Bon Appetit - CHAW
အညာစာလေးတွေချက်ပြမယ်စားပြမယ်🤗❤️
အထားခံတဲ့လက်ဖက်နှပ်နည်း😋😋
15/05/2026
စားပြီးကြပြီလားရှင့် ဘာဟင်းချက်ကြလဲဗျို့😋😋
လူတိုင်းကြိုက်တဲ့ ကြာဆံချက်ချက်နည်း😋😋
မျှစ်ကိုခုလိုမျိုးလေးကောသုပ်စားဖူးကြလားရှင့် မသုပ်စားဖူးသေးရင်တော့ သုပ်စားကြည့်လိုက်ပါတော့ရှင့်အရမ်းကောင်းလွန်းလို့ပါ😋😋
#မျှစ်သုပ်
11/05/2026
စားပြီးကြပြီလားရှင့်😋😋😋
09/05/2026
အနံ့လုံးဝမညှီပဲနဲ့ စားလို့အရမ်းကောင်းတဲ့ ကြက်သားခြောက်အလွယ်တကူပြုလုပ်နည်း🥰
-ကြက်ရင်ဖုံအသားကို ရေဆေးထားမယ်
ပြီးရင်တော့ အနံ့မွှေးနေအောင် ဂျင်းကြက်သွန်ဖြူကို အရည်ညှစ်ထည့်မယ်
-ကြက်သားထဲကို သံပရာသီးတစ်စိတ်အရည်ညှစ်ထည့်မယ် ပြီးရင်တော့ နနွင်း ဆား အချိုမှုန့် ထောင်းထားတဲ့ ဂျင်း ကြက်သွန်ဖြူအရည်ညှစ်ထည့်ပြီးရင်တော့
နေလှန်းလို့ရပါပြီရှင့်
-ခြောက်လာတဲ့ကြက်သားကိုတော့ ထမင်းပေါင်းအိုးထဲမှာ ပန်ကန်လေးနဲ့ ထည့်ပြီးတော့ ပုံမှာပြထားသလိုမျိုးလေးပေါင်းပါမယ်
ထမင်းပေါင်းအိုးတက်လာရင်တော့ ထုပြီးတော့သဲပရာသီးလေးညှစ် ပဲဆီလေးဆမ်း ထမင်းဆီဆမ်းပူပူလေးနဲ့စားရတော့ရှယ်ပဲပေါ့ရှင်🥰
09/05/2026
ဒို့အညာမှာတော့ ပဲကြော်ကိုခုလိုလေးကြော်စား
ပဲဆီးလေးစမ်းထမင်းပူပူလေးနဲ့စားကြတယ်
ကုလားပဲကို ညကတည်းကရေစိမ်ထားပါတယ်
ဆန်အစိမ်းမှုန့် သုံးဇွန်း ကုလားပဲအစိမ်းမှုန့် တစ်ဇွန်ရောပြီးတော့ ဂျင်းထောင်းပြီး အရည်ညှစ်ထည့်ပါတယ် sodaမှုန့်နည်းနည်းထည့်ပြီးရင်တော့ ခုလိုမျိုးကြွတ်ကြွတ်မွှမွှလေးကိုစားလို့ရပါပြီရှင့်😋😋
လက်ပံခေါင်းကိုခုလိုမျိုးလေးလဲ ချက်စားကြည့်ပါရှင့် ထမင်းမြိန်မို့ အာမခံပါတယ် 😋😋
06/05/2026
စားပြီးကြပြီလားရှင့် မစားရသေးရင် spicy အနင်ရောင်လေးစားသွားကြပါအုံးရှင့်😋😋
အညာမှာတော့ သရက်သီးအကင်းလေးတွေပေါ်ချိိန်ဆိုခုလိုမျိုးချက်စားကြတယ် တစ်ခွတ်တည်းကိုအရသာထိမိရယ် အကြိုက်တူလေးများရှ်ိကြလားရှင့်😋
05/05/2026
10 Aed နဲ့ ငါးခြောက်ဟင်းချင်စားလို့ရပါပြီ😋
ဟိုနေ့က ဝယ်ခဲ့တဲ့ငါးခြောက် review လာပေးတာပါနော် 10 AED နဲ့ တန်လားရှင့် 😋
10 ဖိုးကို ၂ ပြားရတယ် အသားတွေကြီးပဲ အလည်ကအရိုးတစ်ချောင်းပဲပါတာရယ် အရသာက မြန်မာက ငါးခြောက်တွေလို ခြောက်တောက်တော့မနေဘူး အရမ်းကြီးလဲမဆိုနေဘူး အရမ်းကြီးလဲခြောက်မနေတဲ့ အနေထားလေးပါရှင့်
စားရတာတော့တော်တော်လေးကို အဆင်ပြေပါတယ်ရှင့်
အရင်ဆုံးရေစိမ်ပြီးတော့ ရေသုံးလေးထပ်လောက်ဆေးချပြီး ဆီထဲမှာထည့်ကြော်ပါတယ်
ပြီးမှ ခရမ်းချဉ်သီးနဲ့ထည့်ချက်တာပါရှင့်😋
မြန်မာငါးခြောက်နီးပါတော့ အရသာကောင်းပါတယ်ရှင့်
မကောင်းတဲ့အချက်ကတော့ အကြေးခွံတွေခွါရတာပဲ အခွံမကျွတ်ထားဘူး🥹
ဘယ်ကဝယ်လဲဆို
Google map မှာ
marketလို့ရိုက်ရှာလိုက်လို့ရပါတယ်
Bus နဲ့ဆိုရင် Reef Mall ရှေ့ကနေ ၂၈ စီးသွားပြီးရင်
Abu Hail , Masjid Al Salam မှတ်တိုင်မှာဆင်း
၇ မှတ်တိုင်ကို ၁၅ မိးနစ်ကျော်ပဲစီးရပါတယ်ရှင့်