒါ့အပြင် Homeschooling ကျောင်းသား၊သူများကိုလည် တစ်ဦးချင်းအလိုက် လမ်းညွှန် ကူညီထောက်ပံ့ပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဆရာမစုထက်လင်းဟာ ၂၀၂၄ ခုနှစ်မှစ၍ TEAMS ရဲ့ Teacher Training Programme များတွင် ကူညီပါဝင် လျက်ရှိပါတယ်။
24/02/2026
Get To Know Our Trainers
ဒီနေ့ရဲ့ Get To Know our Trainers အစီအစဉ်မှာ ဆရာမ သိမ့်ထက်မြတ်ဝေ နဲ့ မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
ဆရာမ သိမ့်ထက်မြတ်ဝေ ကတော့ Diploma in Education နဲ့ Diploma in Social Science ကို လေ့လာ သင်ယူခဲ့ပါတယ်။ သင်ကြားရေးအတွေ့ကြုံ ၄ နှစ်ရှိပြီးတော့ online နှင့် onsite အတန်းများကိုလည်း သင်ကြားပို့ချလျက်ရှိပါတယ်။ English Language Teaching course တွေကိုလည်း UK, Brighton မှာ ခြောက်လတာ လေ့လာ သင်ယူခဲ့ပြီး TEAMS ရဲ့ ဆရာအတတ်သင် သင်တန်းတွေမှာ ပြန်လည် မျှဝေပေးလျက်ရှိပါတယ်။
ကျောင်းသားများရဲ့ ပါဝင်မှုနှင့် သင်ယူမှုရလဒ်များကို မြင့်မားလာစေရန် Student-Centeredကို ဗဟိုပြုတဲ့ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးညွှန်းတမ်းစာအုပ်များကိုလည်း ကိုယ်တိုင် ဒီဇိုင်းရေးဆွဲပေးခဲ့ပါတယ်။
ယခုလက်ရှိမှာတော့ President University မှာ Elementary Teacher Education ဘာသာရပ်ကို လေ့လာသင်ယူနေပါတယ်။
23/02/2026
Get To Know Our Trainers
Get To Know our Trainers အစီအစဉ်ကနေ ဆရာမ နှင်းနုနွယ်နဲ့ နောက်ထပ် မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
“ဆရာမ နှင်းနုနွယ်ကတော့ လက်ရှိတွင် Asia Pacific International University (ထိုင်းနိုင်ငံ) တွင် Education မေဂျာကို အထူးပြုလေ့လာသင်ယူလျက်ရှိပြီး TEAMS တွင်လည်း Teacher Trainer အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
သင်ကြားရေး အတွေ့ကြုံ ၈ နှစ်ကျော်ရှိပြီး TEAMS ၏ Batch 1 Alumni တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် TEAMS Teacher Training Programme များတွင်လည်း မိမိ၏ လက်တွေ့နဲ့ စာသင်ကြားရေး အတွေ့အကြုံများကို မျှဝေသင်ကြားပေးလျက်ရှိပါတယ်။ ပထဝီဘာသာရာရပ်အတွက် သင်ရိုးညွှန်းတမ်းနဲ့ စာအုပ်များနှင့် TEAMS ရဲ့ ဆရာအတတ်သင် သင်တန်းရဲ့ Training Manual စာအုပ်တို့ကိုလည်း ရေးဆွဲပေးခဲ့ပါတယ်။
ဆရာမ နှင်းနုနွယ်ဟာဆိုရင် ယခုလက်ရှိမှာတော့ online နဲ့ onsite အတန်းများတွင် Interactive activities တွေနဲ့ သင်ကြားရေး နည်းဗျူဟာများကို သုံးပြီး ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးလျက်ရှိပါတယ်။”
23/02/2026
Get To Know Our Trainers
နောက်ထပ် Get To Know our Trainers အစီအစဉ်မှာ မိတ်ဆက်ပေးသွားမဲ့ Trainer ကတော့ ဆရာ ကျော်ဖြိုးနိုင် ပဲဖြစ်ပါတယ်။
“ဆရာ ကျော်ဖြိုးနိုင်ဟာဆိုရင် Diploma in Education (2019) နှင့် Diploma in Social Science (2022) ရရှိထားပြီး လက်ရှိတွင် Bachelor of Education (Elementary Teaching) ကို Asia Pacific International University မှာဆက်လက်လေ့လာသင်ယူလျက်ရှိပါတယ်။
သင်ကြားရေး အတွေ့အကြုံ ၇ နှစ်ရှိပြီး Teaching English Association for Monastic Schools (TEAMS) တွင် Teacher Trainer အဖြစ် ပါဝင်ဆောင်ရွက်ရင်း ဆရာ၊ ဆရာမများအတွက် သင်ကြားရေးနည်းလမ်းများ မျှဝေသင်ကြားပေး လျက်ရှိပါတယ်။
ဒါ့အပြင် History ဘာသာရပ်အတွက် Course Book ၄ အုပ်နှင့် Curriculum များကို အောင်မြင်စွာ ဒီဇိုင်းရေးဆွဲဖန်တီးခဲ့ပြီး ပိုမိုအဆင့်မြှင့်သော Teachboost ဆရာအတတ်သင် သင်တန်းတွင်လည်း Lead Trainer အဖြစ် သင်ကြား မျှဝေပေးလျက်ရှိပါတယ်။
လက်ရှိတွင် EduGrowth Myanmar ရဲ့ Lesson Planning Project တွင် Project Manager အဖြစ် ဆောင်ရွက်လျက်ရှိပြီး သင်ခန်းစာရေးဆွဲရေး နဲ့ သင်ရိုးညွှန်းတမ်းဖန်တီးရေးလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်လျက် ရှိပါတယ်။
ဆရာဟာဆိုရင် သင်ကြားရေးနယ်ပယ်တွင် Curriculum Development နှင့် Teacher Training များကို အထူးအာရုံစိုက်လုပ်ဆောင်လျက်ရှိပါတယ်။”
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Rangsit
12000
เวลาทำการ
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |