His Story

His Story

แชร์

A collection of journeys, from the mountains to the seas—this is his story

Photos from His Story's post 09/08/2025

If it makes you happy,
it’s never a waste of times

Photos from His Story's post 23/12/2024

လွမ်းနေမိတဲ့ မြို့ကလေး

“အိပ်ရာနိုးလို့ မျက်လုံးဖွင့်လိုက်တဲ့ မနက်ခင်းဟာ နှင်းမြူတွေကျပြီး နေရောင်ဖျဖျထိုးနေတဲ့ မြို့လေးတမြို့မှာ” ဆိုပြီး စိတ်ကူးဖူးကြသလား ...

ကျနော်က တောင်ပေါ်ဒေသမှာ ကြီးပြင်းလာသူမို့ ထင်တယ်။ တောင်တန်းတွေ၊ တိမ်တိုက်တွေ၊ နှင်းငွေ့တွေကို အလွန်မြတ်နိုးပါတယ်။ နယ်မှာဆိုရင် ရွာပြင်ထွက်လိုက်တာနဲ့ တမျှော်တခေါ် စပါးခင်းတွေ၊ ပြီးတော့ ပြာညို့နေတဲ့ တောင်တန်းတွေ၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ တိမ်လွှာထုတွေဟာ ဘယ်တော့မှ မရိုးတဲ့ ရှုခင်းတွေ။

ကျောင်းဆင်းတာနဲ့ အိမ်မှာ လွယ်အိတ်ပစ်ချပြီး ရွာပြင်ကို စက်ဘီးစီးထွက်တယ်။ တိမ်တွေကို ငေးတယ်။ အနောက်ဘက်တောင်တန်းတွေဆီ တဖြည်းဖြည်းဝင်သွားတဲ့ နေလုံးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်မယ်။ သဘာဝတရားဆိုတာ အလှပဆုံး၊ အဆန်းသစ်ဆုံး၊ အခမ်းနားဆုံး ပန်းချီကားတချပ်လို့ ထင်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်က ပထမအကြိမ်ရောက်ပြီး “နောက်တခေါက် ပြန်လာမယ်”လို့ တေးထားမိတဲ့မြို့ကလေး။ ဆိုင်ဂုံရောက်လာတော့ စိတ်ထဲမှာ အများကြီးနေရာယူထားတာ။ ရက်ရှည်ခရီးထွက်ပြီး တမေ့တမောနေချင်မိတဲ့ မြို့ကလေး။

အလုပ်က တနင်္ဂနွေတရက်ပဲ နားတော့ မသွားဖြစ်ဘူး။ ဆောင်းဝင်လာတော့ သွားမှဖြစ်တော့မယ်ဆိုပြီး စီစဉ်ရတယ်။ စနေနေ့ ညကားစီး၊ ကားပေါ်မှာ အိပ်၊ မနက်မိုးလင်း မြို့အရောက်၊ ဆိုင်ကယ်ငှား၊ မနက်စာစားပြီး တနေ့လုံး လည်ပတ်တော့ပဲ။ ညမိုးချုပ်မှ အပြန်ကားစီး၊ တနင်္လာနေ့မနက် မိုးမလင်းခင် ဆိုင်ဂုံရောက် အလုပ်တက်။ တကယ်သွားဖြစ်တော့လည်း နှစ်ပတ်ဆက်တိုက်။ နောက်အပတ်တွေတော့ အလယ်ပိုင်းဒေသတဝိုက် မုန်တိုင်းသတင်းတွေကြောင့် မသွားဖြစ်တော့ဘူး။ ဒါတောင် နောက်တကြိမ်သွားဖို့ ကြံဖန်နေသေးတာ။ ဒီနှစ်ထဲတော့ ထပ်မရောက်ဖြစ်တော့ဘူးထင်ပါတယ်။ ပိတ်ရက်တိုင်း လွမ်းနေရဦးမှာ။

Photos from His Story's post 16/12/2024

Anime Cartoon ရုပ်ရှင်ထဲ ရောက်သွားခဲ့ …

မြို့တမြို့ကို ခရီးသွားတိုင်း ကျနော်လုပ်လေ့ရှိတာက ကော်ဖီဆိုင်တွေ အရင်ရှာတာ။ အွန်လိုင်းပေါ်တွေ့လို့ သဘောကျတာနဲ့ Google Maps ထဲမှာ Café in [city name] လို့ list လုပ်ထားလိုက်တယ်။

Da Nang ကို မသွားခင်ကလည်း ကော်ဖီဆိုင်တွေ ရှာတာကကို အချိန်သပ်သပ်ပေးရတာ 😅 သွားလည်တဲ့ ရက်က နည်းတာမို့ တကယ်သွားမယ့် ဆိုင်စာရင်းက မြို့ကို ရောက်တာနဲ့ ထပ်ရွေး 😄 တဆိုင်ပြီးတဆိုင် ပြောင်းထိုင်တဲ့အကျင့်လည်း မရှိ။ ဝင်လိုက်လို့ သဘောကျရင်လည်း အကြာကြီးထိုင်ပြီး ဆိုင်ပတ်ဝန်းကျင်ရဲ့ အငွေ့အသက်လို့ ပြောမလား ခံစားနေတတ်တာမျိုး။

The Third House ကလည်း စာရင်းထဲမှာ ပါပြီးသား။ ဒါပေမဲ့ သွားထိုင်ဖြစ်မယ် မထင်ခဲ့ဘူး။ ဗီယက်နမ်မှာက ကော်ဖီဆိုင်တွေဆိုတာ မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင်လို ကွမ်းယာဆိုင်လို တအားပေါတော့လေ။

ရောက်သွားဖြစ်တဲ့ အကြောင်းရင်းကတော့ Barista က ကော်ဖီပညာကို သေသေချာချာလေ့လာသင်ယူထားတာ စိတ်ဝင်စားလို့။ ကော်ဖီဖျော်တာလည်း စိတ်ရှည်လက်ရှည်။ တကယ်သောက်ကြည့်တော့ “အော် ကော်ဖီအရသာဆိုတာ ဒီလိုမျိုးလေးပါလား”လို့ ပြောရတဲ့အထိ။

ဆိုင်က ကျဉ်းကျဉ်းလေးဆိုပေမယ့် ဆိုင်ထဲရောက်သွားတာနဲ့ တစုံတရာကို ပိုင်ဆိုင်လိုက်ရသလို… အလိုလိုနေရင်း ပေါ့ပါးလွတ်လပ်သွားစေတာ 😊

ဆိုင်အခင်းအကျင်းကို Anime Cartoon ပုံလေးတွေဆွဲပြီး ပြထားတော့ ကိုယ်တိုင် Anime ရုပ်ရှင်ထဲ ရောက်သွားသလို ☺️ ☺️ သဘောကျလွန်းလို့ မိုးမိုး(အင်းလျား) စာအုပ်ကို အဆုံးထိဖတ်ပြီးမှ ပြန်လာခဲ့တာ။

📍The Third House
142/3 Lê Độ, Tam Thuận, Thanh Khê, Đà Nẵng 550000

Photos from His Story's post 12/12/2024

အတိတ်ကာလကို ပြန်လည်ကြည့်ရှုခြင်း

ဒီနေ့အတွက်ဆွဲထားတဲ့ ခရီးစဉ်ကို ဖျက်ပြီး အကြာကြီးထိုင်ဖြစ်သွားတဲ့ ကော်ဖီဆိုင်။ မိုးမိပြီး ဖျားမှာစိုးတာလည်း ပါတယ်။ မိုးရွာတာကလည်း တနေ့လုံးပဲ။ စွေပြီး ရွာနေတာ။

မှတ်မှတ်ရရဖြစ်တာကတော့ ခေတ်ဟောင်းသီချင်းတွေ နားထောင်ရင်း ဘာမှမလုပ်ဘဲ အပျင်းထူတဲ့နေ့ပါပဲ။ အင်တာနက်နည်းပညာတွေ မထွန်းကားချိန်တုန်းက ပစ္စည်းအဟောင်းအမြင်းတွေဟာ တဆိုင်လုံး။ ကျနော့်အကြိုက်ကလည်း ဒီလိုကော်ဖီဆိုင်မျိုးထင်တယ်။ နည်းနည်းမှောင်တဲ့ ခပ်ကျဉ်းကျဉ်းဆိုင်လေးထဲ သစ်သားခုံပုလေးတွေမှာ ထိုင်ရတာကိုက ပြည့်စုံခြင်းတမျိုး။

ဘာမှမလုပ်ဖြစ်ဘူးဆိုပေမယ့် ဦးနှောက်တော့ ဟိုတွေးဒီတွေး။ ဒါကလည်း ထုံးစံ။ ဘတ်စ်ကားစီးချိန်တို့၊ ကော်ဖီဆိုင်ထိုင်ချိန်တို့ဆို တွေးနေဖြစ်တာများတယ်။ စာအုပ်လည်းမဖတ်ဖြစ် စကားပြောဖော်မရှိတာလည်း ပါမယ်။ စာအုပ်ဖတ်ရင်းလည်း တခန်းပြီးတာနဲ့ စာအုပ်ပိတ်ပြီး တွေးချင်တွေးနေတတ်သေးတာ။

ဘယ်လောက်ပဲ ခေတ်မီဆန်းပြားတဲ့အရာဖြစ်ဖြစ် တချိန်ချိန်မှာတော့ ဟောင်းသွားမှာပဲဆိုတာ တွေးနေမိတာ။ အဟောင်းဆိုပေမယ့်လည်း သူ့တန်ဖိုးနဲ့ သူရှိနေသေးတာပဲမဟုတ်လား။

A journey back in time — Nối Café, where memories live in every corner. CDs, cassettes, vintage TVs, and art that tells stories of the past. Not modern, but timeless.

*** English is written by ChatGPT ***

📍Nối Cafe
113/18 Nguyễn Chí Thanh, Hải Châu 1, Hải Châu, Đà Nẵng 550000

Photos from His Story's post 07/12/2024

ငယ်ဘဝကို ပြန်တမ်းတခြင်း

တကယ်တော့ တနင်္ဂနွေနေ့မှ သွားမယ် စဉ်းစားထားတာ။ အလုပ်ဆင်းတော့ ပျင်းတာနဲ့ လိုင်းကား နှစ်ဆင့်စီး၊ မိနစ် ၂၀ လောက်လမ်းလျှောက်ပြီး ရောက်သွားတာ။ ကိုယ့်စိတ်ထဲ သဘောကျမိတဲ့ ကော်ဖီဆိုင်တွေဆို အဲလိုပဲ ဇွဲရှိတယ် 😅

စနေနေ့ည တန်ပိုလာဖွင့်တဲ့အချိန်နဲ့ဆုံတော့ ခုံပုလေးမှာ ထိုင်လိုက်တာနဲ့ လက်မှတ်နှစ်စောင် အလကားရတယ်။ ဆိုင်ဝန်းအလယ် မြေနေရာကွက်လပ်မှာ ဂဏန်းလှည့်၊ ပေါက်ဂဏန်းကို ကြေညာတဲ့သူတွေက ဇာတ်ပွဲကသလို ဖြီးလိမ်းပြင်ဆင် ဝတ်စားထားကြတာ။ အသံချဲ့စက်ကနေ စည်းချက် ခပ်မြန်မြန်တီးလုံးကို ဖွင့်ထားပြီး ဂီတသံအလိုက် ကြေညာတဲ့သူတွေက သီချင်းဆို၊ ပြီးတာနဲ့ ပေါက်ဂဏန်း ကြေညာ။ မပျင်းရဘဲ ပျော်စရာကောင်းတဲ့ ဂိမ်းတမျိုးပါပဲ။

ဆိုင်လာတဲ့သူတွေက ကိုယ့်ဝိုင်းမှာ ထိုင်ရင်း နံပါတ်ပါရင် မြေဖြူနဲ့ လက်မှတ်ပေါ်မှာ ခြစ်ရတယ်။ အလျားလိုက် ဒါမှမဟုတ် ဒေါင်လိုက် ဂဏန်းအကုန်ခြစ်မိတာနဲ့ နိုင်တာမျိုးလေ။ ကျနော်တို့ဆီက တန်ပိုလာနဲ့အတူတူပဲ။ သူတို့ကစားနည်းမှာ ထူးခြားတာက တင်ဆက်ပုံ။ သူတို့ဘာသာစကားနားမလည်ပေမယ့် ပျော်စရာ၊ ရယ်စရာ ပေါ့ပေါ့ပါးပါးကစားနည်းမျိုး။

ပျော်လို့ ဝင်ထိုးပေမယ့် တိုင်ပတ်ပါတော့တယ်။ ဒီနိုင်ငံမှာ အရင်ကလည်း တော်တော်လေးကြာအောင် နေခဲ့ဖူးတယ်။ အခုလည်း တနှစ်နီးနီးရှိပြီ။ ပြဿနာက သူတို့ ဂဏန်းကို အလွတ်မရတာဘဲ 😂😂 ဆိုင်က ဝန်ထမ်းတွေ တယောက်မှ မနေရတော့ဘူး။ ဘေးနားလာပြီး ပေါက်ဂဏန်းကို လာထောက်ပြပေးကြတာ တအားချစ်ဖို့ ကောင်းသော 😍🥰 နောက်ဆုံး ပေါက်ဂဏန်း ကြေညာသူများကပါ အင်္ဂလိပ်လို ထည့်ကြေညာပေးရတဲ့အထိပါပဲ 😄😄

ဒုတိယအကြိမ်မှာတော့ လက်မှတ် (၂) စောင်ထပ်ဝယ်တယ်။ တစောင် VND 5000။ တတိယအကြိမ်မှာ ဝယ်စရာမလိုဘူး။ အလကား (၂) စောင်ထပ်ရတယ်။ ကစားတဲ့သူတွေက အလကားလက်မှတ်တွေလည်းရ၊ ပျော်စရာလည်းကောင်းဆိုတော့ နောက်အကြိမ်တွေ ဆက်ထိုး။ အမှတ်တရဖြစ်တဲ့ စနေနေ့ညပါပဲ 😅 သူငယ်ချင်းတွေ ခေါ်ပြီး သွားထိုင်ချင်သေးတယ်။

📍 TIỆM CÀ PHÊ NÍ
128D Nguyễn Đình Chính, Phường 8, Phú Nhuận, Hồ Chí Minh 700000

https://maps.app.goo.gl/ddQfut3He7AywdkaA?g_st=com.google.maps.preview.copy

17/11/2024

Being without Becoming

နောက်လဆိုရင် ၂၀၂၄ ကုန်ပြီ။ တနှစ်တာဟာ မရေရာ မသေချာမှုတွေနဲ့ ကုန်ဆုံးတော့မှာ။ ပျော်ရွှင်စရာ အနည်းငယ်လေး စိုးစဉ်းမျှရရှိခဲ့လို့ ကျေနပ်ရတယ်။ ဘဝကို ကျေးဇူးတင်ရတယ်။ ဝမ်းနည်းစရာအချိန်တွေ၊ အထီးကျန်တဲ့ အခိုက်အတန့်တွေ၊ ပျောက်ဆုံးနေတဲ့ကာလတွေတော့ ပိုများတာပေါ့လေ။

ဘဝရဲ့အရေးကြီးဆုံးအချိန်တွေကို တယောက်တည်း ကျော်ဖြတ်ရတယ်လို့ ကိုယ်က ယုံကြည်ထားတာ။ အခြားသူတဦးတယောက်ရဲ့ လွှမ်းမိုးမှုမပါဘဲ ကိုယ့်ကိုယ်ကိုယ် တွေ့ရှိဖို့ဆိုတာ တယောက်တည်းဖြစ်နေဖို့ လိုတယ်လို့ ထင်တယ်။ လူအားလုံးအတွက် မှန်ချင်မှတော့ မှန်မယ်။ ကိုယ်မလုပ်ချင်တာ ဘာလဲ။ ကိုယ်ဖြစ်ချင်တာ ဘာလဲ။ ကိုယ့်အစစ်အမှန် ပကတိတည်ရှိမှုကို သိရှိနားလည်ဖို့လေ။

ကော်ဖီဆိုင် နံရံပေါ်မှာ ချိတ်ထားတာ တွေ့ဖူးတယ်။ Being without Becoming တဲ့။ သဘောကျလိုက်တာ။ လူ့ဘဝမှာ ရှိနေခြင်း၊ ဖြစ်နေခြင်းကသာ တန်ဖိုးထားစရာ ကောင်းတာမဟုတ်လား။ ဘာမှ ဖြစ်မလာလည်း အဆင်ပြေတယ်။ ဘာကိုမှ မဆာလောင်သလို၊ ဘယ်အရာပေါ်မှာမှ မတပ်မက်ခြင်းအားဖြင့် လူ့အဖြစ်ကို တင်းတိမ်မိပါတယ်။

ကြိုးစားပြီး ဖြစ်မလာတာတွေ ရှိမယ်။ အားထုတ်စရာမလိုဘဲ လွယ်လင့်တကူ ရလိုက်တာတွေ ရှိမယ်။ ဘဝအပေါ် ဘာမှမတောင်းဆိုပါဘူး။ ဖြစ်သမျှ၊ မဖြစ်သမျှ၊ ဆုံးရှုံးမှုမှန်သမျှကို လက်ခံနိုင်ဖို့။ လက်ရှိပိုင်ဆိုင်သမျှကို အမြတ်တနိုး ထိန်းသိမ်းဖို့။ ရင့်ကျက်လာတာဖြစ်နိုင်သလို ကယောင်ခြောက်ခြား ဖြစ်တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ရောက်ရာအရပ်မှာ ဖြစ်ချင်တာကို ရည်မှန်းပြီး မမှိတ်မသုန် ဆက်လျှောက်နေဦးမှာ။ ခွန်အားရှိသရွေ့။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Rayong?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Rayong